Friday, April 1, 2016

ပြည်ပပို့ရန်အတွက်သာ

Export Quality ဆိုရင် ကောင်းလား၊ ဆိုးလား။
ီကြီကပ်သူတွေ မရှိရင် အတက် ပြောရခက်တယ်။

တင်သွင်းတဲ့နိုင်ငံနဲ့ တင်ပို့သူရဲ့ ရည်ရွယ်ချက်တွေနဲ့ တာဝန်ပေးထားတဲ့၊ 
တာဝန်သိတဲ့အဖွဲ့အစည်းတွေနဲ့ စားသုံးသူရဲ့ ရင့်ကျက်မှု့တွေပေါ်မူတည်ပါတယ်။

အကြမ်းအားဖြင့်ပြောရရင် ကျနော်တို့တတွေအထူးသဖြင့် တတိယနိုင်ငံတွေက Export Quality လို့ဆိုရင် အထင်ကြီးတက်တယ်။ ပြည်တွင်းဖြစ်ဆိုရင် အထင်သေးတက်ကြတယ်။ နာမည်တွေတောင် အင်္ဂလိပ်လိုပဲပေးတက်ကြတယ်။ ပြည်တွင်းထုတ်လုပ်သူတွေအနေနဲ့ ပြည်တွင်းဖြစ်တွေထုတ်တဲ့အခါမှာ "Export Quality" ဆိုတဲ့ စကားလုံးတွေနဲ့ စားသုံးသူကို ဖမ်းစားတက်ကြသေးတယ်။ ပြည်ပပို့လိုက်လို့ ပုဇွန်ထုပ်တွေ မစားလိုက်ကြရဘူး။ ပြည်ပက မ၀ယ်မှ ဈေးထဲရောက်လာမှ စားရတာလဲ ကျနော်တို့ ကြံဖူးကြမယ်ထင်ပါတယ်။

ပြောင်းပြန်ပြန် စဉ်းစားရင် ဖွံဖြိုးပြီးနိုင်ငံတွေအတွက် Export Quality ဆိုတာ ဘာလဲလို့ မေးစရာဖြစ်လာနိုင်ပါတယ်။ ဖွံဖြိုးပြီးနိုင်ငံတွေဖက်ကကြည့်ရင် ပြည်ပပို့ရန်အတွက်သာဆိုရင် အရည်အသွေးကောင်းမယ်ထင်သလားလို့မေးစရာရှိပါတယ်။

ထိုနည်းတူတူပဲ တရုပ်ဖြစ်ပစ္စည်းတွေ အရည်အသွေးကောင်းလားလို့မေးရင် နာခေါင်းရှုံကျမယ် ထင်ပါတယ်။ ကျနော်တို့ ကြားနေကြက တရုပ်ဖြစ်တွေက မြန်မာနိုင်ငံအတွက်ဆိုရင် ဈေးပေါပေါနဲ့ အရည်အသွေးနိမ့်နိမ့်တွေ လှိမ့်သွင်းတယ်။ ဘာမှ အရည်အသွေးစည်းကျပ်ခြင်း၊ စောင့်ကြည့်ခြင်း၊ စားသုံးသူဖက်မှ ကာကွယ်ခြင်း အလျင်းမရှိခဲ့ပေမဲ့ ဈေးကွက်ရောက် ဈေးကွက်ပေါက်သွားတက်ပါတယ်။ အမေရိကားရောက်တုံးက ၀ယ်သမျှတွေက တရုပ်ဖြစ်တွေပါ။ ဒါဆို ဘာတွေကွာကြလဲပေါ့။ စဉ်းစားစရာ။ ကျနော်တို့ ကြားဖူးသေးတာက အားဖြည့်အချိုရည်အချို့ဆိုရင်သူတို့နိုင်ငံအတွက်သက်သက်နဲ့ မြန်မာပြည်ကို ပို့မဲ့ဟာတွေက သက်သက်ဆိုတာလဲ ကြားခဲ့ဖူးသေးပါတယ်။
ဒီနေရာမှာ အီလက်ထရွန်းနစ်ကအစ အစားအသောက်အလည် ဆေးဝါးအဆုံး ဂရုစိုက်စရာတွေချည်းပါပဲ။ ပညာရေးကတော့ ချန်လှပ်ထားခဲ့လို့ မဖြစ်ပါဘူး။ တရုပ်ဖြစ် ပစ္စည်းတွေက အမေရိကန်မှာဆို နေရာအနှံနေရာယူထားကြပါတယ်။ ကွာခြားချက်က အရည်အသွေးစိစစ်တဲ့အဖွဲ့တွေ တာဝန်သိ၊ တာဝန်ရှိတဲ့ အဖွဲ့တွေကြားမှာ ရောက်နေရတဲ့အတွက် အရည်အသွေး အာမခံချက်ရှိတဲ့အတွက် စိတ်ချလက်ချရဲရဲသုံးစွဲနိုင်ကြပါတယ်။ ထုတ်လုပ်တဲ့ နိုင်ငံတူပေမဲ့ တင်ပို့မဲ့ နိုင်ငံကွဲရင် အရည်အသွေးပြောင်းလဲနိုင်ပါတယ်ဆိုတဲ့အချက်ကို ကျနော်တို့ ဂရုစိုက်ကြရမှာဖြစ်ပါတယ်။

ဒီလိုပဲ ပညာရေးမှာလည်း ဖွံဖြိုးပြီးနိုင်ငံတစ်နိုင်ငံက ပညာရေးအရည်အသွေးတစ်ခုကို မြန်မာနိုင်ငံအတွက် သီးသန့် (၀ါ) တတိယနိုင်ငံအတွက် Export Quality Only ဆိုရင် ......

No comments:

Post a Comment