Thursday, August 27, 2015

တောကြီး မျက်မဲနဲ့ ပန်းခြံတိရစ္ဆာန်ဥယျာဉ်

စာမေးပွဲ အောင်အောင်ဖြေ
လွယ်တာကို
အောင်အောင်ဖြေ။

ကျောင်းစာမေးပွဲနဲ့
ဘ၀ 
စာမေးပွဲဘယ်ဟာ
ပိုခက်သလဲ။ လွယ်တာကို
အရင်ဖြေနိုင်အောင်
ဖြေ။

ကျောင်းစာမေးပွဲ
ဆိုတာက
တိရစ္ဆာန်ရုံထဲ 
ပန်းခြံထဲ 
ရောက်နေတာနဲ့
တူတယ်။

ဘ၀စာမေးပွဲ
ဆိုတာကတော့ 
တောကြီးမျက်မဲ
မြိုင်ဟေ၀န်ထဲ 
ရောက်နေတာနဲ့ 
တူတယ်။

တိရစ္ဆာန်ရုံထဲမှာ 
လည်နေရင် 
အချိန်ကုန်ပြီး 
လူပင်ပန်းတယ်။ 
ဝင်ကြေးနဲ့
ဟိုဟာ ၀ယ်စား
ဒီဟာ ၀ယ်စားနဲ့
ငွေလည်း
ကုန်တာပါတာပေါ့။ 
ကျားတွေ သစ်တွေ
ဆိုတာလည်း 
ဟိန်းဟိန်း 
ဟောက်ဟောက် 
သံတိုင်နောက်မှာဆိုတော့ 
တော်သေးတာပေါ့။
ကြက်သီးတော့
ထတာပေါ့။
အသက်တော့
ပါမသွားဘူးနော်။

တောထဲရောက်ရင်တော့ 
အင်အားကြီးတဲ့သူပဲ
အနေအစားချောင်မယ်။
မဟုတ်ရင်တော့
အားနည်းရင်တော့
အစားခံရမယ်။ 
အနင်းခံရမယ်။ 
အုပ်စုဖွဲ့
တိုက်ခိုက်တာတွေ
ဗိုလ်ကျ ရန်ပြုတာတွေ
ခံရမယ်။
ပင်ပန်းဆင်းရဲတာတွေ
ငွေကုန်ကြေးကျတာတွေ
ခံစားရတာတွေကတော့
စာဖွဲလို့မလောက်ဘူး။ 
ပြောပြမတက်အောင်ပါဘဲ။

ပန်းခြံထဲမှာက
တခါတရံ
အဖေါ်နဲ့
အပေါင်းနဲ့ဆိုတော့
တမျိုး
စိတ်သက်သာရာ
ရတာပေါ့။

တောကြီးထဲမှာ
အဖေါ်က
မိတ်ဆွေကောင်းက
အတော်ရှားသွားပြီ။
တစ်ဦးထဲ
လမ်းထွင်လျောက်သွားတက်ကြရတယ်။
ဒီတော့
ပိုလွယ်တဲ့
စာမေးပွဲကို
အောင်မြင်အောင်
ဖြေကြ။

No comments:

Post a Comment