တာဝန်သိမှ တာဝန်ရှိတာပါဗျာ။ ဒါကျင့်ဝတ်နဲ့ဆိုင်တာဗျ။ တစ်ခုကောင်းတာက အားလုံးမဟုတ်တောင် တချို့ တချို့တွေ အလွယ် မစဉ်းစား။ အလွယ်မအပ်ကြတော့ဘူးဗျာ။ ဒါအသီးအပွင့်ပဲ။ စဉ်းစားခန်း ဝင်သွားပြီ။ အခုမရပ်လည်း အရှိန်ကုန်ရင် ရပ်သွားပါလိမ့်မယ်ဗျာ။ မကြာခင် လေသံပြောင်းသွားပါလိမ့်မယ်…လူတွေသိလာပါလိမ့်မယ်။ မူရင်းကောင်းမှ မိတ္တူကောင်းပါလိမ့်မယ်။ အရင်က ဈေးကွက်ဖေါ်ဆောင်ရေးကို အလေးထားရာကနေ အရောင်းဦးတည်တဲ့ အရောင်းသမား အလေးထားတဲ့ပုံ ပြောင်းတော့မယ်။ ကျနော်သိခဲ့တဲ့ အရောင်းသမားတွေလို ဖြစ်နေအုံးမယ်။ ကိုယ့်ပစ္စည်းကောင်းတယ်။ သူများပစ္စည်းမကောင်းဘူး။ ပစ္စည်းမဝင်တော့ သူများပစ္စည်း တင်ရောင်းရတယ်။ အဲဒီအခါကျတော့ ဘယ်ပစ္စည်း ကောင်းတယ် ပြောရောင်းမလဲ။ ရောင်းရရင်ပြီးရော ဆိုပြီး ဘယ်လိုပြောရောင်းကျတယ်ထင်လဲ။ တော်ရုံစကေးနဲ့မရဘူး။ ကြော်ငြာတာလည်း ရပါတယ်ဗျာ။ မလှိမ့်တပတ်နဲ့ ထင်ရောင်ထင်မှားတွေ ကြော်ငြာတယ်ဗျာ။ ဒါလည်း လေးစားစရာ ကောင်းတယ်ဗျာ။ လေးစားပြီးရင်း လေးစားပဲ။ အရှိန်ကုန်ရင် ရပ်သွားပါမယ်ဗျာ။ ရောချ။ ဝါးချတာတွေနားထောင်ကြဖို့ ပြင်ထားပေါ့ဗျာ။ ဆိုင်းပြောင်းတီး။ ဝတ်စုံ အသစ်လဲပြီး ထွက်လာပါလိမ့်မယ်။ ရှုစားကြပါအုံးစို့ဗျာ။
No comments:
Post a Comment