လက်ညိုးတစ်ချောင်းထောင်ပြတာပါ အဓိပ္ဗါယ်လဲ။
ကားတစ်စီးတောင်းတာပါ။
ကားတစ်စီးဖြတ်ချင်ပါတယ်။
မောင်းချင်ပါတယ်။
ကျော်ချင်ပါတယ်ပေါ့။
ဒီလို ကြုံဖူးပါတယ်။
နောင်လဲကြုံအုံးမှာပါ။
လူတိုင်းကြုံကြမှာပါ။
အရင်ကတော့ အော် တစ်စီးလောက်ပဲ သူအရေးကြီးလို့နေမှာပေါ့ဆိုပြီး
စေတနာရှေ့ထားပြီး ပေးဖူးပါတယ်။
နောက်တစ်ခုက ကိုယ့်အလှည့်ကျလည်း ကိုယ်လိုတွေးပြီး ပေးမှာပါပေါ့။
တကယ်တမ်းကြတော့
ဘယ်သူမှ မပေးကြဘူး။
ဒီလိုနဲ့ ကိုယ်လဲ အရေထူလားပြီး လက်ညှိုးတစ်ချောင်းထောင်ရင် ဆောရီးပဲ။ ကန်တော့ဆွမ်းပဲ။ မသိကြိုးကြွံပြုထားတယ်။ အသည်းမာလာတယ်။
ဒီလိုနဲ့ နေရာတိုင်း အတော်များများလမ်းပိတ်လာတယ်။
စိတ်တွေပိတ်တော့ လမ်းတွေပိတ်လာတယ်။
စိတ်တွေပွင့်မှ လမ်းတွေပွင့်မှာပါ။
စိတ်တွေကောင်းမှ လမ်းတွေကောင်းမှာပါ။
မဟုတ်ရင် ကိုယ်ပိုင်ကားနဲ့ လိုင်းကားသမားစိတ်ဓါတ်တွေဖြစ်နေပါလိမ့်မယ်။
လိုင်းကားသမားက ဒီလိုပဲ ကျော်၊ ခွမောင်းရမှာ။
စည်းကမ်းပျက်တာကတော့ အရေးယူရမဲ့သူတွေရဲ့ အားနည်းချက်ပါ။
No comments:
Post a Comment