အခု ဘာဖြစ်နေလဲ။
ဖြစ်နိုင်တာနဲ့ ပတ်သတ်လို့
တင်ဇာမော်သီချင်းထဲမှာတော့
ဘာမဆိုဖြစ်နိုင်တယ်။
အားဆေးတစ်ခွက်ပါပဲ။
တရားထဲမှာတော့
ကိုယ့်ကိုကိုယ် အားကိုးလို့
ကြိုးစားရင်
ဘုရားတောင်ဖြစ်နိုင်သဗျို။
အမြင့်ဆုံး အားပေးမှု့ပဲ။
ဦးပေါ်ဦး အဆိုအရ
ငါတို့မရှိတော့တဲ့နောက်
ဆင်မဲမဲ ဖြူဖြူ
လိုချင်တဲ့ အရောင်ဖြစ်နိုင်တယ်။
အချိန်ကာလ မပါရင်
ပိုစိတ်ချရတယ်။
ရှင်မဟာသီလ၀ံသက
အနောက်နေထွက်
ပြိုအက်မြင့်မိုရ်လို့ စပ်ဆိုခဲ့တယ်။
တင်တင်စားစားလေးနဲ့
ဆွဲထည့်လိုက်ရင်
ပိုရသမြောက်သွားတယ်။
SMART နဲ့
အချုပ်မခံနဲ့
မတိကျလေ
ကောင်းလေ။
ဆိုတော့ကာ
ဖြစ်နိုင်ပါတယ်။
အားလုံးဖြစ်နိုင်ပါတယ်။
နပိုလီယံက
မဖြစ်နိုင်ဘူးဆိုတာ
အရူးတွေရဲ့ အဘိဓာန်မှာ
ပဲရှိတယ်။
ဘာကြည့်နေတာလဲ။
ဟုတ်တယ်တော့ လုပ်လိုက်။
တစ်ခုတော့ရှိတယ်။
ပိုင်းခြေတွေများလာရင်
ရာခိုင်နှူန်းနည်းသွားမယ်။
ဖြစ်နိုင်တယ်ဆိုတာ။
ဖြစ်နိုင်တယ်ပါ။
ဖြစ်ကိုဖြစ်ရမယ်
မဟုတ်ဘူး။
သိချင်တာက
အခု
ဘာဖြစ်နေလဲ။
....
.....
......
စတားလား။
ဒေါ့ခလား။
ဖြစ်နိုင်တာနဲ့ ပတ်သတ်လို့
တင်ဇာမော်သီချင်းထဲမှာတော့
ဘာမဆိုဖြစ်နိုင်တယ်။
အားဆေးတစ်ခွက်ပါပဲ။
တရားထဲမှာတော့
ကိုယ့်ကိုကိုယ် အားကိုးလို့
ကြိုးစားရင်
ဘုရားတောင်ဖြစ်နိုင်သဗျို။
အမြင့်ဆုံး အားပေးမှု့ပဲ။
ဦးပေါ်ဦး အဆိုအရ
ငါတို့မရှိတော့တဲ့နောက်
ဆင်မဲမဲ ဖြူဖြူ
လိုချင်တဲ့ အရောင်ဖြစ်နိုင်တယ်။
အချိန်ကာလ မပါရင်
ပိုစိတ်ချရတယ်။
ရှင်မဟာသီလ၀ံသက
အနောက်နေထွက်
ပြိုအက်မြင့်မိုရ်လို့ စပ်ဆိုခဲ့တယ်။
တင်တင်စားစားလေးနဲ့
ဆွဲထည့်လိုက်ရင်
ပိုရသမြောက်သွားတယ်။
SMART နဲ့
အချုပ်မခံနဲ့
မတိကျလေ
ကောင်းလေ။
ဆိုတော့ကာ
ဖြစ်နိုင်ပါတယ်။
အားလုံးဖြစ်နိုင်ပါတယ်။
နပိုလီယံက
မဖြစ်နိုင်ဘူးဆိုတာ
အရူးတွေရဲ့ အဘိဓာန်မှာ
ပဲရှိတယ်။
ဘာကြည့်နေတာလဲ။
ဟုတ်တယ်တော့ လုပ်လိုက်။
တစ်ခုတော့ရှိတယ်။
ပိုင်းခြေတွေများလာရင်
ရာခိုင်နှူန်းနည်းသွားမယ်။
ဖြစ်နိုင်တယ်ဆိုတာ။
ဖြစ်နိုင်တယ်ပါ။
ဖြစ်ကိုဖြစ်ရမယ်
မဟုတ်ဘူး။
သိချင်တာက
အခု
ဘာဖြစ်နေလဲ။
....
.....
......
စတားလား။
ဒေါ့ခလား။
No comments:
Post a Comment