Tuesday, March 1, 2016

ညှော်မယ်ဗျို့။

တချိန်ကတော့
ညှော်မယ်ဗျို့လို့
အော်ပြီး
သတိပေးတယ်။
တကယ်ကြော်မှ
ညှော်မယ်
အော်စမ်းပါ။
တကယ်ဆိုရင်
များများကြော်
ရဲရဲညှော်။
ရဲရဲအော်၊
ရဲရဲစော် စမ်းဗျာ။
နေမကောင်းတဲ့ သူတွေ
ပြေးလိမ့်မယ်။
များများဖြူးဗျာ။
အနာရှိတဲ့သူတွေ
စပ်လိမ့်မယ်။
လူအထင်ကြီးအောင်တော့
မကြော်ဘဲနဲ့
ညှော်မယ်လို့
အော်နဲ့ဗျာ။

ကိုယ်တွေ အိမ်မှာ
အသက်ကြီးတဲ့ သူလည်း ရှိဘူး။
နေမကောင်းတဲ့ သူလည်း ရှိဘူး။
ဆေးတို့ဖတ်လည်း ရှိဘူး။

No comments:

Post a Comment