Wednesday, December 31, 2014
အမြဲတမ်း ၃၁ ဒီဇင်ဘာ
အမြဲတမ်း
ဒီဇင်ဘာ
၃၁။
မမြဲတဲ့
ဒီဇင်ဘာ
၃၁။
ဒီနေ့
၃၁
ဒီဇင်ဘာ
၂၀၁၄။
၂၀၁၄ ကို
နှုတ်မဆက်ချင်လဲ
နှုတ်ဆက်ရတော့မယ်။
၂၀၁၅ ကို
မကြိုဆိုချင်လဲ
ကြိုဆိုရတော့မယ်။
အချိန်ဆိုတဲ့
ကာလယန္တားကြီးရယ်
တားမရ
ဆီးမရပါလား။
အကျင့်ဆိုးတွေကိုရော
နှုတ်မဆက်ချင်လဲ
နှုတ်ဆက်နေရတုံးလား။
မကြိုဆိုချင်လဲ
ကြိုဆိုနေရတုံးလား။
အကျင့်ကောင်းတွေကို
ကြိုဆိုချင်တိုင်း
ကြိုဆိုလို့ ရနိုင်ကြလို့လား။
နှုတ်မဆက်ဘဲနဲ့လည်း
သူ့အလိုလို
ထွက်သွားနေကြတာလား။
အချိန်ဆိုတဲ့
ကာလယန္တရားကြီးရယ်။
မကောင်းတာတွေကို
နှုတ်ဆက်ချင်ပါတယ်။
ကောင်းတာတွေကို
ကြိုဆိုချင်ပါတယ်။
တားဆီးနေတာတွေကို
ဖယ်ဆီးပေးနိုင့်ပါ့မလား။
နှုတ်မဆက်ချင်လဲ
နှုတ်ဆက်ရ။
မကြိုဆိုချင်တာတွေလဲ
ကြိုဆိုနေရပါလား။
၂၀၁၄ကို
မကြိုလည်း မကြိုဆို
နှုတ်လည်း မဆက်ချင်ဘူး။
၂၀၁၅ကို
မကြိုလည်း မကြိုဆို
နောင်လည်း နှုတ်မဆက်ချင်ဘူး။
ကောင်းတာတွေကိုသာ
ကြိုဆိုချင်ပါတယ်။
မကောင်းတာတွေကို
နှုတ်ဆက်ချင်ပါတယ်။
နေ့တိုင်း
နေ့တိုင်း
အမြဲတမ်း
ဒီဇင်ဘာ ၃၁။
မမြဲတဲ့
ဒီဇင်ဘာ
၃၁။ —
Subscribe to:
Post Comments (Atom)
No comments:
Post a Comment