ကျနော်တို့
ပညာရေးကို
ပြည်ပမပိုနိုင်သေးပါ။
ပြည်တွင်းမှာပဲ
အရည်အသွေးကောင်းအောင်
ကြိုးစားနေကြပါတယ်။
အခုလို
ကြိုးစားနေဆဲ
တချိန်တည်းမှာပဲ
ပြည်ပ ပညာရေးဟာ
နေရာအတော်ရောက်နေပါပြီ။
ပြည်တွင်းကိုလည်း
အဆင့်သတ်မှတ်ပြီး
တိုးမြှင့်ဖို့ဆိုတာမလွဲမရှောင်သာ
လုပ်ကိုလုပ်ရမဲ့အချက်ပါ။
တစ်ခုတည်းနဲ့ မပြီးပါဘူး။
တိုးဝင်လာတဲ့
အရှိန်ရလာ
တဲ့ပြည်ပက
ပညာရေးတွေရဲ့
အရည်အသွေးကိုလည်း
စနစ်တကျ
စိစစ်ကြရပါမယ်။
ကျနော်တို့မှာ
အတိတ်က အဓိပ္ဗါယ်ဖွင့်ဆိုချက်အသိတွေလောက်နဲ့သာ
ကျေနပ်နေကြပါတယ်။
ဥပမာ၊ အောင်လက်မှတ်။ ဒီပလိုမာ၊ ဒီဂရီတွေကို အဓိပ္ဗါယ်ဖွင့်ကြည့်ပါ။
ဒါပေမဲ့ ကမ္ဘာပတ်ပြီး ပညာရေးကို ဈေးရောင်းခဲ့တဲ့သူတွေကတော့ စွဲဆောင်မှု့ကောင်းတဲ့ နာမယ်တွေကို လှိုင်လှိုင်ထုတ်စွဲဆောင်နေကြပါတယ်။
Professional Diploma လိုမျိုး
Executive Diploma လိုမျိုး၊
Certified Manager လိုမျိုး၊
တွေထွက်ပေါ်လာနိုင်ပါတယ်။
အခုမြန်မာနိုင်ငံမှာ တစ်ဘာသာဖြေရုံနဲ့ ရနိုင်တဲ့ ဒီပလိုမာတွေများလာပါပြီ။
ဘယ်လိုမြင်ပါသလဲ။
လက်ခံလို့ အောင်မြင်လာရင်
တစ်ဘာသာဖြေရုံနဲ့ ဘွဲပေးမယ်ဆိုရင်ကော.....
အဖြေကတော့ ဘာပဲပေးပေး
(၁) သက်ဆိုင်ရာ ပညာရေးအဖွဲ့အစည်းက စနစ်တကျ စိစစ်ကြပ်မှတ်ဖို့လိုတယ်။
(၂) သတ်မှတ်ချက်နှင့် ကိုက်ညီသော အဆင့်အတန်းကို မှန်မှန်ကန်ကန်ဖေါ်ပြပေးဖို့လိုပါတယ်။
(၃) ကြေငြာများကို စည်းဘောင်နဲ့ ကိုက်ညီဖို့လိုပါတယ်။ ဥပမာ၊ ငွေလျော့ပေးတာနဲ့ ထူးချွန်ဆုပေးတာမျိုး (Discount and Scholarship) က တခြားစီပါ။
အထူးသဖြင့် တာဝန်သိတဲ့လူတွေမှာသာ တာဝန်ရှိပါတယ်။
အားလုံးမှာ တာဝန်ရှိပါတယ်။
No comments:
Post a Comment