ရုံးတွင်းနိုင်ငံရေးလို့ဆိုတဲ့ ရုံးတွင်းဝန်ထမ်းချင်း ပဋ္ဌိပက္ခဟာ လုပ်ငန်းခွင်တိုင်းမှာ အနည်းနဲ့ အများဆိုသလို တွေ့ရနိုင်တဲ့ ရှောင်လွှဲမရတဲ့ ပြသနာ အကြောင်းအရာ တစ်ရပ်ဖြစ်ပါတယ်။
လူများရင် ပါးစပ်များပြီး ပြသနာများတက်တာ အားလုံးအသိပါ။ ရုံးတစ်ခုမှာ အများဆုံးဖြေရှင်းပြီး အချိန်ကုန်နေရတဲ့ အကြောင်းအရာက ရုံးတွင်းနိုင်ငံရေးလို့ ပြောရင်လည်း မမှားပါဘူး။
အုပ်စုဖွဲ့နေတက်ကြတယ်။ သူ့လူ၊ ငါ့လူနဲ့။ ကိုယ့်ဘက်တော်သားတွေကို အရေးပေးပြီး သူများအဖွဲ့၊ သူများလူလို့ မှတ်ယူထားသူတွေကို ပြသနာတွေပေးတက်ကြပါတယ်။ ရုံးတွင်းနိုင်ငံရေးက ကောင်းတာတွေ သယ်ဆောင်လာတယ်လို့ မကြားဘူး။မဖတ်ရှု့မိသေးပါဘူး။ ဆိုးကျိုးနဲ့ ဆိုးပစ်တွေသာ ယူဆောင်လာလေ့ရှိပါတယ်။ ကြိုးကိုင်တဲ့သူအတွက် အကျိုးရှိမယ်လို့ ယူဆရပေမဲ့ ဒါဟာလဲ ရေတိုအတွက်ပဲ ဖြစ်နိုင်ပြီး ရေရှည်မှာ သူ့ဖက် ငါ့ဖက်နဲ့ အပြိုင်အဆိုင်တွေနဲ့ လုပ်ငန်းကြီးတစ်ခုလုံး ယိုင်နဲ့လာပြီး မရှု့မလှ ဇာတ်သိမ်းခန်းတွေ ရောက်သွားတက်ပါတယ်။ အတွင်းတိုက်ပွဲတွေကြောင့် စိတ်ညစ်၊ ပင်ပန်း၊ အလုပ်ပျက်၊ အကိုင်ပျက်တွေကတော့ စာဖွဲ့စရာတောင်မလိုပါဘူး။
ဝိသာခါကျောင်းအမကြီးရဲ့ သမီးချွေးမများကို မှာကြားတဲ့ စကားလေးကတော့ အတော် မှတ်သားနာယူစရာကောင်းလှတယ်။
အတွင်းမီးလည်း အပြင်မထုတ်နဲ့။
အပြင်မီးလည်း အတွင်းယူမလာနဲ့။ တဲ့ အရမ်းတာသွား ထိရောက်တဲ့ မှာတမ်းလေးပါ။
ရှောင်လွှဲလို့ မရတဲ့ အတွက် ဖြေရှင်းဖို့ ကြိုးစားပါ။
(၁) ရင်ဆိုင်ပါ။ အချက်အလက်ကို ကိုးကားပါ။
(၂) ရှင်းလင်းလွယ်ကူစွာ ပြောဆိုဆက်ဆံပါ။ ကိုယ့်ကျင့်တရားနဲ့ သီလက အရေးကြီးပါတယ်။
(၃) တဆင့်ကြားတွေကို လက်မခံပါနဲ့။
(၄) စိတ်အေးအေးထားဖြေရှင်းပါ။
No comments:
Post a Comment