Thursday, March 24, 2016

Age

ခေတ်နဲ့ အကျင့် လက်ညှိုးတွေ တွင်တွင် ထိုးခဲ့ကြတယ်။ လက်သီးတွေလည်း ပြိုင်တူ ဆုတ်ခဲ့ကြတယ်။ လက်ဖ၀ါးနဲ့လည်း အကြိမ်ကြိမ် ရွယ်ခဲ့ကြတယ်။ အပြစ်တင်တဲ့ ပတ်ဝန်းကျင်နဲ့ ကြီးပျင်းကြတယ်။ လက်ခံခဲ့ကြတယ်။ အဲဒါ အမှောင်ခေတ်ဖြစ်တယ်။ အလင်းခေတ်ကို အကောင်အထည်ဖေါ်ချင်ရင် လက်ညိုးတွေနဲ့ ကောင်းတဲ့နေရာ။ အရာတွေကို လမ်းတွေညွှန်ကြမယ်။ လက်သီး လက်မောင်းတန်းပြီး အားရပါးရ လက်တွဲပြီး အတူတူဆောင်ရွက်ကြရမယ်။ လက်တွေဆန့်ပြီး တွဲခေါ်ကြမယ်။ မကောင်းတာတွေကို စုပြီး ဖေါ်ထုတ်ရမယ်။ တားဆီးရမယ်။ ကောင်းတာတွေကို လမ်းညွှန်ကြရမယ်။ အကျင့်တွေက ခေတ်တွေကို ဖေါ်ညွှန်းနေတယ်။ ကျနော်တို့ အလင်းခေတ်မှာ နေချင်တယ်။ နေကြမယ်။

No comments:

Post a Comment