လွတ်လမ်း။ အလွယ်လမ်း။ အလွဲလမ်း။ လမ်းတွေစုံတယ်။ လမ်းတွေပေါတယ်။ အမြန်လမ်းတွေ၊ မပြန်လမ်းတွေ၊ ထွက်ရပ်လမ်းတွေ၊ နှစ်ထပ်လမ်းတွေနဲ့လမ်းသွယ်များတယ်။ ကိုယ်ပိုင်လမ်းတွေရှိတယ်။ လမ်းလွဲတွေရှိတယ်။ တဖက်ပိတ်လမ်းတွေရှိတယ်။ လမ်းဆုံတွေရှိတယ်။ လမ်းတိုတွေရှိတယ်။ လမ်းမချော်စေနဲ့။ လမ်းမမှားစေနဲ့။ လမ်းမပျောက်စေနဲ့။ လမ်းပျက်တွေရှိတယ်။ လမ်းမမှောက်စေနဲ့။ သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ။ ခလုတ်မထိ ဆူးမညှိကြပါစေနဲ့။
ဘာသာရေးက တင်းကြပ်လွန်းအားကြီးလို့ ပိတ်ထားလွန်းအားကြီးလို့ ပြေးထွက်ပြီး အဲဒီအယူအဆအတွေးအခေါ်တွေကြားက ဖွ င့်ထွက်၊ ထိုးထွက်၊ ဖေါက်ထွက်ခဲ့ကြပြီး လစ်ဘရယ်လို့ ခံယူကြတယ်။ အတွေးအခေါ်အယူအဆတွေကို အမြစ်က လှန်ကြတယ်။ အသုံးအနှူန်းကအစ ပြောင်းလဲခဲ့ ကြတယ်။
ပြောင်းလဲနေတဲ့ သြကာသလောကကြီးထဲမှာ အားလုံးပြောင်းလဲနေကြတယ်။ စက္ကန့်ပိုင်းအတွင်း မျက်စိတမှိတ် လျက်တပျက်အတွင်း ဖြစ် ပျက်တွေ မရေတွက်နိုင်အောင် ဥပဒ်၊ ထီ၊ ဘင်ဆိုပြီး ဖြစ် တည် ပျက်နေကြတယ်။ အားလုံးပြောင်းလို့ရတယ်။ အားလုံးပြောင်းကြရမယ်။ အိမ်ကမိန်းမ မပါဆိုတဲ့ ဆမ်ဆောင်းစီအီးအိုရဲ့ အဆိုအမိန့်သွားပြေးမြင်တယ်။ နိစ္စ ဝါ အနိစ္စာဝါတိ။ အနိစ္စ ဘန္ဒေ။အခုကျနော်တို့လည်း ပြေးထွက်ပြီြးေ ပာင်းလဲကြရတော့မယ်။ ပြေးထွက်ြေ ပာင်းလဲဖို့စဉ်းစားနေတယ်။ ကျနော်တို့ပြေးထွက်ရမှာက ဖေါက်ထွက်ရမှာက မတရားတဲ့ အုပ်ချုပ်ရေး၊ လူလုံးမလှတဲ့ နိုင်ငံရေး၊ နိမ့်ကျနေတဲ့စီးပွားရေး၊ ချွတ်ချုံကျနေတဲ့ လူမှုရေး စစ်မှန်တဲ့ အဆုံးအမ မပါဘူး။နှစ်သစ်ကူးတဲ့ ညမှာ ခဝါချရမှာက လောဘ၊ ဒေါသ၊ မောဟ။ သစ္စာတွေ၊ မေတ္တာတွေ ဗြဟ္မစိုရ်တရားတွေ မပါကြေး။ မှန်ကန်တဲ့ အယူအဆ အဆုံးအမအောက်က ထွက်ပြေးပြီး လစ်ဘရယ်လို့ ခံယူရင်တော့ မင်းသေချာပြီ။
တစ်ဘဝစာအတွက် အခွင့်အရေး တသံသရာအခွင့်အရေးတွေမလဲချင်စမ်း ပါနဲ့။
No comments:
Post a Comment