Monday, January 12, 2015

လုပ်ငန်းခွင်မှာ ဖြစ်တတ်တဲ့ ပြဿနာများ

လုပ်ငန်းခွင်မှာ ဖြစ်တတ်တဲ့ ပြဿနာများ Part-1(5min) 1.ဆရာတို့ စီးပွားရေး လုပ်ငန်းခွင် ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းတွေပေးနေတာ ဆိုတော့ သီအိုရီ အရရော တကယ် လုပ်ငန်းခွင်မှာကော ဆရာတို့ ကြားနေရတဲ့ လုပ်ငန်းခွင်ပြဿနာ တွေကို ပြောပြပေးပါဦး။ ပြသနာတွေဖြေရှင်းနေရင်းနဲ့ အချိန်ကုန်တက်ကြပါတယ်။ ဘာပြသနာတွေလဲလို့ မေးရင် လုပ်ငန်းနဲ့ မဆိုင်တဲ့ ပြသနာတွေ၊ လူမှုရေး၊ ပုဂ္ဂလိကအရေးတွေကို ဖြေရှင်းနေရင်နဲ့ အချိန်ကုန်နေတက်ကြပါတယ်။ 2. လုပ်ငန်းခွင်ထဲမှာ ပြဿနာ ဖြစ်လာရင် ဘယ်လိုပုံစံမျိုး ဖြေရှင်းရင် အကောင်းဆုံးဖြစ်မလဲ။ ပြသနာရှိရင် အဖြေရှိရမှာပါ။ အခုပြသနာတွေပြီ။ ဒီပြသနာတွေရဲ့ အရင်းအမြစ်က လူတွေပဲ။ နားလည်းမှုလွဲနေတက်ကြတယ်။ ကိုယ်လုပ်မှအလုပ်လို့ ထင်တက်ကြတယ်။ ကိုယ့်အလုပ်ကမှ အရေးကြီးတယ် ထင်နေတက်ကြတယ်။ တကိုယ်ကောင်းဆန်တာများသွားတက်တယ်။ အဖွဲ့အစည်းစိတ်ဓါတ်နည်းသွားတက်တာတွေက အခြေခံတွေပါပဲ။ သူမှားသလားဆိုတော့ ဒီလိုလည်းမဟုတ်ဘူး။ သူမှန်သလားဆိုတော့လည်း ၁၀၀ ရာခိုင်နှူန်းမဟုတ်ဘူး။ ဒီလိုပြသနာမျိုးတွေက ဖြေရှင်းရတာ အဆိုးဆုံးပါ။ ဖြေရှင်းမဲ့သူအနေနဲ့ အချက်အလက်တွေအားလုံးကို အရင်စုစည်းထားသင့်တယ်။ ပွင့်ပွင့်လင်းလင်းဖြစ်အောင်ဖြေရှင်းရမယ်။ 3. ပထမဆုံး ပြောချင်တာက နားလည်မှု လွဲတာပေါ့ တစ်ချို့က မဖြေရှင်းကြဘူး ဖြေရှင်းရင်ကော ဘယ်လိုပုံစံမျိုးနဲ့ ဆရာ့ အမြင်လေးကို ပြောပြပါဦး။ ဖြေရှင်းနည်းက နှစ်မျိုးပဲရှိတယ်။ လွတ်ထားတာရယ် ရင်ဆိုင်ဖြေရှင်းတာရယ်ပေါ့။ Part-2(5 min)။ 1.နောက် တစ်ချို့က လူမှုဆက်ဆံရေး အားနည်းတာလို့ပြောရမလား ဆရာ သတ်မှတ်ထားတဲ့ အချိန်ထဲမှာ သတ်မှတ်ထားတာကိုပဲ တိတိကျကျလုပ်တယ် ။ ညှိနှိုင်းလို့မရတာမျိုးပေါ့ဆရာ.အဲလိုလူမျိုးနဲ့ ကြုံရင်ဘာလုပ်ရမလဲ။ မန်နေဂျာနှစ်မျိုးရှိနိုင်တယ်လေ။ အလုပ်ကို ဂရုစိုက်တဲ့သူရယ်။ လူကို ဂရုစိုက်တဲ့သူရယ်ပေါ့။ ပထမအမျိုးအစားဖြစ်မယ်။ အလုပ်မှ အလုပ်ပဲ။ ရေဘူးပေါက်တာမလိုချင်ဘူး။ ရေပါတာပဲ လိုချင်တဲ့သူမျိုးပေါ့။ အခြေအနေ အချိန်အခါဆိုတာရှိတယ်လေ။ 2.လုပ်ငန်းခွင်မှာ ဖြစ်တာဆိုတော့ နှစ်ဦးနှစ်ဖက် ပေါ့နော် ။ ခုနက လို ကိုယ်ကလိုက်လျော ညီထွေမှုမရှိတာကို ပြောင်းချင်တဲ့သူကကော ဘာလုပ်သင့်လဲ။ အဓိကက အသင်းအဖွဲ့စိတ်ပေါ့ တင်းဝေါ့(ခ)ပေါ့ရှိအောင် ဖန်တီးပေးရမယ်။ အဖွဲ့ရဲ့ ခံယူချက်ကို မိမိခံယူချက်နဲ့ တသားဖြစ်အောင် ဖန်တီးရမယ်။ ပွင့်လင်းစွာဆက်ဆံရမယ်။ ပြောဆိုရမယ်။ 3.နောက် ဆရာ ခုနက ဆရာပြောသလိုပဲ လုပ်ငန်းခွင်မှာ နောက်ကွယ်မှာပြောတဲ့ အဖြစ်တွေ လည်းရှိတယ်နော်။ နောက်ကွယ်မှာပြောတက်ကြတယ်။ နောက်ကျောဓါးနဲ့ထိုးတယ်ပေါ့။ ဒါက နိမ့်ကျတဲ့ စိတ်ဓါတ်တွေပေါ့။ ကျနော့်ကို သဘောမကျရင် ကျနော့ကို သဘောကျရင် 4.နှစ်ဦးနှစ်ဖက် ၊ လုပ်ငန်းခွင်မှာ လူမှုရေးပြဿနည်းအောင်လို့ ဘယ်လိုလုပ်ရမလဲ ဆိုတာလည်း ဆရာရဲ့ အတွေ့အကြုံနဲ့ မျှဝေပေးပါဦး။ ငါ ဆိုတာမရှိမှ ဖြစ်မှာ။ ငါတို့တတွေဆိုတဲ့ စိတ်ဓါတ်မွေးကြရမယ်။ They hate us, because they are not us. Great People talk about Process, Small People talk about People. Part-3(5min) 1.နောက် လုပ်ငန်းခွင်ဆိုတာ ဝန်ထမ်း အချင်းချင်းမှ မဟုတ်ပါဘူး customer တွေနဲ့လည်း တွေ့ရတာဆိုတော့ customer တွေနဲ့ပြဿနာတက်ရင် ဘယ်လို ဖြေရှင်းရင် အကောင်းဆုံး ဖြစ်မလဲ။ ဈေးဘာကြောင့်လာဝယ်ကြသလဲဆိုတဲ့ မေးခွန်းကို အရင်မေးကြည့်ရအောင်။ ပြသနာဖြစ်လို့ ပြသနာရှိလို့ ၀ယ်ကြတာပါ။ လိုအပ်လို့ ၀ယ်ကြေးဆိုရင် မောကြီးတစ်ခုလုံး ၀ယ်ထားရမယ်။ အပ်ကအစ လေယာဉ်ပျံအထိလိုနေတာပဲလေ။ ဒါကြောင့် ကိုယ့်အနေနဲ့က သူ့ပြသနာကို ဖြေရှင်းပေးဖို့ ကြိုးစားကြရမယ်။ ကိုယ့်ရဲ့ ပြသနာက ဈေးရောင်းရဖို့ဆိုတာကို ဦးစားပေးလွန်းရင် ပြသနာပေါ် ပြသနာထပ်နေလိမ့်မယ်။ သူ့ပြသနာကို ဖြေရှင်းရင်းနဲ့ ကိုယ့်ပြသနာကို သူဖြေရှင်းပေးပါလိမ့်မယ်။ သူက ပြသနာရှာတယ်ဆိုရင် နံပတ်တစ် စားသုံးသူ အမြဲတမ်းမှန်တယ်။ စဉ်းမျဉ်းနံပါတ် ၂။ မှားနေတယ် ထင်ရင်တောင် သူမှန်နေတယ်ပဲ စဉ်းစားရမယ်။ စားသုံးသူကို လေးစားရမယ်။ ကိုယ်တွေက သူတို့ကို အသုံးတော်ခံ ဖျော်ဖြေခံတွေပေါ့။ ကိုယ့်ရဲ့ အမူအရာတွေကို ဂရုစိုက်ဖို့လိုပါတယ်။ အကြည့်တချက်။ အပြောတခွန်း။ ရိုင်းပြသွားရင်။ 2.နောက်လုပ်ငန်းခွင်မှာ ဘယ်လို ဆက်ဆံရေး တာဝန်ယူမှုတွေက အောင်မြင်မှုဖြစ်နိုင်မလဲ ဆိုတာပြောပြရင်း နှုတ်ဆက်ပေးပါဦး။ နားလည်းမှုကို တည်ဆောက်ဖို့ လိုပါတယ်။ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို တည်ဆောက်ဖို့လိုပါတယ်။ ဖိုင်း (တစ်ခုမှားရင်) ဖိုင်း…. အမှားရှာနေတဲ့ ပတ်ဝန်းကျင်ကို ပြင်ရမယ်။ အပြုသဘောဆောင်တဲ့ ရိုင်းပင်းတဲ့ ပတ်ဝန်းကျင်ကို တည်ဆောက်ကြရမယ်။ အလုပ်ထဲမှာ တစ်ယောက်နဲ့ တစ်ယောက် ကြည့်မရတာက အတော်ဆိုးတဲ့ ပြသနာပါ။ ဘုရားဟောထဲမှာလည်းရှိတယ်။ ပုဂ္ဂလသဘ္ဘာရ မတည့်ရင် တရားထူးမရနိုင်ဘူး။ စိတ်ခွန်အားတိုးဖို့အတွက် Colleageus and Sကpervior

No comments:

Post a Comment