Saturday, December 6, 2014
Bagan Pagoda
ပုဂံဘုရားဖူးကြမယ်။
(၁) ပုဂံကို ဘယ်သူတွေ ဘာကြောင့်သွားကြသလဲ။ ဘာတွေတွေ့ကြရသလဲ။
(၁) မြန်မာမှန်ရင် (ဗမာမှန်ရင်) ပုဂံရောက်ဖူးရမယ်လို့ဆိုကြတယ်။
ပုဂံသမိုင်းကို ဂုဏ်ယူကြတယ်။
ပုဂံရဲ့ သမိုင်းဟာ စိတ်ဝင်စားဖွယ်ရာအပြည့်၊ နက်နဲ့မှု့တွေနဲ့အပြည့်မို့ စိတ်ဝင်စားစရာအရမ်းကောင်းပါတယ်။
ပထမမြန်မာနိုင်ငံတော်ကြီးနဲ့အတူ ထေရ၀ါဒကို မိတ်ဆက်ပေးခဲ့တယ်။ မြန်မာစာ စတင်ပေါက်ပွားခဲ့တယ်။
အရှေ့တာင်အာရှမှာ အင်အားကြီး လက်နက်နိုင်ငံတော်ကို တည်ထောင်ခဲ့တယ်။
အရည်းကြီးဝါဒကနေ ထေရ၀ါဒကို ညင်သာစွာ အောင်မြင်စွာ ကူးပြောင်းပေးခဲ့တယ်။
မြန်မာစာ စကားတွေရဲ့ စတင်ရာ မြစေတီကျောက်စာကိုလည်း ထင်ရှားစွာ ယနေ့တိုင်တွေ့မြင်နိုင်တယ်။
ရာဇ၀င် အကြောင်းပြောရင် လှံထမ်းပြီး ပြောရမယ်ဆိုတဲ့ အတိုင်း တကျောင်း တဂါထာ တရွာ တပုဒ်စမ်းကြတယ်။
ဒါ့ကြောင့် ပြည်တွင်းကလူတွေလည်း လာရောက်ဖူးမျှော်ကြည်ညိုကြသလို၊ ပြည်ပကလူတွေလည်း လာရောက် လေ့လာဖူးမျှော်ကြည်ညိုကြတယ်။
(၂)
လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်းဆိုတဲ့အတိုင်း လက်ညှိုးထိုးမလွဲ ဘုရား ပုထိုး စေတီတွေဖူးမြင် ကြည်ညိုနိုင်ပြီး ပုဂံသားတွေရဲ့ သဒ္ဓါတရားထက်သန်ပုံက အံဖွယ်နဘန်းဖြစ်လှတယ်။
ပုဂံဘုရားဖူးရင် အပြောများတာက စွယ်တော်လေးဆူက ရွှေစည်းခုံဘုရား၊ တန့်ကြည့်တောင်၊ လောကနန္ဒာဘုရားနဲ့ တုရွင်းတောင်ပါကို နေ့မကူးဘဲ ဖူးရင် ဆုတောင်းပြည့်တယ်ဆိုတာက အရိုးစွဲနေတဲ့ အကြောင်းလေးနဲ့စတယ်။ ပျူစောထီးဘုရင် မင်းမြတ်တည်ထားခဲ့တဲ့ ဧရာဝတီမြစ်နဘေးက ဗူးဘုရား (ပျူခေတ်လက်ရာ)၊ အနော်ရထာမင်းကြီးတည်ထားကိုးကွယ်ခဲ့တဲ့ ရွှေစည်းခုံစေတီ၊ ကျန်စစ်သားမင်းကြီးတည်ထားခဲ့တဲ့ အာနဒ္ဒာဘုရား၊ အလောင်းစည်သူမင်းကြီးတည်ထားခဲ့တဲ့ သဗ္ဗေညု၊ ရွှေဂူကြီးဘုရား၊ နရပတိစည်သူမင်းကြီးတည်ထားခဲ့တဲ့ ကန်တော့ပလ္လင်၊ နရသူမင်းတည်ထားခဲ့တဲ့ ထုထည်အကြီးမားဆုံးဖြစ်တဲ့ ဓမ္မရံကြီး၊ အနော်ရထာမင်းနဲ့ ခေတ်ပြိုင် မနူဟာမင်းတည်ထားခဲ့တဲ့ မနူဟာဘုရား၊ ကျန်စစ်သားမင်းကြီးကို သားတော်က ကျေးဇူးဆပ်ခဲ့တဲ့ မြစေတီကျောက်စာရှိတဲ့ မြင်းကပါကမြစေတီ၊ ဇေယျသိင်္ခ နားတောင်းများမင်းတည်ထားခဲ့သော ထီးလိုမင်းလိုဘုရား၊ အပြင် အလိုတော်ပြည့်၊ ဥပါလိသိမ်၊ မင်းမျှော်ရာဇာ၊ ပြသဒ်ကြီး၊ ကျန်စစ်သားဥမင်၊ ကျောက်ဂူဥမင်၊ ဓမ္မရာဇက၊ ဂူပြောက်ကြီး၊ ဂူပြောက်ငယ်၊ မီးမလောင်ကျောင်း၊ နတ်လှောင်ကျောင်း၊ သရပါတံခါး၊ ပုဂံသမိုင်းပြတိုက်တွေကို လေ့လာကြည်ညိုကြည့်ရှုနိုင်ပါတယ်။ ဘုရား၊ ပုထိုး၊ စေတီတွေမှာ ပုဂံခေတ် အနုလက်ရာတွေကို အံသြဖွယ် ဂုဏ်ယူဖွယ်တွေ့မြင်နိုင်ပါတယ်။ ပန်းဆယ်မျိုးထဲက နံရံဆေးရေးပန်းချီတွေ၊ အုတ်စီတဲ့ပညာတွေ၊ ပန်းပုရုပ်တုတွေကို လေ့လာကြည်ရှုခံစားနိုင်ပါတယ်။
လှည်းဝင်ရိုးသံ တညံညံဆိုပေမဲ့ အနည်းငယ်သော စေတီ၊ ပုထိုး၊ ဘုရားတွေကိုသာ လည်ပတ်ကြည့်ရှု့ဖို့တိုက်တွန်းတက်ကြတယ်။
အကြမ်းအားဖြင့် ဆုတောင်းပြည့်တဲ့ စေတီ ပုထိုးတွေ၊ မင်းတရားကြီးတွေတည်ထားခဲ့တဲ့ စေတီ ပုထိုးတွေ၊ အနုပညာလက်ရာမြောက်တဲ့ စေတီပုထိုးတွေကိုသာ နတ်လမ်းညွှန်ကြတယ်။
ဒါအပြင် မြစ်ကမ်းနဘေးနဲ့ ဘုရားအပေါ်ကနေ နေ၀င်ညဆည်းဆာကို ကြည့်ရှု့လေ့လာတဲ့သူတွေ အတော်များပါတယ်။
လက်မှု့လက်ရာတွေကို လေ့လာကြည့်ရှုတဲ့သူတွေအတော်များပါတယ်။
(ခ) ဘာတွေမြင်လဲဆိုတော့ သမိုင်းကို မြင်ပါတယ်။ ဓလေ့ကို မြင်ပါတယ်။
ချစ်စရာကောင်းတဲ့ ဓလေ့တွေက အထင်းသားတွေမြင်ခဲ့ရပါတယ်။
ဖိနပ်ဘယ်နေရာ ချွတ်ချွတ်ပျောက်ရိုးထုံးစံမရှိ ကိုယ်တွေ့တွေ့မြင်ခံစားခဲ့ရပါတယ်။
ခရီးသွား ဧည့်တွေကို အလေးထားတာ ဂရုစိုက်တဲ့ ဓလေ့လေးက ချစ်စရာတကယ်ကောင်းတယ်။
အစားအသောက်တွေကို ပုံစားတဲ့ ဓလေ့တွေကို တွေ့မြင်ခဲ့ရတယ်။
မုန့်ဖိုးလိုက်တောင်းတက်တာ တစ်ခုတော့ ဆိုးရွားတယ်။
ပုဂံက ပုထိုးတွေက အရင်ကြုံတွေဖူးတဲ့ စေတီတွေလို မဟုတ်ဘဲ အပေါ်ထပ်ကိုပါသွားရောက် တက်ရောက်လို့ရတာကို အထူးတလည်တွေ့မြင်ခံစားခဲ့ရတယ်။
ရာဇ၀င်ကိုမြင်ပါတယ်။
ယုံကြည်မှု့ သဒ္ဓါတရားတွေကို မြင်ပါတယ်။
နောက်တစ်ခုက အရောင်တွေကို ဆေးဘယ်သူဆိုးသလဲဆိုသလိုပဲ
ဘုရားဆင်းတုတော်တွေ၊ စေတီပုထိုးတွေကို လှူဒါန်းသူတွေ ထုလုပ်သူတွေက သူတို့ရဲ့ ခံစားချက်တွေကို ထည့်သွင်းထုလုပ်ထားကြတယ်။
အာနဒ္ဒာစေတီက ဆင်းတုတော်တွေရဲ့ မျက်နှာတော်က သုံးမျိုးနဲ့ ဖူးတွေ့ကြည်ညိုနိုင်သလို
မနူဟာမင်းရဲ့ လျောင်းတော်မူကလည်း မျက်နှာတော် နှစ်မျိုးနဲ့ တွေ့မြင်နိုင်ပါတယ်။
ထုထည်ကြီးမားတဲ့ ဓမ္မရံကြီးစေတီ
ကျောက်စာအများစုက ဆုတောင်း၊ ကျိန်စာတွေကို အထူးတလည်တွေ့မြင်နိုင်ပါတယ်။
ရှေးဟောင်းဆိုတဲ့အတိုင်းပဲ ပြုစုစောင့်ရှောက်မဲ့ အားနည်းတာတွေကို တွေ့ခဲ့ရတယ်။ ရှေးဟောင်းပစ္စည်းတွေ ခိုးထုတ်တာတွေ ရှိသေးလားလို့ မေးတော့ ကုန်နေပါပြီတဲ့။ ဓမ္မရံကြီးဘုရားကို ညနေငါးနာရီလောက်မှာ သွားဖူးတာ လင်းနို့ချေးတွေအများကြီး တက်နင်းခဲ့မိပါတယ်။
ပုဂံက လက်ညိုးထိုးမလွှဲ စေတီတွေ၊ ပြန်လည်မွမ်းမံထားတဲ့ မွမ်းမံနေတဲ့ ပုဂံခေတ်နဲ့ မျက်မှောက်ခေတ်စပ်လက်ရာတွေ၊ စေတီပျက်တွေ၊ လက်ရာဟောင်းတွေ၊ သမိုင်းပြတိုက်တွေကနေ မမြဲခြင်းတရား အနိစ္စဆိုတာကို မြင်ခဲ့ရတယ်။ ပုဂံမှာ ထူးခြားတာက ဘုရားပေါ်မှာ ဆင်းတုတော်များ၊ စေတီတော်၊ ဗောဓိပင်၊ သမာဒေ၀နတ်ကောင်း၊ နတ်မြတ်များ၊ အခြံအရံ အစောင့်အရှောက်များ (ခြင်္သေ့၊ နဂါး၊ ဆင်၊ မနုသီဟ)။ တံခွန်တိုင်၊ ခေါင်းလောင်းများ၊ ရွှေသင်္ကန်းများ။ မွေးနေ့ရက်မြတ်ပူဇော်ရာ ဂြိုလ်တိုင်များကို ပုဂံခေတ် လက်ရာစစ်စစ်များမှာ မတွေ့ရှိခြင်းပါ။
တဆက်တည်းမှာပဲ
နောက်ဘာတစ်ခုကို သွားသတိရလဲဆိုတော့
Shelley's "Ozymandias"
I met a traveller from an antique land
Who said: "Two vast and trunkless legs of stone
Stand in the desert. Near them, on the sand,
Half sunk, a shattered visage lies, whose frown,
And wrinkled lip, and sneer of cold command,
Tell that its sculptor well those passions read
Which yet survive, stamped on these lifeless things,
The hand that mocked them and the heart that fed:
And on the pedestal these words appear:
'My name is Ozymandias, king of kings:
Look on my works, ye Mighty, and despair!'
Nothing beside remains. Round the decay
Of that colossal wreck, boundless and bare
The lone and level sands stretch far away."
ရုပ်ဝတ္ထုများ၏ အနက်ဓိပ္ဗါယ်ကိုမြင်ပါတယ်။
သဒ္ဓါတရားတွေ တဖွားဖွားဖြစ်ပေါ်လာပါတယ်။
အမှန်တရားကို မြင်ကြပါတယ်။ ဖြစ်ပျက် တရားသဘောကို မြင်ပါတယ်။
ဖြစ်အောင်လဲ မလုပ်နဲ့ (လောဘဖြစ်လာမယ်။)
ပျက်အောင်လဲ မလုပ်နဲ့ (ဒေါသစိတ်ပေါ်တယ်။)
ဖြစ်၊ ပျက်တာကို မမြင်တာလဲ မဖြစ်စေနဲ့ (မောဟအမှောင်လွှမ်းမယ်။)
ဖြစ်၊ ပျက်ကို မြင်အောင် ပေါ်အောင်ကြည့်ရင် အမှန်တရားကို တွေ့မယ်။
သစ္စာဆိုက်မယ်။
စက္ခုကရဏီ။
ဥာဏကရဏီ။
ဥပသမ္ဘာရ။
သမောထာရ။
ပြုသူ အသစ် ဖြစ်သူအဟောင်း။
အနိစ္စ မမြဲခြင်းဆိုတာကို အာယုသင်္ခါရလွှတ်ပြီး (ပရိနိဗ္ဗာန်စံပြီးပြသခဲ့ပြီးတောင်) အခု ပုဂံဘုရားပုထိုးတွေက ထပ်မံသက်သေခံနေပါတယ်။
အမှန်တရားကို မြင်ကြပါတယ်။ ဖြစ်ပျက် တရားသဘောကို မြင်ပါတယ်။
ဖြစ်၊ ပျက် (အနိစ္စ၊ ဒုက္ခ၊ အနတ္တ) သဘောတွေကို မြင်ပါတယ်။
သစ္စာလေးပါး (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ၊ နိပြောဓသစ္စာ)
တရား ကိုမြင်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment