Friday, May 6, 2016

စားသုံးသူ အမြဲမှန်

စားသုံးသူအမြဲမှန်နှင့် ကျောင်းသားဗဟိုပြုစနစ်
စီးပွားရေးသမားများ အတွက်တော့ အရည်အသွေးကို အဆုံးအဖြတ်ပေးတဲ့သူဟာ စားသုံးသူပဲ ဖြစ်တယ်။ စားသုံးသူကျေနပ်လေ အမြတ်များများကျန်လေ လုပ်ငန်းအောင်မြင်တယ်လို့ တညီတညွတ်တည်း လက်ခံကျင့်သုံးနေကြပါတယ်။ စားသုံးသူ အမြဲမှန်တယ်ဆိုတဲ့ ဆောင်ပုဒ်ကလည်း အလွန်ပင် ခေတ်စားလှပါတယ်။ ဒါပေမဲ့ အရည်အသွေးဟာ( Stakeholder အပေါ်) ကြည့်တဲ့သူပေါ် မူတည်ပြီး ပြောင်းလဲနေမှာဖြစ်ပါတယ်။ (Beauty is in the eye of the beholder) အလှအပဆိုတာ ခံစားကြည့်ရှုသူအပေါ်မူတည်ပါသည်ဆိုတဲ့ စကားပုံလေးလဲ ရှိပါတယ်။ ဒါကြောင့် ပညာရေးနဲ့ စီးပွားရေးတွဲ စဉ်းစားမိတဲ့အခါ စဉ်းစားစရာတွေ ဆက်တိုက်ပေါ်လာပါတယ်။
မုန့်ဟင်းခါးကို ကိုယ်ကြိုက်သလို စားနိုင်ပါတယ်။ အစပ်ကြိုက်ရင် ငရုတ်သီးများများထည့်၊ အချဉ်ကြိုက်ရင် သံပုရာသီးများများ ညှစ်ထည့်။ အရည်ရွှမ်းရွှမ်းဆို ဟင်းရည် များများတောင်း။ စားသုံးသူ စိတ်ကြိုက်ပြုပြင်ဆောင်ရွက်ပေးပါတယ်။ ပညာရေးကို စီးပွားရေးလို တွက်ချေကိုက်အောင် စားသုံးသူ ဗဟိုပြုဆိုပြီး ဈေးကြီးကြီးတောင်း ကျောင်းသားတောင်းဆိုသမျှ ကျောင်းသား မျက်နှာမညိုရအောင် ဖြည့်စည်းပေးနေတာတွေလည်း တွေ့နေရနိုင်ပါတယ်။ ဒါကြောင့် ကျောင်းသား အကြိုက်အကုန် လိုက်လျောမယ်လို့ အဓိပ္ပါယ်ဖွင့်ဆို အကောင်အထည်ဖေါ်ရင် နာမည်ခံဆင့်မြင့်ပညာသင်ကြားရာ ဖြစ်ပြီး ကျောင်းမဟုတ်တော့ပဲ နေ့ကလေးထိန်းသာသာ မူကြို ဖြစ်သွားပါ့မယ်။ ပညာရေးမှာ စားသုံးသူဗဟိုပြုဆိုတာ ကျောင်းသားအလိုကျ လိုက်လံဆောင်ရွက်နေတာထက် စားသုံးသူဖြစ်တဲ့ ကျောင်းသားနဲ့ ကိုက်ညီအောင် ကြိုးစားလေ့ကျင့် သင်ကြားပြသပေးခြင်းကို ဆိုလိုရင်းဖြစ်တယ်လို့ ထင်မြင်ယူဆပါတယ်။
Student Centric ကျောင်းသားဗဟိုပြု စာသင်ခြင်းဆိုတာ Classical တွေ ရှေးရှေးက အကြောင်းအရာတွေ (Withering High) ကို သင်ကြားနေမဲ့အစား သူတို့နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ လက်တလောဖြစ်ပျက်နေတဲ့ (Herry Porter) ကကာရိုက်တာတွေ ဇာတ်ထုတ်တွေနဲ့သင်ကွလို့ ပြောဆိုခဲ့ ဆရာ့သမားစကားကိုလည်း မှတ်မိနေပါသေးတယ်။ လူတိုင်း အင်္ဂလိပ်စာသင်တန်းအပ်ရင် ကိုယ်ကသာ ဘာမှမဟုတ်တာ အင်တာမီဒီရိတ်က မဆင်းချင်ဘူး။ ကျနော့ဆရာကတော့ Placement Test (သို့) ၀င်ခွင့်စာမေးပွဲ၊ Interview (သို့) လူတွေ့စစ်ဆေးပြီးတော့ အတန်းခွဲပေးပါတယ်။ ဒါဆိုရင် ကျောင်းသားဗဟိုပြုဆိုတာ ဘာလဲလို့ သိရှိနိုင်ပါတယ်။ ကျောင်းသားဗဟိုပြု စနစ်စစ်စစ်နဲ့ စားသုံးသူအခြေပြုတို့ ကွာခြားချက်ကို လေ့လာနိုင်ပါတယ်။
ကားတိုင်းဟာ အနက်ရောင်ပဲရမယ်လို့ဆိုခဲ့တဲ့ ဟန်နရီဖို့ဒ်လို ထုတ်လုပ်သူ စိတ်တိုင်းကျတိုင်း ထုတ်လုပ်သူ ကျေနပ်တိုင်း အရည်အသွေးလို့ သတ်မှတ်လို့မရပါဘူး။ ပညာရေးဟာ သိမ်မွေ့ခက်ခဲပါတယ်။ ဒါ့ကြောင့် အရည်အသွေးကို အဆုံးအဖြတ်ပေးသူသည် ကျောင်းသားလည်း မဟုတ်၊ သင်ကြားပေးသူ ဆရာလည်းမဟုတ်ရပါဘူး။ တိကျတဲ့ စည်းမျည်းစည်းကမ်းများအတိုင်း တိကျစွာ ဆောင်ရွက်မဲ့ ပညာရှင်အဖွဲ့အစည်းဖြစ်ရပါမယ်။ တာဝန်ခံမဲ့အဖွဲ့အစည်းဖြစ်ရပါမယ်။ တကျောင်း၊ တဂါထာ၊ တရွာ၊ တပုဒ်ဆန်းလို့ မရပါဘူး။ (Accreditation Body and Quality Assurance Body) လိုအပ်ပါတယ်။

No comments:

Post a Comment