Thursday, April 28, 2016

Begin with th end in mind

အစကောင်းမှ အနှောင်းသေချာ
လုပ်ငန်းတစ်ခုလုပ်ကြတဲ့အခါ သွင်းအားစုတွေဖြစ်တဲ့ Input တွေကို ရဖို့ စိစစ်ကြရပါမယ်။ ပြီးရင် ဆောင်ရွက်နေတုံး ထုတ်လုပ်နေတုံးလည်း စိစစ်ရပါမယ်။ ပြီးစီးသွားတဲ့အခါမှာလည်း ပြန်လည်ဆန်းသစ်ဖို့လိုပါမယ်။ သွင်းအားစုတွေ မကောင်းရင် ကျန်တာဆက် စဉ်းစားစရာမလိုတော့ပါဘူး။ ထမင်းချက်ရင် ဆန်ကို ပြာကြတယ်။ ရေနဲ့ ဆေးကြတယ်။ ဘာဖြစ်လို့ ဆေး၊ ဘာဖြစ်လို့ ပြာနေကြတာလဲ။ အခုတော့ ဆန်ပြာတာတွေ သိပ်မတွေ့ရတော့ပါဘူး။ ဒီဆန်ကို အရည်အသွေး စိစစ်တဲ့ အဖွဲ့မရှိခဲ့လို့ပါ။ အဲဒါတွေကို သေချာအောင်ဆောင်ရွက်ရပါမယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ ရှိသမျှကို စမ်းသပ်နေရရင် အစဉ်မပြေသလို အချိန်ကုန် လူပင်ပန်းပါမယ်။ ဒီအတွက် အရည်အသွေးကို သေချာစွာ စိစစ်ပေးမဲ့ အဖွဲ့အစည်းတွေရှိသင့်ပါတယ်။ ဖွဲ့စည်းထားသင့်ပါတယ်။ ထိရောက်စွာလုပ်ရှားဆောင်ရွက်နိုင်အောင် အားပေးသင့်ပါတယ်။ ဆေးဝါးနဲ့ အစားအသောက်ဆိုရင် အက်(ဖ)ဒီအေ အစားအသောက်နဲ့ ဆေးဝါးကွက်ကဲရေးဌာနရှိပါတယ်။ အရည်အသွေးကို စိစစ်ပေးပါတယ်။ ပြည်တွင်းဖြစ်တွေကိုလည်း အသိအမှတ်ပြုသလို ပြည်ပက တင်သွင်းလာတာတွေကိုလည်း စိစစ်ကြပ်မတ်ပေးပါတယ်။ တဖက်ကသွင်းပြီးတာနဲ့ ဈေးကွက်တည်းတန်းရောင်းလို့မရပါဘူး။ အသိအမှတ်ပြုတာပါမှ ဖြန့်ချီလို့ရမှာဖြစ်ပါတယ်။

Ethics and CSR

Ethics and CSR
ပြည်တွင်းမှာ ဆေးဝါးတွေကို ကိုယ်စားလှယ်ယူ ဖြန့်ချီမဲ့သူတွေက ဘာတွေကို ဖြန့်ဖြူးဖို့ စဉ်းစားကြမလဲ။ အမှတ်တံဆိပ်ရှိပြီးသား၊ အမြတ်များများ၊ ဈေးကွက်ရှိမဲ့ အမှတ်တံဆိပ်တွေကို ကြိုးစားရယူကြမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျင့်ဝတ်နဲ့ ပရဟိတ (သို့) လုပ်ငန်းအနေနဲ့ ပတ်ဝန်းကျင်အပေါ် တာဝန်သိခြင်းဆိုတဲ့ စီအက်(စ)အာနဲ့က တခြားဆီဖြစ်ပါတယ်။ ငါ ဒီအမှတ်တံဆိပ်ကို သွင်းခဲ့တုန်းက ဒီအမှတ်တံဆိပ်ကို လူတောင်မသိသေးဘူးကွလို့ ပြောရင်လည်း ဖြေရှင်းစရာရှိပါတယ်။ အမြတ်များပြီး ဈေးကွက်တောင်းဆိုနေတဲ့ ဆေးအတွက် စမ်းသပ်ဆဲကာလဖြစ်တဲ့အတွက် အက်ဖဒီအေကို ဟိုဘက်ရော ဒီဖက်ရော အသိအမှတ်မပြုသေးတဲ့ ဆေးတွေကို ထုတ်လုပ်ရောင်းချနိုင်ရမဲ့ အခွင့်အရေးရခဲ့ရင် သင်ဖြန့်ဖြူးရေး လုပ်မှာလား။ ဈေးကွက်လည်းရှိတယ်။ မြတ်ဖို့လည်း သေချာတယ်။ ဒီအလုပ်ကို လုပ်ခံပြီး လုပ်မယ်၊ မလုပ်ဖူးဆိုတာက ကျင့်ဝတ်ပါ။ လုပ်သင်၊ မသင့်ကို စဉ်းစားတာပါ။ ဒါကိုသင်ပေးလို့မရပါဘူး။
ဟုတ်ပြီ။ လုပ်ခဲ့ပြီး၊ ဖြန့်ဖြူးခဲ့ပြီး ရလာတဲ့ အကျိုးအမြတ်တွေနဲ့ လှူတယ်။ တန်းတယ်။ စီအက်စအာလုပ်တာပါ။ The Business of business is business. စီးပွားရေးဟာ လုပ်တယ်ဆိုတာ အမြတ်ရဖို့ပါ။ စီးပွားရေးသမားတွေက ညီးတော်နွားမကျောင်းဘူး။ ကျေင်းခဲ့ရင်လည်း အခြေအနေတစ်ခုရှိပါမယ်။ မမြတ်ရင် မလုပ်ပါဘူး။ ပညာရေးဟာ စီးပွားရေး တချိန်က ကျောင်းဆရာတွေက မဆန်ခဲ့ပါဘူး။ အခုအချို့ဆရာကြီး၊ ဆရာမကြီးတွေဆိုရင်လည်း စေတနာ အရင်းခံနဲ့ သင်ကြားပေးကြပါသေးတယ်။ (ဒီနေရာမှာ ဆရာကြီး၊ ဆရာမကြီးများကို လက်အုပ်ချီ ရှိခိုးမိပါတယ်။ အာစရိယ ဂုဏော အနတ္တောပါ။) ပညာရေးကို စီးပွားရေးဆန်ခဲ့ရင် ပိုပြီး ကျင့်ဝတ်ညီဖို့လိုပါမယ်။ လုပ်ငန်းအနေနဲ့ ပတ်ဝန်းကျင်အပေါ်တာဝန်သိတက်ရုံနဲ့ မလုံလောက်ပါဘူး။) ဇာတ်ပေါင်းသော် ကျနော်တို့ ပညာရေးစနစ်မှာ အရည်အသွေးကို စိစစ်အကဲဖြတ်ဖို့ အဖွဲ့ထားရှိသင့်ပြီဖြစ်ပါတယ်။

Quality who starts

အရည်အသွေးအစ မြတ်ဗုဒ္ဓက
တကယ်တော့ အရည်အသွေးကို အစပြုပေးသူဟာ စီမံခန့်ခွဲရေး စာအုပ်တွေမှာတော့ တစ်ထောင့်ကိုးရာနှစ်များမှာမှ မွေးဖွားခဲ့ကြတဲ့ အမေရိကန်နိုင်ငံသားများဖြစ်ကြတဲ့ W. Edwards Deming နဲ့ Joseph Juran တို့ကြောင့်ခေတ်စားလာခဲ့တယ်ဆိုရင် မမှားပါဘူး။ ကျနော့အနေနဲ့ တရားဂုဏ်တော်တွေမှာပါတဲ့ ဖတ်ဖူးတဲ့ အာဓိကလျာဏံ၊ မစ္ဆေကလျာဏံ၊ ပရိရောသလျကလျာဏံလို့ ပြောထားတဲ့ တရားတော်တွေက အရည်အသွေးဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ တနည်း အမေရိကန်ပရော်ဖက်ဆာတွေထက် နှစ်နှစ်ထောင်လောက်စောပြီး ပြောပြခဲ့တယ်လို့ ခံစားရပါတယ်။ အစ၏ ကောင်းခြင်း၊ အလယ်၏ကောင်းခြင်း အဆုံး၏ ကောင်းခြင်းတွေနဲ့ ပြည့်စုံနေတဲ့ တရားတော်တွေပါပဲ။ မြတ်ဗုဒ္ဓရဲ့ ဘယ်တရားစကားကမှ မယုတ်မာဘူး။ မကောင်းကြောင်းမပါဘူး။ ဒါကြောင့် အရည်အသွေးအစ မြတ်ဗုဒ္ဓကလို့ ဂုဏ်ယူဝင့်ကြွားချင်ပါတယ်။ ဒီလိုပဲ လုပ်ငန်းတစ်ခုရဲ့ အရည်အသွေးဆိုတာလည်း စ၊ လယ်၊ ဆုံး သုံးပါးလုံးကောင်းမှ အရည်အသွေးဖြစ်တာပါ။ ပညာရေးမှာလည်း ဒီလိုပါပဲ။

Second Article

အရည်အသွေး
ပညာရေးအရည်အသွေးကို အဓိပ္ပါယ် ဖွင့်ဆိုရှင်းပြရတာဟာ အခက်အခဲဆုံးတွေထဲက တစ်ခုဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ပညာရေး အရည်အသွေးနဲ့ ပတ်သတ်လို့ ပြောကြ ဆိုကြတဲ့အခါမှာ ငြင်းစရာ ခုန်စရာတွေ ပါလာတက်ကြပါတယ်။ ငြင်းခုန်၊ ဆွေးနွေးခြင်းနဲ့ ရန်ဖြစ်ခြင်းဟာ ပြဒါးတလမ်း၊ သံတလမ်းပဲဖြစ်တယ်လို့ ခံယူထားပါတယ်။ သမိုင်းပါမောက္ခဆရာကြီး ဒေါက်တာသန်းထွန်းက ပုဂံသမိုင်းအကြောင်း ဆွေးနွေးရင် ဒုတ်၊ ဒါးထမ်းပြီး မငြင်းကြနဲ့၊ တူးဖေါ်စရာ ပေါက်ပြား၊ ဂေါ်ပြားတွေနဲ့ တူးဆွပြီးမှ ငြင်းပါ ဆွေးနွေးပါလို့ ပြောခဲ့ဖူးပါတယ်။ မနာလိုလို့ ချောက်တွန်းချင်လို့ ပုဂ္ဂိုလ်ရေးပေါ် အခြေခံ တိုက်ခိုက်တယ် ဆိုတာတွေက သိမ်ဖျင်း ညံ့ဖျင်းလွန်းရာ သဘောထား သေးသိမ်လွန်းရာ ကြပါတယ်။ ဒါကြောင့်ပညာရေးအကြောင်းပြောကြ ဆိုကြတဲ့အခါမှာလည်း ဒေါက်တာသန်းထွန်းရဲ့ နည်းကို ယူရမယ်ထင်ပါတယ်။ ပညာရေးဟာ ပေါ်ပင်ဟန်ပြ ပြီးစလွယ် ဆူလွယ်နပ်လွယ်အလုပ် မဟုတ်ပါဘူး။ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် အကျိုး၊ ကျောင်းတစ်ကျောင်း အကျိုး၊ ကုမ္ပဏီတစ်ခု အကျိုး၊ အမှတ်တံဆိပ်တစ်ခု အကျိုးအတွက် ဆွေးနွေးငြင်းခုန်တာထက် နိုင်ငံသားအားလုံး အကျိုးအတွက် တမျိုးသားလုံးနဲ့ဆိုင်တဲ့ အကျိုးအတွက်လို့ စဉ်းစားပြီး ဆောင်ရွက်သင့်ပါတယ်။ မျက်တောင်မွှေးတဆုံးမကြည့်ဘဲ မျက်စိတဆုံးတောင်မဟုတ်ဘဲ ဖြစ်နိုင်သမျှ ဝေးဝေး ရေရှည်နဲ့ အများအကျိုးအတွက် ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ ပညာရေးနဲ့ ပတ်သတ်တဲ့ အရည်အသွေးကို ငြင်းကြခုန်ကြတာဟာ ဘယ်တော့မှ ရပ်တန့်သွားမှာမဟုတ်ဘူးလို့ ထင်ပါတယ်။ ခေတ်ကာလ ပြောင်းလဲတိုးတက်ဖြစ်ပေါ်မှုများနဲ့အတူ စီးမျော အသက်ဝင်ပြီး ဆက်လက်ဆွေးနွေးနေကြအုံးမှာ ဖြစ်ပါတယ်။ ကျနော်အနေနဲ့ ယခင်က ပညာရေးနဲ့ ပတ်သတ်လို့ ကျယ်ကျယ်လောင်လောင် မဆွေးနွေးခဲ့ပါဘူး။ မထူးဇာတ် ခင်းနေတယ်ထင်မိလို့ပါ။ အခုမှ ဝင်ရာက်ဆွေးနွေးရခြင်းဟာလည်း ပြောင်းလဲချိန်တန်ပြီ။ ပြောင်းလဲနေပြီ။ ပြောင်းလဲသင့်ပြီ ထင်လို့ပဲဖြစ်ပါတယ်။ ဆွေးနွေးပွဲကြောင့် တစ်ယောက်နဲ့ တစ်ယောက် တစ်ဦးနဲ့ တစ်ဦး ရန်ဖြစ်ပြီး မခေါ်မပြောဖြစ်ရအောင်လည်း သေးသိမ်စရာမလိုပါဘူး။ ကောင်းတာတွေက မကောင်းတာတွေကို အတုခိုးစရာလည်းမလိုပါဘူး။ မနာလိုစရာ မရှိပါဘူး။ ကောင်းတာကိုသာ မကောင်းတာတွေက မနာလိုရမှာ။ အတုခိုးလိုက်လံ ဆောင်ရွက်ရမှာပါ။ တခြားသူတွေလည်း ဆွေးနွေး ငြင်းခုန်ပြီး ပိုမိုကောင်းမွန်တဲ့ ပညာရေး စနစ်ဖြစ်ပေါ်လာဖို့အတွက် အဓိကထား စဉ်းစားဆွေးနွေးသွားကြရမှာဖြစ်ပါတယ်။

အရည်အသွေးအစ မြတ်ဗုဒ္ဓက
တကယ်တော့ အရည်အသွေးကို အစပြုပေးသူဟာ စီမံခန့်ခွဲရေး စာအုပ်တွေမှာတော့ တစ်ထောင့်ကိုးရာနှစ်များမှာမှ မွေးဖွားခဲ့ကြတဲ့ အမေရိကန်နိုင်ငံသားများဖြစ်ကြတဲ့ W. Edwards Deming နဲ့ Joseph Juran တို့ကြောင့်ခေတ်စားလာခဲ့တယ်ဆိုရင် မမှားပါဘူး။ ကျနော့အနေနဲ့ တရားဂုဏ်တော်တွေမှာပါတဲ့ ဖတ်ဖူးတဲ့ အာဒိကလျာဏံ၊ မစ္ဆေကလျာဏံ၊ ပရိရောသလျကလျာဏံလို့ ဟောပြထားတဲ့ တရားတော်တွေက အရည်အသွေးဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ တနည်း အမေရိကန်ပရော်ဖက်ဆာတွေထက် နှစ်နှစ်ထောင်လေးရာလောက်စောပြီး ပောာညွှန်ပြသ ဆိုဆုံးမခဲ့တယ်လို့ ခံစားရပါတယ်။ အစ၏ ကောင်းခြင်း၊ အလယ်၏ကောင်းခြင်း၊ အဆုံး၏ ကောင်းခြင်းတွေနဲ့ ပြည့်စုံနေတဲ့ မြတ်ဗုဒ္ဓရဲ့ ဘယ်တရားတော်ကမှ မယုတ်မာဘူး။ သူတပါး မကောင်းကြောင်းမပါဘူး။ ဒီလို စ၊ လယ်၊ ဆုံးလို့ ဟောညွှန်ပြသ ဆိုဆုံးမခဲ့လို့ အရည်အသွေးအစ မြတ်ဗုဒ္ဓကလို့ ဂုဏ်ယူဝင့်ကြွားချင်ပါတယ်။ ဒီလိုပဲ လုပ်ငန်းတစ်ခုရဲ့ အရည်အသွေးဆိုတာလည်း စ၊ လယ်၊ ဆုံး သုံးပါးလုံးကောင်းမှ အရည်အသွေးဖြစ်တာပါ။ ပညာရေးမှာလည်း ဒီလိုပါပဲ။ (ဆက်ရန်) Quality Assurance and Exam
အစကောင်းမှ အနှောင်းသေချာ
ပညာရေးမှာ စည်းကြပ်မှု့မရှိရင် ဈေးကွက်ထဲကို အကုန်အစုံ ဝင်လာနိုင်ပါတယ်။ ပြတင်းတံခါးဖွင့်ထားသလိုပဲ အကောင်းတွေရော အဆိုးတွေပါ ရောနှော ဝင်ရာက်နေရာယူလာကြမှာဖြစ်ပါတယ်။ စနစ်တကျကြီးကြပ်မှသာလျင် ကောင်းမွန်တဲ့ ၀န်ဆောင်မှု့တွေ ကျန်ရစ်ပြီး ကောင်းတာတွေ လက်ဆင့်ကမ်းနိုင်မှာ ဖြစ်ပါတယ်။ ငါ့ကျောင်းဆို ကောင်းတယ်။ သူများကျောင်း မကောင်းဘူး။ ငါကျောင်းတော့ အောင်မြင်စေ။ တခြားကျောင်း ကျဆုံးစေမဟုတ်ပါဘူး။ ကောင်းမွန်တဲ့ ပညာရေးကို ရေရှည်တည်တံ့နိုင်ရေးအတွက် လုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံပြုပြင်ပြောင်းလဲလာတာနဲ့ အမျှ ပညာရေးဈေးကွက်လည်း ကျယ်ပြန့်လာမှာဖြစ်ပါတယ်။ ရန်ကုန်တွင်မဟုတ်ပဲ တနိုင်ငံလုံးအနှုံ ဈေးကွက်ကြီးဖြစ်လာမှာပါ။ ဒါ့ကြောင့် ပြည်တွင်းကျောင်းတွေ အနေနဲ့ ကိုယ်ပိုင် ဒီပလိုမာတွေ ပေးဖို့ ကြိုးစားလာနိုင်သလို ဈေးကွက်အမြင်ရှိသူတွေကလည်း ပြည်ပက ပဲကြီးလှော် ဒီပလိုမာတွေကို ကြော်ငြာအားကောင်းကောင်းနဲ့ တိုးဝင်လာကြမှာဖြစ်ပါတယ်။ ဒါကြောင့် ကနဦးစိစစ်ကြပ်မတ်တဲ့ အဖွဲ့အစည်း ဖွဲ့စည်းဆောင်ရွက်သင့်ပါတယ်။ မရှိခင် စပ်ကြားဘယ်လို ထိန်းချုပ်ထားရင် ကောင်းမလဲဆိုတာကိုလည်း စဉ်းစားကြရမှာဖြစ်ပါတယ်။ ဒါမှသာ ကျောင်းသားများရော သက်ဆိုင်သူများပါ အကျိုးအမြတ် အသီးအပွင့်တွေ ခံစား စံစားရမှာ ဖြစ်ပါတယ်။ အစကောင်းမှ အနှောင်းသေချာဖို့ ကနဦးစိစစ်ပေးမဲ့ အဖွဲ့အစည်း ဖွဲ့စည်း ကြပ်မတ်ဖို့လိုပါတယ်။ Never disadvantaged learners ကို မဆောင်ရွက်နိုင်ပဲ Always disadvantaged learners ဖြစ်သွားနိုင်ပါတယ်။

စားသုံးသူအမြဲမှန်နှင့် ကျောင်းသားဗဟိုပြုစနစ်
စီးပွားရေးသမားများ အတွက်တော့ အရည်အသွေးကို အဆုံးအဖြတ်ပေးတဲ့သူဟာ စားသုံးသူပဲ ဖြစ်တယ်။ စားသုံးသူကျေနပ်လေ အမြတ်များများကျန်လေ လုပ်ငန်းအောင်မြင်တယ်လို့ တညီတညွတ်တည်း လက်ခံကျင်းသုံးနေကြပါတယ်။ စားသုံးသူ အမြဲမှန်တယ်ဆိုတဲ့ ဆောင်ပုဒ်ကလည်း အလွန်ပင် ခေတ်စားလှပါတယ်။ ဒါပေမဲ့ အရည်အသွေးဟာ( Stakeholder အပေါ်) ကြည့်တဲ့သူပေါ် မူတည်ပြီး ပြောင်းလဲနေမှာဖြစ်ပါတယ်။ (Beauty is in the eye of the beholder) အလှအပဆိုတာ ခံစားကြည့်ရှုသူအပေါ်မူတည်ပါသည်ဆိုတဲ့ စကားပုံလေးလဲ ရှိပါတယ်။ ဒါကြောင့် ပညာရေးနဲ့ စီးပွားရေးတွဲ စဉ်းစားမိတဲ့အခါ စဉ်းစားစရာတွေ ဆက်တိုက်ပေါ်လာပါတယ်။ မုန့်ဟင်းခါးကို ကိုယ်ကြိုက်သလို စားနိုင်ပါတယ်။ အစပ်ကြိုက်ရင် ငရုတ်သီးများများထည့်၊ အချဉ်ကြိုက်ရင် သံပုရာသီးများများ ညှစ်ထည့်။ အရည်ရွှမ်းရွှမ်းဆို ဟင်းရည် များများတောင်း စားသုံးသူ စိတ်ကြိုက်ပြုပြင်ဆောင်ရွက်တာပါ။ ပညာရေးကို စီးပွားရေးလို တွက်ချေကိုက်အောင် စားသုံးသူ ဗဟိုပြုဆိုပြီး ဈေးကြီးကြီးတောင်း ကျောင်းသားတောင်းဆိုသမျှ ကျောင်းသား မျက်နှာမညိုရအောင် ဖြည့်စည်းပေးနေတာတွေလည်း တွေ့နေရနိုင်ပါတယ်။ ဒါကြောင့် ကျောင်းသား အကြိုက်အကုန် လိုက်လျောမယ်လို့ အဓိပ္ပါယ်ဖွင့်ဆို အကောင်အထည်ဖေါ်ရင် အဆင့်မြင့်ပညာသင်ကြားရာ ကျောင်းမဟုတ်တော့ပဲ နေ့ကလေးထိန်းသာသာ မူကြို ဖြစ်သွားပါ့မယ်။ ပညာရေးမှာ စားသုံးသူဗဟိုပြုဆိုတာ ကျောင်းသားအလိုကျ လိုက်လံဆောင်ရွက်နေတာထက် စားသုံးသူဖြစ်တဲ့ ကျောင်းသားနဲ့ ကိုက်ညီအောင် ကြိုးစားလေ့ကျင့် သင်ကြားပြသပေးခြင်းကို ဆိုလိုရင်းဖြစ်တယ်လို့ ထင်မြင်ယူဆပါတယ်။ Student Centric ကျောင်းသားဗဟိုပြု စာသင်ခြင်းဆိုတာ Classical တွေ ရှေးရှေးက အကြောင်းအရာတွေ (Withering High) ကို သင်ကြားနေမဲ့အစား သူတို့နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ လက်တလောဖြစ်ပျက်နေတဲ့ (Herry Porter) ကကာရိုက်တာတွေ ဇာတ်ထုတ်တွေနဲ့သင်ကွလို့ ပြောဆိုခဲ့ ဆရာ့သမားစကားကိုလည်း မှတ်မိနေပါသေးတယ်။ လူတိုင်း အင်္ဂလိပ်စာသင်တန်းအပ်ရင် ကိုယ်ကသာ ဘာမှမဟုတ်တာ အင်တာမီဒီရိတ်က မဆင်းချင်ဘူး။ ကျနော့ဆရာကတော့ Placement Test (သို့) ၀င်ခွင့်စာမေးပွဲ၊ Interview (သို့) လူတွေ့စစ်ဆေးပြီးတော့ အတန်းခွဲပေးပါတယ်။ ဒါဆိုရင် ကျောင်းသားဗဟိုပြုဆိုတာ ဘာလဲလို့ သိရှိနိုင်ပါတယ်။ ကျောင်းသားဗဟိုပြု စနစ်စစ်စစ်နဲ့ စားသုံးသူအခြေပြုတို့ ကွာခြားချက်ကို လေ့လာနိုင်ပါတယ်။ ကားတိုင်းဟာ အနက်ရောင်ပဲရမယ်လို့ဆိုခဲ့တဲ့ ဟန်နရီဖို့ဒ်လို ထုတ်လုပ်သူ စိတ်တိုင်းကျတိုင်း ထုတ်လုပ်သူ ကျေနပ်တိုင်း အရည်အသွေးလို့ သတ်မှတ်လို့မရပါဘူး။ ပညာရေးဟာ သိမ်မွေ့ခက်ခဲပါတယ်။ ဒါ့ကြောင့် အရည်အသွေးကို အဆုံးအဖြတ်ပေးသူသည် ကျောင်းသားလည်း မဟုတ်၊ သင်ကြားပေးသူ ဆရာလည်းမဟုတ်ရပါဘူး။ တိကျတဲ့ စည်းမျည်းစည်းကမ်းများအတိုင်း တိကျစွာ ဆောင်ရွက်မဲ့ ပညာရှင်အဖွဲ့အစည်းဖြစ်ရပါမယ်။ တာဝန်ခံမဲ့အဖွဲ့အစည်းဖြစ်ရပါမယ်။ တကျောင်း၊ တဂါထာ၊ တရွာ၊ တပုဒ်ဆန်းလို့ မရပါဘူး။ (Accreditation Body and Quality Assurance Body) လိုအပ်ပါတယ်။

အလုပ်လုပ်ကြတယ်။
တခါက အစိုးရသတင်းစာတစ်ဆောင်မှာ ဖတ်မိလိုက်ပါတယ်။ မလေးရှားမှာ မြန်မာတိုင်းရင်းဆေး ရောင်းတဲ့ဆိုင်ကို မလေးရဲတွေ ၀င်ဖမ်းတယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ မလေးမှာ မြန်မာတွေများလာတော့ မြန်မာတိုင်းရင်းဆေးတွေကို တောင့်တကြမှာ အမှန်ပဲဖြစ်ပါတယ်။ စားသုံးသူရှိတယ်။ ဈေးကွက်ရှိတယ်။ ဒါကြောင့်တင်ရောင်းတယ်။ ဘာကြောင့်ဝင်ဖမ်းရတာလဲ တကယ်တော့ စားသုံးသူရယ် ဆေးနဲ့ အစပ်အဟပ်တည့်နေတာပဲလေ။ ဒီဆေးကြောင့်တစ်ခုခု ဘေးထွက်ဆိုးကြိုးဖြစ်ခဲ့ရင်လည်း တိုင်တန်းကြတာမှ မဟုတ်တာ။ ကျနော်တို့ လူမျိုးက ကိုယ်ဖြစ်ကိုယ်ခံတာပဲလေ။ မလေးနိုင်ငံသားတွေ အတွက်ရည်ရွယ်ပြီး ရောင်းချတာလဲ မဟုတ်ရပါလို့ ရဲလေးဆိုတဲ့ မဟုတ်ရပါဘူးဗျာ သီချင်းကို ဆိုချင် ပြန်ပြောချင်ပေမဲ့ မလေးရှားနိုင်ငံရဲ့ ဆေးဝါးနဲ့ အစားအသောက်ဌာနက အသိအမှတ်ပြုထားတဲ့ လက်မှတ်မရလေတော့ အသိမ်းခံလိုက်ရပါတယ်။ ဒါဏ်ရိုက်ခံရ အရေးယူခံရမှာ သေချာပါတယ်။ သူတို့ဆီက အဖွဲ့တွေ အလုပ်လုပ်လို့ပါ။

အလုပ်မလုပ်ကြရင်
ဒါနဲ့ ဆက်စပ်လို့ ဆက်လက်စဉ်းစားစရာက ပြည်တွင်းမှာလည်း လမ်းဘေးကွမ်းရာဆိုင်ကအစ စပ်ဆေးတွေက တွင်ကျယ်စွာ ရောင်းချနေကြတာပါပဲ။ OTC (over the counter) လို့ခေါ်တဲ့ တရားဝင်ရောင်းချခွင့်ရတဲ့ ဆေးတွေကို အလွယ်တကူရောင်းချနေကြတာ အကြောင်းမဟုတ်ပေမဲ့ Prescription Only (ဆရာဝန်ဆေးညွှန်းပါမှ) ရောင်းချရတာတွေကို အညွှန်းစာမပါဘဲ လွယ်လွယ်နဲ့ရနေနေရင်တော့ စိုးရိမ်ဖို့ကောင်းတယ်။ ပြီးတော့ ဆေးတွေကို သဘောကျ ငါးရာဆိုရင် တစ်ထောင်ကို တဝက်ချိုးပေးတာတို့၊ ဟိုဟာနဲ့ ဒီဟာတွဲလို့ဆိုတဲ့ စပ်ဆေးတွေလည်းရှိနေပါတယ်။ ဘယ်သူတွေ စပ်ဆေးတွေကို အလွယ်တကူ ယုံကြည်အားထားပြီ သောက်နေကြလဲ။ မေးစရာမလိုတော့ပါဘူး။ ကိုယ်သာဆိုရင်ကော တွေ့ကရာဆေး ရောင်းသမျှဆေးကို သောက်မလားဆိုရင် အနည်းဆုံးတော့ ဆရာဝန်ဖြစ်ဖြစ် ဆေးဆိုင်ကဖြစ်ဖြစ် ညွှန်းဆိုတဲ့ဆေးကို သက်တမ်းလွန်၊ မလွန် အရင်စိစစ်ကြည့်မိမှာပါ။ ကျနော် အရင်ကဆိုရင်တော့ ဘာလာလာ ဒေါင်းပါတယ်။ ရက်လွန်တယ်ဆိုတာလည်း မရှိပါဘူး။ အခုဆိုရင် ကျနော် စာနည်းနည်းတက်လာပြီလို့ ပြောစရာရှိပါတယ်။ ဘာမှန်းညာမှန်းမသိရင်တောင် ရက်လွန်နေတဲ့ဆေးကိုတော့ ပြန်လဲခိုင်းမှာပါ။ စပ်ဆေးတွေကို ရောင်းနေတဲ့သူတွေကိုရော၊ စပ်ဆေးစားသုံးသူတွေကိုပါ တပွဲတိုးဆေးတွေအတွက် ကျနော်တို့ အသိပညာကျယ်ကျယ်ပြန့်ပြန့်ပေးဖို့ လိုအပ်နေပါသေးတယ်။ ဆေးပတ်လည်အောင် သောက်ဖို့အတွက် ပြည်တွင်းအန်ဂျီအိုတစ်ခုရဲ့ ကြော်ငြာကိုလည်း ကြည့်မိလိုက်ပါသေးတယ်။ ဆေးဝယ်ရင် ရောင်းချရင် ဆေးဟာ အစားအစာနဲ့ ဆေးဝါးကြပ်မတ်ရေးအဖွဲ့ရဲ့ထောက်ခံချက် လက်မှတ်ရှိ၊ မရှိကို စိစစ်မိဖို့လိုသလားဆိုတဲ့ မေးခွန်းက စားသုံးသူရော၊ ရောင်းချသူပါ သိထားသင့် လိုက်နာသင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်တွင်းတိုင်ရင်းဆေးများလည်း အက်ဖဒီအေရဲ့ အသိအမှတ်ပြုမှုတွေ တွေ့လာရတာဟာ တိုးတက်မှု့လို့ပြောရမှာပါ။ ပြည်တွင်းထုတ် ဒီပလိုမာတွေကိုလည်း စိစစ်အသိအမှတ်ပြု မြေတောင်မြှောက်ပေးဖို့ အကောင်းဆုံးအချိန် ရောက်နေပါပြီ။ Quality Assurance နဲ့ Accreditation Body ကို အဖွဲ့အစည်းဖို့လိုပါတယ်။ တကယ်လို့ ပညာရေးလောကမှာ အက်ဖဒီအေလို အဖွဲ့အစည်း မရှိခဲ့ရင် စားသုံးသူတွေ ဘယ်လိုရွေးကြမလဲဆိုတဲ့ မေးခွန်းကို ပညာရေးလောကသားတွေအနေနဲ့ ၀ိုင်းဝန်းအဖြေရှာရမှာဖြစ်ပါတယ်။ (မြန်မာ့အလင်းဆောင်းပါး စနေနေ့)


ငါတို့တော့မစားဘူး၊ ဆောရီး။ မင်းတော့ စားချင်စားကွာ။
ရှင်းပါတယ်။ မူရင်းနိုင်ငံရဲ့ အက်ဖဒီအေ အသိအမှတ်ပြုရှိလား။ လက်ရှိရော အသိအမှတ်ပြုထားတုန်းပဲလားဆိုတဲ့ မေးခွန်းတွေက အကောင်းဆုံးအဖြေရဖို့ လမ်းစပါပဲ။ ထွက်ရှိရာ ထုတ်လုပ်ရာဒေသရဲ့ စိစစ်ကြပ်မတ်တဲ့ အဖွဲ့အစည်း အက်ဖဒီအေကတောင် ဆက်လက်အသိအမှတ်မပြုတာကို ရောင်းချသူတစ်ဦးအနေနဲ့ ပရော်ဖက်ရှင်နယ်တစ်ဦးအနေနဲ့ ကျောင်းအုပ်တစ်ဦးအနေနဲ့ ဒီပစ္စည်းကို ဝန်ဆောင်မှု့ကို မရပ်နိုင်ဘဲ စဉ်းစားသင့်ပါသေးတယ်ဆိုတာ ကောင်းနိုင်ပါသေးတယ်ဆိုတာတွေကို ကြားရတော့ အံအားမသင့်ဘဲ မနေနိုင်တော့ပါဘူး။ ဆေးဝါးကျွမ်းကျင်သူတစ်ဦးကို အခြားသူတစ်ယောက် ဖေါ်စပ်ထားတဲ့ဆေးအကြောင်းမေးကြည့်တော့ ငါနဲ့ ငါအိမ်သားတွေကတော့ မသောက်ကြဘူးကွာ။ မင်းတို့အတွက် ကောင်းရင် ကောင်းမှာပါ သောက်ကြည့်နိုင်ပါတယ်ဆိုတဲ့ စေတနာကို တန်ဖိုးထား လေးစား အံသြဂုဏ်ယူမဆုံးပါဘူး။ ငါတို့နိုင်ငံမှာတော့ စည်းကြပ်ထားခြင်းမရှိတဲ့ ဒီလို ဒီဂရီ၊ ဘွဲ့တွေ၊ ဒီပလိုမာတွေဟာ အာမခံချက်မရှိဘူး။ ဒါပေမဲ့ ဒါကို အရည်အသွေးမရှိဘူးလို့ မပြောနိုင်ဘူး။ ဥပဒေနဲ့ မညီဘူးလို့ မပြောနိုင်ပါဘူး။ ကောင်းချင်ကောင်းမှာပါဆိုတဲ့ မှတ်ချက်တွေကိုလည်း ဂုဏ်ပြုမှတ်တမ်းတင်ပါတယ်။ တဖက်သားရဲ့ ဆင်ဝှေ့ရန်ရှောင် စကားတွေကို တဖက်ပိတ် ယုံနေရ၊ ကြားနေရတာဟာ ပြည်တွင်းမှာ ကနဦးစိစစ်တဲ့အဖွဲ့မရှိလို့ဖြစ်ရတာပါ။

အမဲတွေက အဖြူတွေကို လိုက်ပို့ရတဲ့ ဘဝ
ဒါကြောင့် အစားအသောက်နဲ့ ဆေးဝါးတွေမဖြန့်ဖြူးခင် ရှေးဦးစိစစ်ဖို့အတွက် အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ကွပ်ကဲမှု့ အဖွဲ့အစည်း လိုအပ်သလို ပညာရေးလောကမှာလည်း ဈေးကွက်မတင်သေးခင် အရည်အသွေး စိစစ်ရေးအဖွဲ့တွေ ဖွဲ့စည်းနိုင်ဖို့ အလုပ်လုပ်နိုင်ဖို့ အရေးတကြီးလိုအပ်ပါတယ်။ ဆံပင်ဖြူရှာနှုတ်ရတဲ့အချိန် ဆံပင်ဖြူတွေနှုတ်ပါ။ ကြာမှဆိုရင် ဆေးဆိုးရတဲ့အဆင့်ရောက်သွားပါမယ်။ မနိုင်ရင် အဖြူတွေများနေတဲ့အခါ အဖြူမနုတ်တော့ပဲ အနက်ပြန်ရှာပြီး နှုတ်နေရပါမယ်။ ကင်ဆာလိုပါပဲ ရောဂါက ပြန့်နှံ့လွယ်တယ်။ မကောင်းတာက ကူးဆက်လွယ်တယ်။ လက်လွတ်စံပယ် လွှတ်ထားပေးတဲ့အခါ အချိန်ကကုစားမှာ မဟုတ်ဘဲ ဆိုးရွားသွားစေမှာပါ။ တစ်တိုင်းတပြည်လုံး ကူးစက်ခံသွားရမှာ ဖြစ်ပါတယ်။ အချိန်က အဆိုးဆုံးတရားသူကြီးဖြစ်သွားပါ့မယ်။ အမြန်ဆုံးဖွဲ့စည်းဖို့လိုပါတယ်။

Ethics and CSR
ပြည်တွင်းမှာ ဆေးဝါးတွေကို ကိုယ်စားလှယ်ယူ ဖြန့်ချီမဲ့သူတွေက ဘာတွေကို ဖြန့်ဖြူးဖို့ စဉ်းစားကြမလဲဆိုတဲ့ မေးခွန်းအတွက် စီးပွားရေးသမားတွေအဖြေက ခပ်ရှင်းရှင်းပါ။ အမြတ်များများကျန်မဲ့ ဈေးကွက်ရှိမဲ့ ဆေးတွေကို ကြိုးစားရယူကြမှာဖြစ်ပါတယ်။ ဒီနေရာမှာ Ethics ကျင့်ဝတ်နဲ့ CSR လုပ်ငန်းအနေနဲ့ ပတ်ဝန်းကျင်အပေါ် တာဝန်သိခြင်းဆိုတဲ့ တခြားစီဖြစ်ပါတယ်။ အမြတ်အစွန်း အတွက်မဟုတ်တဲ့ လူမူ့အဖွဲ့အစည်းတစ်ခုက ပြည်ပက စမ်းသပ်ဆဲ ဆေးဝါးတွေကို ပြည်တွင်းလူနာတွေကို အခမဲ့ တိုက်ကျွေးစမ်းသပ်တာကို ဘယ်လိုမြင်ပါသလဲ။ ဒီအတွက်ဂရန့် ထောက်ပံကြေးယူ ဆောင်ရွက်ပေးနေတဲ့ သူတွေကို ဘယ်လိုမြင်ပါသလဲ။ စေတနာကို မြင်အောင်ကြည့်ပါလို့ ပြောပြရမလား။ ဘာလားပဲ။ စီးပွားရေးသမားတဦးဆိုရင်ကော အမြတ်များပြီး ဈေးကွက်တောင်းဆိုနေတဲ့ ဆေးကို စမ်းသပ်ဆဲကာလဖြစ်တဲ့အတွက် တဖက်နိုင်ငံက အက်ဖဒီအေ အသိအမှတ်မပြုသေးတဲ့ ဆေးတွေကို ဖြန့်ဖြူးရောင်းချနိုင်ရမဲ့ အခွင့်အရေးရခဲ့ရင် သင်ဖြန့်ဖြူးရေး လုပ်မှာလား။ ဈေးကွက်လည်းရှိတယ်။ မြတ်ဖို့လည်း သေချာတယ်။ ဒီအလုပ်ကို လက်ခံပြီး လုပ်မယ်၊ မလုပ်ဖူးဆိုတာက ကျင့်ဝတ်ပါ။ စီးပွားရေးသမား ဟုတ်ဟုတ်၊ မဟုတ်ဟုတ်။ လူမူရေး လုပ်ငန်းလို့ ဘယ်လို အမည်ခံခံ၊ မခံခံ။ မျက်နှာဖုံးတွေနဲ့ပါ။ လုပ်သင့်၊ မသင့်ကို စဉ်းစားတာ။ ဆက်လုပ်သင့်၊ မသင့်ကို စဉ်းစားတာ။ အဲဒါ ကျင့်ဝတ်ပါ။ ဒါကိုသင်ပေးလို့မရပါဘူး။
ဟုတ်ပြီ။ လုပ်ခဲ့ပြီး၊ ဖြန့်ဖြူးခဲ့ပြီး ရလာတဲ့ အကျိုးအမြတ်တွေနဲ့ လှူတယ်။ တန်းတယ်ဆိုတာတွေက စီအက်စအာလုပ်တာပါ။ ပညာရေးမှာ ကျင့်ဝတ်မညီပဲ စီအက်အာလုပ်နေရင် ငတက်ပြားအလှူထက်နိမ့်ကျတယ်လို့ ဆိုချင်ပါတယ်။ ငတက်ပြားက ချမ်းသာတဲ့သူတွေစီက ယူပြီး မရှိတဲ့သူတွေကို ပြန်ဝေတာ။ အခုက ရှိရှိသမျှ ဝေနေယျဆီကယူပြီး တစိတ်တပိုင်းပြန်ကျဲတာပါ။ The Business of business is business စီးပွားရေး လုပ်တယ်ဆိုတာ အမြတ်ရဖို့ပါ။ စီးပွားရေးသမားတွေက ကြီးတော်နွားအလကားမကျောင်းဘူး။ ကျောင်းခဲ့ရင်လည်း အခြေအနေတစ်ခုရှိပါမယ်။ မမြတ်ရင် မလုပ်ပါဘူး။ တချိန်က ဆရာတွေက စီးပွားရေး မဖက်ပါဘူး။ မဆန်ခဲ့ပါဘူး။ အခုအထိ အချို့ဆရာကြီး၊ ဆရာမကြီးတွေဆိုရင်လည်း စေတနာ အရင်းခံနဲ့ သင်ကြားပေးကြပါသေးတယ်။ (ဒီနေရာမှာ ကြုံတွေ့၊ ကြားသိခဲ့တဲ့ ဆရာကြီး၊ ဆရာမကြီးတွေနဲ့ ကျောင်းက ဆရာ၊ ဆရာမတွေကို လက်အုပ်ချီ ရှိခိုးမိပါတယ်။ အာစရိယ ဂုဏော အနန္တောပါ။) ပညာရေးကို စီးပွားရေးဆန်ခဲ့ရင် ပတ်ဝန်းကျင် သိတက်ဖို့ တာဝန်ယူတက်ဖို့ထက် ကျင့်ဝတ်ညီဖို့ ပိုပြီးလိုမယ်လို့ ထင်မြင်မိပါတယ်။ လုပ်ငန်းအနေနဲ့ ပတ်ဝန်းကျင်အပေါ်တာဝန်သိတက်ရုံနဲ့ မလုံလောက်ပါဘူး။ ဒါကြောင့် ကနဦးစိစစ်တဲ့ အဖွဲ့လိုအပ်ပါတယ်။ လူကြီးမင်းတို့ရဲ့ စေတနာနဲ့ စီအက်စအာကိုလည်း အသိအမှတ်ပြုပါတယ်။ ကျေးဇူးပါ။

တပည့်မရှား တပြားမရှိ။ ပီတိကို မင်းလည်း စားကြည့်။
ဈေးကွက်စီးပွားရေးစနစ်ကြီးမှာ အပြိုင်အဆိုင်ကာလမှာ စေတနာထားတဲ့ ဆရာတွေပဲ တခန်းရပ် ပြဇာတ်ကပြကြတာပါ။ နေဝင်မီးငြိမ်းသွားကြတာပါ။ မင်းသားကသာ ဝါသနာအရ အနုပညာသမားပီပီ အရှုံးခံ ဇာတ်ကချင်ပေမဲ့ အဖွဲ့သားတွေကတော့ ရေရှည်ဖြစ်မယ် မထင်ပါဘူး။ အေးကွာ ပီတိကို ငါကတော့ကြိုက်တယ်။ မင်းတို့လည်း စားကြည့်အုံး။ ငါ့အိမ်က မိသားစုတွေကတော့ တယ် မကြိုက်ကြဘူးကွ ဖြစ်လာနိုင်ပါတယ်။ နောက်ဆုံးတော့ ဘုရားကို ညတွင်းခြင်းတည်ပြီး ကံရာဇာငယ်ပဲ မင်းဖြစ်သွားတာပါ။ စီးပွားရေးသမားပဲ တိုက်ဆောက်ပြီး လုပ်ငန်းချဲ့သွားတာပါ။ ပီတိကို ရဲရဲဝံ့ဝံ့ စားနိုင်အောင် စားရဲအောင် အားပေးရပါမယ်။ ဇာတ်ပေါင်းသော် ကျနော်တို့ ပညာရေးစနစ်မှာ ပြည်တွင်းနှင့် ပြည်ပ အဆင့်မြင့်ပညာရေး အရည်အသွေးကို စိစစ်အကဲဖြတ်ဖို့ အသိအမှတ်ပြုဖို့ အဖွဲ့ထားရှိ ဖွဲ့စည်းသင့်ပါပြီလို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။

ISO

ISO နဲ့ FDA
ဒီနေရာမှာ FDA (Food and Drug Administration) အက်ဖဒီအေနဲ့ ISO (International Standard Organization) အိုင်အက်စအိုကို အနည်းငယ်ရှင်းပြလိုပါတယ်။ FDA က Quality Assurance ပါ။ ISO က Quality Manaegment ပါ။ နိုင်ငံတကာမှာရှိတဲ့ ကျောင်းတွေက ISO အကြောင်းပြောပါတယ်။ သူတို့က FDA နဲ့ Quality Assurance ရှိပြီးသားပါ။ ကျနော်တို့က စလုံးရေ စပါ။ ဘာမှ မရှိပါဘူး။ ဒါကြောင့် FDA လို Quality Assurance Body လိုပါတယ်။ အင်္ဂလန်မှာဆို Ofqual ပါ။ စင်္ကာပူမှာဆို Edu Trust ပါ။ နောက်တဆင့်မှ ISO ပါ။ ဥပမာပေးရရင် မြန်မာနိုင်ငံမှာရှိတဲ့ ဆေးဝါးဖြန့်ဖြူးတဲ့သူတွေက အိုင်အက်(စ)အိုတွေကို ရယူကြပါတယ်။ ဒါမှ Principle side ဖြစ်တဲ့ ထုတ်လုပ်တဲ့သူတွေက Distribution side ဖြစ်တဲ့ ဖြန့်ဖြူးတဲ့သူတွေကို ယုံကြည်စိတ်ချပြီး သူတို့ ပစ္စည်းတွေကို စိတ်ချလက်ချဖြန့်ဖြူးခိုင်းဖို့ အပ်နှံကြမှာ ဖြစ်ပါတယ်။

Quality Education

မတိုင်းတာနိုင်ရင် ကြပ်မတ်အုပ်ချုပ်လို့မရနိုင်ပါဘူးး။ If you can't measure it's, you can't management it.
အရည်အသွေးကို စိစစ်ရာမှာ စကားလုံးတွေကို လေ့လာဖို့လိုပါတယ်။ (1) Quality, (2) Quality Assurance, (3) Quality Management, (4) Quality Control (5) Quality enhancement တို့ပဲဖြစ်ပါတယ်။ အရည်အသွေးနဲ့ပတ်သတ်ရင် ဂျပန်လူမျိုးတွေက Kaizen လို့ ဂုဏ်ယူဝံ့ကြွားစွာနဲ့ ခေါ်ဝေါ်သုံးစွဲတက်ကြသလို အမေရိကန်လူမျိုးတွေက Total Quality Management လို့သုံးနှူန်းတက်ကြပါတယ်။ ဘုရားရှင်ဟောဖေါ်ညွန်ပြဆိုဆုံးမတဲ့ တရားတော်များဟာ အစ၏ ကောင်းခြင်း၊ အလယ်၏ကောင်းခြင်း၊ အဆုံး၏ကောင်းခြင်း စသော စ၊လယ်၊ဆုံး သုံးပါးလုံးကောင်းမွန်သော စမ်းသပ်စစ်ဆေးပြီးမှ ယုံကြည်ရန်တိုက်တွန်းခဲ့သော တရားတော်များ ဖြစ်ပါတယ်။
အရစ်စတိုတယ်ကတော့ အရည်အသွေးဆိုတာ တစ်ခုကောင်း၊ တစ်ယောက်ကောင်း၊ တစ်ခါကောင်း၊ တစ်ပွဲတိုးမဟုတ်ဘူး၊။ ဓလေ့ကောင်း အကျင့်ကောင်းပါလို့ဆိုမိန့်ဘူးပါတယ်။ ကျနော်တို့နိုင်ငံမှာလည်း တစ်မိပေါက် တစ်ယောက်ထွန်းတွေဟာ ကမ္ဘာနဲ့ချီပြီး ရင်ဘောင်တန်းနိုင်ကြပါတယ်။ ဂင်းနစ်စံတော်ချိန်ဝင်တဲ့ အရှင်ဝိစိတ္တသာရာဘိဝံသ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးဦးသန့်၊ နိုဘလ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်တို့ဟာဖြင့် အာရှသာမက ကမ္ဘာကပါလေးစားရတဲ့သူတွေဖြစ်ကြပါတယ်။ ဒါပေမဲ့ ဒါတွေဟာ စနစ်ကမွေးထုတ်ပေးလိုက်တာ မဟုတ်ဘဲ ပင်ကိုယ်စွမ်းရည်တွေပဲဖြစ်ပါတယ်။ ကျနော်တို့ပတ်ဝန်းကျင်မှာ အိမ်နီးချင်းနိုင်ငံတွေမှာတော့ စနစ်ကောင်းလို့ အင်တိုက်အားတိုက် ကာယ၊ ဥာဏစွမ်းရည်တွေမြင့်တဲ့ လူငယ်တွေ အများအပြားပေါ်ထွက်လာနေတာကို တွေ့နိုင်ပါတယ်။ ဒါကြောင့် တစ်ဦးချင်း တစ်ယောက်ချင်းစီယှဉ်ရင် ငါက သာရမယ်ဆိုတဲ့ ငယ်ငယ်ကထားခဲ့စိတ်ဓါတ်တွေ လက်တွေ့မဆန်နိုင်တော့ပါဘူး။ အမှန်တရားကို လက်ခံပြီး ပြင်ဆင်ကြရမဲ့အချိန်လို့ဆိုချင်ပါတယ်။
အရည်အသွေးကောင်းဖို့ အရည်အသွေးကို ဦးစွာ အဓိပ္ပါယ်ဖွင့်ဆိုရပါမယ်။ သွင်းအားစုတွေ၊ ဆောင်ရွက်ပုံအဆင့်ဆင့်ကို နစ်စနစ်တကျ သတ်မှတ်ထားဖို့လိုပါတယ်။ ထွက်ရှိလာတဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေရဲ့အရည်အသွေးကို ပြန်လည်စိစစ်ရပါမယ်။ စိစစ်တဲ့အခါမှာ ကျနော်တို့အနေနဲ့ ပြီးစီးမှသာ ပြန်လည်စိစစ်ရမယ်လို့ အတွေးရောက်နေလို့ Control ဆိုတာ ဖြစ်စဉ်တစ်ခုပြီးမှ ဆောင်ရွက်ရတာ မဟုတ်ဘဲ အစော အစပိုင်းကတည်းက စတင်ဆောင်ရွက်ရမယ်လို့ စီမံခန့်ခွဲရေးစာအုပ်တွေမှာ ရေးသားတိုက်တွန်းလာကြပါတယ်။
ဥပမာ အနေနဲ့ ထမင်းအိုးမတည်ခင် ဆန်ပြာကြတယ်။ စပါးလုံးကောက်ကြတယ်။ ဆန်ဆေးကြတယ်။ အခုနောက်ပိုင်း စပါးလုံး ကောက်တာ၊ ဆန်ပြာတာတွေထက် ဆန်ဆေးတာလောက်ပဲ ကျနော်တို့တွေ့ကြရတော့တယ်။ အရင်ကဆို ဆန်ထဲကမှာ ခဲလုံးလေးတွေ အမှုံအမွှားတွေပါလာတက်တယ်။ အခုကျနော်တို့တော့ ဆန်ပဲဆေးကြတော့တယ်။ ဒါဆိုမေးစရာက ဘာကြောင့် ဆန်ဆေး၊ ဆန်ပြာ၊ စပါးလုံးကောက်ကြလဲ။ ချက်မဲ့ဆန်ကို အရည်အသွေးကောင်းစေချင်လို့ သန့်တဲ့သဘောပါ။ လုပ်ငန်းတစ်ခုနဲ့ပြောရရင် သွင်းအားစုကောင်းမှ ပစ္စည်းကောင်းမှာပါ။ မူရင်းကောင်းမှ မိတ္တူကောင်းမှာပါ။ ဒီလို သွင်းအားစုတွေကို စိစစ်ခြင်းကို အစောပိုင်းကနဦးစိစစ်ခြင်း (သို့) ကြိုတင်စိစစ်ခြင်းလို့ခေါ်ချင်ပါတယ်။ (ဘာသာပြန်မှားရင် ကောင်းမယ်ထင်တာ ပြင်ဆင်ပေးနိုင်ပါတယ်။)
ဆန်သန့်သန့် ဆန်ကောင်းကောင်း မကျိုးမကြေတာတွေကို ရရှိဖို့ Feed forward control လုပ်ပြီးရင် အရည်အသွေးကို အာမခံလို့ ပြီးမသွားသေးပါဘူး။ ဖြစ်စဉ်လို့ခေါ်တဲ့ ပြောင်းလဲတဲ့ဆောင်ရွက်ချက်တွေ ထမင်းချက်တဲ့နည်းစနစ်တွေကောင်းဖို့၊ မှန်ဖို့လိုပါတယ်။ အိုးပဲ့၊ စလောင်းပဲ့တွေဖြစ်လို့မရသလို၊ မီးအားမပြည့်တာတွေ၊ ရေမသန့်တာတွေလည်းဖြစ်လို့မရနိုင်ပါဘူး။ ဆောင်ရွက်ချက်တွေကို စနစ်တကျသတ်မှတ်ထားဖို့လိုပါမယ်။ သိပ္ဗံနည်းကျစနစ်တွေနဲ့ စနစ်တကျဆောင်ရွက်သင့်ပါတယ်။ ထမင်းအိုးတည်ရင် ကြာချိန်ကို ကျနော်တို့ ခန့်မှန်းခြေပဲ သိပါတယ်။ ဒါပေမဲ့ စားသောက်ဆိုင်တွေအတွက်ဆိုရင် ဖြစ်စဉ်တစ်ခုခြင်းစီကို တိကျစွာသတ်မှတ်ပြီး ဆောင်ရွက်ခိုင်းပါတယ်။ ဒါမှ တိကျတဲ့ အရည်အသွေးရရှိနိုင်မှာဖြစ်ပါတယ်။ ဒါကို တပြိုင်နက်တည်းစိစစ်ခြင်း၊ တချိန်တည်းစိစစ်ခြင်းလို့ ခေါ်ဆိုခြင်ပါတယ်။ (Concurrent Control) လို့ခေါ်ပါတယ်။
နောက်ဆုံးတစ်ခုကတော့ ကျနော်တို့ အသိများတဲ့ ထိန်းချုပ်ခြင်း Control နောက်တနည်း Feedback ရယူတဲ့ဖြစ်စဉ်ပါ။ ထမင်းက ပျော့မပျော့ မာ မမာ။ ထမင်းနပ် မနပ်၊ စားလို့အစဉ်ပြေ မပြေပြန်လည်စိစစ်ခြင်းပဲဖြစ်ပါတယ်။
နံပါတ် ၁ အဆင့်ဖြစ်တဲ့ Feedforwardဟာ က အရည်အသွေး သေချာစေဖို့ စစ်ဆေးပေးတာဖြစ်ပါတယ်။ Quality Assurance ပဲဖြစ်ပါတယ်။ သွင်းအားစုတွေရဲ့ အရည်အသွေးကို စနစ်တကျ သေသေချာချာ စိစစ်လက်ခံပြီးမှ သေချာမှ နံပါတ် ၂ ကို ဆက်လက်ဆောင်ရွက်နိုင် ကြပ်မတ်နိုင်မှာဖြစ်ပါတယ်။ Concurrent Control ဖြစ်ပြီးတော့ Quality Management ကိုဆက်သွားပါတယ်။ ဒီနှစ်ဆင့်သေချာမှ နံပါတ်သုံး feedback တနည်း Quality Control ကို ဆက်လက်ဆောင်ကရွက်ရပါတယ်။ ပြန်လည်အသိပေးခြင်း ဖိဒ်ဘက်ကတော့ ပြီးစီးသွားမှ ပြန်ပြီးပြောပြ အကြောင်းကြားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သုံးခုစလုံး ဟန်ချက်ညီညီ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
ကျနော်တို့ စာသင်ကြားခြင်းကို ကုသိုလ်လည်းရ၊ ဝမ်းလည်းဝ ဂုဏ်ယူဝံကြွားစွာနဲ့ သင်ပါတယ်။ စေတနာ၊ ဝါသနာ၊ အနစ်နာနဲ့ သင်ကြားနိုင်အောင် ကြိုးစားပါတယ်။ နာသုံးနာပြည့်ဝတဲ့ ဆရာကြီး ဆရာမကြီးများကို ရိုသေစွာ ဂါရဝပြုပါတယ်။

Wednesday, April 27, 2016

လိုအပ်နေသော

အရည်အသွေး
အရည်အသွေးကို အဓိပါယ်ဖွင့်ရတာ အခက်အခဲဆုံးဖြစ်ပါတယ်။ ဒါကြောင့် ပညာရေး အရည်အသွေးနဲ့ ပတ်သတ်လို့ ပြောကြ ဆိုကြတဲ့အခါမှာ ငြင်းကြ ခုန်ကြရပါတယ်။ ငြင်းခုန်၊ ဆွေးနွေးခြင်းနဲ့ ရန်ဖြစ်ခြင်းဟာ ပြဒါးတလမ်း၊ သံတလမ်းပဲဖြစ်ပါတယ်။ သမိုင်းပါမောက္ခဒေါက်တာသန်းထွန်းက ပုဂံသမိုင်းအကြောင်းဆွေးနွေးရင် ဒုတ်၊ ဒါးထမ်းပြီး မငြင်းကြနဲ့၊ တူးဖေါ်စရာ ပေါက်ပြား၊ ဂေါ်ပြားတွေနဲ့ တူးဆွပြီးမှ ငြင်းပါ ဆွေးနွေးပါလို့ပြောခဲ့ဖူးတယ်။ မနာလိုလို့ ချောက်တွန်းချင်လို့ ပုဂ္ဂိုလ်ရေးပေါ် အခြေခံ တိုက်ခိုက်တယ် ဆိုတာတွေက သိမ်ဖျင်း ညံ့ဖျင်းလွန်းရာ ကြပါတယ်။ ပညာရေးမှာလည်း ဒေါက်တာသန်းထွန်းရဲ့ နည်းကို ယူရမယ်ထင်ပါတယ်။ ပညာရေးဟာ တစ်ဦး၊ တစ်ယောက် (သို့) ပေါ်ပင်အလုပ် မဟုတ်ပါဘူး။ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် အကျိုး၊ ကုမဏီတစ်ခု အကျိုး၊ အမှတ်တံဆိပ်တစ်ခု အကျိုးအတွက် ဆွေးနွေးငြင်းခုန်တာထက် နိုင်ငံသားအားလုံး အကျိုးအတွက် တမျိုးသားလုံးနဲ့ဆိုင်တဲ့ အကျိုးအတွက်လို့ စဉ်းစားပြီး ဆောင်ရွက်သင့်ပါတယ်။ မျက်တောင်မွှေးတဆုံးမကြည့်ဘဲ မျက်စိတဆုံးတောင်မဟုတ်ဘဲ ဖြစ်နိုင်သမျှ ဝေးဝေးနဲ့ ရေရှည်အကျိုးအတွက် ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ ပညာရေးနဲ့ ပတ်သတ်တဲ့ အရည်အသွေးကို ငြင်းကြခုန်ကြတာဟာ ဘယ်တော့မှ ရပ်တန့်သွားမှာမဟုတ်ပါဘူး။ ခေတ်ကာလ ပြောင်းလဲမှုများနဲ့အတူ စီးမျော အသက်ဝင်နေကြအုံးမှာ ဖြစ်ပါတယ်။ ကျနော်တို့တတွေသာ ပညာရေးနဲ့ ပတ်သတ်လို့ ကျယ်ကျယ်လောင်လောင် မဆွေးနွေး မငြင်းခုန်ခဲ့ကြတာပါ။ အခုမှ ၀င်ရောက်ဆွေးနွေးရခြင်းဟာလည်း ပြောင်းလဲချိန်တန်ပြီ။ ပြောင်းလဲနေပြီ။ ပြောင်းလဲသင့်ပြီ ထင်လို့ပဲဖြစ်ပါတယ်။ ဆွေးနွေးပွဲကြောင့် တစ်ယောက်နဲ့ တစ်ယောက် တစ်ဦးနဲ့ တစ်ဦး ရန်ဖြစ်ပြီး မခေါ်မပြောဖြစ်ရအောင်လည်း သေးသိမ်စရာမလိုပါဘူး။ ပိုမိုကောင်းမွန်တဲ့ ပညာရေး စနစ်ဖြစ်ပေါ်လာဖို့အတွက် အဓိကထား စဉ်းစားကြရမှာဖြစ်ပါတယ်။

စားသုံးသူအမြဲမှန်နှင့် ကျောင်းသားဗဟိုပြုစနစ်
စီးပွားရေးသမားများ အတွက်တော့ အရည်အသွေးကို အဆုံးအဖြတ်ပေးတဲ့သူဟာ စားသုံးသူပဲ ဖြစ်တယ်လို့ တညီတညွတ်တည်း လက်ခံကျင်းသုံးနေကြပါတယ်။ စားသုံးသူ အမြဲမှန်တယ်ဆိုတဲ့ ဆောင်ပုဒ်ကလည်း အလွန်ပင် ခေတ်စားလှပါတယ်။ ဒါပေမဲ့ အရည်အသွေးဟာ( Stakeholder အပေါ်) ကြည့်တဲ့သူပေါ် မူတည်ပြီး ပြောင်းလဲနေမှာဖြစ်ပါတယ်။ (Beauty is in the eye of the beholder) အလှအပဆိုတာ ခံစားကြည့်ရှုသူအပေါ်မူတည်ပါသည်ဆိုတဲ့ စကားပုံလေးလဲ ရှိပါတယ်။ ဒါကြောင့် ပညာရေးနဲ့ စီးပွားရေးတွဲ စဉ်းစားမိတဲ့အခါ စဉ်းစားစရာတွေ ဆက်တိုက်ပေါ်လာပါတယ်။ မုန့်ဟင်းခါးကို ကိုယ်ကြိုက်သလို စားနိုင်ပါတယ်။ အစပ်ကြိုက်ရင် ငရုတ်သီးများများထည့်၊ အချဉ်ကြိုက်ရင် သံပုရာသီးများများ ညှစ်ထည့်။ အရည်ရွှမ်းရွှမ်းဆို များများခပ်ထည့်၊ စားသုံးသူ အကြိုက်ပါ။ ပညာရေးကို စီးပွားရေးလို တွက်ချေကိုက်တွက်ရင်တော့ စားသုံးသူ ဗဟိုပြုရင် ကျောင်းသားအကြိုက်လိုက်လျောရမဲ့ပုံပါ။ ဒါပေမဲ့ ပညာရေးမှာ စားသုံးသူဗဟိုပြုဆိုတာ ကျောင်းသားအလိုကျ လိုက်လျောသင်ကြားပေးရတာထက် စားသုံးသူ ကျောင်းသားနဲ့ ကိုက်ညီအောင် ကြိုးစားလေ့ကျင့်ပေးခြင်းကို ဆိုလိုရင်းဖြစ်ပါတယ်။ Student Centric ကျောင်းသားဗဟိုပြု စာသင်ခြင်းဆိုတာ Classical တွေ ရှေးရှေးက အကြောင်းအရာတွေကို သင်ကြားနေမဲ့အစား သူတို့နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ လက်တလောဖြစ်ပျက်နေတဲ့ ကာရိုက်တာတွေ ဇာတ်ထုတ်တွေနဲ့သင်ကွလို့ ပြောဆိုခဲ့ ဆရာ့သမားစကားကိုလည်း မှတ်မိနေပါသေးတယ်။ လူတိုင်း အင်္ဂလိပ်စာသင်တန်းအပ်ရင် ကိုယ်ကသာ ဘာမှမဟုတ်တာ အင်တာမီဒီရိတ်က မဆင်းချင်ဘူး။ ဒီနေရာမှာ သင်သာ ကျေင်းအုပ်ဖြစ်ရင် ဒီကျောင်းသားကို ဘယ်အတန်း ပေးအပ်မလဲဆိုတာ သိချင်ပါတယ်။ ကျနော့ဆရာကတော့ Placement Test (သို့) ၀င်ခွင့်စာမေးပွဲ၊ Interview (သို့) လူတွေ့စစ်ဆေးပြီးတော့ အတန်းခွဲပေးပါတယ်။ ကျောင်းသားဗဟိုပြုဆိုတာ ဘာလဲလို့ သိရှိနိုင်ပါတယ်။ စာသင်ရင်လည်း ကိုယ်သဘောကျတဲ့ ဇာတ်တွေ၊ ကဗျာတွေ၊ ကာရိုက်တာတွေထက် အတန်းသားတွေနဲ့ ရင်းနှီးပြီးသား အကြောင်းအရာတွေကို သင်ကြားပေးပါတယ်။ ကျောင်းသားဗဟိုပြု စနစ်စစ်စစ်ပါ။ စားသုံးသူအခြေပြုနဲ့ ကွာခြားချက်ကို လေ့လာနိုင်ပါတယ်။

အရည်အသွေးအစ မြတ်ဗုဒ္ဓက
တကယ်တော့ အရည်အသွေးကို အစပြုပေးသူဟာ ကျနော့အနေနဲ့ ဖတ်ဖူးတာက အာဓိကလျာဏံ၊ မစ္ဆေကလျာဏံ၊ ပရိရောသလျကလျာဏံလို့ ပြောထားတဲ့ တရားတော်တွေပါပဲ။ အစ၏ ကောင်းခြင်း၊ အလယ်၏ကောင်းခြင်း အဆုံး၏ ကောင်းခြင်းတွေနဲ့ ပြည့်စုံနေတဲ့ တရားတော်တွေပါပဲ။ မြတ်ဗုဒ္ဓရဲ့ ဘယ်စကားကမှ မယုတ်မာဘူး။ မကောင်းကြောင်းမပါဘူး။ ဒီလိုပါပဲ လုပ်ငန်းတစ်ခုရဲ့ အရည်အသွေးဆိုတာလည်း စ၊ လယ်၊ ဆုံး သုံးပါးလုံးကောင်းမှ အရည်အသွေးဖြစ်တာပါ။

အစကောင်းမှ အနှောင်းသေချာ
အရည်အသွေးကို စိစစ်ရာမှာ စကားလုံးတွေကို လေ့လာဖို့လိုပါတယ်။ Quality Assurance, Quality Management, Quality Control တို့ပဲဖြစ်ပါတယ်။ နံပါတ် ၁ က အရည်အသွေး သေချာစေဖို့ စစ်ဆေးပေးတာဖြစ်ပါတယ်။ အဲဒါသေချာမှ နံပါတ် ၂ ကို ဆက်လက်ဆောင်ရွက်နိုင် ကြပ်မတ်နိုင်မှာဖြစ်ပါတယ်။ နံပါတ်သုံးကတော့ အဆုံးသတ်ကို စိစစ်ပေးတာဖြစ်ပါတယ်။ ထိန်းချုပ်စိစစ်တဲ့နေရာမှာ သုံးစွဲတဲ့ စကားလုံးတွေကိုလည်း လေ့လာသင့်ပါတယ်။ အဲဒါတွေကတော့ Feed forward, Concurrent, Feedback ဆိုတဲ့စကားလုံးတွေပဲ ဖြစ်ပါတယ်။ ကုန်ကြမ်းများကို စိစစ်လေ့လာခြင်းကို အစပိုင်း အစောပိုင်းမှာပြုလုပ်တာကို ဖိဖေါ်ဝဒ်လို့ ခေါ်ဝေါ်သုံးစွဲပြီး၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေတဲ့အချိန်မှာ စိစစ်ခြင်းကိုတော့ တပြိုင်နက်တည်း တချိန်တည်းစိစစ်ခြင်းလို့ သတ်မှတ်နိုင်ပါတယ်။ ပြန်လည်အသိပေးခြင်း ဖိဒ်ဘက်ကတော့ ပြီးစီးသွားမှ ပြန်ပြီးပြောပြ အကြောင်းကြားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သုံးခုစလုံး ဟန်ချက်ညီညီ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

အက်ဖဒီအေ
ချက်ပြုတ်စားသောက်ကြမယ်ဆိုပါစို့။ လတ်ဆတ်တဲ့ အသီးအနှံတွေနဲ့ အသားငါးတွေရဖို့လိုပါတယ်။ ဒီလို ရဖို့ စိစစ်ကြရပါမယ်။ ချက်ပြုတ်မဲ့ ပန်းကန်ခွက်ယောက်တွေက သန့်ရှင်းဖို့ လိုပါတယ်။ စားအုံးဆီနဲ့ ထည့်ချက်ချင်သေးလား။ အဲဒါတွေကို သေချာအောင်ဆောင်ရွက်ရပါမယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ ရှိသမျှကို စမ်းသပ်နေရရင် အစဉ်မပြေသလို အချိန်ကုန် လူပင်ပန်းပါမယ်။ ဒီအတွက် အရည်အသွေးသေချာစွာ စိစစ်ပေးမဲ့ အေဖွဲ့အစည်းတွေရှိသင့်ပါတယ်။ ဖွဲ့စည်းးထားသင့်ပါတယ်။ ထိရောက်စွာလုပ်ရှားဆောင်ရွက်နိုင်အောင် အားပေးသင့်ပါတယ်။ ဆေးဝါးနဲ့ အစားအသောက်ဆိုရင် အက်(ဖ)ဒီအေ အစားအသောက်နဲ့ ဆေးဝါးကွက်ကဲရေးဌာနရှိပါတယ်။ အရည်အသွေးကို စိစစ်ပေးပါတယ်။ ပြည်တွင်းဖြစ်တွေကိုလည်း အသိအမှတ်ပြုသလို ပြည်ပက တင်သွင်းလာတာတွေကိုလည်း စိစစ်ကြပ်မတ်ပေးပါတယ်။ တဖက်ကသွင်းပြီးတာနဲ့ ဆေးကွက်တည်းတန်းရောင်းလို့မရပါဘူး။

အလုပ်လုပ်ကြတယ်။
တခါက သတင်းစာမှာ ဖတ်မိလိုက်ပါတယ်။ မလေးရှားမှာ မြန်မာတိုင်းရင်းဆေးရောင်းတဲ့ဆိုင်ကို မလေးရဲတွေဝင်ဖမ်းတယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ မလေးမှာ မြန်မာတွေများလာတော့ မြန်မာတိုင်းရင်ဆေးတွေကို တောင့်တကြမှာ အမှန်ပဲဖြစ်ပါတယ်။ စားသုံးသူရှိတယ်။ ဈေးကွက်ရှိတယ်။ ဒါကြောင့်တင်ရောင်းတယ်။ ဒါဆို ဘာကြောင့်ဝင်ဖမ်းရလဲဆိုတော့ မှတ်ပုံတင်ထားခြင်း မရှိလို့ပါ။ တကယ်တော့ စားသုံးသူနဲ့ ဆေးနဲ့ အစပ်အဟပ်တည့်နေတာပဲလေ။ မလေးနိုင်ငံသားတွေအတွက်မှမဟုတ်တာလို့ ပြန်ပြောချင်ပေမဲ့ မလေးရှားနိုင်ငံရဲ့ ဆေးဝါးနဲ့ အစားအသောက်ဌာနက အသိအမှတ်ပြုထားတဲ့လက်မှတ်မရလေတော့ အသိမ်းခံလိုက်ရပါတယ်။ အရည်အသွေး စိစစ်ရေးအဖွဲ့တွေ အလုပ်လုပ်လို့ပါ။

အလုပ်မလုပ်ကြရင်
စဉ်စားစရာက ပြည်တွင်းမှာလည်း စပ်ဆေးတွေက တွင်ကျယ်နေတုံးပဲ။ OTC မဟုတ်တဲ့ Prescription တွေကိုလည်း လွယ်လွယ်နဲ့ရနေတုံးပဲလေ။ ဘယ်သူတွေ စပ်ဆေးတွေကို သောက်နေကြလဲ။ မေးစရာမလိုတော့ပါဘူး။ ကိုယ်သာဆိုရင်ကော တွေ့ကရာဆေးကို သောက်မလားဆိုရင် အနည်းဆုံးတော့ သက်တန်းလွန်၊ မလွန်စိစစ်ကြည့်မှာပါ။ အရင်ကဆိုရင်တော့ ဘာလာလာ ဒေါင်းပါတယ်။ အခုစားသုံးသူက စာနည်းနည်းတက်လာပြီလို့ ပြောစရာရှိပါတယ်။ ဘာမှန်းညာမှန်းမသိရင်တောင် ရက်လွန်နေတဲ့ဆေးကိုတော့ ပြန်လဲခိုင်းမှာပါ။ စပ်ဆေးတွေကိုရော၊ စပ်ဆေးစားသုံးသူတွေကိုပါ ကျနော်တို့ အသိပညာပေးကျယ်ကျယ်ပြန့်ပြန့်ပေးဖို့ လိုအပ်နေပါသေးတယ်။ ဆေးပတ်လည်အောင် သောက်ဖို့အတွက် ပြည်တွင်းအန်ဂျီအိုတစ်ခုရဲ့ ကြော်ငြာကိုလည်း ကြည့်မိလိုက်ပါသေးတယ်။ ဆေးဝယ်ရင် ရောင်းချတဲ့ဆေးဟာ အစားအစာနဲ့ ဆေးဝါးကြပ်မတ်ရေးအဖွဲ့ရဲ့ထောက်ခံချက် လက်မှတ်ရှိ၊ မရှိကို စိစစ်မိဖို့လိုသလားဆိုတဲ့ မေးခွန်းက စားသုံးသူရော၊ ရောင်းချသူပါ သိထားသင့် လိုက်နာသင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်တွင်းတိုင်ရင်းဆေးများလည်း အက်ဖဒီအေရဲ့ အသိအမှတ်ပြုမှုတွေ တွေ့လာရတာဟာ တိုးတက်မှု့လို့ပြောရမှာပါ။ တကယ်လို့ ပညာရေးလောကမှာအက်ဖဒီအေလို အဖွဲ့အစည်း မရှိခဲ့ရင် ကျနော်တို့ ဘယ်လိုရွေးကြမလဲဆိုတဲ့ မေးခွန်းကို ပညာရေးလောကသားတွေအနေနဲ့ ၀ိုင်းဝန်းအဖြေရှာရမှာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ အဖွဲ့အစည်းရှိခဲ့ရင်၊ ရှိတဲ့ အဖွဲ့အစည်း အလုပ်လုပ်ခဲ့ရင် ပြီးပြီ။ အဖွဲ့အစည်းမရှိရင်ကော..

ငါတော့မစားဘူး၊ ဆောရီး။ မင်းတော့ စားချင်စားကွာ။
ရှင်းပါတယ်။ မူရင်းနိုင်ငံရဲ့ အက်ဖဒီအေ အသိအမှတ်ပြုရှိလားဆိုတဲ့ မေးခွန်းက အကောင်းဆုံးပါပဲ။ ထွက်ရှိရာ ထုတ်လုပ်ရာဒေသရဲ့ အဖွဲ့အစည်း အက်ဖဒီအေကတောင် အသိအမှတ်မပြုတာကို ရောင်းချသူတစ်ဦးအနေနဲ့ ပရော်ဖက်ရှင်နယ်တစ်ဦးအနေနဲ့ စဉ်းစားသင့်ပါသေးတယ်ဆိုတာ ကောင်းနိုင်ပါသေးတယ် ဆိုတာတွေကို ကြားရတော့ အံအားမသင့်ဘဲ မနေနိုင်တော့ပါဘူး။   ဆေးဆရာတစ်ဦးက သူ့အသိမိတ်ဆွေ တစ်ယောက် ဖေါ်စပ်ထားတဲ့ဆေးကို ငါနဲ့ ငါအိမ်သားတွေကတော့ မသောက်ကြဘူးကွာ။ မင်းတို့အတွက် ကောင်းရင် ကောင်းမှာပါ သောက်ကြည့်နိုင်ပါတယ်ဆိုတဲ့ စေတနာကို တန်ဖိုးထား လေးစား အံသြဂုဏ်ယူမဆုံးပါဘူး။

အမဲတွေက အဖြူတွေကို လိုက်ပို့ရတဲ့ ဘဝ
ဒါကြောင့် အစားအသောက်တွေမဖြန့်ဖြူးခင် ရှေးဦးစိစစ်မှု့အတွက် အစားအသောက်နဲ့ဆေးဝါးကြီးကြပ်ကွပ်ကဲမှု့ အဖွဲ့အစည်း လိုအပ်သလို ပညာရေးလောကမှာလည်း ဈေးကွက်မတင်သေးခင် အရည်အသွေးစိစစ်ရေးအဖွဲ့တွေ ဖွဲ့စည်းနိုင်ဖို့ အလုပ်လုပ်နိုင်ဖို့ အရေးတကြီးလိုအပ်ပါတယ်။ ဆံပင်ဖြူရှာနှုတ်ရတဲ့အချိန် ဆံပင်ဖြူတွေနှုတ်ပါ။ ကြာမှဆိုရင် ဆေးဆိုးရတဲ့အဆင့်ရောက်သွားပါမယ်။ မနိုင်ရင် အဖြူတွေများနေတဲ့အခါ အဖြူမနုတ်တော့ပဲ အနက်ပြန်ရှာပြီး နှုတ်နေရပါမယ်။ လက်လွတ်စံပယ် လွှတ်ထားပေးတဲ့အခါ အချိန်ကကုစားမှာ မဟုတ်ဘဲ ဆိုးရွားသွားစေမှာပါ။ အချိန်က အဆိုးဆုံးတရားသူကြီးဖြစ်သွားပါ့မယ်။ သမိုင်းတရားခံများဖြစ်သွားပါမယ်။

ISO နဲ့ FDA
ဒီနေရာမှာ FDA (Food and Drug Administration) အက်ဖဒီအေနဲ့ ISO (International Standard Organization) အိုင်အက်စအိုကို အနည်းငယ်ရှင်းပြလိုပါတယ်။ FDA က Quality Assurance ပါ။ ISO က Quality Manaegment ပါ။ နိုင်ငံတကာမှာရှိတဲ့ ကျောင်းတွေက ISO အကြောင်းပြောပါတယ်။ သူတို့က FDA နဲ့ Quality Assurance ရှိပြီးသားပါ။ ကျနော်တို့က စလုံးရေ စပါ။ ဘာမှ မရှိပါဘူး။ ဒါကြောင့် FDA လို Quality Assurance Body လိုပါတယ်။ အင်္ဂလန်မှာဆို Ofqual ပါ။ စင်္ကာပူမှာဆို Edu Trust ပါ။ နောက်တဆင့်မှ ISO ပါ။ ဥပမာပေးရရင် မြန်မာနိုင်ငံမှာရှိတဲ့ ဆေးဝါးဖြန့်ဖြူးတဲ့သူတွေက အိုင်အက်(စ)အိုတွေကို ရယူကြပါတယ်။ ဒါမှ Principle side ဖြစ်တဲ့ ထုတ်လုပ်တဲ့သူတွေက Distribution side ဖြစ်တဲ့ ဖြန့်ဖြူးတဲ့သူတွေကို ယုံကြည်စိတ်ချပြီး သူတို့ ပစ္စည်းတွေကို စိတ်ချလက်ချဖြန့်ဖြူးခိုင်းဖို့ အပ်နှံကြမှာ ဖြစ်ပါတယ်။

Ethics and CSR
ဒါဆိုရင် ဖြန့်ချီမဲ့သူတွေဖက်ကရော ဘာတွေကို ဖြန့်ဖြူးဖို့ စဉ်းစားကြမလဲ။ အမှတ်တံဆိပ်ရှိပြီးသား၊ အမြတ်များများ၊ ဈေးကွက်ရှိမဲ့ အမှတ်တံဆိပ်တွေကို ကြိုးစားရယူကြမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျင့်ဝတ်နဲ့ ပရဟိတ (သို့) လုပ်ငန်းအနေနဲ့ ပတ်ဝန်းကျင်အပေါ် တာဝန်သိခြင်းဆိုတဲ့ စီအက်(စ)အာနဲ့က တခြားဆီဖြစ်ပါတယ်။ အမြတ်များပြီး ဈေးကွက်တောင်းဆိုနေတဲ့ဆေးအတွက် စမ်းသပ်ဆဲကာလဖြစ်တဲ့အတွက် အက်ဖဒီအေကို ဟိုဘက်ရော ဒီဖက်ရော အသိအမှတ်မပြုသေးတဲ့ ဆေးတွေကို ထုတ်လုပ်ရောင်းချနိုင်ရမဲ့ အခွင့်အရေးရခဲ့ရင် သင်ဖြန့်ဖြူးရေး လုပ်မှာလား။   ဈေးကွက်လည်းရှိတယ်။ မြတ်ဖို့လည်း သေချာတယ်။ ဟုတ်ပြီ။ လုပ်ခဲ့ပြီး၊ ဖြန့်ဖြူးခဲ့ပြီး ရလာတဲ့ အကျိုးအမြတ်တွေနဲ့ လှူတယ်။ တန်းတယ်။ စီအက်စအာလုပ်တယ် ဆိုရင်ကော။ သာဓုခေါ်မှာလား။ လုပ်သင့်၊ မလုပ်သင့်ဆိုတာက ကျင့်ဝတ်ပါ။ လှူတာတန်းတာက စီအက်စအာတမျိုးပါ။ ဇာတ်ပေါင်းသော် ကျနော်တို့ ပညာရေးစနစ်မှာ အရည်အသွေးကို စိစစ်အကဲဖြတ်ဖို့ အဖွဲ့ထားရှိသင့်ပြီဖြစ်ပါတယ်။

Saturday, April 23, 2016

သင်္ကြန်

သင်္ကြန်မင်းသားကြီး
မရှိတော့တဲ့
သင်္ကြန်။
သင်္ကြန်မိုး
မရွာလို့
သင်္ကြန်ပန်း
ပိတောက်မပွင့်တဲ့
သင်္ကြန်။
ရိုးရာအမည်ခံ
သင်္ကြန်အမြှောက်
သိကြားမကြောက်တဲ့
တရားပျောက်တဲ့
သက်ြန်။
အော်
လောကဓံ သင်္ကြန်။

Thursday, April 14, 2016

ဘယ်သူကိုယ်လောက်ချစ်လဲ။


စစ်ပွဲတွေကို
ဘယ်သူတွေ
အတွက်
ဘာကြောင့်
တိုက်ပေးနေရတာလဲ။

ဘယ်သူကိုယ့်လောက်ချစ်လဲပြော။ အမတ်ဒိန်။ 
မိဖုရားကို စွဲလန်းလို့ စစ်မချီနိုင်။ ငါသာ ဆို သတ်စေ။

အလုပ်တွေကို
ဘယ်သူတွေအတွက်
လုပ်ပေးနေရတာလဲ။

ပိုင်ရှင်စိတ်နဲ့နေ။

Change to New

အချိန်ကူးပြောင်းခြင်း။
မမြဲတဲ့ 
သင်္ကြန်။
သင်္ခါရနဲ့ မကင်းတဲ့
သင်္ကြန်။
ရွေ့ရောသွားတဲ့
သင်္ကြန်။

လက်ဆင့်မကမ်းဝံတဲ့
သင်္ကြန်။
ဒီအတိုင်း
လက်ခံခဲ့ကြတဲ့
သင်္ကြန်။
အသွင်ယူခံရတဲ့
သင်္ကြန်။
အလိုမတူ အကြံခံရတဲ့ 
သင်္ကြန်။
မလုံ့တလုံ
သကြန်။
အရှက်မရှိတဲ့
သင်္ကြန်။
အစပ်အဟပ်မတည့်တဲ့
သင်္ကြန်။
ကြဲတောက်နေတဲ့
သင်္ကြန်။
အဆံမရှိတဲ့ 
သင်္ကြန်။
အမည်ခံ ဟန်သာရှိတဲ့ 
သင်္ကြန်။
လူလူသူသူမတူတဲ့
သင်္ကြန်။
အူတူတူနဲ့
သင်္ကြန်။
ရေမျောကမ်းတင်
သင်္ကြန်။
ဆောင်းဘောက်တွေတောင် နားအူရတဲ့
သင်္ကြန်။
လုပ်ကြံခံရတဲ့ 
သင်္ကြန်။
ရုပ်ပျက်နေတဲ့
သင်္ကြန်။
အရောင်ဆိုးခံရတဲ့
သင်္ကြန်။
သရုပ်သဏ္ဏာန်မမှန်တဲ့ 
သင်္ကြန်။
အရှင်လတ်လတ် ရှင်သန်မရတဲ့ 
သင်္ကြန်။
စီးပွားရှာခံရတဲ့
သင်္ကြန်။
ရောင်းစားခံရတဲ့
သင်္ကြန်။
ရေထိုးခံရတဲ့
သင်္ကြန်။
အလေးခိုးခံရတဲ့
သင်္ကြန်။
ရေရောခံရတဲ့
သင်္ကြန်။
အမြည်းသာသာဖြစ်သွားတဲ့
သင်္ကြန်။
ဝတ်လစ်စလစ်
သင်္ကြန်။
အနှစ်မရှိတဲ့
သင်္ကြန်။
အနိစ္စ
သင်္ကြန်။
အနတ္တ
သင်္ကြန်။

Visit Myanmar Year

ငါတို့
လူငယ်များသည်
မောင်ပေါက်ကျိုင်းများဖြစ်ဖို့
လိုသည်။

မေးပါများ
စကားရ။

သွားပါများ။
ခရီးရောက်။

Sunday, April 10, 2016

သင်တန်းပေါ် အိပ်ချာအမြင် HR

သမရိုးကျ

လိုအပ်တဲ့ စွမ်းရည်ဖြည့်။
ကုန်ကျစားရိတ် အနည်းဆုံး။

ကုန်ကျစားရိတ်နဲ့
ပြန်ရတာနဲ့
ချိန်ညှိ ကိုက်ကြည့်တာက

စာရင်းသမား

တခါက ပိုပေါ့။

ပိုပေါ့

မဟာဗျူဟာကျကျ စွမ်းဆောင်နိုင်ခြင်း။

ကွန်မြူနစ်
ပြတိုက်တာဝန်ခံ
ပြင်သစ်စာသွားသင်

Why Learn

1. Strategic Capability
2. EI
3. Developing Managers
4. Knowledge Management
5. IQ
6. Organizational
7. Individual

1. Inter-company learning
2. Environmental Learning

Saturday, April 9, 2016

မြတ်စွာဘုရားရှင်နှင့် ဝဋ်တော်(၁၂)ပါး

မြတ်စွာဘုရားရှင်နှင့် ဝဋ်တော်(၁၂)ပါး
***************************
၁။ မြတ်စွာဘုရားရှင်ဟာ တစ်ခုသောဘဝက "
"မုနာဠိ"လို့အမည်ရတဲ့သေသောက်ကြူးသူတစ်ဦးဖြစ်ပြီး
"သုရတိ"လို့အမည်ရှိတဲ့ ပစ္စေကဗုဒ္ဓါကို "ဒီသူဟာ ဆိတ်ကွယ်ရာအရပ်မှာ
ကာမလိုက်စားပျော်ပါးပြီး တရားမရှိ သီလမရှိသူဖြစ်တယ်"
ဆိုပြီး စွပ်စွဲစကား ပြောမိခဲ့ပါတယ်..
အဲဒီမကောင်းမှုကြောင့် ငရဲမှာ နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခခံစားခဲ့ရပြီး ယခုနောက်ဆုံးဘဝ ဘုရားဖြစ်တဲ့အခါ လူသူအများ အထင်မှားအောင် "သုန္ဒရီကရိဗိုဇ်မ"ရဲ့ စွပ်စွဲခြင်းကို ခံရပါတယ်..
၂။ မြတ်စွာဘုရားရှင်ဟာ တစ်ခုသောဘဝမှာ "သဗ္ဗဘိဘူ"အမည်ရှိ ပစ္စေကဗုဒ္ဓရဲ့ တပည့်("နန္ဒ"အမည်ရှိ)ဖြစ်ခဲ့ပြီး အဲဒီပစ္စေကဗုဒ္ဓါကို "သီလမရှိ သူယုတ်မာသာ ဖြစ်တယ်.."ဆိုပြီး စွပ်စွဲစကားပြောမိခဲ့ပါတယ်..
အဲဒီမကောင်းမှုကြောင့် ငရဲမှာ အနှစ်တစ်သောင်းကြာဆင်းရဲဒုက္ခ ခံစားခဲ့ရပြီး ယခုနောက်ဆုံးဘဝဘုရားဖြစ်တဲ့အခါ ပရိသတ်အလယ်မှာ"စိဉ္စမာန"
မိန်းမယုတ်ရဲ့ မဟုတ်မတရား စွပ်စွဲခြင်းကို ခံရပါတယ်..
၃။ မြတ်စွာဘုရားရှင်ဟာ တစ်ခုသောဘဝမှာ လူအများက လေးစားပူဇော်အပ်တဲ့ ဗေဒင်သုံးရပ် တစ်ဖက်ကမ်းခပ် တတ်မြောက်ကျွမ်းကျင်သူ ပုဏ္ဏား ပါမောက္ခဆရာကြီးဖြစ်ပြီး တပည့်လုလင်(၅၀၀)အား မဟာဝုန်တောမှာ ဗေဒင်ကျမ်းများကို သင်ကြားပေးနေစဉ် အဘိဉာဏ်ရတဲ့ "ဘီမ"အမည်ရှိ ရသေ့ အဲဒီအရပ်သို့
ကြွလာတာကို မြင်ရတဲ့အခါ ကြည်ညိုရမယ့်အစား နုလုံးသွင်းမှားယွင်းကာ " ဒီရသေ့ဟာ ကာမစည်းစိမ်ကို ခံစားသူ ရသေ့စဉ်းလဲဖြစ်တယ်" လို့ စွပ်စွဲစကားကို တပည့်ဖြစ်သူတို့အား ပြောကြားခဲ့ပါတယ်..
တပည့်(၅၀၀)တို့ကလည်း ဆရာကြီးစကားကိုအားရဝမ်းသာလက်ခံကြကာ မြို့ရွာအတွင်း ဆွမ်းခံကြွနေတဲ့ အဲဒီ "ဘီမ"ရသေ့ကို "ဒီရသေ့ဟာ ကာမစည်းစိမ်ကို ခံစားသူ ရသေ့စဉ်းလဲဖြစ်တယ်.."လို့ လူအများအား အိမ်ပေါက်စေ့ လိုက်ပြောကြပါတယ်..
အဲဒီမကောင်းမှု အကျိုးဆက်ကြောင့်
အဲဒီတပည့်(၅၀၀)ဟာ နောက်ဆုံးဘဝ
ဘုရားရှင်ဖြစ်တဲ့အခါ တပည့်ရဟန်း(၅၀၀)ဖြစ်လာကြပြီး
"သုန္ဒရီပရိဗိုဇ်မ"တိတ္ထိတွေသတ်လို့သေတာကြောင့်
လူအများရဲ့ မဟုတ်မတရား စွပ်စွဲကဲ့ရဲ့တာကို ခံရပါတယ်
တပည့်တွေ အစွပ်စွဲခံရတာဟာလည်း
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် အစွပ်စွဲခံရသည်သာ
မည်ပါတယ်..
၎။ မြတ်စွာဘုရားရှင်ဟာ တစ်ခုသောဘဝမှာ
ဥစ္စာပစ္စည်း လိုချင်တပ်မက်လို့ အဖတူအမိကွဲ ညီဖြစ်သူကို
သတ်ဖြတ်ပြီး တောင်ချောက်ကြားမှာ ပစ်ချရုံမကပဲ
ကျောက်တုံးနဲ့ တစ်ဖန်ထပ်ပြီး ဖိညှပ်ကြိတ်ချေခဲ့ပါတယ်..
အဲဒီမကောင်းမှုအကျိုးဆက်ကြောင့် နောက်ဆုံးဘဝ
ဘုရားဖြစ်တဲ့အခါ ဒေဝဒတ်၏ ကျေက်မောင်းဆင်ပစ်ချခြင်း
ခံရကာ ခြေမတော်ကို ကျောက်ချပ်ကျောက်လွှာများ
လွင့်စင်ထွက်လာပြီး သွေးစိမ်းတည်အောင်
အထိအခိုက်ခံရပါတယ်..
၅။ မြတ်စွာဘုရားရှင်ဟာ တစ်ခုသောဘဝမှာ
အမြော်အမြင်အဆင်အခြင်နည်းပါးတဲ့ သူငယ်ဆိုးဖြစ်ပြီး
လမ်းမှာ မြူးထူးပျော်ပါးကစားနေစဉ် ပစ္စေကဗုဒ္ဓါတစ်ပါးကို
မြင်တဲ့အခါ ကြည်ညိုရမယ့်အစား လမ်းမှာရှိတဲ့
ကျောက်ခဲတွေကို ကောက်ယူပြီး ပစ္စေကဗုဒ္ဓါအား
ပစ်ပေါက်ခဲ့ပါတယ်..
အဲဒီမကောင်းမှုအကျိုးဆက်ကြောင့် နောက်ဆုံးဘဝ
ဘုရားဖြစ်တဲ့အခါ ဘုရားရှင်အားသတ်ရန် ဒေဝဒတ်က
လူသတ်လေးသမားများ စေလွှတ်တာကို ခံရပါတယ်..
၆။ မြတ်စွာဘုရားရှင်ဟာ တစ်ခုသောဘဝမှာ
ဆင်ထိန်းယောက်ျားဖြစ်ခဲ့ပြီး ဆွမ်းခံကြွတဲ့
ပစ္စေကဗုဒ္ဓါတစ်ပါးကို ဆင်နှင့်နင်းသတ်တော့မည့်ဟန်ဖြင့်
အဖန်ဖန် ခြောက်လှန့်ခဲ့ပါတယ်..
အဲဒီမကောင်းမှုအကျိုးဆက်ကြောင့် နောက်ဆုံးဘဝ
ဘုရားဖြစ်တဲ့အခါ ရာဇဂြိုလ်ပြည်မှာ
သေရည်အရက်များစွာသောက်ပြီး အကြမ်းစိတ်အရိုင်းစိတ်
ပေါက်နေတဲ့ "နာဠာဂီရိဆင်"က ဘုရားရှင်အား
နင်းသတ်ရန် ချဉ်းကပ်လာတာကို ခံရပါတယ်..
၇။ မြတ်စွာဘုရားရှင်ဟာ တစ်ခုသောဘဝမှာ
ပြည့်ရှင်ဘုရင်မင်းဖြစ်ပြီး မင်းမာန်တက်ကာ
ယောက်ျားတစ်ဦးကို ကိုယ်တိုင်ပဲ လှံနှင့်ထိုးဆွ
သတ်ဖြတ်ခဲ့ပါတယ်..
အဲဒီမကောင်းမှုအကျိုးဆက်ကြောင့် ငရဲမှာ
နှစ်ပေါင်းများစွာ ကျခံခဲ့ရပြီး နောက်ဆုံးဘဝ
ဘုရားဖြစ်သောအခါ ဒေဝဒတ်
ကျောက်မောင်းဆင်ချခြင်းကြောင့် ဖြစ်လာသော
ခြေမတော်မှာ သွေးစိမ်းတည်တဲ့အနာကို
ကုစားရန်အတွက် "ဆရာဇီဝက" က ခြေမတော်ကို
ဓားနှင့်ခွဲတာကို ခံရပါတယ်..
၈။ မြတ်စွာဘုရားရှင်ဟာ တစ်ခုသောဘဝမှာ
တံငါရွာတစ်ရွာမှ တံငါသားငယ်ဖြစ်ကာ
မိမိဆွေမျိုးတံငါတွေက ငါးတွေကို
ရက်ရက်စက်စက် သတ်ဖြတ်ကြတာကို မြင်ရတဲ့အခါ
ကိုယ်တိုင်မသတ်ပေမယ့် ဝမ်းမြောက်ဝမ်းသာ
ဖြစ်ခဲ့ပါတယ်..
အဲဒီမကောင်းမှုအကျိုးဆက်ကြောင့် နောက်ဆုံးဘဝ
ဘုရားဖြစ်တဲ့အခါ ဦးခေါင်းတော်ကိုက်တဲ့ရောဂါ မကြာခဏ
ဖြစ်တာကို ခံစားရပါတယ်..
(ငါးတွေကို ရက်ရက်စက်စက်သတ်ခဲ့တဲ့
ဆွေမျိုးတံငါတွေဟာ သာကီဝင်မင်းမျိုးတွေ ဖြစ်လာကြပြီး
"ဝိဋဋူဘ"ရဲ့ အသတ်အဖြတ်ကို ခံကြရပါတယ်..)
၉။ မြတ်စွာဘုရားရှင်ဟာ တစ်ခုသောဘဝ
ဖုဿဘုရားရှင်ရဲ့သာသနာတော်မှာ တပည့်ရဟန်းတွေကို
"သင်တို့ဟာ မုယောကိုသာ စားကြလော့..
သလေးဆွမ်းတွေကို မစားကြနဲ့.."လို့ ရေရွတ်စကား
ပြောဆိုမှားခဲ့ပါတယ်..
အဲဒီမကောင်းမှုအကျိုးဆက်ကြောင့် နောက်ဆုံးဘဝ
ဘုရားဖြစ်တဲ့အခါ ဝေရဉ္ဇာပြည်မှာ "ဝေရဉ္ဇာပုဏ္ဏား"
လျှောက်ထားပင့်ဖိတ်ချက်အရ ဝါကပ်တော်မူစဉ်
ဝါတွင်းသုံးလပတ်လုံး မုယောမှုန့်ကိုသာ
ဘုဉ်းပေးခဲ့ရပါတယ်..
၁၀။ မြတ်စွာဘုရားရှင်ဟာ တစ်ခုသောဘဝမှာ
လက်ဝှေ့သမားဖြစ်ပြီး အခြားလက်ဝှေ့သမားတစ်ဦးကို
ခါးရိုးကျိုးအောင် ရိုက်ချိုးထိုးသတ်ခဲ့ပါတယ်..
အဲဒီမကောင်းမှုအကျိုးဆက်ကြောင့် နောက်ဆုံးဘဝ
ဘုရားဖြစ်တဲ့အခါ ခါးတော် နာကျင်ကိုက်ခဲခြင်းဆင်းရဲကို
ခံစားရပါတယ်..
၁၁။ မြတ်စွာဘုရားရှင်ဟာ တစ်ခုသောဘဝမှာ
ဆေးဆရာဖြစ်ခဲ့ပြီး ဆေးဖိုးမပေးလိုတဲ့
သူဋ္ဌေးသားတစ်ဦးအား ဝမ်းသွားဆေး
တိုက်ကျွေးခဲ့ပါတယ်..
အဲဒီမကောင်းမှုအကျိုးဆက်ကြောင့် နောက်ဆုံးဘဝ
ဘုရားဖြစ်ပြီး ပရိနိဗ္ဗာန်စံတော်မူခါနီးမှာ
သွေးဝမ်းသွန်ရောဂါကို ခံစားရပါတယ်..
၁၂။ မြတ်စွာဘုရားရှင်ဟာ တစ်ခုသောဘဝ
ကဿပဘုရားရှင်လက်ထက်မှာ
ဇောတိပါလပုဏ္ဏားလုလင်ဖြစ်ခဲ့ပြီး ကဿပဘုရားရှင်ကို
"ဒီဦးပြည်းရဟန်းမှာ သဗ္ဗညုတဉာဏ်
ဘယ်မှာဖြစ်နိုင်မှာလဲ..
သဗ္ဗညုတဉာဏ်ဟာ အလွန်ရခဲတဲ့ တရားဖြစ်တယ်.."လို့
နှုတ်နဲ့ပြစ်မှား ပြောကြားခဲ့ပါတယ်..
အဲဒီမကောင်းမှုအကျိုးဆက်ကြောင့်
နောက်ဆုံးဘဝမှာ တောထွက်ပြီး ဘုရားဖြစ်အောင်
ဒုက္ကရစရိယာ ကျင့်တော်မူတဲ့အခါ
အခြားဘုရားအလောင်းတော်တွေမှာ
ရက် လ အနည်းငယ်သာ ထိုက်သည့်အလျောက်
ကျင့်ကြရပေမယ့် ဂေါတမမြတ်စွာဘုရားရှင်ဟာ
(၆)နှစ်ကြာအောင် ဒုက္ကရစရိယာကို
ကျင့်တော်မူရပါတယ်..
မြတ်စွာဘုရားလောင်းဟာ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း
ကာလပတ်လုံး ပါရမီဆယ်ပါး အပြားသုံးဆယ် ဖြည့်ကျင့်ပြီး
ဘုရားအဖြစ်ရောက်ခဲ့တာတောင်မှ အတိတ်ဘဝတွေတုန်းက
ဝဋ်ကြွေးတွေ ပေးဆပ်ရပါသေးတယ်..
ဒီလောက်များတဲ့ကုသိုလ်ကောင်းမှုတွေရှိခဲ့တာတောင်မှ
ခန္ဓာရရှိနေသေးတဲ့အတွက် တစ်ကြိမ်တစ်ခါမျှပြုမှားမိခဲ့တဲ့
အကုသိုလ်ကံတွေက အခွင့်ရရင် ရသလို
ဝင်ရောက်နှောင့်ယှက်တာတွေ ရှိနေပါသေးတယ်..
ခန္ဓာမရရှိတော့ရင်တော့ ဒီလိုဝင်ရောက် နှောင့်ယှက်ခွင့်
မရတော့ပါဘူး..
ကိလေသာတွေပြည့်ကျပ်နေတဲ့ ပုထုဇဉ်လူသားမိမိတို့အဖို့
ရှေ့ကမိမိတို့မသိနိုင်တဲ့ ဘဝပေါင်းမြောက်မြားစွာမှာ
ပြုလုပ်မှားမိခဲ့တဲ့အကုသိုလ်တွေက ဘယ်လောက်တောင်ရှိမလဲဆိုတာ ခဏတွေးကြည့်လိုက်ပါ..
အဲဒီပြုမှားမိခဲ့တဲ့ မကောင်းမှုအကုသိုလ်တွေရဲ့
အကျိုးဆက်က ခန္ဓာရနေသရွေ့ နိဗ္ဗာန်မရောက်သေးသရွေ့
ခံနေရဦးမှာပါပဲ..
ဒီဘဝ သာသနာတွင်းမှာ လူဖြစ်လာတာဟာ
အင်မတန်မှ ကံကောင်းတာပါ..
ဒါကြောင့် ဆင်းရဲရဲ ချမ်းသာသာ အရွယ်မရွေး
မေ့လျော့ပေါ့ဆမနေကြပဲ သတိပဋ္ဌာန်တရားကို
ကြိုးစားအားထုတ်မှသာ နိဗ္ဗာန်နဲ့ နီးသထက် နီးလာနိုင်မှာပါ.

အာသောကမင်းကြီး

ဗုဒ္ဓသာသနာကိုပြန့်ပွါးစေခဲ့သည့် အာသောကမင်းကြီး
**********************************************
အိန္ဒိယနိုင်ငံ၏သားကောင်းရတနာ ဘုရင်တစ်ပါးဖြစ်သော အသောကမင်းကြီး သည် ခရစ်တော် မပေါ်မှီ ၂၆၈ ခုနှစ်တွင် အိန္ဒိယထီးနန်းကို ဆက်ခံခဲ့သည့် ဧကရာဇ် မင်းတစ်ပါးဖြစ်သည်။ သမိုင်းမှတ်တမ်းဝင်ဘုရင်များအနက် အောင်ပွဲရပြီးနောက် စစ်ကိုစွန့်ပယ်ခဲ့သော တစ်ဦးတည်းသော စစ်ဘုရင် ဖြစ်သည်ဟု စာရေးဆရာကြီး အိပ်-ဂျီဝဲလ် ကဆိုထားသည်။ စစ်ကို စွန့်ပယ်ခဲ့သော အသောကမင်းသည် ဗုဒ္ဓဘာသာ ကို သက်ဝင်ယုံကြည်ခဲ့သည်။
ဗုဒ္ဓသာသနာ ကိုလူအများသက်ဝင်ယုံကြည်လာစေရန် ကြိုးပမ်းခဲ့သော ပုဂ္ဂိုလ်ကြီးလည်းဖြစ်သည်။ အသောကမင်းကြီး၏ ဘ၀နှင့်ခံယူချက်များအား သူပိုင်သော နယ်မြေအတွင်းတွင် ရေးထိုးထားသော ကျောက်စာများ တွင်တွေ့ရှိနိုင်သည်။ ထိုကျောက်စာများအနက်မှ အချို့အား အိန္ဒိယနိုင်ငံ အနှံ့အပြားတွင် ယနေ့တိုင်တွေ့ရှိ နိုင်သေးသည်။ ဤကျောက်စာများ၏ ပထ၀ီအနေအထားအရ အသောကမင်းကြီး ၏ နယ်ပယ်အကျယ်အ၀န်းကို နှောင်းလူများခန့်မှန်းခွင့် ရခဲ့ကြသည်။
အသောကမင်းကြီးသည် ဗုဒ္ဓ၏ဓမ္မကို မိမိ၏ဘာသာရေး ဒဿနအဖြစ် လက်ခံခဲ့ပြီး နောက် တိုင်းသူပြည်သားများအား မှန်ကန်သစ္စာရှိမှု၊ သနားကြင်နာမှု၊ အကြမ်းမဖက်မှု စသည့်တရားများဖြင့် အုပ်ချုပ်ခဲ့သည်။ တင်းကျပ်လွန်းသော ဥပဒေများကို လျှော့ချပေးခြင်း၊ တိရိစ္ဆာန် ဘေးမဲ့ဂေဟာများ ဆောက်လုပ် ပေးခြင်း၊ လမ်းများဖေါက်ပေးခြင်း၊ ဆည်မြောင်းတာတမံ များဆောက်လုပ် ပေးခြင်း စသည်တို့ကို တိုင်းသူပြည်သားများအတွက် ဆောင်ရွက်ပေးခဲ့သည်။ နိုင်ငံအနှံ့အပြားတွင် ရေတွင်း၊ရေကန်များလည်း တူးဖေါ်လှူဒါန်းခဲ့သည်။ အထူးခြားဆုံးမှာ တစ်ခြားဘာသာများအား လည်းလွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားသို့ ဗုဒ္ဓသာသနာပြုများ လည်း စေလွှတ်ခဲ့ပြီး သီဟိုဠ်ကျွန်းတွင် ဗုဒ္ဓသာသနာ အထူးပင် စည်ပင်ဖွံ့ဖြိုးခဲ့သည်။
ဘီစီ ၂၂၆ တွင် အသောကမင်းကြီးကွန်လွန်ခဲ့သည်ဟု အချို့သမိုင်းမှတ်တမ်းများ တွင် ဖေါ်ပြကြသည်။ စာရေးဆရာကြီး အိပ်-ဂျီဝဲလ်က သူရေးသားသော (Outline of History) ဆိုသော စာအုပ်ထဲတွင် အသောက မင်းကြီးအား ဤကဲ့သို့ ချီူးကျူးပြောဆိုထားပါသည်။
.............................................
“သမိုင်းစာမျက်နှာများတွင် ထောင်ပေါင်းများစွာရှိနေသည့် ဘုရင်၊ဧကရာဇ်၊ မင်းညီမင်းသား များ၏အမည်နာမများကြားတွင် အာသောက၏ အမည်နာမသည် တစ်စင်းတည်းသော ကြယ်တာရာအဖြစ် ထီးထီးကြီးပင် ၀င်းလက်တောက်ပ နေသည်။ ဗော်လဂါမြစ်မှသည် ဂျပန်ပြည်အထိ အသောက၏အမည်နာမသည် အလေးအမြတ်အပြုခံရတုန်းပင်ရှိသည်။ တရုတ်ပြည်နှင့် တိဗက်ပြည်အပြင် အိန္ဒိယ သည်ပင် သူ့အဆုံးအမ သြ၀ါဒများကို စွန့်လွှတ်လိုက်ပြီဖြစ်သော်လည်း သူ၏ကြီးကျယ်မြင့်မြတ်မူ့ အစဉ်အလာကိုမူ ထိန်းထားလေသည် ။ ကွန်စတင်တိုင်း ၊ သျှာလမိန်း ဆိုသောနာမည်များကို ကြားဖူးနားဝ ရှိနေသူများထက် သူ့ကိုတလေးတစား အမှတ်တရ ရှိနေကြသူများ၏ ဦးရေကယနေ့ ပို၍ပင်များပြားနေသည်။”
................................................
စစ်ဘုရင်ဘဝ
***********
အသောကမင်းကြီးအား မည်သည့်ခုနှစ်တွင်မွေးဖွားခဲ့သည်ဟူသော သမိုင်း အထောက်အထားမှာ ယခုထိအတိအကျမသိရသေးပေ။ ဘီစီ ၃၀၀ ခန့်က ဖြစ်မည်ဟူသော ခန့်မှန်းချက်များသာရှိသည်။အသောက သည် အိန္ဒိယနိုင်ငံ ၏ သမိုင်းတွင်ပထမဆုံးသော အင်ပါယာကို တည်ထောက်နိုင်ခဲ့သည့် စန္ဒဂုတ္တမောရိယ၏ မြေးတော်ဖြစ်သည်။ ဘိုးတော်၏အင်ပါယာတွင် မပါဝင်ပဲ ကျန်ရှိသောအိန္ဒိယ နိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်းအား ဆက်လက်သိမ်းပိုက်ရန် အသောကသည် ကြိုးပမ်းခဲ့သည်။ တိုင်းနိုင်ငံ ငယ်လေးများအား တိုက်ခိုက် အောင်ပွဲ ခံလာပြီးနောက် နန်းသက်ရှစ်နှစ်မြောက်တွင် အိန္ဒိယအရှေ့ဘက်ကမ်းရှိ ကလိင်္ဂတိုင်း(ယခု အိုရစ်ဆာပြည်နယ်တွင်ရှိသည်) သို့ ၀င်ရောက် တိုက်ခိုက်လေ သည်။ ကလိင်္ဂတိုင်းသားများက ရဲရဲဝံ့ဝံ့နှင့် ပြန်လည်ခုခံခဲ့ သောကြောင့် လူပေါင်း များစွာသေကြေပျက်စီးကြရလေသည်။သို့သော်ကလိင်္ဂ တိုင်းသည်လည်း နောက်ဆုံးတွင် အသောကလက်သို့ ကျရောက်သွားခဲ့သည်။ ထိုစစ်ပွဲတွင် သွေးသံရဲရဲနှင့် အနိဌာရုံများကို မြင်တွေ့ရသောအခါ အသောကမင်းသည် စိတ် အာရုံတုန်လှုပ် ခြောက်ခြားခဲ့ ရသည်။ စစ်နှင့်ပတ်သတ်သော လုပ်ငန်းများကို လည်း စိတ်ကုန်သွားခဲ့သည်။
ထိုအချိန်မှစ၍ ကျူးကျော်စစ်မှန်သမျှကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့သည်။
ကလိင်္ဂတိုင်းကို အောင်မြင်ပြီးသောအခါတွင် အိန္ဒိယတောင်ပိုင်းရှိ အနည်းငယ်မျှသော နယ်မြေများသာ အသောကမင်း၏ အင်ပါယာထဲတွင် မပါဝင်ပဲရှိလေသည်။ အသောက၏ အင်ပါယာအားနှင့် ဆက်လက်တိုက်ခိုက် သိမ်းပိုက်မည်ဆိုပါက လွယ်တကူပင်အောင်မြင်နိုင်သော်လည်း စစ်ပွဲကို စွန့်လွှတ်ခဲ့သော အသောကမင်းကြီးသည် တရားမင်းပီသပါပေသည်ဟု သမိုင်းဆရာများက တညီတညွတ်တည်း လက်ခံထားကြသည်။
သာသနာပြုမင်းဘဝ
***********
ကလိင်္ဂတိုင်းတွင် စစ်ကိုငြီးငွေ့သွားသော အသောကမင်းကြီးသည် ဗုဒ္ဓ၏ ဓမ္မဘက်တွင်စိတ်ကိုမြုပ်နှံထားခဲ့သည်။ စစ်ဘုရင်ဘ၀မှ သာသာနာပြု မင်းမြတ်အဖြစ်သို့ပြောင်းလဲသွားသော အသောကမင်းကြီးအား ဗုဒ္ဓမှလွဲလျင် ဗုဒ္ဓသာသနာကို ကမ္ဘာ့ဘာသာ ကြီးတစ်ခုဖြစ်အောင် အထိရောက်ဆုံး ဆောင်ရွက်နိုင်ခဲ့သူဟု ကျမ်းပြုဆရာတစ်ယောက်ဖြစ်သော Michael H.Hart ကဆိုထားသည်။ သာသနာပြုများနှင့် တမန်တော်များအား အနောက်အာရှ၊ ဥရောပ နှင့် အာဖရိကဒေသ များသို့ စေလွှတ်ခဲ့သည်။ အသောကမင်းရဲ့ အယူအဆမှာ ဓမ္မဆိုသည်မှာမန္တန်ရွတ်ဖတ် ပူဇော်ခြင်း၊ ဘာသာရေး ဓလေ့ထုံးစံများကို လိုက်နာခြင်းထက် လူ့လောက၊ လူ့အဖွဲ့အစည်းကို မြှင့်တင်ပေးခြင်းသာ ဖြစ်တယ်ဟု ယုံကြည်ထားသည်။ ထို့ကြောင့် ပြည်သူများ အတွက် ဥယျာဉ်များ၊လမ်းများ၊ ရေတွင်းရေကန်များ၊ ဆေးရုံများ ပြုပြင် ဆောက်လုပ်ပေးခဲ့သည်။ မိန်းမများပညာသင်ကြား နိုင်ရေး အတွက်လည်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ပါဋလိပုတ္တရ တစ်ဝိုက်တွင် ဗုဒ္ဓတက္ကသိုလ်များ တည်ဆောက်ပေးခဲ့သည်။ ထိုကျောင်းများသို့ တရုတ်ပြည်နှင့် အနောက် အာရှရှိ ဝေးကွာသော နိုင်ငံများမှ ကျောင်းသားများပင် ပညာလာသင်ကြားကြသည်။ ထိုကျောင်းသားများသည် မိမိတို့ဇာတိသို့ ပြန်သွားသောအခါ ဗုဒ္ဓသာသာနာတော်ကို ဆောင်ကြဉ်းသွားကြလေသည်။
လူများအတွက်သာမက သတ္တ၀ါအပေါင်းအား သနားကြင်နာသောအားဖြင့် တိရစ္ဆာန်များကို သတ်ဖြတ်၍ယစ်ပူဇော်သော ဓလေ့ကို တားဆီးခဲ့သည်။
တိရစ္ဆာန် ဘေးမဲ့ဂေဟာများ တည်ထောင်ပေးရုံသာမက၊ တိရစ္ဆာန် ဆေးကုသရေး ဌာနများပင် တည်ဆောက်ပေးခဲ့သည်။
အသောက မင်းကြီးလက်ထပ်တွင် ဗုဒ္ဓသာသနာ သန့်ရှင်းစင်ကြယ်စေရန်အတွက် တတိယ သံဃာယနာ တင်တော်မူခဲ့သည်။
ထိုသာသနာပွဲအား ပါဋလိပုတ္တရမြို့တွင် တင်ခဲ့ခြင်းဖြစ်သည်။ သာသနာတော် (၂၃၅)ခုနှစ်၊ တတိယသံဃာယနာ တင်ပြီးချိန် တိုင်းပြည်အရပ်ရပ်တို့သို့ ဗုဒ္ဓသာသနာတော်ပြန့်ပွားစေရန်ရည်ညွှန်း၍ ထိုနှစ် တပို့တွဲ လအတွင်း ၌ပင် အသောကမင်း တရားကြီးနှင့် အရှင် မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်မြတ် တို့က ကိုးတိုင်း ကိုးဌာန ပြည်နယ်တို့သို့ ဥပသမ္ပဒ ကံဆောင်နိုင်စေ ရန် ခေါင်းဆောင်တစ်ပါးနှင့် သံဃံငါးပါးစီကို စေလွှတ်ကြွချီတော်မူကြသည်။
သီဟိုဠ်သို့ ညီတော်မဟိန္ဒ နှင့် နှမတော် သင်္ဃမိတ္တာအား စေလွှတ်၍ ဗုဒ္ဓဂါယာရှိ ဗောဓိပင်မှညောင်ကိုင်းတစ်ကိုင်းအား ယူဆောင်သွားစေသည်ဟု အဆိုရှိခဲ့သည်။ သီဟိုဠ်တွင် ဗုဒ္ဓသာသနာပြန့်ပွား လာပြီး ထိုမှတဆင့် မြန်မာနိုင်ငံရှိ မွန်လူမျိုးများ ထံသို့ ဗုဒ္ဓသာသနာ ရောက်ရှိလာသည်ဟု ဆိုကြသောကြောင့် အသောက မင်းကြီး၏ ကျေးဇူးသည် မြန်မာနိုင်ငံ အပေါ်လည်း မကင်းခဲ့ (သက်ရောက်ပေ သည်) ဟုဆိုနိုင်ပါသည်။
Credit ;ရွှေဝါရောင်

ကာလာမသုတ်

ကာလာမသုတ်တော်လာ မြတ်စွာဘုရားဟောကြာတော်မူသော စကား ဆယ်ခွန်း
===================================================
"အို ကာလာမတို့-
(၁) တဆင့်စကား အဆင့်ဆင့် ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။
(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်
(၃) အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။
(၄) ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။
(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။
(၆) အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။
(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံ မျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။
(၈) ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံ မျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။
(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့်ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ ဝါဒသည်ဖြစ်နိုင်ဖွယ်ရှိသည် ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်
(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြကုန်လော့ ....
ဂေါတမဗုဒ္ဒ (ဘီစီ ၅၆၃ - ၄၈၃)
( အဂုင်္တ္တရနိကာယ် ။ တိက နိပါတ် ။ မဟာ ဝဂ် ကေသ မုတ္တိသုတ် )
Credit to Yangon Media

မတူညီရခြင်း။

"ဘန္တေ နာဂသေန၊ 
အလုံးစုံသော သူတို့သည် ဘယ့်ကြောင့် မတူညီကြသနည်း။ 
အချို့အသက်တို၍ အချို့ရှည်ဧ။်။ 
အချို့ရောဂါများ၍ အချို့နည်းဧ။်။ 
အချို့မလှ၊ အချို့လှဧ။်။ 
အချို့တန်ခိုးနည်း၍ အချို့ တန်ခိုးကြီးဧ။်။
အချို့ဆင်းရဲ၍ အချို့ ချမ်းသာဧ။်။
အချို့ယုတ်နိမ့်၍ အချို့ မြင့်မြတ်ဧ။်။
အချို့ ပညာမဲ့၍ အချို့ ပညာရှိဧ။်။"

Thursday, April 7, 2016

ဘုရားဖူးကြတယ် (၁)

ရွှေတိဂုံစေတီကို ဒီနေ့ ဖူးမြှော်ခဲ့ကြတယ်။
အတွေးအခေါ်တော်လှန်ရေး နောက်တစ်ခု အနေနဲ့
အံဖွယ်ကိုးသွယ်ကို နည်းနည်းမှ မဆွေးနွေးဘူး။
တရားကိုမြင်မှ
ဘုရားကို မြင်မယ်။
သောဓမ္မံပသတ္တိ
သော မံ ပသတ္တိ။
ဘုရားရောက်ပြီး တရားမမြင်ရင် ဘုရားဖူးတယ်လို့ ပြောမရဘူးနော်။
ဘာတွေ ဆွေးနွေးဖြစ်လဲဆိုတော့
(၁) ဘုရားကို ဘယ်စိတ်နဲ့ လာဖူးလဲဆိုတာ မေးမိတယ်။
စိန်ဖူးတော်အကြောင်းနဲ့ ပန်းတင်ခုံ
(၂) အောင်မြေအကြောင်းနဲ့ ပတ္တမြားမျက်ရှင်အကြောင်းတွေဆွေးနွေးတယ်။
(၃) နောင်တော်ကြီးစေတီအကြောင်းနဲ့ ဆက်ပြီးတော့
မင်းကွန်းပုထိုးတော်ကြီးနဲ့ ဘိုးတော်ဗဒုံမင်းရဲ့ အကြောင်းတွေ ပြောဖြစ်တယ်။
ထူပါနဲ့ စေတီအကြောင်းပြောဖြစ်တယ်။
(၄) စေတီလေးမျိုးအကြောင်းပြောဖြစ်တယ်။
(၅) လူပုဂ္ဂိုလ်တွေအကြောင်းပြောဖြစ်တယ်။
ညီနောင်နှစ်ဦးဖြစ်တဲ့ တဖုသနဲ့ဘလိက၊ ဥက္ကလာပမင်းကြီး၊ မယ်လမုနဲ့ သိကြားမင်း၊ သီဟဗာဟု၊ ဓမ္မစေတီမင်းနဲ့ ရှင်စောပုမိဖုရားကြီး၊
(၆) ဘုရားကြီးရဲ့ ဖွဲ့စည်းပုံ
(စိန်ဖူးတော်မှ ပန်းတင်ခုံ)
(၇) ရုပ်တုတွေရဲ့ ရည်ရွယ်ချက်
(ကိုယ်စားပြု သင်္ကေတ၊ ကာကွယ်ခြင်းသင်္ကေတ၊ အလှအပသင်္ကေတနဲ့ ပုဂ္ဂလိကခံစားမှု့သင်္ကေတ) လေးမျိုး
(၈) ဆံတော်တွင်းနဲ့ မောင်ကံ ကျောက်ရုပ်
(၉) ပန်းပုတွေနဲ့ ဇာတကဇာတ်များ
(၁၀) အောင်ခြင်းရှစ်ပါး
( ဗြဟ္မာ၊ မာန်နတ်၊ ဘီလူး၊ ပုရဗိုဒ်၊ နဂါး၊ ဆင်၊ လူအမျိုးသား၊ လူအမျိုးသမီး)
(၁၁) ဓါတ်တော်ဝေခန်း၊ ထီးတော်စေတီများနဲ့ တံခွန်တိုင်အကြောင်းတွေ ပြောဖြစ်ခဲ့တယ်။

Saturday, April 2, 2016

ပြတ်သားရမဲ့ ပညာရေး

ဆရာကြီးခင်ဗျား။
ပညာရေးရဲ့ အရည်အသွေးနဲ့ ပတ်သတ်ပြီး ဆွေးနွေးရတာဟာ သားတရားစီရင်ခန်းလို့ပဲ ကျနော်မြင်ပါတယ်။ ပျက်စီးနေတဲ့ ပညာရေးရဲ့ အရည်အသွေးနဲ့ အလွဲသုံးစားလုပ်ခဲ့ကြတဲ့အခြေအနေတွေဟာ အမြစ်တည်နေတာကြာနေပါပြီ။ ဒီအချိန်မှာ ဒီနေ့မှာ ကျနော်တို့ ခေတ်သစ်၊ လူသစ်၊ စိတ်သစ်နဲ့ တည်ဆောက်ကြရမှာဖြစ်ပါတယ်။

အရေအတွက်ကို ဦးစားပေးတာနဲ့ ငွေရေးအသပြာကို ဦးစားပေးတဲ့ ခေတ်တွေနဲ့ ရင်းနှီးနေခဲ့ အသားကြနေခဲ့ကြပါပြီ။
ဦးတည်ချက်ရှိရှိပဲ ပြောပြော။ စီမံညံ့ဖျင်းလို့ပဲဆိုဆို ထိုသူတွေရဲ့ လက်ချက်နဲ့ အပျက်အပျက်ဖြစ်နေတာကြာပါပြီ။

အခြေအနေ အကြောင်းကြောင်းကြောင့် ဖြစ်ခဲ့ကြရတယ်။ ချစ်သလိုနဲ့ နှစ်ခဲ့လို့ အတော်နစ်နေခဲ့ကြရတယ်။ မာတုပီတုနဲ့ တဂိုဏ်းထဲ ထားရတဲ့ ဆရာအစစ်တွေအတွက် ကျောင်းသား အကြိုက်လိုက်နေခြင်းဟာ သားတရားစီရင်ခန်းပါပဲ။ ချစ်လွန်းလို့ အလျော့ပေးလိုက်ရတာပါ။ ဒီအချိန်မှာ ကျနော်တို့ အဆုံးအဖြတ်ပေးကြရပါမယ်။ ရွေးကြရပါမယ်။ အဆုံးအဖြတ်ပေးရမဲ့ ပွဲမှာ နိုင်အောင်ဆွဲမလား။ အရှုံးပေးမလားဆိုတာကတော့ စိတ်ရင်းနဲ့ပဲ ဖြေရမှာပါ။ ဘယ်သူမဆို အနိုင်လိုချင်တာချည်းပါပဲ။ ကိုယ်နိုင်ချင်လို့ ကိုယ်ပြန်လိုချင်လို့ ဆွဲကြမဲ့လူတွေချည်းပါပဲ။

ကျနော်တို့ တဖက်စီနေကြရမဲ့ပွဲပါ။
နိုင်အောင်ဆွဲရမဲ့ အားစမ်းရမဲ့ ပွဲပါ။
နိုင်အောင်ဆွဲမှာပါ။
ဒါနဲ့ ဒိုင်က မဟော်သဓါမဟုတ်ခဲ့ရင်ကော။



အရည်အသွေးနဲ့ ပတ်သတ်တဲ့ မေးခွန်းအနေနဲ့ မေးခဲ့မိပါတယ်။ အရည်အသွေးကို ဘယ်သူက ဆုံးဖြတ်ပါသလဲ။ မေးခွန်းထဲမှာတော့ (၁) စားသုံးသူ (၂) ထုတ်လုပ်သူ (၃) နှစ်ဦးပေါင်းဆိုပြီး ရွေးစေခဲ့ပါတယ်။ အများစုကတော့ နံပါတ် (၁) လို့ဖြေကြပါတယ်။ ဒါဟာ ပညာရေးမဟုတ်တဲ့ ၀န်ဆောင်မှုတွေမှာဖြစ်နိုင်ပါတယ်။ အစားအသောက်ဆို စားသုံးသူအကြိုက် အရသာ၊အရောင်တွေကို ရွေးချယ်ကြရတယ်။ ဖျော်ဖြေမှု့တွေမှာလည်း စားသုံးသူအကြိုက်ပါပဲ။ အနုပညာသည် အနုပညာရှင်အတွင်မဟုတ်တော့ဘဲ ခံစားသူ စိတ်ကြိုက်ဖြစ်လာရပါတယ်။

ကျနော့်အနေနဲ့ ပညာရေးရဲ့ စံကို သတ်မှတ်ဖို့အတွက် နံပါတ် (၁) လည်း မဟုတ်သလို နံပါတ် (၂) နဲ့ (၃) လည်းမဟုတ်ပါဘူဆရာဒေါက်တာတင်ဝင်းရေးသားပြောပြသွားတဲ့ အထဲက (Third Party) တတိယလူ တတိယအဖွဲ့အစည်းပဲဖြစ်ရမယ်လို့ ကျနော်ကတော့ တထစ်ချယုံကြည်ပါတယ်။ ဒီအဖွဲ့မှာ Professional တွေနဲ့ဖွဲ့စည်းထားရမယ်။ တိကျတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိရမယ်။ သမာသမတ်ကျရမယ်။ ဒါမှ သားတရားစီရင်ခန်းက အစစ်တွေ အနိုင်ရမယ်။ အင်္ဂလန်မှာတော့  Third Party ဟာ အင်္ဂလန် ပါလီမန် နဲ့  မြောက်ပိုင်းအိုင်ယာလန်ပါလီမန်ကိုတိုက်ရိုက်အစီရင်ခံရတဲ့  Ofqual အစိုးရ ဌာန ဖြစ်နေပါတယ်။

ဒီနေရာမှာ စကားလုံးရွေးချယ်မှု့တွေက အထိအခိုက်မခံဖြစ်လာရတယ်။ အစစ်၊ အတုဆိုတာတွေပါပဲ။ ကျနော်ကတော့ ပြတ်ပြတ်သားသားဆုံးဖြတ်စေချင်ပါတယ်။ အစစ်မဟုတ်ရင် အတုလို့၊ အစစ်တော့မဟုတ်ဘူး၊ ဒါပေမဲ့အတုလားဆိုတော့မဟုတ်ဘူးဆိုတာက ကွက်လပ်လေးတွေဖြစ်နေစေတယ်။ အားနည်းချက်တွေဖြစ်ပေါ်စေပါတယ်။ အဲဒီဂယ်ပေါက်တွေကနေ လစ်ဟာမှုတွေကနေ အကွက်တွေ၊ ဂွင်တွေဖြစ်ပေါ်လာနိုင်တယ်လို့ ယူဆလို့ ကျနော်တို့ အနာဂါတ်ပညာရေးအတွက် ပြတ်သားစေချင်ပါတယ်။

Ofqual ဟာအစိုးရ ဌာန မှာမှတ်ပုံမတင်ထားတဲ့  အဖွဲ့ အစည်း၊လက်မှတ် စတာတွေကိုယူကေအစိုးရကိုယ်တိုင်တာဝန်မယူနိုင်တဲ့ အတွက် ကျောင်းအတုစစ်ဆေးဖို့  Bogus colleges - Advice for students ဆိုပြီးတရားဝင်ထုတ်ပြန်ခဲ့ ပါတယ်။ ကျောင်းသားတွေကိုလဲ Ofqual မှာမေးမြန်းဖို့ တရားဝင်ပြောကြားထားပြီးဖြစ်ပါတယ်။
ဒီနေရာမှာ ပုဂ္ဂလဓိဌာန်လို့မှားယွင်းအမှတ်မမှားစေချင်ပါဘူး။ ကျနော်တို့ ကိုညီညီမောင်တို့ နမ်ဘီယီရားကစာကို အေဘီအီးရဲ့ တည်ထောင်သူ မစ္စတာလင်ဒန်ဂျုံးကိုယ်တိုင်ပေးခဲ့တာ နှစ်နှစ်ကျော်ခဲ့ပါပြီ။ Ofqual က စာကို ကိုဝင်းသူနဲ့တွေ့ခဲ့တာလည်း ကြာခဲ့ပါပြီ။ ဘီစီကို ယူကေရဲ့ ဒီပလိုမာတွေရဲ့ အရည်အသွေး ပြန်လည်ဆန်းစစ်ဖို့ တွေ့ဆုံပြီးပြောတာတွေရော မေးလ်ကတဆင့် ဖုန်းနဲ့တဆင့် (ကိုကျော်မင်းထွန်းနဲ့တဆင့်) ပြောနေတာလည်း ကြာပါပြီ။ ဒီစာတွေကို ကျနော်တို့ အမည်မခံဘဲ တနေရာရာကနေ ပို့လိုက်လို့လဲရပါတယ်။ မလုပ်ခဲ့ပါဘူး။ အခုနောက်ပိုင်း ပြည်တွင်းဒီပလိုမာတွေထွက်လာဖို့တာဆူနေတာရယ်၊ Ofqual အသိအမှတ်မပြုတဲ့ ဒီပလိုမာပေးတဲ့ သင်တန်းကျောင်းတွေ နယ်မှာ မှိုလိုပေါက်တော့မယ့်အခြေအနေတွေကြောင့် ကျနော်တို့ စုပြီး စီစဉ်ဖြစ်ကြတာဖြစ်ပါတယ်။ ပုဂ္ဂလဓိဌာန်မဟုတ်ပါဘူး။ မည်သည့်ကျောင်းတစ်ကျောင်းကို မရည်ရွယ်ပါဘူး။ သူများတွေပွဲကြီးတွေ စီစဉ်နေတဲ့ အချိန်မှာလည်း မဖွပါဘူး။ ဘီစီကို နောက်ဆုံး ကျနော်တို့ ကြာသပတေးနေ့မှာ အကြောင်းကြားပါတယ်။ ကျနော်တို့တတွေ ပညာရေးမြှင့်တင်ရေးနဲ့ ပတ်သတ်တာတွေ လုပ်တော့မယ်ဆိုတဲ့အကြောင်းနဲ့ သက်ဆိုင်ရာကျောင်းတွေကို အသိပေးဖို့ ပြောခဲ့ပါတယ်။ ဘီစီကလည်း သောကြာနေ့မှာ အကြောင်းကြားခဲ့တယ်လို့ဆိုပါတယ်။ အင်္ဂါနေ့ရောက်မှ သတင်းကြားရပါတယ်။ သိသိခြင်း ကျနော်တို့တိုင်ပင်ခဲ့ကြပြီး သုံးဦးသား ဘီစီကို သွားရောက်ဆွေးနွေးခဲ့ပါတယ်။ (၁) Ofqual အသိအမှတ်မပြုတဲ့အတွက် ဘီစီမှနေပြီး ဆက်လက်ဝန်ဆောင်မှု့ပေးဖို့ရပ်ဆိုင်းမယ်လို့ ကြားသိခဲ့ရပါတယ်။ ကျနော်တို့အနေနဲ့ တရားဝင်စာထုတ်ပြန်ပေးဖို့ ပြောဆိုခဲ့တဲ့အခါမှာ ဘီစီရဲ့အကြီးအကဲဖြစ်သူ ခရီးလွန်နေလို့ ပြန်ရောက်မှသာ ထုတ်ပြန်နိုင်ပါမယ်။ အင်္ဂါနေ့ညနေ ၂ နာရီမှာ ကျောင်းသုံးကျောင်းကို တရားဝင်ခေါ်ယူအသိပေးမယ်လို့ ကြားသိခဲ့ရပါတယ်။ ကျနော်တို့ ကျေနပ်ပါတယ်။ ဒါက အတုအယောင်ပညာရေးကို အရှိန်အဟုန်ရပ်တန့်သွားမယ်လို့ ယူဆရပါတယ်။ ပြည်တွင်းကပဲ ထုတ်ထုတ်၊ ပြည်ပကပဲ သွင်းလာလာ သတ်မှတ်ချက်နဲ့ မကိုက်ညီရင် အတုလို့ သတ်မှတ်ပြီး ဆန့်ကျင်ရမှာပါ။

ပြတ်သားကြရမှာပါ။

ကျနော်တို့အနေနဲ့ ယုံကြည်တာက ပညာရေးဟာ အရေးကြီးတယ်လို့ခံယူပါတယ်။ ဒါကြောင့် တိကျမှု့တွေလိုအပ်ပါတယ်။ ဒီနေရာမှာ ဖွင့်ဆိုချက်တွေကို ရှင်းလင်းဖို့ လိုအပ်မယ်လို့ထင်ပါတယ်။ ကိုယ်စီးတဲ့ မြင်း အထီးအမတော့ သိသင့်ပါတယ်။ အထီးမဟုတ်ရင် အမ၊ အမမဟုတ်ရင် အထီးပေါ့လို့ရှင်းရှင်းလင်းလင်းဖြစ်စေချင်ပါတယ်။

ကျနော်တို့ စံအနေနဲ့ ဒီပလိုမာအတုဟုတ် မဟုတ်စစ်ဆေးရာမှာ

(၁) ကျောင်းသည် ပြည်တွင်းတွင် တရားဝင် မှတ်ပုံတင်ထားခြင်းရှိရမည်။ (ပညာရေးဥပဒေထွက်ပေါ်လာလျင် ပညာရေးအဖွဲ့မှ အသိအမှတ်ပြု မှတ်ပုံတင်ရှိရမည်။)

(၂) ပြည်ပရှိ မိတ်ဖက်ကျောင်းနှင့် တရားဝင် သဘောတူစာချုပ်ချုပ်ဆိုထားသော ပညာရေးအဖွဲ့အစည်းသည် အဆိုပါနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားရမည်။

(၃) သင်ကြားပို့ချနေသော ဘာသာရပ်၏ အောင်လက်မှတ်ကို အဆိုပါနိုင်ငံရှိ ပညာရေးကြီးကြပ်ရေးအဖွဲ့အစည်းမှ အသိအမှတ်ပြုရမည်(မှတ်ပုံတင်ထားရပါမည်)။ ဆိုတဲ့သုံးချက်နဲ့ တိုင်းတာချင်ပါတယ်။ တစ်ခုခုဖေါက်ဖျက်ခဲ့ရင် ချွတ်ယွင်းခဲ့ရင် ဒါကို အသိအမှတ်မပြုတဲ့ ဒီပလိုမာ (၀ါ) အတုလို့ သတ်မှတ်ချင်ပါတယ်။

အခုဘီစီဖက်က ရှင်းသွားပါပြီ။ Ofqual အသိအမှတ်မပြုရင် မည်သည့်ဝန်ဆောင်မှု့မျှမပေးရလို့ သတ်မှတ်ချက်ကို လိုက်နာပါပြီ။ ကျနော်တို့ အဖွဲ့ရဲ့ဆောင်ရွက်ချက်ကြောင့် Ofqual စည်းကျပ်ခြင်းမရှိတဲ့ (၀ါ) ဒီပလိုမာအတုတွေ ရပ်ဆိုင်းသွားပါပြီ။ Ofqual အသိအမှတ်မပြုပဲပေးနေတဲ့ကျောင်း ရန်ကုန်မှာ သုံးကျောင်းရှိပါတယ်။

Ofqual ရဲ့ ပြန်စာကို ဖတ်မိတော့ အတော်လေးမှင်သတ်သွားမိပါတယ်။ သူ့ရဲ့အသုံးအနှူန်းက May be ပါ။ May be ဆိုတာက မေဘီပါပဲ။ သေချာတာတစ်ခုက ငါတို့တော့ အသိအမှတ်မပြုဘူး၊ ငါတို့နိုင်ငံက မသုံးဘူး။ မင်းတို့တော့ သုံးချင်သုံးပေါ့ဆိုတဲ့ လေသံကို နားမလည်ဘဲ ခပ်တည်တည်နဲ့ အဟုတ်လုပ်ပြီးနေတာကို မအံသြဘဲမနေနိုင်ဘူး။ ဒါဗြိတိသျှတွေရဲ့ ရေးဟန်ပဲလေ။ ဒီလို Sub-standard တွေကို မှေးပြီးလည်း မထားရှိစေချင်ပါဘူး။ Ofqual အသိအမှတ်မပြုရင် At your own risk လို့ရေးပါတယ်။ သုံးပါတယ်။ အင်္ဂလန်မှာ Ofqual အသိအမှတ်မပြုတဲ့ သင်တန်းများဖွင့်ခွင့်ရှိ၊ မရှိကတော့ ရှင်းနေပါတယ်။

ကိုဝင်းသူရဲ့ အကူအညီနဲ့ နမ်ဘီးရီးယားရဲ့ ယူကျူလေးကြည့်လိုက်မိတော့ ကွက်ကွက်ကွင်းကွင်းသွားမြင်ရတယ်။ Double Standard ပါ။ သူတို့နိုင်ငံအတွက်မဟုတ်တဲ့ မရည်ရွယ်တဲ့ ပညာရေးကို ပြည်ပနိုင်ငံတွေမှာ ဦးတည်ပြီးသွားနေတာကို ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် Nambeia ရှိ Namibia Qualifications Authority (NQA) ရပ်ဆိုင်းရခြင်းဖြစ်ပါတယ်။ ဒါကြောင့် NQA ကိုလည်း ချီးကျူးးမိပါတယ်။ လေးစားအားကျမိပါတယ်။  

ဒီအချက်သုံးချက်က ကျနော်တို့အနေနဲ့ ပြည်တွင်းဖြစ် ဒီပလိုမာတွေအတွက်လည်း လတ်တလော တားဆီးထားနိုင်မယ်လို့ ယုံကြည်ရင်း။