Sunday, December 14, 2014
အားကျရတဲ့ ပုဂံ
ပုဂံရောက်မှပဲ
ကိုယ်ပိုင်ဟန်ကို
ခံစားမိတယ်။
လောကနဒ္ဒာဘုရား တောင်ပေါ်ကနေ
ပုဂံရှု့ခင်းတွေကို
တလေးတစားကြည့်ရင်း
အာနဒ္ဒာ၊
သဗ္ဗေညု၊
ကန်တော့ပလ္လင်၊
ရွှေစည်းခုံ၊
ဓမ္မရံကြီး၊
ထီးလိုမင်းလို၊
မြစေတီ၊
ဓမ္မရာဇက၊
ကန်တော့ပလ္လင်၊
မနူဟာဘုရားတွေကို ဖူးမျှော်ကြည်ညိုရင်း
ရှေးခေတ်ပုဂံက
လူတွေရဲ့
သဒ္ဓါတရားနဲ့
ကြိုးပမ်းအားထုတ်
ဆောင်ရွက်ခဲ့မူတွေကို
လေးစားကြည်ညို
အားကျ ဂုဏ်ယူမိတယ်။
ပုဂံသားတွေဟာ
အသစ်တွေမထွင်ခင်
အတုတွေခိုး လေ့လာသင်ယူပြီးမှ
ကိုယ်ပိုင်ဟန်တွေ ယဉ်ကျေးမှုတွေ၊
ကိုးကွယ်ရာ ဘာသာတရားတွေ၊
စာပေ ဘာသာစကားတွေ၊
လက်မှုအနုပညာတွေကို
နောင်လာနောင်သားတွေ
ဂုဏ်မငယ်အောင်
ခက်ခက်ခဲခဲ
မျိုးစေ့ကျဲ
ကြိုးကြိုးစားစား
လမ်းပြစွမ်းဆောင်နိုင်ခဲ့တယ်။
ပုဂံလက်နက် နိုင်ငံတော်ကို
လက်ဝါးပြကာ သိမ်းပိုက်
တည်ထောင်တော်မူနိုင်ခဲ့ပြီး
မျက်ရည်တွေကို သုတ်ပေးခဲ့တယ်။
ကွဲကွာနေသူတွေကို
ပြန်လည်စုံစည်းပေးပြီး
လက်ဝဲလက်မှ အ၀တ်အထည်နဲ့
လက်ယာလက်မှ အစားစာများပေးဝေခဲ့တယ်။
ပန်းဦးစေလွှတ်ပြီး အကျင့်မှားတွေနဲ့
အရည်းကြီး ၀ါဒရယ်။
မဟာယနဆန်တဲ့ ၀ါဒတွေရယ်။
နတ် နဂါး ကိုးကွယ်တဲ့ ၀ါဒ
(အတွင်း ၃၇ မင်း၊
အပြင် ၃၇ မင်းနဲ့
နတ်လှောင်ကျောင်းတွေကို
ယနေ့တိုင် လေ့လာနိုင်တယ်။)
အစရှိတဲ့ ၀ါဒတွေကို
ကျော်လွန်ပြီး
ယေဓမ္မာ အစရှိတဲ့
စာသားများရေးထိုးတဲ့
အုတ်ခွက်ဘုရားများနဲ့
စစ်မှန်တဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာကို
အမွေပေးခဲ့တယ်။
ကျောက်စာတွေမှာ
ဆုတောင်း၊
ကျိန်စာနဲ့
အလှူအကြောင်းကို
မှတ်တမ်းတင်ပြီး
ခေတ်အခြေအနေကို
ထင်ဟပ်စေခဲ့တယ်။
ထင်ရှားတဲ့
မြစေတီကျောက်စာမှာ
လေးမျက်နှာစလုံးကို
ကျောက်သားကို ထွင်းထုပြီး
ထီးမွေမပေးခဲ့တဲ့
ဖခမည်းတော်ကို
သားကြီးသြရသရဲ့
ကျေးဇူးဆပ်ခန်းနဲ့
မြန်မာစာကို အစပျိုး မိတ်ဆက်ခဲ့တယ်။
ပါဋ္ဌိ၊ ပျူနဲ့ မွန်ဘာသာတွေကို တွဲဖက်လေ့လာနိုင်တယ်။
မြန်မာစာ အစကောင်းခဲ့တယ်။
ပျူခေတ်လက်ရာ
ဗူးဘုရားမှသည်
ဂူဘုရားများမှသည်
အိန္ဒိယလက်ရာများမှသည်
မွန်လက်ရာများမှသည်
ပုဂံခေတ်လက်ရာစစ်စစ်များအဖြစ်
သက်သွင်းပုံဖေါ်နိုင်ခဲ့သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment