Tuesday, July 23, 2013

တကယ်ပဲ ဆိုးရွားနေပြီလား။

လုပ်ငန်းခွင်ထဲမှာ ရှိတဲ့ ၀န်ထမ်းတွေရဲ့ စွမ်းဆောင်ရည်တွေကို အကဲဖြတ်တက်ကြတယ်။ အကဲဖြတ်ဖို့လိုပါတယ်။ ရလဒ်တွေပေါ်မူတည်ပြီး လစာ၊ ဆုချီးမြင့်ငွေ၊ ခံစားခွင့်တွေ တိုးပေးရမှာဖြစ်ပါတယ်။ အကယ်လို့ အားမရခဲ့ရင် လိုအပ်ချက်တွေကို ကြည့်ပြီး သင်တန်းပေးသင့်ရင် သင်တန်းပေးရမယ်။ လိုအပ်ချက်တွေကို ပြန်လည်ပြင်ဆင်ဖို့လိုမှာဖြစ်ပါတယ်။ အဆင့်သုံးဆင့်ခွဲနိုင်ပါတယ်။ အဆင့် (က) အဆင့် (ခ) နဲ့အဆင့် (ဂ)တို့ဖြစ်ပါတယ်။ အလွန်တော်၊ အသင့်အတင့်နဲ့ လိုအပ်ချက်ရှိသူလို့ အကြမ်းခွဲခြားနိုင်ပါတယ်။ အများစုက အဆင့် (ခ)မှာ ရှိတယ်လို့ ပြောကြလေ့ရှိပါတယ်။ အမှန်တကယ် စွမ်းဆောင်ရည်ဆိုးရွားနေပြီလား။ ဒါဆိုရင် ဖြေရှင်းချက်က အခုပဲအလုပ်က ထုတ်လိုက်တာပါပဲ။ ဒီလိုလုပ်ရတာ အလွယ်ပါတယ်။ ဖြစ်သင့်တာလေး ဆွေးနွေးချင်တာက မေးခွန်းလေးတွေ မေးကြည့်ရအောင်။ ၀န်ထမ်းရဲ့ စွမ်းဆောင်ရည်က တကယ်ပဲဆိုရွားနေပြီလားဆိုတာပါပဲ။ အဖြေက နှစ်ခုထဲက တစ်ခုပဲဖြစ်ရပါမယ်။ အပိတ်မေးခွန်းဖြစ်နေလို့ပါပဲ။ အဟုတ်ဖူးဆိုရင် ဒါပြသနာမဟုတ်တော့ ပြီးသွားပြီ။ ဟုတ်ပါတယ်ဆိုရင်ကော ဆန္ဒမဆောပါနဲ့အုံး။ အလုပ်ဖြုတ်တာလွယ်ပါတယ်။ နောက်မေးခွန်းလေးမေးကြည့်ရအောင် ဘာလုပ်ရမယ်။ ဘာကိုင်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိရဲ့လားလို့ပါ။ တခါတရံဖြစ်တက်တာက လုပ်တက်ကိုင်တက် အရည်အချင်းရှိတယ်။ ဒါပေမဲ့ လမ်းညွန်ချက်တွေကို ကောင်းကောင်းမသိရင်လဲ အလကားပဲ။ ဒီမှာ အဖြေရှိကောင်းရှိနိုင်မယ်။ သေသေချာချာမသိရင် ပြန်လည်ရှင်းပြဖို့လိုပါမယ်။ အလုပ်ငန်းခွင်အကြိုမိတ်ဆက်သင်တန်းတို့၊ လုပ်ငန်းအကြောင်းရှင်းပြတာမျိုးတွေကို စနစ်တကျနဲ့ ကောင်းကောင်းမွန်မွန်ဆောင်ရွက်သင့်ပါတယ်။ နောက်တဆင့် ထပ်တက်ရအောင် သေသေချာချာလဲ သိတယ်၊ အလုပ်ရဲ့စွမ်းဆောင်ရည်ကလဲ မကျေနပ်နိုင်တဲ့ အဆင့်ဆိုရင်ကော ဆန္ဒတွေ မဆော မလောပါနဲ့အုံး။ စွမ်းဆောင်ရည်ညံဖျင်းပြီး၊ အလုပ်အကိုင်ရဲ့ သဘောသဘာဝကိုလည်း နားလည်ပြီးပေမဲ့ သူမှာ လိုအပ်ချက်တွေ ရှိနေနိုင်ပါသေးတယ်။ အဲဒါကတော့ တခြားမဟုတ်ပါဘူး။ ဘယ်လို ဘယ်ပုံလုပ်ရကိုင်ရတယ်ဆိုတာကော သိရဲ့လား။ ပြောပြထားရဲ့လားလို့ နောက်တဆင့်တိုး မေးခွန်းလေးမေးကြည့်ပါအုံး။ ဒီလို ၀န်ထမ်းမျိုးကို သင်တန်းလေး၊ ဘာလေးပေးဖူးလား။ ခန့်ခဲ့တုံးကရော သူက လုပ်တက်ကိုင်တက်ပါတယ် ပြောထားလား။ ပြန်လည်စဉ်းစားသင့်တာက ဖြစ်နိုင်ရင် သင်တန်းပေးပါ။ အရင် အရင်က မရှိခဲ့ရင် အခုပြန်လည်ပြင်ဆင်ပါ။ ပြုစုပါ။ ဒါတောင်မရသေးဘူးဆိုရင်ကော သူလုပ်ငန်းခွင်မှာ တက်တက်ကြွကြွရှိရဲ့လား။ စိတ်မပါလို့လားဆိုတဲ့အရာ တစ်ခုကို ပြန်လည်တူးဖေါ်ဖို့လိုပါမယ်။ လစာ၊ အခွင့်အရေး၊ လုပ်ကိုင်ခွင့်၊ နေရာ ပြန်လည်စီစစ်သင့်ပါတယ်။ မဟုတ်သေးဘူးဆိုရင်ကော

No comments:

Post a Comment