Monday, July 21, 2014

7 Principles Social Enterprises

The 7 principles of Social Business (1) Business objective will be to overcome poverty, or one or more problems (such as education, health, technology access, and environment) which threaten people and society; not profit maximization. (2) Financial and economic sustainability. (3) Investors get back their investment amount only. No dividend is given beyond investment money. (4) When investment amount is paid back, company profit stays with the company for expansion and improvement. (5) Environmentally conscious. (6) Workforce gets market wage with better working conditions. (7)...do it with joy. (၁) ဆင်းရဲမွဲတေမှု့ကိုလျော့ချရန် (သို့) လူမှု့ရေးပြသနာတစ်ခုခု (ပညာရေး၊ ကျန်းမာရေး၊ နည်းပညာရယူမှု့၊ သဘာဝပတ်ဝန်းကျင်) ကိုဖြေရှင်းပေးမည့် လုပ်ငန်းရည်ရွယ်ချက်ရှိရမည်။ အမြတ်အစွန်းကို အဓိကမထားရ။ (၂) ငွေရေးကြေးရေးနှင့် စီးပွားရေးအရ ဆက်လက်တည်တံနိုင်ရမည်။ (၃) ရင်းနှီးထားသည့် ပမာဏကိုသာ ငွေကြေးစိုက်ထုတ်ပေးသူများအား ပြန်လည်ထုတ်ပေးမည်ဖြစ်သည်။ အမြတ်ဝေစုကို ခွဲဝေပေးမည်မဟုတ်။ (၄) အရင်းအနှီးကို စိုက်ထုတ်ထားသည့် ပမာဏအတိအကျ ပြန်လည်ထုတ်ပေးပြီး၊ ကျန်ရှိသော အကျိုးအမြတ်အားလုံးသည် ကုမ္ဗဏီချဲ့ထွင်ခြင်းနှင့် တိုးတက်ကောင်းမွန်ရေးအတွက်သာ ဖြစ်ရမည်။ (၅) ပတ်ဝန်းကျင်ကို အလေးထားရမည်။ (၆) ၀န်ထမ်းများသည် ခံစားခွင့် လစာကို ဈေးကွက်ပေါက်ဈေးအတိုင်းခံစားရမှာဖြစ်ပြီး။ ကောင်းမွန်သော လုပ်ငန်းခွင်ပတ်ဝန်းကျင်ဖြစ်ရမည်။ (၇) အလုပ်ကို ပျော်ရွှင်မှု့ အပြည့်ဖြင့် ဆောင်ရွက်ပါ။

Life is

ဘ၀ဆိုတာ ထောက်ရှာငှက်ပျံသလိုပဲ။ နိမ့်ချည် မြင့်ချည်နဲ့။ နေရတာ ဘ၀။ ကျေနပ်တာ သုခ။ မကျေနပ်ရင် ဒုက္ခ။ ဒုက္ခကို လွတ်မြောက်စေချင်တာ ၀ိမုတ္တိ။ ၀ိမုတ္တိဖြစ်ဖို့ သန့်ရှင်းစင်ကြယ်ဖို့လိုတယ်။ ၀ိသုဒ္ဓိ။ ၀ိသုဒ္ဓိက သုံးမျိုး။ ကာယ၀ိသုဒ္ဓိ၊ ၀ဇီဝိသုဒ္ဓိ၊ မနောဝိသုဒ္ဓိဖြစ်ဖို့လိုတယ်။ လျောက်ရမဲ့လမ်းက အလယ်အလတ် အစွန်းနှစ်ပါးလွတ်တဲ့ မဇ္စိမပဠိပဒါ။ မဂ္ဂင်က ရှစ်ပါး။ စောင့်ထိန်းရမှာက ငါးပါး သီလ။ ဒီလို သန့်ရှင်းဖြူစင်ဖို့ ကိလေသာအမိုက်မှောင်တွေကင်းတဲ့ သူုဆီက အရဟံဂုဏ်တော် မကောင်းမှု့ကို စိတ်ကွယ်ရာ အ အဆုံးအမ တရားစကားတွေ ကြားနာဖို့လိုပါတယ်။ ဒီအဆုံးအမတွေက ဗုဒ္ဓက နှစ်မျိုး နှစ်ဝနဲ့ ဆုံးမတယ်။ အတူယူဖို့ အကျိုးကိုပြ ဟောကြားတယ်။ အပြစ်ပြ တားမြစ်တယ်။ ငါးရာ့ငါးဆယ်ဇာတ် မကောင်းမှု့ရှောင် ကောင်းမှု့ဆောင် ဖြူအောင်စိတ်ကိုထား။

Saturday, July 19, 2014

Great event Now what

ပွဲပြီး မီးမသေကြေး။ မနေ့က ဗိုလ်ချုပ်ပြောသွားခဲ့တဲ့ မိန့်ခွန်းတွေက ဘယ်သူတွေအတွက်လဲ။ လူတိုင်းက သူများအတွက်လို့ပဲ ထင်နေကြတယ်။ ခင်ဗျားတို့ စောက်ကျင့်တွေပြင်တဲ့။ နားထောင်သူတွေထဲက ကျနော်ကတော့ ခင်ဗျားတို့ဆိုတာ ကျနော်နဲ့ မတဲ့တဲ့ သူတွေ ကျနော့်ရဲ့ပြိုင်ဖက် အတိုက်အခံတွေ။ ကိုယ့်ရန်ဖက်တွေလို့ ထင်ထင်ပြီး မျက်စ ပစ်ပြ သဘောကျမိတယ်။ ခင်ဗျားတို့ စောက်ကျင့်တွေ ပြင်ကြတဲ့။ အဲဒီခင်ဗျားတို့ထဲမှာ ကျနော်တို့။ ခင်ဗျားတို့ကောပါလား။ ခင်ဗျားတို့ရော ကျနော်လို မျက်စပြစ် သဘောကျနေတုံးလား။ ပွဲပြီး မီးမသေကြေး၊

Friday, July 18, 2014

Students

To pass exam You need to close these gaps. (1) Objective gap (2) Planning gap (3) Operation gap (or) Action gap 1. Do you have objectives for learning? 2. Do you have any plan to achieve these objectives? 3. How do you make these happen or action plan. 4. Know yourself Duration - Resources - Syllabus - Language - Four skills - Industry - Industry tour - Industry Leaders - Theory - Past Exam Paper - Mock Exam - Revision kit - Teaching aids - Environment - Mentor - Manual - Learning style - Learning strategy -

Thursday, July 17, 2014

We are Marketers.

A tale of two names but one actually! Marketer! If the world is a market, all men & women are buyers, sellers. That's why you need to learn Marketing, to buy at reasonable price & sell at reasonable rate. We have to buy what we don't have, we have to sell, what we are good at. At this exchange, selling and buying, you should be excel in Marketing. Marketing is for personal level, organizational level; both private and public, both production and service, even National level. Marketers are born to serve Customer. Just one thing - Be ethical and professional. Proudly say, we are Marketers.

Wednesday, July 9, 2014


စိတ်ဓါတ်

လက်ညိုးတစ်ချောင်းထောင်ပြတာပါ အဓိပ္ဗါယ်လဲ။ ကားတစ်စီးတောင်းတာပါ။ ကားတစ်စီးဖြတ်ချင်ပါတယ်။ မောင်းချင်ပါတယ်။ ကျော်ချင်ပါတယ်ပေါ့။ ဒီလို ကြုံဖူးပါတယ်။ နောင်လဲကြုံအုံးမှာပါ။ လူတိုင်းကြုံကြမှာပါ။ အရင်ကတော့ အော် တစ်စီးလောက်ပဲ သူအရေးကြီးလို့နေမှာပေါ့ဆိုပြီး စေတနာရှေ့ထားပြီး ပေးဖူးပါတယ်။ နောက်တစ်ခုက ကိုယ့်အလှည့်ကျလည်း ကိုယ်လိုတွေးပြီး ပေးမှာပါပေါ့။ တကယ်တမ်းကြတော့ ဘယ်သူမှ မပေးကြဘူး။ ဒီလိုနဲ့ ကိုယ်လဲ အရေထူလားပြီး လက်ညှိုးတစ်ချောင်းထောင်ရင် ဆောရီးပဲ။ ကန်တော့ဆွမ်းပဲ။ မသိကြိုးကြွံပြုထားတယ်။ အသည်းမာလာတယ်။ ဒီလိုနဲ့ နေရာတိုင်း အတော်များများလမ်းပိတ်လာတယ်။ စိတ်တွေပိတ်တော့ လမ်းတွေပိတ်လာတယ်။ စိတ်တွေပွင့်မှ လမ်းတွေပွင့်မှာပါ။ စိတ်တွေကောင်းမှ လမ်းတွေကောင်းမှာပါ။ မဟုတ်ရင် ကိုယ်ပိုင်ကားနဲ့ လိုင်းကားသမားစိတ်ဓါတ်တွေဖြစ်နေပါလိမ့်မယ်။ လိုင်းကားသမားက ဒီလိုပဲ ကျော်၊ ခွမောင်းရမှာ။ စည်းကမ်းပျက်တာကတော့ အရေးယူရမဲ့သူတွေရဲ့ အားနည်းချက်ပါ။

Saturday, July 5, 2014

ဘက်လိုက်နေကြသော ဘက်မလိုက်သူများ

ဘက်လိုက်နေကြသော ဘက်မလိုက်ကြသူများ သမိုင်းဆရာတစ်ယောက်က ပြောဖူးပါတယ်။ ကွန်မြူနစ်နဲ့ အရင်းရှင်စနစ်တွေအပြိုင်ထွန်းကားနေတဲ့ ခေတ်မှာ ကြားမညှပ်အောင် ဘက်မလိုက်နိုင်ငံများဆိုပြီး ဗမာနိုင်ငံက ကြိုးကြိုးစားစားဆောင်ရွက်ခဲဖူးပါတယ်။ ဘက်မလိုက်နိုင်ငံတွေပေါင်းပြီး ဘက်မလိုက်တဲ့ဘက်ကို ဘက်လိုက်ခဲ့ကြတယ်။ မဇ္စိမလမ်းစဉ်လို့သာ အမည်ပေးဖွဲ့ဆိုနိုင်ခဲ့မယ်ဆို အတော်ကိုကောင်းမယ်။ ဒါပေမဲ့ အဖွဲ့ဝင်တွေပါလာဖို့ဆိုတော့လည်း သင့်တော်ရာအမည်နာမကို ကပ်၊ တပ်ခဲ့ကြတာလည်းဖြစ်နိုင်တယ်။ ဘန်ဒေါင်းမူငါးချက်ဆိုပြီး ထွက်ပေါ်လာခဲ့တယ်။ ၁၉၅၄ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ၊ တောင်ပိုင်း ဂျာဗားပြည် နယ် မြို့တော် ဘန်ဒေါင်းမှာ ကျင်းပခဲ့တဲ့ညီလာခံ မှာ မြန်မာဝန်ကြီးချုပ် ဦးနု၊ တရုတ် ဝန်ကြီးချုပ် ချူအင်လိုင်း ၊ အိန္ဒိယ ဝန်ကြီးချုပ် နေရူး တို့ ပူးပေါင်း အဆိုပြုခဲ့တဲ့ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး မူ ၅ ချက် ကို ညီလာခံ က သဘောတူ အတည်ပြုခဲ့ ပါတယ်။ အဲဒီ ဘန်ဒေါင်းမူ ၅ ချက်မှာ နိုင်ငံတွေအနေ နဲ့ တစ်နိုင်ငံချင်း ရဲ့ ပိုင်နက် နယ်နမိတ် နဲ့ အချုပ်အခြာ အာဏာကို အပြန်အလှန် လေးစား အသိအမှတ်ပြုဖို့၊ မကျူးကျော်ဖို့၊ သူတပါးပြည်တွင်းရေး ဝင်မစွက်ဖို့၊ အပြန်အလှန် အကျိုးတူ သာတူညီမျှ ပူးပေါင်းဆောင်ရွက်ကြဖို့၊ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေထိုင်ကြဖို့ ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။ ဘန်ဒေါင်းမူ ၅ ချက်ကို မြန်မာက စတင်ဦးဆောင် တင်သွင်းခဲ့တာဖြစ်လို့ ဂုဏ်ယူဖွယ်ကောင်းပါတယ်။ အခုလဲ ဖေ့စဘုတ်မှာ ဘက်လိုက်တဲ့သူတွေ သိသိသာသာများပြားလာတယ်။ လူဆွယ်ရာ၊ လူစုရာနေရာတစ်ခုအဖြစ် တနေ့တခြား သိသိသာသာပြောင်းလဲလာတယ်။ လူလေးမျိုးရှိတယ်လို့ပြောတယ်။ (၁) ဖေ့(စ)ဘုတ်ကို အပြစ်တင်နေသူ။ (၂) ဖေ့စဘုတ်နဲ့ လိုက်လျောညီထွေနေသူ။ (၃) ဖေ့စဘုတ်ကို အသုံးချသူ။ (၄) ဖေ့စဘုတ်ဖြင့် အကျိုးပြုသူ။ အချို့က အသုံးချတယ်။ အချို့က အသုံးချခံနေရတယ်။ အချို့က ဓါးစာခံဖြစ်ရတယ်။ မန္တလေးမှာ လူနှစ်ဦးရက်ရက်စက်စက်အသတ်ခံရတယ်။ ဒီအဖြစ်အပျက်နဲ့ ပတ်သတ်ပြီးလူစုတွေကွဲလာတယ်။ ဘက်တွေလိုက်လာကြတယ်။ မဆိုင်သလိုနေကြတဲ့တွေလည်းရှိတယ်။ ဘက်လိုက်တဲ့သူတွေအနေနဲ့လည်း သိသိသာသာ အစုအဖွဲ့တွေဖြစ်လာတယ်။ (၁) အစိုးရလော်ဘီ။ (၂) အန်အယ်(လ)ဒီ။ (၃) မဘသ (၄) အစ္စလမ် (၅) လူ့အခွင့်အရေး (၆) မသိကျိုးကျွံပြုနေကြသူများ အစရှိသည်ဖြင့် ကွဲထွက်လာကြတယ်။ တချိန်တည်းမှာပဲ ဘက်မလိုက်တဲ့ သူတွေလည်း သိသိသာသာကြီးရှိနေကြတယ်။ ကျနော်တို့ ဘယ်ဘက်လိုက်ကြမလဲ။ တခုတော့ရှိတယ်။ ဘက်မလိုက်တဲ့သူတွေဟာ ဘက်မလိုက်တဲ့ဘက်ကို သိသိသာသာကြီး ဘက်လိုက်တက်ကြတယ်။ ဟင်းဖက်ပါကြတယ်။ ပိုပိုသာသာ သာသာထိုးထိုးချိန်ကြတယ်။ ငါ့အမျိုး၊ ငါ့ဘက်ထိရင် နာကြတယ်။ တချိန်က မကုညီချင်နေပါ။ မနှောင့်ယှက်ပါနဲ့လို့ဆိုကြတယ်။ အခုတော့ သိသိသာသာဘက်လိုက်နေကြသူများရော။ ဘက်မလိုက်သလိုလိုနဲ့ မဆိုင်သလိုလိုနေနေကြတဲ့သူတွေ (ကိုယ့်ကိုကိုယ်ဆိုလိုပါသည်။) ကူညီပါ။ နှောင့်ယှက်မှု့တွေကို တားဆီးပါ။ အမှန်တရားဘက်မှသာ ရပ်တည်ပါ။ အမှန်တရားဘက်မှသာ ဘက်လိုက်ကြပါ။ ဘာသာမတူရင် အသတ်ခံရမယ်ဆိုတာဟာ ဆိုးရွားလှပါတယ်။ အတော့်ကို ဆိုးရွားလိုက်တဲ့ လူစိတ်မရှိတဲ့ လူမဆန်တဲ့ အကြောင်းပြချက်ပဲ။ ဘယ်သူကပဲပြောပြော။ ဘယ်သူကပဲ ဟောဟော လူစိတ်မရှိလို့ပဲ။ လိုက်နာတဲ့သူကလဲ လူစိတ်မရှိတာ။ ဘုန်းကြီးတွေ ဒုတ်၊ ဓါးဆွဲတာတွေ၊ သူတပါးကို သတ်ဖို့ ဖြတ်ဖို့ တိုက်တွန်းဟောပြောနေတာတွေရှိခဲ့ရင် ဗုဒ္ဓဘာသာဝင် ကျနော်တို့တတွေ ရှုံချရမယ်။ တားဆီးရမယ်။ ဒီလိုပဲ ကမ္ဘာ့ကြီးကို သတ်ဖို့ ဖြက်ဖို့ တိုက်တွန်းထားတဲ့ လူသတ်ဝါဒတွေကို ပြဒါန်းထားတာတွေကို ပြင်ဖို့ ဖျက်ဖို့ ကြိုးစားပေးကြရမယ်။ အမုန်းတရားတွေကို ရှေ့တန်းတင်ထားတဲ့ စာအုပ်တွေကို ပိတ်သိမ်းပေးပါ။ သင်တန်းတွေကို ကန့်ကွက်ပေးပါ။ ပလီတွေထဲမှာ လက်နက်တွေ သိမ်းစည်းထားတာတွေကို မိတာကလည်း မလိုလားစရာပါ။ ဂျီဟဒ်ဆိုတဲ့ ဘာသာခြားတွေကို သတ်ဖြတ်ဖို့ အမိန့်တွေကို ငြိမ်းချမ်းရေးလိုလားတဲ့ အစ္စလမ်ဘာသာဝင်များ ကမ္ဘာ့ဘယ်နေရာကနေ အော်အော် ကန့်ကွက်ပေးကြပါ။ ရှုံချပေးကြပါ။ အလာဟုအက္ကဘာလို့ အော်အော်ပြီး လူသတ်တာတွေကို ရှုံချကန့်ကွက်ပေးကြဖို့လိုပါတယ်။ ဘာသာမတူရင် အသတ်ခံရမယ်တဲ့လား။ အတော့်ကို ဆိုးရွားလိုက်တဲ့ လူစိတ်မရှိတဲ့ လူမဆန်တဲ့ အကြောင်းပြချက်ပဲ။ ဘယ်သူကပဲပြောပြော။ ဘယ်သူကပဲ ဟောဟော လူစိတ်မရှိလို့ပဲ။ လိုက်နာတဲ့သူကလဲ လူစိတ်မရှိတာ။ ကူညီပါ။ နှောင့်ယှက်မှု့တွေကို တားဆီးပါ။ အမှန်တရားဘက်မှသာ ရပ်တည်ပါ။ အမှန်တရားဘက်မှသာ ဘက်လိုက်ကြပါ။