Thursday, March 24, 2016

Fake

ဒီဂရီ ဒီပလိုမာအတုတွေ ဘာကြောင့် ကြီးထွားလာရသလဲ။
ဘွဲ့၊ ဒီဂရီ၊ ဒီပလိုမာအတုတွေဟာ ဥပဒေအရ တရားဝင်မဟုတ်ပါဘူး။
ခွင့်မပြုပါဘူး။ အားမပေးပါဘူး။ ဒါပေမဲ့
(၁) ဥပဒေမရှိတဲ့အတွက်
(၂) ကိုင်တွယ်တဲ့ အဖွဲ့အစည်းအားနည်းပြီး တင်းကြပ်စွာ မကိုင်တွယ်တဲ့အတွက် ကြီးထွားလာရခြင်းဖြစ်ပါတယ်။
ထို့အပြင် (၃) ပညာရေးအဖွဲ့အစည်းတွေ (၄) စားသုံးသူအခွင့်အရေးအဖွဲ့အစည်းတွေ (၅) မီဒီယာတွေ ပူးပေါင်းမှု့ အားနည်းခဲ့လို့ဖြစ်ပါတယ်။
(၆) စားသုံးသူတွေဟာ သတင်းအချက်အလက်တွေကို အသုံးချမှု့အားနည်းပြီး မရင့်ကျက်သေးတဲ့အချိန်မှာ စီးပွားရေးလုပ်ငန်းရှင်တွေဟာ အရှက်အကြောက်ကင်းမဲ့စွာနဲ့ ဈေးကွက်ဖေါ်ဆောင်ခြင်းကို အရှိန်ပြင်ပြင်းဆောင်ရွက်ခဲ့ကြလို့ပဲဖြစ်ပါတယ်။ (၇) မိဘတွေရဲ ဂုဏ်တုဂုဏ်ပြိုင်တွေကလည်း မီးလောင်ရာ လေပင့်ဖြစ်စေခဲ့ပါတယ်။

No comments:

Post a Comment