Monday, July 21, 2014

Life is

ဘ၀ဆိုတာ ထောက်ရှာငှက်ပျံသလိုပဲ။ နိမ့်ချည် မြင့်ချည်နဲ့။ နေရတာ ဘ၀။ ကျေနပ်တာ သုခ။ မကျေနပ်ရင် ဒုက္ခ။ ဒုက္ခကို လွတ်မြောက်စေချင်တာ ၀ိမုတ္တိ။ ၀ိမုတ္တိဖြစ်ဖို့ သန့်ရှင်းစင်ကြယ်ဖို့လိုတယ်။ ၀ိသုဒ္ဓိ။ ၀ိသုဒ္ဓိက သုံးမျိုး။ ကာယ၀ိသုဒ္ဓိ၊ ၀ဇီဝိသုဒ္ဓိ၊ မနောဝိသုဒ္ဓိဖြစ်ဖို့လိုတယ်။ လျောက်ရမဲ့လမ်းက အလယ်အလတ် အစွန်းနှစ်ပါးလွတ်တဲ့ မဇ္စိမပဠိပဒါ။ မဂ္ဂင်က ရှစ်ပါး။ စောင့်ထိန်းရမှာက ငါးပါး သီလ။ ဒီလို သန့်ရှင်းဖြူစင်ဖို့ ကိလေသာအမိုက်မှောင်တွေကင်းတဲ့ သူုဆီက အရဟံဂုဏ်တော် မကောင်းမှု့ကို စိတ်ကွယ်ရာ အ အဆုံးအမ တရားစကားတွေ ကြားနာဖို့လိုပါတယ်။ ဒီအဆုံးအမတွေက ဗုဒ္ဓက နှစ်မျိုး နှစ်ဝနဲ့ ဆုံးမတယ်။ အတူယူဖို့ အကျိုးကိုပြ ဟောကြားတယ်။ အပြစ်ပြ တားမြစ်တယ်။ ငါးရာ့ငါးဆယ်ဇာတ် မကောင်းမှု့ရှောင် ကောင်းမှု့ဆောင် ဖြူအောင်စိတ်ကိုထား။

No comments:

Post a Comment