ပွဲပြီး မီးမသေကြေး။
မနေ့က
ဗိုလ်ချုပ်ပြောသွားခဲ့တဲ့
မိန့်ခွန်းတွေက
ဘယ်သူတွေအတွက်လဲ။
လူတိုင်းက
သူများအတွက်လို့ပဲ
ထင်နေကြတယ်။
ခင်ဗျားတို့ စောက်ကျင့်တွေပြင်တဲ့။
နားထောင်သူတွေထဲက
ကျနော်ကတော့
ခင်ဗျားတို့ဆိုတာ
ကျနော်နဲ့ မတဲ့တဲ့ သူတွေ
ကျနော့်ရဲ့ပြိုင်ဖက်
အတိုက်အခံတွေ။
ကိုယ့်ရန်ဖက်တွေလို့
ထင်ထင်ပြီး
မျက်စ ပစ်ပြ
သဘောကျမိတယ်။
ခင်ဗျားတို့ စောက်ကျင့်တွေ ပြင်ကြတဲ့။
အဲဒီခင်ဗျားတို့ထဲမှာ
ကျနော်တို့။
ခင်ဗျားတို့ကောပါလား။
ခင်ဗျားတို့ရော
ကျနော်လို
မျက်စပြစ်
သဘောကျနေတုံးလား။
ပွဲပြီး မီးမသေကြေး၊
No comments:
Post a Comment