Monday, January 5, 2015

အပြည်ပြည်ဆိုင်ရာ အတင်းပြောသူများနေ့

ဆေးမှီဝဲသူ ကျန်းမာ ချမ်းသာမည်။ ဦးချိန်တီ။ လေပုတ်ထုတ်ဆေး အနောက်ကလယ်ရင် အနံထွက်မယ်။ အသံကျယ်ရင် စိုးတယ်။ လေပုတ်ထုတ်ဆေးစားလို့ ကျန်းမာရေးကောင်းတယ်။ ရောင်းတဲ့သူလည်း စီးပွားဖြစ်တယ်။ ခေတ်သစ်မမြလေးတံဆိပ်နဲ့ လေပုတ်ထုတ်ဆေး ရောင်းတဲ့သူတွေရှိတယ်။ လေပုတ်တွေက နောက်ကမထွက်ဘဲ အရှေ့ကထွက်တယ်။ အညှီရှိရင် ရင်အုံမယ်။ ၀ယ်တဲ့ စားသုံးတဲ့သူရှိရင် ရောဂါပြန့်ပွားနိုင်တယ်။ လေမှတဆင့် ကူးဆက်ကုန်တယ်။ သူများမကောင်းကြောင်း ပြောပြီး အနိုင်မယူချင်နဲ့။ သူများထက်ပိုကောင်းအောင် လုပ်ပြပြီး အနိုင်ယူပါ။ ၀ိသာခါကပြောဖူးတယ်။ အတွင်းမီး အပြင်မထုတ်နဲ့။ အပြင်မီး အတွင်းမထုတ်နဲ့။ ငါလည်းပြောမယ်။ လေပုတ်တွေကို ပါးစပ်က မထုတ်နဲ့။ အပြည်ပြည်ဆိုင်ရာ အတင်းပြောသူများနေ့က နင့်မွေးကို ရွေးပေးလိမ့် သတ်မှတ်ကြမယ်။ ထင်ပေါ်တဲ့ နင့်ကို၏ ဂုဏ်ပြုကြလိမ့်မယ်။ တမိပေါက် တယောက်ထွန်းတဲ့ နင့်ကို မမြလေးလဲ တမလွန်က ဂုဏ်ယူလိမ့်မယ်။ ပီတိပြုံးနေမယ်။

No comments:

Post a Comment