Ethics and CSR
ပြည်တွင်းမှာ ဆေးဝါးတွေကို ကိုယ်စားလှယ်ယူ ဖြန့်ချီမဲ့သူတွေက ဘာတွေကို ဖြန့်ဖြူးဖို့ စဉ်းစားကြမလဲ။ အမှတ်တံဆိပ်ရှိပြီးသား၊ အမြတ်များများ၊ ဈေးကွက်ရှိမဲ့ အမှတ်တံဆိပ်တွေကို ကြိုးစားရယူကြမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျင့်ဝတ်နဲ့ ပရဟိတ (သို့) လုပ်ငန်းအနေနဲ့ ပတ်ဝန်းကျင်အပေါ် တာဝန်သိခြင်းဆိုတဲ့ စီအက်(စ)အာနဲ့က တခြားဆီဖြစ်ပါတယ်။ ငါ ဒီအမှတ်တံဆိပ်ကို သွင်းခဲ့တုန်းက ဒီအမှတ်တံဆိပ်ကို လူတောင်မသိသေးဘူးကွလို့ ပြောရင်လည်း ဖြေရှင်းစရာရှိပါတယ်။ အမြတ်များပြီး ဈေးကွက်တောင်းဆိုနေတဲ့ ဆေးအတွက် စမ်းသပ်ဆဲကာလဖြစ်တဲ့အတွက် အက်ဖဒီအေကို ဟိုဘက်ရော ဒီဖက်ရော အသိအမှတ်မပြုသေးတဲ့ ဆေးတွေကို ထုတ်လုပ်ရောင်းချနိုင်ရမဲ့ အခွင့်အရေးရခဲ့ရင် သင်ဖြန့်ဖြူးရေး လုပ်မှာလား။ ဈေးကွက်လည်းရှိတယ်။ မြတ်ဖို့လည်း သေချာတယ်။ ဒီအလုပ်ကို လုပ်ခံပြီး လုပ်မယ်၊ မလုပ်ဖူးဆိုတာက ကျင့်ဝတ်ပါ။ လုပ်သင်၊ မသင့်ကို စဉ်းစားတာပါ။ ဒါကိုသင်ပေးလို့မရပါဘူး။
ဟုတ်ပြီ။ လုပ်ခဲ့ပြီး၊ ဖြန့်ဖြူးခဲ့ပြီး ရလာတဲ့ အကျိုးအမြတ်တွေနဲ့ လှူတယ်။ တန်းတယ်။ စီအက်စအာလုပ်တာပါ။ The Business of business is business. စီးပွားရေးဟာ လုပ်တယ်ဆိုတာ အမြတ်ရဖို့ပါ။ စီးပွားရေးသမားတွေက ညီးတော်နွားမကျောင်းဘူး။ ကျေင်းခဲ့ရင်လည်း အခြေအနေတစ်ခုရှိပါမယ်။ မမြတ်ရင် မလုပ်ပါဘူး။ ပညာရေးဟာ စီးပွားရေး တချိန်က ကျောင်းဆရာတွေက မဆန်ခဲ့ပါဘူး။ အခုအချို့ဆရာကြီး၊ ဆရာမကြီးတွေဆိုရင်လည်း စေတနာ အရင်းခံနဲ့ သင်ကြားပေးကြပါသေးတယ်။ (ဒီနေရာမှာ ဆရာကြီး၊ ဆရာမကြီးများကို လက်အုပ်ချီ ရှိခိုးမိပါတယ်။ အာစရိယ ဂုဏော အနတ္တောပါ။) ပညာရေးကို စီးပွားရေးဆန်ခဲ့ရင် ပိုပြီး ကျင့်ဝတ်ညီဖို့လိုပါမယ်။ လုပ်ငန်းအနေနဲ့ ပတ်ဝန်းကျင်အပေါ်တာဝန်သိတက်ရုံနဲ့ မလုံလောက်ပါဘူး။) ဇာတ်ပေါင်းသော် ကျနော်တို့ ပညာရေးစနစ်မှာ အရည်အသွေးကို စိစစ်အကဲဖြတ်ဖို့ အဖွဲ့ထားရှိသင့်ပြီဖြစ်ပါတယ်။

No comments:
Post a Comment