ကိုယ့်ဆီက လူတွေရွဲ့တာ စောင်းတာတော့ ဘာမှ အထွေအထူးပြောစရာမလိုဘူး။
ကမ္ဘာကြီးတောင် အရွဲ့တိုက်တာ ကြာလှပေါ့ လူတွေကို။
၂၃.၅ နဲ့ တိမ်းဆောင်းပြီးလည်နေတာပဲ။
ဝါရှင်တန်ဒီစီကို စတင်ဆောက်တော့ စတုရန်းပုံစံ အချိုးကျဆောက်တယ်လို့ပြောတယ်။
ဗာဂျီးနီးဟားက သုံးပုံ နှစ်ပုံနဲ့ မေရီလန်းက သုံးပုံတစ်ပုံ တောင်းယူပြီ ၁၈၀၀မှာ မြို့တည်တည်လို့ မှတ်သားဖူးပါတယ်။
ရိုးသားချင်းနဲ့ မျှတစေချင်တယ်။ ညီမျှစေချင်တာကို ဖေါ်ညွန်းချင်လို့လို့ ရှင်းပြသွားတာလဲ နားထောင်လိုက်ရတယ်။
မန္တလေးကို တည်တော့ အုတ်ကျစ်ကျော်အေး မန္တလေးဆိုပြီ တည်တယ်။
နှစ်မိုင်ပတ်လည်လောက်ရှိတယ်။
လေးထောင့်စပ်စပ်ပဲ။
ရည်ရွယ်ချက်ကတော့ ဗျာဒိတ်ပေးခဲ့တဲ့နေရာ။
တပြ၊ နှစ်ပြတောင်လူတွေက မသိတော့ဘူး။
ခပ်ဝေးဝေးဆိုရင် တပြလောက်ရှိတယ်ပြောတယ်။
ပစ္စင်၊ ပြအိုးတွေလဲ အဓိပ္ဗါယ်မဲ့နေတဲ့အပြင် တလွဲတောင်ဖြစ်သွားတယ်။
No comments:
Post a Comment