Thursday, August 6, 2015

The War between Strategy and Culture

The war between Culture and Strategy
အောင်မြင်ဖို့အတွက် ခိုင်မာတဲ့ မဟာဗျူဟာတွေလိုတယ်။
မဟာဗျူဟာတစ်ခုတည်းနဲ့တော့ မလုံလောက်ဘူး။ အကောင်အထည်ဖေါ်နိုင်မှာ မဟုတ်ဘူး။
ဓလေ့စရိုက်တွေကစကားပြောလာပြီ။ 
ဓလေ့စရိုက်တွေအကြောင်းပြောဖို့ အချိန်ရောက်လာပြီ။
ဓလေ့စရိုက်တွေက ကြောင်ကြောင်ကြားကြား ယောင်ယောင်ဝါးဝါးတွေဆိုရင်
ကောင်းမွန်တဲ့ မဟာဗျူဟာတွေက စက္ကူတွေဖြစ်သွားလိမ့်မယ်။
ကောင်းမွန်တဲ့ ဓလေ့စရိုက်တွေကို ဖန်တီးမွေးမြူဖို့လိုတယ်။
ကျနော်တို့ဆီမှာ စကားလုံးတွေ၊ စရိုက်ဆိုးတွေ အမြစ်တွယ်နေတာကြာနေပြီ။
တချိန်က အုပ်ချုပ်ရေးကို ဆန့်ကျင်ရင်းနဲ့ အပြောင်အပျက်တွေ၊ ထေ့လုံးပျက်လုံးတွေကို ကြာတော့ လူငယ်တွေ အဟုတ်ထင်လာနေကြပြီ။ အမှားကြာတော့ အမှန်ထင်နေကြပြီ။
မရှိလို့ လုပ်စားတာ ဖြည်းဖြည်းပေါ့။
ပေါင်းစားမှ ကောင်းတာ။
မှန်ကန်ရင် ကွဲတက်တယ်။
မှန်တိုင်းလဲ မကောင်းဘူးလေ။
ကျနော်တို့တတွေ အိမ်နီးချင်းနိုင်ငံ (နိုင်ငံတကာမဟုတ်သေးဘူးနော်) တွေနဲ့ ရင်ဘောင်တန်းချင်ရင် ဓလေ့ကောင်းတွေပြန်လည်မွေးမြူဖေါ်ထုတ်ဖို့လိုပါတယ်။
ကျနော် သဘောကျတဲ့ စကားပုံလေးရှိတယ်။
ကောင်းတယ်ဆိုတာ အကောင်းဆုံးရဲ့ ရန်သူ။
ကောင်းမှု့တစ်ခု နေ့စဉ်ပြု။
စိတ်ထားကောင်းဖို့ ပထမ။
ရေရှည်အောင်မြင်ဖို့ ဓလေ့စရိုက်ကောင်းတွေ ပြုစုဖို့လိုတယ်။

No comments:

Post a Comment