Saturday, July 5, 2014

ဘက်လိုက်နေကြသော ဘက်မလိုက်သူများ

ဘက်လိုက်နေကြသော ဘက်မလိုက်ကြသူများ သမိုင်းဆရာတစ်ယောက်က ပြောဖူးပါတယ်။ ကွန်မြူနစ်နဲ့ အရင်းရှင်စနစ်တွေအပြိုင်ထွန်းကားနေတဲ့ ခေတ်မှာ ကြားမညှပ်အောင် ဘက်မလိုက်နိုင်ငံများဆိုပြီး ဗမာနိုင်ငံက ကြိုးကြိုးစားစားဆောင်ရွက်ခဲဖူးပါတယ်။ ဘက်မလိုက်နိုင်ငံတွေပေါင်းပြီး ဘက်မလိုက်တဲ့ဘက်ကို ဘက်လိုက်ခဲ့ကြတယ်။ မဇ္စိမလမ်းစဉ်လို့သာ အမည်ပေးဖွဲ့ဆိုနိုင်ခဲ့မယ်ဆို အတော်ကိုကောင်းမယ်။ ဒါပေမဲ့ အဖွဲ့ဝင်တွေပါလာဖို့ဆိုတော့လည်း သင့်တော်ရာအမည်နာမကို ကပ်၊ တပ်ခဲ့ကြတာလည်းဖြစ်နိုင်တယ်။ ဘန်ဒေါင်းမူငါးချက်ဆိုပြီး ထွက်ပေါ်လာခဲ့တယ်။ ၁၉၅၄ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ၊ တောင်ပိုင်း ဂျာဗားပြည် နယ် မြို့တော် ဘန်ဒေါင်းမှာ ကျင်းပခဲ့တဲ့ညီလာခံ မှာ မြန်မာဝန်ကြီးချုပ် ဦးနု၊ တရုတ် ဝန်ကြီးချုပ် ချူအင်လိုင်း ၊ အိန္ဒိယ ဝန်ကြီးချုပ် နေရူး တို့ ပူးပေါင်း အဆိုပြုခဲ့တဲ့ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး မူ ၅ ချက် ကို ညီလာခံ က သဘောတူ အတည်ပြုခဲ့ ပါတယ်။ အဲဒီ ဘန်ဒေါင်းမူ ၅ ချက်မှာ နိုင်ငံတွေအနေ နဲ့ တစ်နိုင်ငံချင်း ရဲ့ ပိုင်နက် နယ်နမိတ် နဲ့ အချုပ်အခြာ အာဏာကို အပြန်အလှန် လေးစား အသိအမှတ်ပြုဖို့၊ မကျူးကျော်ဖို့၊ သူတပါးပြည်တွင်းရေး ဝင်မစွက်ဖို့၊ အပြန်အလှန် အကျိုးတူ သာတူညီမျှ ပူးပေါင်းဆောင်ရွက်ကြဖို့၊ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေထိုင်ကြဖို့ ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။ ဘန်ဒေါင်းမူ ၅ ချက်ကို မြန်မာက စတင်ဦးဆောင် တင်သွင်းခဲ့တာဖြစ်လို့ ဂုဏ်ယူဖွယ်ကောင်းပါတယ်။ အခုလဲ ဖေ့စဘုတ်မှာ ဘက်လိုက်တဲ့သူတွေ သိသိသာသာများပြားလာတယ်။ လူဆွယ်ရာ၊ လူစုရာနေရာတစ်ခုအဖြစ် တနေ့တခြား သိသိသာသာပြောင်းလဲလာတယ်။ လူလေးမျိုးရှိတယ်လို့ပြောတယ်။ (၁) ဖေ့(စ)ဘုတ်ကို အပြစ်တင်နေသူ။ (၂) ဖေ့စဘုတ်နဲ့ လိုက်လျောညီထွေနေသူ။ (၃) ဖေ့စဘုတ်ကို အသုံးချသူ။ (၄) ဖေ့စဘုတ်ဖြင့် အကျိုးပြုသူ။ အချို့က အသုံးချတယ်။ အချို့က အသုံးချခံနေရတယ်။ အချို့က ဓါးစာခံဖြစ်ရတယ်။ မန္တလေးမှာ လူနှစ်ဦးရက်ရက်စက်စက်အသတ်ခံရတယ်။ ဒီအဖြစ်အပျက်နဲ့ ပတ်သတ်ပြီးလူစုတွေကွဲလာတယ်။ ဘက်တွေလိုက်လာကြတယ်။ မဆိုင်သလိုနေကြတဲ့တွေလည်းရှိတယ်။ ဘက်လိုက်တဲ့သူတွေအနေနဲ့လည်း သိသိသာသာ အစုအဖွဲ့တွေဖြစ်လာတယ်။ (၁) အစိုးရလော်ဘီ။ (၂) အန်အယ်(လ)ဒီ။ (၃) မဘသ (၄) အစ္စလမ် (၅) လူ့အခွင့်အရေး (၆) မသိကျိုးကျွံပြုနေကြသူများ အစရှိသည်ဖြင့် ကွဲထွက်လာကြတယ်။ တချိန်တည်းမှာပဲ ဘက်မလိုက်တဲ့ သူတွေလည်း သိသိသာသာကြီးရှိနေကြတယ်။ ကျနော်တို့ ဘယ်ဘက်လိုက်ကြမလဲ။ တခုတော့ရှိတယ်။ ဘက်မလိုက်တဲ့သူတွေဟာ ဘက်မလိုက်တဲ့ဘက်ကို သိသိသာသာကြီး ဘက်လိုက်တက်ကြတယ်။ ဟင်းဖက်ပါကြတယ်။ ပိုပိုသာသာ သာသာထိုးထိုးချိန်ကြတယ်။ ငါ့အမျိုး၊ ငါ့ဘက်ထိရင် နာကြတယ်။ တချိန်က မကုညီချင်နေပါ။ မနှောင့်ယှက်ပါနဲ့လို့ဆိုကြတယ်။ အခုတော့ သိသိသာသာဘက်လိုက်နေကြသူများရော။ ဘက်မလိုက်သလိုလိုနဲ့ မဆိုင်သလိုလိုနေနေကြတဲ့သူတွေ (ကိုယ့်ကိုကိုယ်ဆိုလိုပါသည်။) ကူညီပါ။ နှောင့်ယှက်မှု့တွေကို တားဆီးပါ။ အမှန်တရားဘက်မှသာ ရပ်တည်ပါ။ အမှန်တရားဘက်မှသာ ဘက်လိုက်ကြပါ။ ဘာသာမတူရင် အသတ်ခံရမယ်ဆိုတာဟာ ဆိုးရွားလှပါတယ်။ အတော့်ကို ဆိုးရွားလိုက်တဲ့ လူစိတ်မရှိတဲ့ လူမဆန်တဲ့ အကြောင်းပြချက်ပဲ။ ဘယ်သူကပဲပြောပြော။ ဘယ်သူကပဲ ဟောဟော လူစိတ်မရှိလို့ပဲ။ လိုက်နာတဲ့သူကလဲ လူစိတ်မရှိတာ။ ဘုန်းကြီးတွေ ဒုတ်၊ ဓါးဆွဲတာတွေ၊ သူတပါးကို သတ်ဖို့ ဖြတ်ဖို့ တိုက်တွန်းဟောပြောနေတာတွေရှိခဲ့ရင် ဗုဒ္ဓဘာသာဝင် ကျနော်တို့တတွေ ရှုံချရမယ်။ တားဆီးရမယ်။ ဒီလိုပဲ ကမ္ဘာ့ကြီးကို သတ်ဖို့ ဖြက်ဖို့ တိုက်တွန်းထားတဲ့ လူသတ်ဝါဒတွေကို ပြဒါန်းထားတာတွေကို ပြင်ဖို့ ဖျက်ဖို့ ကြိုးစားပေးကြရမယ်။ အမုန်းတရားတွေကို ရှေ့တန်းတင်ထားတဲ့ စာအုပ်တွေကို ပိတ်သိမ်းပေးပါ။ သင်တန်းတွေကို ကန့်ကွက်ပေးပါ။ ပလီတွေထဲမှာ လက်နက်တွေ သိမ်းစည်းထားတာတွေကို မိတာကလည်း မလိုလားစရာပါ။ ဂျီဟဒ်ဆိုတဲ့ ဘာသာခြားတွေကို သတ်ဖြတ်ဖို့ အမိန့်တွေကို ငြိမ်းချမ်းရေးလိုလားတဲ့ အစ္စလမ်ဘာသာဝင်များ ကမ္ဘာ့ဘယ်နေရာကနေ အော်အော် ကန့်ကွက်ပေးကြပါ။ ရှုံချပေးကြပါ။ အလာဟုအက္ကဘာလို့ အော်အော်ပြီး လူသတ်တာတွေကို ရှုံချကန့်ကွက်ပေးကြဖို့လိုပါတယ်။ ဘာသာမတူရင် အသတ်ခံရမယ်တဲ့လား။ အတော့်ကို ဆိုးရွားလိုက်တဲ့ လူစိတ်မရှိတဲ့ လူမဆန်တဲ့ အကြောင်းပြချက်ပဲ။ ဘယ်သူကပဲပြောပြော။ ဘယ်သူကပဲ ဟောဟော လူစိတ်မရှိလို့ပဲ။ လိုက်နာတဲ့သူကလဲ လူစိတ်မရှိတာ။ ကူညီပါ။ နှောင့်ယှက်မှု့တွေကို တားဆီးပါ။ အမှန်တရားဘက်မှသာ ရပ်တည်ပါ။ အမှန်တရားဘက်မှသာ ဘက်လိုက်ကြပါ။

No comments:

Post a Comment