Monday, July 29, 2013
သူရဲကောင်းတို့ရဲ့ နှလုံးသား
သူရဲကောင်းတို့ရဲ့ နှလုံးသား (စိုးလွင်လွင်)
ကိုယ်ကောင်းတာ ကိုယ်သိသလို၊
ကိုယ်မကောင်းတာ ကိုယ်အသိဆုံးမို့။
သူများမကောင်းတာ ကိုယ်မေ့ထား။
ကိုယ်ကောင်းတာ ကိုယ်သိသလို
ကိုယ်ကောင်းတာ ကိုယ်အသိဆုံးမို့
သူများကောင်းတာ ကိုယ်လေ့လာ။
သူရဲကောင်းတို့ရဲ့ နှလုံးသား။
နေ့စဉ်အလုပ်
မိုးလင်းလင်းချင်း။
ကွန်ကောင်းကောင်းချင်း။
ဖေ့(စ)ဘုတ် အပြေးအလွားဖွင့်။
ဘာစတေးတပ်တင်ရင် ကောင်းမလဲ စဉ်းစား။
ဘာပုံတင်ရင် ကောင်းမလဲ စဉ်းစားနေရတဲ့ အလုပ်တွေပိုနေကြတယ်ဟုတ်။
ရေးတိုင်း၊ တင်တိုင် (လိုက်ခ)များများကလဲ လိုချင်ပြန်သေး။
ကွန်မန့်များများကလဲ မျှော်လင့်နေသေး။
ကွန်မန့်ဘုဂလန့်ဆို စားမ၀င်၊ အိပ်မပျော်နဲ့နေသေး။
ကိုယ်ပြန်တွယ်၊ သူပြန်တွယ်နဲ့ လှည့်လှည့်ကြည့်နေရတာကလဲ အမောသား။
ကွန်မန့်များများလိုချင်လို့ သူများမကောင်းကြောင်းတွေ၊ လူပြိန်းကြိုက်တဲ့ ပျက်လုံးတွေ။
အနှစ်မရှိတဲ့ စာသားတွေမရေးကြေး။
သူများမကောင်းတာကို မကြိုက်ရင်
သူများထက်ကောင်းအောင်ကြိုးစားပြဗျာ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment