Saturday, October 22, 2016

ခရိုနီတွေ အရောင်လွင့်တဲ့နေ့

မနေ့က ပွဲကို ဘယ်လို မြင်သလဲ။
ခရိုနီတွေအတွက် ဒုတိယမြောက် ပိတ်ဆို့အရေးယူမှု့ကနေ လွတ်မြောက်သွားတဲ့နေ့လို့မြင်ပါတယ်။ ဟုတ်ပါတယ်။
ပိတ်ဆို့မှု့က နှစ်ခုပါ။ ပြည်ပပိတ်ဆို့မှု့နဲ့ ပြည်တွင်းပိတ်ဆို့မှု့ပါ။
ပြည်ပပိတ်ဆို့မှု့ကို မကြာခင်က သမ္မတအိုဘားမားက ကြေငြာခဲ့ပါတယ်။
အခုနိုင်ငံတော်၏ အတိုင်အပင်ခံပုဂ္ဂိုလ်က တရားဝင်လက်ခံလိုက်ပါပြီ။
ဒါကြောင့် အရင်က ခရိုနီများ ယခု ပြည်တွင်းလုပ်ငန်းရှင်ကြီးများအတွက် ပိတ်ဆို့ထားမှု့များ ဆိုးစိမျှ မရှိတော့ပါဘူး။ ရဲရဲဝံ၀ံ ကျင့်ဝတ်နဲ့အညီဆောင်ရွက်နိုင်ကြတော့မှာဖြစ်ပါတယ်။ ခရိုနီဆိုတာ မရှိတော့ပါဘူး။ ကျင့်ဝတ်နဲ့ညီတဲ့ လုပ်ငန်းရှင်ကြီးများဖြစ်လာအောင် အားပေးကြရမှာဖြစ်ပါတယ်။
ဒါဆိုပြီးပြီလား။ မပြီးသေးပါဘူး။ ဘယ်သူတွေကျန်သေးသလဲဆိုရင် ရာခိုင်နှူန်းအများဆုံးဖြစ်တဲ့ ပြည်တွင်လုပ်ငန်းငယ်များ အတွက် ကျန်ပါသေးတယ်။ အထူးသဖြင့် အသေးစားနဲ့ အငယ်စားလုပ်ငန်းငယ်များအတွက်ဖြစ်ပါတယ်။ လုပ်ငန်းငယ်များအတွက် ပီပြင်အောင် ကူညီထောက်ပံဆောင်ရွက်ဖို့လိုလာပါပြီ။ လုပ်ငန်းငယ်များဟာ ပြည်တွင်းလုပ်ငန်းရှင်ကြီးများနဲ့သာမက ပြည်ပနိုင်ငံများရှိ လုပ်ငန်းများနဲ့ပါ တန်းတူရင်ဘောင်တန်း ယှဉ်ပြိုင်ကြရမှာ ဖြစ်တဲ့အတွက် ပိုလို့အရေးကြီးလာပါပြီ။
ဒါကြောင့် ပြည်တွင်းလုပ်ငန်းငယ်များအတွက် အသေးစား၊ အလတ်စားလုပ်ငန်းများအတွက် ကူညီမှု့များ ပီပီပြင်ပြင်ဆောင်ရွက်ပေးနိုင်ဖို့ သက်ဆိုင်သူများမှာ တာဝန်ရှိပါတယ်။
အထူးသဖြင့် အဓိပ္ဗါယ်ဖွင့်ဆိုချက်ကို ပီပြင်အောင်ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ သို့မှသာ အသေးစား၊ အလတ်စားများအတွက် နာမည်ခံဆောင်ရွက်ပေးနေသော ၀န်ဆောင်မှု့များ၊ ချေးငွေများထိရောက်မှု့ရှိအောင် ဆောင်ရွက်ဖို့ အချိန်တန်ပါပြီ။ အားလုံးပါဝင်သော အကျိုးအမြတ်ရရှိနိုင်သော မူဘောင်များချမှတ်ဖို့ လိုအပ်လာပါပြီ။

No comments:

Post a Comment