Wednesday, July 24, 2013

တသားတည်း

ဘာကြောင့်မအောင်မြင်ကြတာလဲ ဆိုရင် မေးခွန်းကတော့ တစ်ခုတည်းပါ။ ဒါပေမဲ့ အဖြေအမျိုးမျိုးရှိကြမှာပါ။ ဆယ်တန်းစာမေးပွဲဖြေသလိုပေါ့ တစ်ဘာသာတည်းကွက်ထူးချွန်နေလို့မှမရတာ။ တစ်ဘာသာ ထိလဲကျတာပဲလေ။ ပြန်ဖြေလို့ (ဆပ်ဘလီမှ) မရတာ။ အဲဒီအထဲက တစ်ဘာသာလို့ ထင်တာပြောကြည့်မယ်။ တသားထဲမရှိလို့ပဲ။ အင်္ဂလိပ်လိုပြောရရင် Engagement ပဲ။ ကျောင်းသားနဲ့ စာနဲ့ အန်ဂျေဖြစ်ရဲ့လား။ လူနဲ့ စိတ်နဲ့ ကပ်ရဲ့လားလို့မေးရသလိုပဲ ကျောင်းသားနဲ့ စာနဲ့ တသားတည်းရှိလို့လား။ ကျောင်းကပြန်လာတာနဲ့ လွယ်အိတ်ပစ်သွားတဲ့ ခေတ်မဟုတ်တော့ဘူး။ စာသင်ခန်းထဲမှာကို စာအုပ်နဲ့ မျက်နှာမကပ်တာ။ မျက်လုံးက ဖုန်းပေါ်မှာ ခွာလို့တောင် မရတော့တာ။ အဲဒီပြသနာလည်း ရှင်းရလိမ့်မယ်။ ကျောင်းသားက စာနဲ့ ဘယ်လောက်များ နီးနီးကပ်ကပ်ရှိသလဲလို့ မေးရရင် စာအုပ်မှားယူလာတယ်။ စာအုပ်ကျန်ခဲ့တယ်။ ဟိုဟာမေ့၊ဒီဟာကျန်နဲ့။ အဲဒီလောက်အထိ စာလိုချင်တာ။ တသားတည်းရှိတာ။ ထားဗျာ။ ကျောင်းသားနဲ့ စာနဲ့ တသားတည်းမရှိတာ။ ဒါဆိုရင် ကျောင်းသင်ခန်းစာတွေကရော ဘာနဲ့ တသားတည်းရှိရမှာလည်း လို့မေးရအုံးမယ်။ သင်ခန်းစာတွေကလည်း တသားတည်းကျဖို့လိုပါမယ်။ လုပ်ငန်းခွင်နဲ့ လုပ်ငန်းတွေနဲ့။ လုပ်ငန်းလိုအပ်ချက်တွေကို ကျောင်းက ဖြည့်စည်းပေးဖို့လိုပါတယ်။ မဟုတ်ရင် ဒီကျောင်းတွေလဲ လဲပြိုကုန်လိမ့်မယ်။ ဒီလုပ်ငန်းတွေလဲ လဲပြိုကုန်လိမ့်မယ်။ အရင်က မြန်မာနိုင်ငံမှာ သူထေးတွေက ကျောင်းဆင်းတွေကို အားမရကြဘူး။ အထင်မကြီးကြဘူး။ ဟုတ်ပါတယ်။ မြန်မာနိုင်ငံက မက်ကန်းနစ်လို့ခေါ်လို့ရတဲ့ အပိတ်၊အသေပတ်ဝန်းကျင်ကြီးလေ။ ကျောင်းသားတွေဖတ်နေရတာတွေ၊ သင်နေရတာတွေက ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်က အကြောင်းအရာတွေလေ။ ယုန်တောင်ပြေး၊ ခွေးမြောက်လိုက်ပဲ။ ဘာသားကောင်းမှမမိ။ မုဆိုးမျက်စိလည်လေ၊အိမ်ကအကြွေးတင်လေပဲ။ ခေါ်ခန့်ပြီး သုံးလို့မရဘူး။ မင်းပြောနေတဲ့ စာအုပ်ကြီးက ဒီမှာ လုပ်လို့မရဘူး။ မင်းငါတို့ လုပ်ငန်းကို နားမလည်ပါဘူး ချာတိတ်ရာ။ တောမှာ သွားပြောလို့ ပြောနေသယောင်ပဲ။ အဲဒီတော့ သင်ခန်းစာနဲ့ သင်ပြတဲ့ အကြောင်းအရာတွေက လက်တွေ့နဲ့ ယှဉ်တွဲနေရမယ်။ မဟုတ်ရင်..... စာမေးပွဲကျမယ်။ အထင်သေး၊နာခေါင်းရှုံခံရမယ်။ ပြီးပြီလားဆိုတော့ အလုပ်သမားတွေ၊ အလုပ်နဲ့ တသားတည်းကျလားဆိုတာပါပဲ။ အလုပ်ကတခြား လူကတခြားဆိုရင် တော့ သေချာနေပါပြီ။ အောင်စာရင်းကြိုမကြည့်နဲတော့ ပြန်သာအပ်လိုက်တော့

No comments:

Post a Comment