Monday, August 3, 2015

Flood

အခုတလော ပြည်သူတွေအားလုံး လုပ်ငန်းရှင်တွေအားလုံး သဒ္ဓါတရားထက် ထက် သန်သန်နဲ့ လှူဒါန်းတဲ့သူက လှူ၊ ကောက်ခံတဲ့သူနဲ့ အလွန်မင်္ဂလာရှိလှပါတယ်။ ဒီလို လှူဒါန်းလိုက်တဲ့ အလှူငွေတွေကို အကျိုးရှိရှိသုံးစွဲခဲ့မယ်ဆိုရင် ပိုပြီး အကျိုးရှိမှာပါ။ အခုရေဘေးဟာ တစ်ရက် တစ်ပတ်နဲ့ အပြီးသတ်သွားခဲ့မယ်ဆိုရင် အကြောင်းမဟုတ်ပါဘူး။ အကယ်ရွေ့များ ရက်ဆက်လာခဲ့ရင် တရက်၊ တရက်နဲ့ အချိန်ကြာလာတာနဲ့အမျှ ကောက်ခံတဲ့သူတွေရော လိုလိုလားလားထည့်ဝင်တဲ့သူတွေပါ အချိန်ကြာရင် လက်ပန်းကျပြီး စိတ်ညစ်ညူးးလာမှာကို မလိုလားပါဘူး။ ဒါကြောင့် ထည့်ဝင်တဲ့သူတွေရော ကြိုးစားဆောင်ရွက်သူတွေပါကို ပံပိုးကူညီနိုင်မဲ့ ဂရုလေး အဖွဲ့လေး စနစ်တကျဖြစ်စေချင်တာပါ။ ဘယ်ဒေသတွေ အခြေအနေ ဘယ်လိုရှိတယ်။ ဘယ်နှစ်ရွာ လူဘယ်နှစ်ယောက် အမျိုးသမီး ကလေးအရေအတွက်တွေကို သိနိုင်ရင်။ လိုအပ်တဲ့ ပစ္စည်းတွေကို လိုအပ်သလောက်ပေးအပ်နိုင်ဖို့ဖြစ်စေချင်ပါတယ်။ ရောက်တဲ့အရပ်ရောက် မရောက်တဲ့အရပ်မရောက် ဆိုရင် မဟုတ်သေးပါဘူး။ လူတစ်ယောက် စားရေး တစ်နေ့ ဘယ်လောက် ကုန်ကျမယ်။ အကယ်ရွေ့ ပြန်လည်ထူထောင်မယ်ဆိုရင် ဘယ်လောက်ကုန်မယ် အစရှိသဖြင့် ဆွေးနွေးနိုင်ရင် အကျိုးရှိမယ်လို့ ယူဆပါတယ် ခင်ဗျာ။

No comments:

Post a Comment