ဒီနေ့ မတ်လ ၁၅ ရက်....
ဆီဇာ
အတော်ကံကောင်းတယ်။
You too, Brutus, လို့
ရေရွတ်ပြီး
တခါတည်း
ပြိုလည်းသွားတာ
ရောမအတွက်
အခုထိ
ပြန်ထမလာနိုင်တော့ဘူးဘဲ။
ငါကတော့
တကယ် ကံဆိုးတယ်။
နောက်ကျောကနေ
ဓါးနဲ့ထိုးနေလို့
မင်းတို့ရဲ့ နာမည်ကို
တဖွဖွ
ခဏဏ
ရေရွတ်နေရတယ်။
မင်းတို့
လက်ချက်ကြောင့်
ငါ အကြိမ်ကြိမ်
ပြိုလဲနေရတယ်။
ဆီဇာသာ
အသက်ရှင်ခဲ့ရင်
ဘရု(စ)တပ်တို့အဖွဲ့
ငွေရောင် ပိတ်ကားပြင်မှာ
အကယ်ဒမီရမှာ
သေချာတယ်။
အသက်ရှင်နေတဲ့
ငါကတော့
မမြလေးနဲ့ ကိုအောင်လေးတို့အဖွဲ့ကို
ဆင်ဆာမဖြတ်ဘဲ
အကယ်ဒမီရှော့အတွက်
ကြိုးစားခွင့်တွေပေးထားတယ်။
ဒီနှစ်မရလဲ
နောက်တစ်နှစ်ပေါ့။
ဆီဇာ့မှာ
အန်ထော်နီနဲ့
သူတူ့ရှိသလို
ငါ့မှာလည်း
နန္ဒသိန်းဇံနဲ့
ရွှေသွေးရှိတယ်။
ဘရု(စ)တပ်တို့
လူစုက
ဆီဇာကို
ပွန်ပေပြဇာတ်ရုံနားမှာ
လုပ်ကြံကြတယ်။
ငါကတော့
လူ့ဇာတ်ခုံ
အရှုပ်ထုတ်
ပြဇာတ်ကြီးထဲမှာ
ချာချာလည်နေတယ်။
လူစုလိုက်ပါအုံး။
ဓါးသွေးလိုက်ပါအုံး။
ရှုံချလိုက်ပါအုံး။
ပြောပြလိုက်ပါအုံး။
ငါ့ကိုယ်ထဲ
ငါ့နောက်ကျောကနေ
သွားတွေ။
ဓါးတွေ။
ထိုးသွင်းလိုက်ပါအုံး။
မမြလေးနဲ့
ကိုအောင်လေး။
ဘရူတယ် မမြလေး။
အီရာဂို ကိုအောင်လေး။
ဘရူတယ် အီရာဂို မမြလေး။
အကယ်ဒမီ
အီယာဂို
ဘရူတယ်
ကိုအောင်လေး။
No comments:
Post a Comment