Wednesday, December 31, 2014

အမြဲတမ်း ၃၁ ဒီဇင်ဘာ

အမြဲတမ်း ဒီဇင်ဘာ ၃၁။ မမြဲတဲ့ ဒီဇင်ဘာ ၃၁။ ဒီနေ့ ၃၁ ဒီဇင်ဘာ ၂၀၁၄။ ၂၀၁၄ ကို နှုတ်မဆက်ချင်လဲ နှုတ်ဆက်ရတော့မယ်။ ၂၀၁၅ ကို မကြိုဆိုချင်လဲ ကြိုဆိုရတော့မယ်။ အချိန်ဆိုတဲ့ ကာလယန္တားကြီးရယ် တားမရ ဆီးမရပါလား။ အကျင့်ဆိုးတွေကိုရော နှုတ်မဆက်ချင်လဲ နှုတ်ဆက်နေရတုံးလား။ မကြိုဆိုချင်လဲ ကြိုဆိုနေရတုံးလား။ အကျင့်ကောင်းတွေကို ကြိုဆိုချင်တိုင်း ကြိုဆိုလို့ ရနိုင်ကြလို့လား။ နှုတ်မဆက်ဘဲနဲ့လည်း သူ့အလိုလို ထွက်သွားနေကြတာလား။ အချိန်ဆိုတဲ့ ကာလယန္တရားကြီးရယ်။ မကောင်းတာတွေကို နှုတ်ဆက်ချင်ပါတယ်။ ကောင်းတာတွေကို ကြိုဆိုချင်ပါတယ်။ တားဆီးနေတာတွေကို ဖယ်ဆီးပေးနိုင့်ပါ့မလား။ နှုတ်မဆက်ချင်လဲ နှုတ်ဆက်ရ။ မကြိုဆိုချင်တာတွေလဲ ကြိုဆိုနေရပါလား။ ၂၀၁၄ကို မကြိုလည်း မကြိုဆို နှုတ်လည်း မဆက်ချင်ဘူး။ ၂၀၁၅ကို မကြိုလည်း မကြိုဆို နောင်လည်း နှုတ်မဆက်ချင်ဘူး။ ကောင်းတာတွေကိုသာ ကြိုဆိုချင်ပါတယ်။ မကောင်းတာတွေကို နှုတ်ဆက်ချင်ပါတယ်။ နေ့တိုင်း နေ့တိုင်း အမြဲတမ်း ဒီဇင်ဘာ ၃၁။ မမြဲတဲ့ ဒီဇင်ဘာ ၃၁။ —

Saturday, December 27, 2014

Perspective

Put yourselves in the shoes of customer Customer is always right. Marketing Department Human is Resources. Human Resource Department Customer Focused means chaining structure and system. Organizational Level Customer Focused means chaining attitude and behaviour. Individual Level

Friday, December 26, 2014

Internal Politics

ရုံးတွင်းနိုင်ငံရေးလို့ဆိုတဲ့ ရုံးတွင်းဝန်ထမ်းချင်း ပဋ္ဌိပက္ခဟာ လုပ်ငန်းခွင်တိုင်းမှာ အနည်းနဲ့ အများဆိုသလို တွေ့ရနိုင်တဲ့ ရှောင်လွှဲမရတဲ့ ပြသနာ အကြောင်းအရာ တစ်ရပ်ဖြစ်ပါတယ်။ လူများရင် ပါးစပ်များပြီး ပြသနာများတက်တာ အားလုံးအသိပါ။ ရုံးတစ်ခုမှာ အများဆုံးဖြေရှင်းပြီး အချိန်ကုန်နေရတဲ့ အကြောင်းအရာက ရုံးတွင်းနိုင်ငံရေးလို့ ပြောရင်လည်း မမှားပါဘူး။ အုပ်စုဖွဲ့နေတက်ကြတယ်။ သူ့လူ၊ ငါ့လူနဲ့။ ကိုယ့်ဘက်တော်သားတွေကို အရေးပေးပြီး သူများအဖွဲ့၊ သူများလူလို့ မှတ်ယူထားသူတွေကို ပြသနာတွေပေးတက်ကြပါတယ်။ ရုံးတွင်းနိုင်ငံရေးက ကောင်းတာတွေ သယ်ဆောင်လာတယ်လို့ မကြားဘူး။မဖတ်ရှု့မိသေးပါဘူး။ ဆိုးကျိုးနဲ့ ဆိုးပစ်တွေသာ ယူဆောင်လာလေ့ရှိပါတယ်။ ကြိုးကိုင်တဲ့သူအတွက် အကျိုးရှိမယ်လို့ ယူဆရပေမဲ့ ဒါဟာလဲ ရေတိုအတွက်ပဲ ဖြစ်နိုင်ပြီး ရေရှည်မှာ သူ့ဖက် ငါ့ဖက်နဲ့ အပြိုင်အဆိုင်တွေနဲ့ လုပ်ငန်းကြီးတစ်ခုလုံး ယိုင်နဲ့လာပြီး မရှု့မလှ ဇာတ်သိမ်းခန်းတွေ ရောက်သွားတက်ပါတယ်။ အတွင်းတိုက်ပွဲတွေကြောင့် စိတ်ညစ်၊ ပင်ပန်း၊ အလုပ်ပျက်၊ အကိုင်ပျက်တွေကတော့ စာဖွဲ့စရာတောင်မလိုပါဘူး။ ၀ိသာခါကျောင်းအမကြီးရဲ့ သမီးချွေးမများကို မှာကြားတဲ့ စကားလေးကတော့ အတော် မှတ်သားနာယူစရာကောင်းလှတယ်။ အတွင်းမီးလည်း အပြင်မထုတ်နဲ့။ အပြင်မီးလည်း အတွင်းယူမလာနဲ့။ တဲ့ အရမ်းတာသွား ထိရောက်တဲ့ မှာတမ်းလေးပါ။ ရှောင်လွှဲလို့ မရတဲ့ အတွက် ဖြေရှင်းဖို့ ကြိုးစားပါ။ (၁) ရင်ဆိုင်ပါ။ အချက်အလက်ကို ကိုးကားပါ။ (၂) ရှင်းလင်းလွယ်ကူစွာ ပြောဆိုဆက်ဆံပါ။ ကိုယ့်ကျင့်တရားနဲ့ သီလက အရေးကြီးပါတယ်။ (၃) တဆင့်ကြားတွေကို လက်မခံပါနဲ့။ (၄) စိတ်အေးအေးထားဖြေရှင်းပါ။

Thursday, December 25, 2014

10 Principles for Deadly Sin (Kotler)

ပြသနာကြီး ဆယ်ခု ၁။ ဈေးကွက်နဲ့ စားသုံးသူကို အပြည့်အ၀ အလေးထားခြင်းမရှိ။ ၂။ မိမိရဲ့ စားသုံးသူကို အပြည့်အ၀ နားမလည်။ ၃။ ပြိုင်ဖက်များကို ကောင်းမွန်စွာ အဓိပ္ဗါယ် မဖွင့်နိုင်သလို ကောင်းစွာ စောင့်မကြည့်နိုင် ၄။ သက်ဆိုင်သူများကို ကောင်းမွန်စွာ ဆက်ဆံရေး မထူထောင်နိုင် ၅။ အခွင့်အရေးများကို ကောင်းမွန်စွာ မရှာတက် ၆။ ဈေးကွက်ဖေါ်ဆောင်ရေးအစီအစဉ်မကောင်းမွန် ၇။ ထုတ်ကုန် (သို့) ၀န်ဆောင်မှု့ စီးမျဉ်းများ ကြပ်မတ်ရန်လို ၈။ အမှတ်တံဆိပ်နှင့် ဆက်သွယ်ရေး အားနည်း။ ၉ ။ စုစည်းမှု့ အားနည်း ၁၀။ နည်းပညာများကို အပြည့်အ၀ အသုံးချနိုင်ခြင်းမရှိ

ဒီလိုပါပဲ

မေးခွန်းမေးရင် US Library Scholarship Marketer and Competitive Any Business must be Stance - Follower You are not a student but a School-goer

Saturday, December 20, 2014

ဒါ ဗမာပြည်

ဗမာဇာနည်အချင်းတို့ ဒါဗမာပြည်... မဟာသာကီမင်းမှ မျိုးနွယ်ဆင်းသည် သမ္ဘာတာရှည်လင်း၍ အာဏာပိုင်နန်းတည် ဒါဗမာပြည်သိစေမည်..... စိန်မှန်ကင်းအစစ် တိုင်းဌာနီ ဖြစ်တော့သည် နိုင်ငံသစ်နှင့် တို့တာဝန် ထမ်းဆောင်ရန် အမြဲညီ ကမ္ဘာတည်စိးုမိုးဖို့ ကျုပ်ရည်... အရောင်တင်ကာ အောင်မြင်ခဲ့တဲ့ဒို့စစ်သည် လက်ရုံး တန်ဆောင် ဘုန်းရောင် ပြောင်ပေသည်..... မော်ကွန်းတည် ထွန်းတောက်ခဲ့သည် ဗမာတွေသတ္တိစွမ်းဂုဏ်ရည်... ကမ္ဘာအဓွဍ်တိုင်ညီ... ဗမာဓါးလွတ်ကိုင်သည်... ဇာမဏီ အာဇာနည်မှန်သည် အောင်လံတော်စိုက်သည့် တိုင်းမြန်မာရွှေပြည် ဒို့များကြိုးစားကြညီညီ......

Friday, December 19, 2014

ဘဏ်

ဘဏ်အသစ်တွေဖွင့်ခွင့်ကျတာကို ဆရာတစ်ဦးနဲ့ စကားပြောဖြစ်တယ်။ ဆရာက သူ့ရဲ့ မှတ်ချက်ကို ဒီလိုပေးတယ်။ ဘဏ်အမျိုးအစားက ၃ မျိုးရှိတယ်။ အစိုးရပိုင်၊ အစိုးရ ပုဂ္ဂလိက ဖက်စပ်ရယ်၊ နောက်ဆုံး ပုဂ္ဂလိကပိုင်ရယ်။ အခုတော့ နိုင်ငံခြားဘဏ် ၉ ခုကိုပါ ထည့်သွင်း စဉ်းစားရတော့မယ်။ စုစု၏ပေါင်း ပြည်တွင်းမှာ ဘဏ်ပေါင်း ၂၅ ဘဏ်ရှိရာကနေ နောက်ထပ် ဘဏ်လုပ်ငန်းလိုင်စင်တွေ ချပေးနေတာကို တွေ့တော့ ဘယ်လို မှတ်ချက်ပေးသလဲဆိုတော့ အကြီးကောင်တွေကိုတောင် လူလားမြောက်အောင် မကြွေးနိုင် မလုပ်နိုင်သေးဘဲနဲ့ နောက်ထပ်မွေးဖို့ကြိုးစားနေတဲ့ အမေလိုပဲတဲ့။ http://www.cbm.gov.mm/content/private-banks

Sunday, December 14, 2014

အတုမရှိ အတူမရှိ

ပုဂံ အတုခိုးတာ ပြသနာမဟုတ်ဘူး။
အတုမခိုးတာ ပြသနာ။
ပုဂံသားတွေ အတုခိုးခဲ့ကြတယ်။ 
အတုခိုးတာ ပြသနာမဟုတ်ဘူး။
အတုနဲ့ ကျေနပ်နေတာ ပြသနာ။
ပုဂံသားတွေ ကျေနပ်မနေခဲ့ကြဘူး။ 
အတုခိုးတာ ပြသနာမဟုတ်ဘူး။
တလွဲဆံပင်ကောင်းနေတာ ပြသနာ။
ပုဂံသားတွေ ဘာသာ သာသနာ။
ယဉ်ကျေးမှု့ဓလေ့တွေ။
စာသာ ဘာသာစကားတွေကို ပြုပြင်တိုးတက်ခဲ့တယ်။ 
အတုခိုးတာ ပြသနာမဟုတ်ဘူး။
သူများနောက်လိုက် ဖြစ်နေရတာ ပြသနာ။
ပုဂံက သူများနောက်လိုက် မဖြစ်ခဲ့ရဘူး။
 အတုခိုးတာ ပြသနာမဟုတ်ဘူး။
အသစ်မဖန်တီးနိုင်တာ ပြသနာ။
အသစ်အသစ်တွေ ဖန်တီးမွေးထုတ် မြေတောင်မြှောက်ခဲ့ကြတယ်။ 
အတုခိုးတာ ပြသနာမဟုတ်ဘူး။
သူ့ဟာကိုယ့်ဟာ မှတ်ထင်နေတာ ပြသနာ။
 အတုခိုးတာ ပြသနာမဟုတ်ဘူး။
မဲပြာပုဆိုးဖြစ်နေတာ ပြသနာ။
 အတုခိုးတာ ပြသနာမဟုတ်ဘူး။
ကိုယ်ပိုင်ဟန်မရှိတာ ပြသနာ။
 တုပါ။ တူပါအောင် တုပါ။ တုပါ။
သူမတူတဲ့ အထိ။
 အတုမှသည် အတူမရှိဆီသို့ ပုဂံ
အတုမရှိ အတူမရှိသော အတုမရှိ အတူမရှိသော ပုဂံ။

အားကျရတဲ့ ပုဂံ

ပုဂံရောက်မှပဲ ကိုယ်ပိုင်ဟန်ကို ခံစားမိတယ်။ လောကနဒ္ဒာဘုရား တောင်ပေါ်ကနေ ပုဂံရှု့ခင်းတွေကို တလေးတစားကြည့်ရင်း အာနဒ္ဒာ၊ သဗ္ဗေညု၊ ကန်တော့ပလ္လင်၊ ရွှေစည်းခုံ၊ ဓမ္မရံကြီး၊ ထီးလိုမင်းလို၊ မြစေတီ၊ ဓမ္မရာဇက၊ ကန်တော့ပလ္လင်၊ မနူဟာဘုရားတွေကို ဖူးမျှော်ကြည်ညိုရင်း ရှေးခေတ်ပုဂံက လူတွေရဲ့ သဒ္ဓါတရားနဲ့ ကြိုးပမ်းအားထုတ် ဆောင်ရွက်ခဲ့မူတွေကို လေးစားကြည်ညို အားကျ ဂုဏ်ယူမိတယ်။ ပုဂံသားတွေဟာ အသစ်တွေမထွင်ခင် အတုတွေခိုး လေ့လာသင်ယူပြီးမှ ကိုယ်ပိုင်ဟန်တွေ ယဉ်ကျေးမှုတွေ၊ ကိုးကွယ်ရာ ဘာသာတရားတွေ၊ စာပေ ဘာသာစကားတွေ၊ လက်မှုအနုပညာတွေကို နောင်လာနောင်သားတွေ ဂုဏ်မငယ်အောင် ခက်ခက်ခဲခဲ မျိုးစေ့ကျဲ ကြိုးကြိုးစားစား လမ်းပြစွမ်းဆောင်နိုင်ခဲ့တယ်။ ပုဂံလက်နက် နိုင်ငံတော်ကို လက်ဝါးပြကာ သိမ်းပိုက် တည်ထောင်တော်မူနိုင်ခဲ့ပြီး မျက်ရည်တွေကို သုတ်ပေးခဲ့တယ်။ ကွဲကွာနေသူတွေကို ပြန်လည်စုံစည်းပေးပြီး လက်ဝဲလက်မှ အ၀တ်အထည်နဲ့ လက်ယာလက်မှ အစားစာများပေးဝေခဲ့တယ်။ ပန်းဦးစေလွှတ်ပြီး အကျင့်မှားတွေနဲ့ အရည်းကြီး ၀ါဒရယ်။ မဟာယနဆန်တဲ့ ၀ါဒတွေရယ်။ နတ် နဂါး ကိုးကွယ်တဲ့ ၀ါဒ (အတွင်း ၃၇ မင်း၊ အပြင် ၃၇ မင်းနဲ့ နတ်လှောင်ကျောင်းတွေကို ယနေ့တိုင် လေ့လာနိုင်တယ်။) အစရှိတဲ့ ၀ါဒတွေကို ကျော်လွန်ပြီး ယေဓမ္မာ အစရှိတဲ့ စာသားများရေးထိုးတဲ့ အုတ်ခွက်ဘုရားများနဲ့ စစ်မှန်တဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာကို အမွေပေးခဲ့တယ်။ ကျောက်စာတွေမှာ ဆုတောင်း၊ ကျိန်စာနဲ့ အလှူအကြောင်းကို မှတ်တမ်းတင်ပြီး ခေတ်အခြေအနေကို ထင်ဟပ်စေခဲ့တယ်။ ထင်ရှားတဲ့ မြစေတီကျောက်စာမှာ လေးမျက်နှာစလုံးကို ကျောက်သားကို ထွင်းထုပြီး ထီးမွေမပေးခဲ့တဲ့ ဖခမည်းတော်ကို သားကြီးသြရသရဲ့ ကျေးဇူးဆပ်ခန်းနဲ့ မြန်မာစာကို အစပျိုး မိတ်ဆက်ခဲ့တယ်။ ပါဋ္ဌိ၊ ပျူနဲ့ မွန်ဘာသာတွေကို တွဲဖက်လေ့လာနိုင်တယ်။ မြန်မာစာ အစကောင်းခဲ့တယ်။ ပျူခေတ်လက်ရာ ဗူးဘုရားမှသည် ဂူဘုရားများမှသည် အိန္ဒိယလက်ရာများမှသည် မွန်လက်ရာများမှသည် ပုဂံခေတ်လက်ရာစစ်စစ်များအဖြစ် သက်သွင်းပုံဖေါ်နိုင်ခဲ့သည်။

Remark

ကျောင်းသားတိုင်း တပည့်မဟုတ်သလို။ စာသင်တိုင်းလဲ ဆရာမဖြစ်ကြဘူး။

Saturday, December 13, 2014

ခေတ်

သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ.... ....... .... (က) သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း။ (ခ) သူအများမှာ ပျက်လင့်ကာသာ ဓမ္မတာတည်း

Stop trying to Hide your failures

Stop Trying to Hide Your Failures Feedback without fear.. ပြသနာတွေကို ဖုံးဖိဖို့ မကြိုးစားနဲ့။ စီလီကွန်တောင်ကြားဒေသမှာတောင် အမှားကို ကျဆုံးမှုကို ချီးမွမ်းတက်ကြသေးတယ်။ ဒါပေမဲ့ နေရာတော်တော်များများမှာ ကျဆုံးခန်းတွေကို ကွယ်ဝှက်ထားလေ့ရှိကြတယ်။ အမှန်ကတော့ လေ့လာသင်ယူ ကြီးထွားဖို့အတွက် ကျဆုံးမှု့ကို တွေ့ကြုံခံစားခဲ့မိရင် ပိုကောင်းမယ်။ အမှာရွတ်တွေရှိလေ ကောင်းလေပေါ့။ ဒါဖြင့်ရင် ဒီလိုကျရှုံးမူကနေ နောင်တစ်ကြိမ် အောင်မြင်မှု့ရအောင် ဘယ်လို အားထုတ်ကြမလဲ။ ပထမဆုံးအနေနဲ့ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ကိုယ့်ရဲ့အမှားတွေ ကျရှုံးမှုတွေကို ပြောပြဖို့လိုပါမယ်။ ပြီးရင် သင့်တော်ရာအကြောင်းတွေကို ပြောပြပါ။ တီထွင်ဖို့အတွက် ကျဆုံးဖို့လိုတယ်ဆိုတာကို သတိပြုမိကြရမယ်။ ၁၀၀ ရာခိုင်နှူန်းအောင်မြင်တယ်ဆိုတာ အသစ်ဘာဆိုဘာမှမရှိသေးလို့ပဲ။ အမှားကို ကွယ်ဝှက်ထားမဲ့အစား လုပ်ကြံ လံကြုတ်ပြောမဲ့အစား Even though failure is praised in places like Silicon Valley, it’s still considered taboo in many workplaces. But the truth is that we need to experience failure in order to learn and grow. So how do we leverage a setback to succeed next time? First, we have to speak openly and honestly about our failures, so they are put into their proper context. Recognize that innovation requires failure. If you have a 100% success rate, you’re not doing anything new. Instead of hiding your mistakes, own your narrative. In some ways, it’s a reframing: it’s not so much that you’re creating something (such as a product or service) that failed; it’s that you’re steadily improving a series of drafts. And remember, failure is ongoing. After all, stretch goals are things outside your wheelhouse that may not work out. But if you’re making new and different mistakes, that’s progress.

Saturday, December 6, 2014

Bagan Pagoda

ပုဂံဘုရားဖူးကြမယ်။ (၁) ပုဂံကို ဘယ်သူတွေ ဘာကြောင့်သွားကြသလဲ။ ဘာတွေတွေ့ကြရသလဲ။ (၁) မြန်မာမှန်ရင် (ဗမာမှန်ရင်) ပုဂံရောက်ဖူးရမယ်လို့ဆိုကြတယ်။ ပုဂံသမိုင်းကို ဂုဏ်ယူကြတယ်။ ပုဂံရဲ့ သမိုင်းဟာ စိတ်ဝင်စားဖွယ်ရာအပြည့်၊ နက်နဲ့မှု့တွေနဲ့အပြည့်မို့ စိတ်ဝင်စားစရာအရမ်းကောင်းပါတယ်။ ပထမမြန်မာနိုင်ငံတော်ကြီးနဲ့အတူ ထေရ၀ါဒကို မိတ်ဆက်ပေးခဲ့တယ်။ မြန်မာစာ စတင်ပေါက်ပွားခဲ့တယ်။ အရှေ့တာင်အာရှမှာ အင်အားကြီး လက်နက်နိုင်ငံတော်ကို တည်ထောင်ခဲ့တယ်။ အရည်းကြီးဝါဒကနေ ထေရ၀ါဒကို ညင်သာစွာ အောင်မြင်စွာ ကူးပြောင်းပေးခဲ့တယ်။ မြန်မာစာ စကားတွေရဲ့ စတင်ရာ မြစေတီကျောက်စာကိုလည်း ထင်ရှားစွာ ယနေ့တိုင်တွေ့မြင်နိုင်တယ်။ ရာဇ၀င် အကြောင်းပြောရင် လှံထမ်းပြီး ပြောရမယ်ဆိုတဲ့ အတိုင်း တကျောင်း တဂါထာ တရွာ တပုဒ်စမ်းကြတယ်။ ဒါ့ကြောင့် ပြည်တွင်းကလူတွေလည်း လာရောက်ဖူးမျှော်ကြည်ညိုကြသလို၊ ပြည်ပကလူတွေလည်း လာရောက် လေ့လာဖူးမျှော်ကြည်ညိုကြတယ်။ (၂) လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်းဆိုတဲ့အတိုင်း လက်ညှိုးထိုးမလွဲ ဘုရား ပုထိုး စေတီတွေဖူးမြင် ကြည်ညိုနိုင်ပြီး ပုဂံသားတွေရဲ့ သဒ္ဓါတရားထက်သန်ပုံက အံဖွယ်နဘန်းဖြစ်လှတယ်။ ပုဂံဘုရားဖူးရင် အပြောများတာက စွယ်တော်လေးဆူက ရွှေစည်းခုံဘုရား၊ တန့်ကြည့်တောင်၊ လောကနန္ဒာဘုရားနဲ့ တုရွင်းတောင်ပါကို နေ့မကူးဘဲ ဖူးရင် ဆုတောင်းပြည့်တယ်ဆိုတာက အရိုးစွဲနေတဲ့ အကြောင်းလေးနဲ့စတယ်။ ပျူစောထီးဘုရင် မင်းမြတ်တည်ထားခဲ့တဲ့ ဧရာဝတီမြစ်နဘေးက ဗူးဘုရား (ပျူခေတ်လက်ရာ)၊ အနော်ရထာမင်းကြီးတည်ထားကိုးကွယ်ခဲ့တဲ့ ရွှေစည်းခုံစေတီ၊ ကျန်စစ်သားမင်းကြီးတည်ထားခဲ့တဲ့ အာနဒ္ဒာဘုရား၊ အလောင်းစည်သူမင်းကြီးတည်ထားခဲ့တဲ့ သဗ္ဗေညု၊ ရွှေဂူကြီးဘုရား၊ နရပတိစည်သူမင်းကြီးတည်ထားခဲ့တဲ့ ကန်တော့ပလ္လင်၊ နရသူမင်းတည်ထားခဲ့တဲ့ ထုထည်အကြီးမားဆုံးဖြစ်တဲ့ ဓမ္မရံကြီး၊ အနော်ရထာမင်းနဲ့ ခေတ်ပြိုင် မနူဟာမင်းတည်ထားခဲ့တဲ့ မနူဟာဘုရား၊ ကျန်စစ်သားမင်းကြီးကို သားတော်က ကျေးဇူးဆပ်ခဲ့တဲ့ မြစေတီကျောက်စာရှိတဲ့ မြင်းကပါကမြစေတီ၊ ဇေယျသိင်္ခ နားတောင်းများမင်းတည်ထားခဲ့သော ထီးလိုမင်းလိုဘုရား၊ အပြင် အလိုတော်ပြည့်၊ ဥပါလိသိမ်၊ မင်းမျှော်ရာဇာ၊ ပြသဒ်ကြီး၊ ကျန်စစ်သားဥမင်၊ ကျောက်ဂူဥမင်၊ ဓမ္မရာဇက၊ ဂူပြောက်ကြီး၊ ဂူပြောက်ငယ်၊ မီးမလောင်ကျောင်း၊ နတ်လှောင်ကျောင်း၊ သရပါတံခါး၊ ပုဂံသမိုင်းပြတိုက်တွေကို လေ့လာကြည်ညိုကြည့်ရှုနိုင်ပါတယ်။ ဘုရား၊ ပုထိုး၊ စေတီတွေမှာ ပုဂံခေတ် အနုလက်ရာတွေကို အံသြဖွယ် ဂုဏ်ယူဖွယ်တွေ့မြင်နိုင်ပါတယ်။ ပန်းဆယ်မျိုးထဲက နံရံဆေးရေးပန်းချီတွေ၊ အုတ်စီတဲ့ပညာတွေ၊ ပန်းပုရုပ်တုတွေကို လေ့လာကြည်ရှုခံစားနိုင်ပါတယ်။ လှည်းဝင်ရိုးသံ တညံညံဆိုပေမဲ့ အနည်းငယ်သော စေတီ၊ ပုထိုး၊ ဘုရားတွေကိုသာ လည်ပတ်ကြည့်ရှု့ဖို့တိုက်တွန်းတက်ကြတယ်။ အကြမ်းအားဖြင့် ဆုတောင်းပြည့်တဲ့ စေတီ ပုထိုးတွေ၊ မင်းတရားကြီးတွေတည်ထားခဲ့တဲ့ စေတီ ပုထိုးတွေ၊ အနုပညာလက်ရာမြောက်တဲ့ စေတီပုထိုးတွေကိုသာ နတ်လမ်းညွှန်ကြတယ်။ ဒါအပြင် မြစ်ကမ်းနဘေးနဲ့ ဘုရားအပေါ်ကနေ နေ၀င်ညဆည်းဆာကို ကြည့်ရှု့လေ့လာတဲ့သူတွေ အတော်များပါတယ်။ လက်မှု့လက်ရာတွေကို လေ့လာကြည့်ရှုတဲ့သူတွေအတော်များပါတယ်။ (ခ) ဘာတွေမြင်လဲဆိုတော့ သမိုင်းကို မြင်ပါတယ်။ ဓလေ့ကို မြင်ပါတယ်။ ချစ်စရာကောင်းတဲ့ ဓလေ့တွေက အထင်းသားတွေမြင်ခဲ့ရပါတယ်။ ဖိနပ်ဘယ်နေရာ ချွတ်ချွတ်ပျောက်ရိုးထုံးစံမရှိ ကိုယ်တွေ့တွေ့မြင်ခံစားခဲ့ရပါတယ်။ ခရီးသွား ဧည့်တွေကို အလေးထားတာ ဂရုစိုက်တဲ့ ဓလေ့လေးက ချစ်စရာတကယ်ကောင်းတယ်။ အစားအသောက်တွေကို ပုံစားတဲ့ ဓလေ့တွေကို တွေ့မြင်ခဲ့ရတယ်။ မုန့်ဖိုးလိုက်တောင်းတက်တာ တစ်ခုတော့ ဆိုးရွားတယ်။ ပုဂံက ပုထိုးတွေက အရင်ကြုံတွေဖူးတဲ့ စေတီတွေလို မဟုတ်ဘဲ အပေါ်ထပ်ကိုပါသွားရောက် တက်ရောက်လို့ရတာကို အထူးတလည်တွေ့မြင်ခံစားခဲ့ရတယ်။ ရာဇ၀င်ကိုမြင်ပါတယ်။ ယုံကြည်မှု့ သဒ္ဓါတရားတွေကို မြင်ပါတယ်။ နောက်တစ်ခုက အရောင်တွေကို ဆေးဘယ်သူဆိုးသလဲဆိုသလိုပဲ ဘုရားဆင်းတုတော်တွေ၊ စေတီပုထိုးတွေကို လှူဒါန်းသူတွေ ထုလုပ်သူတွေက သူတို့ရဲ့ ခံစားချက်တွေကို ထည့်သွင်းထုလုပ်ထားကြတယ်။ အာနဒ္ဒာစေတီက ဆင်းတုတော်တွေရဲ့ မျက်နှာတော်က သုံးမျိုးနဲ့ ဖူးတွေ့ကြည်ညိုနိုင်သလို မနူဟာမင်းရဲ့ လျောင်းတော်မူကလည်း မျက်နှာတော် နှစ်မျိုးနဲ့ တွေ့မြင်နိုင်ပါတယ်။ ထုထည်ကြီးမားတဲ့ ဓမ္မရံကြီးစေတီ ကျောက်စာအများစုက ဆုတောင်း၊ ကျိန်စာတွေကို အထူးတလည်တွေ့မြင်နိုင်ပါတယ်။ ရှေးဟောင်းဆိုတဲ့အတိုင်းပဲ ပြုစုစောင့်ရှောက်မဲ့ အားနည်းတာတွေကို တွေ့ခဲ့ရတယ်။ ရှေးဟောင်းပစ္စည်းတွေ ခိုးထုတ်တာတွေ ရှိသေးလားလို့ မေးတော့ ကုန်နေပါပြီတဲ့။ ဓမ္မရံကြီးဘုရားကို ညနေငါးနာရီလောက်မှာ သွားဖူးတာ လင်းနို့ချေးတွေအများကြီး တက်နင်းခဲ့မိပါတယ်။ ပုဂံက လက်ညိုးထိုးမလွှဲ စေတီတွေ၊ ပြန်လည်မွမ်းမံထားတဲ့ မွမ်းမံနေတဲ့ ပုဂံခေတ်နဲ့ မျက်မှောက်ခေတ်စပ်လက်ရာတွေ၊ စေတီပျက်တွေ၊ လက်ရာဟောင်းတွေ၊ သမိုင်းပြတိုက်တွေကနေ မမြဲခြင်းတရား အနိစ္စဆိုတာကို မြင်ခဲ့ရတယ်။ ပုဂံမှာ ထူးခြားတာက ဘုရားပေါ်မှာ ဆင်းတုတော်များ၊ စေတီတော်၊ ဗောဓိပင်၊ သမာဒေ၀နတ်ကောင်း၊ နတ်မြတ်များ၊ အခြံအရံ အစောင့်အရှောက်များ (ခြင်္သေ့၊ နဂါး၊ ဆင်၊ မနုသီဟ)။ တံခွန်တိုင်၊ ခေါင်းလောင်းများ၊ ရွှေသင်္ကန်းများ။ မွေးနေ့ရက်မြတ်ပူဇော်ရာ ဂြိုလ်တိုင်များကို ပုဂံခေတ် လက်ရာစစ်စစ်များမှာ မတွေ့ရှိခြင်းပါ။ တဆက်တည်းမှာပဲ နောက်ဘာတစ်ခုကို သွားသတိရလဲဆိုတော့ Shelley's "Ozymandias" I met a traveller from an antique land Who said: "Two vast and trunkless legs of stone Stand in the desert. Near them, on the sand, Half sunk, a shattered visage lies, whose frown, And wrinkled lip, and sneer of cold command, Tell that its sculptor well those passions read Which yet survive, stamped on these lifeless things, The hand that mocked them and the heart that fed: And on the pedestal these words appear: 'My name is Ozymandias, king of kings: Look on my works, ye Mighty, and despair!' Nothing beside remains. Round the decay Of that colossal wreck, boundless and bare The lone and level sands stretch far away." ရုပ်ဝတ္ထုများ၏ အနက်ဓိပ္ဗါယ်ကိုမြင်ပါတယ်။ သဒ္ဓါတရားတွေ တဖွားဖွားဖြစ်ပေါ်လာပါတယ်။ အမှန်တရားကို မြင်ကြပါတယ်။ ဖြစ်ပျက် တရားသဘောကို မြင်ပါတယ်။ ဖြစ်အောင်လဲ မလုပ်နဲ့ (လောဘဖြစ်လာမယ်။) ပျက်အောင်လဲ မလုပ်နဲ့ (ဒေါသစိတ်ပေါ်တယ်။) ဖြစ်၊ ပျက်တာကို မမြင်တာလဲ မဖြစ်စေနဲ့ (မောဟအမှောင်လွှမ်းမယ်။) ဖြစ်၊ ပျက်ကို မြင်အောင် ပေါ်အောင်ကြည့်ရင် အမှန်တရားကို တွေ့မယ်။ သစ္စာဆိုက်မယ်။ စက္ခုကရဏီ။ ဥာဏကရဏီ။ ဥပသမ္ဘာရ။ သမောထာရ။ ပြုသူ အသစ် ဖြစ်သူအဟောင်း။ အနိစ္စ မမြဲခြင်းဆိုတာကို အာယုသင်္ခါရလွှတ်ပြီး (ပရိနိဗ္ဗာန်စံပြီးပြသခဲ့ပြီးတောင်) အခု ပုဂံဘုရားပုထိုးတွေက ထပ်မံသက်သေခံနေပါတယ်။ အမှန်တရားကို မြင်ကြပါတယ်။ ဖြစ်ပျက် တရားသဘောကို မြင်ပါတယ်။ ဖြစ်၊ ပျက် (အနိစ္စ၊ ဒုက္ခ၊ အနတ္တ) သဘောတွေကို မြင်ပါတယ်။ သစ္စာလေးပါး (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ၊ နိပြောဓသစ္စာ) တရား ကိုမြင်ပါတယ်။