Tuesday, December 31, 2013
Sunday, December 29, 2013
Real Competitor
Communicate about Service
Saturday, December 28, 2013
Word from Saleman
Friday, December 27, 2013
Thursday, December 26, 2013
Marketing II Session
ဈေးကွက် အသုံးအနှုံးများ။
Types of Business Plan
Wednesday, December 25, 2013
Why Buddhism (7) ဖန်တီးရှင်
If you were nothing, it is everything. (Creator)
If you were everything, the Gods are nothing. (Ani) You are not nothing but you need to be everything to be ...
Tuesday, December 24, 2013
ခက်
Sunday, December 22, 2013
Saturday, December 21, 2013
အစားစားမဲ့အချိန် စာဖတ်မဲ့အချိန်
ရေဖြည့်ခြင်း။ ၀မ်းစာဖြည့်ပါ။
Friday, December 20, 2013
Wednesday, December 18, 2013
Football Lessons
ဘောလုံးက ပေးတဲ့ မျက်ရည် သင်ခန်းစာ
ဒီတခါဖြစ်နေတာက ကိုယ်မြေ၊ ကိုယ့်ရေ၊ ကိုယ့်ပရိတ်သတ်။
အိမ်ကွင်း၊ အိမ်ကွင်း။ အိမ်ကွင်းမှာ ပြိုင် နိုင်ရမယ်ပေါ့။
ပရိတ်သတ်အားရှိတယ်ပေါ့။
ဘောလုံးပွဲတွေ ရှူံးသွားတဲ့ အချိန်မှာ လက်ခုတ်သံတွေ ညံမနေခဲ့ဘူး။
ဘင်သံတွေ လွင့်ပျံမလာခဲ့ဘူး။ အောင်ပွဲတွေ ခံမနေခဲ့ဘူး။
မျက်ရည်တွေပဲ ၀ဲလာခဲ့တယ်။ ရင်တွေပဲနင့်လာခဲ့တယ်။
ပြိုင်ပွဲတစ်ခုဆိုတာ၊ ဆီးဂိမ်းတစ်ခုဆိုတာ လမ်းဆုံးတစ်ခု နောက်ဆုံးပြိုင်ပွဲတစ်ခုမဟုတ်ဘူးဆိုတာ သိပေမဲ့
နောက်ထပ်တစ်ပွဲအတွက် ပြင်ဆင်ဖို့မေ့နေခဲ့တယ်။
ပြိုင်ဖက်ရဲ့ အားသာချက်တွေကို လေ့လာရမဲ့အစား။
ကိုယ့်ရဲ့ အားနည်းချက်ကို ဖိဖိနေခဲ့တယ်။
လက်ညှိုးတွေ ပလူပျံနေတယ်။
သားကောင်တွေ တစ်ကောင်ပြီး တကောင်ရှာနေခဲ့တယ်။
နည်းပြတွေ၊ ဒိုင်တွေ တစ်ခုပြီး တစ်ခုနာမည်တွေတပ်နေခဲ့တယ်။
အော်ဟစ်သံတွေ ဘ၀င်္ဂညံနေခဲ့တယ်။
ပြစ်တင်သံတွေ ဝေဖန်သံတွေ မျက်စောင်းတွေ ချောင်းချောင်းပေါ်လာခဲ့တယ်။
ဒေါသလှိုင်းတွေ တလိပ်လိပ်တက်လာခဲ့တယ်။
ဆီးဂိမ်းရောက်မှ အားပေးရမှန်းသိလာတယ်။
နိုင်ရကောင်းမှန်းသိလာတယ်။
ပြိုင်ပွဲရောက်မှ နိုင်ချင်စိတ်တွေ တဖွားဖွားပေါ်လာတယ်။
အမျိုးသားစိတ်တွေ နိုးကြားလာတယ်။
ငါ့တို့အသင်းပဲ နိုင်ရမယ်လို့ဖြစ်လာတယ်။
ပြိုင်ပွဲဆိုတာ ကွင်းထဲရောက်မှ ပြိုင်တာမဟုတ်ဘူး။
ကွင်းထဲမရောက်ခင်ကတည်းက ပြိုင်နေတာ။
စလုံးရေ စကတည်းက ပြိုင်နေတာ။
တစ်ယောက်တည်းပြိုင်နေလို့မရဘူး။
အနိုင်အရှူံးက ပြိုင်ပွဲတိုင်းရှိမှာပါ။
နိုင်လို့လဲ တက်မထောင်နဲ့။
ရှုံးလို့လဲ စိတ်ဓါတ်မကြနဲ့။
ပြိုင်စရာတွေ နိုင်စရာတွေ၊ ရှုံးစရာတွေ တပုံတပင်ကြီးကျန်သေးတယ်။
ဆက်အားပေးကြပါအုံး။
ဆက်ပြင်ဆင်ကြပါအုံး။
အောင်စိတ်တွေ မွေးကြပါအုံး။
ဘောလုံးအသင်းမှ အားကစားမဟုတ်ဘူး။
အမျိုးသားအသင်းမှ မသင်းမဟုတ်ဘူး။
အမျိုးသား အသင်းမရှိမှ အမျိုးသမီးအသင်းမဟုတ်ဘူး။
ထိုင်းအသင်းမှ ပြိုင်ဖက်မဟုတ်ဘူး။
အင်ဒိုအသင်းမှ ပြိုင်ဖက်မဟုတ်ဘူး။
အမျိုးသားအသင်း ဆီးဂိမ်းမှာ ရှူံးမှ ရှူံးတာမဟုတ်ဘူး။
အမျိုးသမီးအသင်း ဆီးမီးမတက်မှ ရှူံးတာမဟုတ်ဘူး။
အခြားအသင်းတွေ ရွှေမရမှ ရှူံးတာမဟုတ်ဘူး။
လေးနှစ်တကြိမ်ရောက်မှ ပြိုင်ကြရမှာ မဟုတ်ဘူး။
မကြာမီ လွတ်လပ်သောအာဆီယံ စီးပွားရေး အသိုက်အ၀န်းစတော့မယ်။
နိုင်ငံတိုင်းနဲ့ ပြိုင်ရတော့မယ်။
ထိုင်းနဲ့ တသင်းချင်းတွေ့မှာ မဟုတ်ဘူး။
အင်ဒိုအသင်းနဲ့ပဲ တသင်းချင်းတွေ့မှာ မဟုတ်ဘူး။
တပြိုင်နက်ထဲ အသင်းပေါင်းစုံနဲ့ ရင်ဆိုင်ရမှာပါ။
မြန်မာလုပ်ငန်းတွေ မြန်မာ့မြေမှာ အောင်မြင်ဖို့လိုပါတယ်။
လုပ်ငန်းရှင်တွေတင် ပြိုင်ဆိုင်ရမှာ မဟုတ်ပါဘူး။
လူတိုင်းဝင်ရောက် ယှဉ်ပြိုင်ရမှာပါ။
ပွင့်လင်းလာတဲ့ ဈေးကွက်စီးပွားရေးနဲ့အတူ လုပ်ငန်းနေရာတွေ၊ ရာထူးတွေအတွက် ယှဉ်ပြိုင်ရမှာပါ။
ရာထူးကြီးကြီးဆိုတာ ကျနော်တို့အတွက်ဖြစ်နေဖို့လိုပါတယ်။
အိမ်ကွင်းမှာ ယှဉ်ပြိုင်ဖို့ နေရာယူဖို့ အားလုံး အဆင်သင့်ပြင်ထားရပါ့မယ်။
၂၀၁၅ မှာ အာဆီယံ လွတ်လပ်သော ဈေးကွက်အတွက်၊ ပြိုင်ပွဲအတွက် အားလုံး၊ အားလုံးပြင်ဆင်ထားဖို့လိုပါမယ်။
ပြိုင်တယ်ဆိုတာ ကွင်းထဲရောက်မှ ပြိုင်မှာမဟုတ်ပါဘူး။
လူဖြစ်လာကတည်းကပြိုင်တာပါ။
ကြိုတင်ပြင်ဆင်ပါ။
ပြိုင်ဖက်ကို လေ့လာပါ။
အားနည်းချက်ကို ပြင်ဆင်ပါ။
လက်ညှိုးတွေကို လက်သီးအဖြစ်၊ အင်အားအဖြစ်ပြောင်းလဲပါ။
အားကစားသမားစိတ်ဓါတ်အပြည့်နဲ့ပြိုင်ကြပါ။
ဆက်လက်အားပေးကြပါ။
ရှူံးပြီးတဲ့ပွဲတော့ ပြီးပစေတော့။
ကျနော်တို့ လုပ်ငန်းတွေ နိုင်ဖို့လိုသေးတယ်။
ကျနော်တို့ တဦးချင်း ပြိုင်ဆိုင်နိုင်ဖို့လိုသေးတယ်။
သန်းခြောက်ဆယ်ကျမှ မျက်ရည်မဟုတ်ဘူး။
ဘောလုံးပွဲရှူံးမှ ရှူံးမှာ မဟုတ်ဘူး။
အမျိုးသားအသင်း ရှုံးမှ ရှုံးတာ မဟုတ်ဘူး။
အမျိုးသမီးအသင်း ဆီမီးမတက်ရမှရှုံးတာမဟုတ်ဘူး။
ဆီးဂိမ်းရောက်မှ ပြိုင်မှာမဟုတ်ဘူး။
ပြိုင်ပွဲစမှ ပြိုင်တာမဟုတ်ဘူး။
ကွင်းထဲရောက်မှ အားပေးတာမဟုတ်ဘူး။
လက်ညှိုးထိုးမှ နိုင်တာမဟုတ်ဘူး။
ထိုင်းအသင်းမှ ပြိုင်ဖက်မဟုတ်ဘူး။
အင်ဒိုအသင်းမှပြိုင်ဖက်မဟုတ်ဘူး။
လုပ်ငန်းတွေလည်းပြိုင်နေကြတယ်။
တစ်ဦးချင်းလဲ ပြိုင်နေကြတယ်။
Tuesday, December 17, 2013
New Age Branding
Monday, December 16, 2013
တောင်းဆိုးပလုံးဆိုး
ဘုရားသွားဖူးကြမယ်။
Wednesday, December 11, 2013
ကျေးဇူးရှင်နဲ့ ဆရာသမား။ ရန်သူအစစ်နဲ့ အာပလာသမား။
Hikku
Monday, December 9, 2013
Seeing Forests instead of Trees
Sunday, December 8, 2013
မျှော်လင့်ချက်နဲ့ အကြောက်တရား။ သုံးမျိုး
ကျောင်းသား၊ဆရာ၊ သင်ခန်းစာ
လူငယ်အတွက် အနာဂါတ်
အဝေးပြေးလမ်းမထက်က ဓလေ့ကောင်း
အဝေးပြေးလမ်းမပေါ်က ဓလေ့
တလောက နယ်ကိုသွားပါတယ်။ ညဘက်ထွက်တာပါ။ နည်းနည်းကြာလာတော့ ကားပေါ်မှာ အိပ်ပျော်သွားတယ်။ ကားတစ်ခုခုဖြစ်သွားသလို ခံစားလိုက်ရပြီး လန့်နိုးသွားတယ်။ ကားမောင်းသမားလေးက ကားပေါ်ကဆင်းသွားတယ်။ ရှေ့ကစီးလာတဲ့သူလည်း လိုက်ဆင်းသွားတယ်။ သူများတွေ ဆင်းနေတော့ ကိုယ်လည်းလိုက်ဆင်းလိုက်တယ်။ မျက်ကန်မှန်ချွတ်ထားတော့ ဘာမှမမြင်ရဘူး။ ဘယ်နားရောက်နေမှန်းတောင်မသိဘူး။ သူတို့ကပြောတယ်။ မီးခွက်ထိသွားတယ်။ ပါးခြမ်းထိသွားတယ်။ ပြီးတော့ ကားမောင်းသမားလေးကိုမေးတော့ ဘယ်ကားတိုက်သွားမှန်းတောင် မသိဘူးလို့ပြောတယ်။ အဝေးပြေးလမ်းမမှာ ကားမောင်းတာဟာ မြို့တွင်းကားမောင်းတဲ့ပုံစံနဲ့မတူဘူး။
သူ့အရပ် သူ့ဇာတ်။
လမ်းကကျဉ်း လမ်းကမကောင်း လမ်းကလဲဆိုးဆိုး တခါတရံ လမ်းမီးကမရှိ ဒီလိုအခြေအနေမှာ ညာမောင်းနှစ်လမ်းသွားဆိုပေမဲ့ လမ်းကတခါတရံတစ်စီးသာ ကောင်းကောင်းမောင်းလို့ရတယ်။ တချို့လမ်းတွေဆို တစ်စီးပြီးမှတစ်စီးမောင်းလို့ရလို့ တစ်ရက်ကို အဆင်း၊ တစ်ရက်ကို အတက် သီးသန့်တောင် သတ်မှတ်ထားပေးရတယ်။ ညကမှောင်မှောင်အချိန်မှာ ကားမောင်းသူတစ်ဦးအနေနဲ့ လှုပ်ရှားမှု သုံးခုကို တပြိုင်နက်စူးစိုက်အာရုံပြုနေရတယ်။ နောက်ကကျော်တက်ချင်ချင် တက်လိမ့်တယ်။ ကိုယ့်ကား ရှေ့ကမောင်းနေတဲ့သူနဲ့ကား၊ ဆန့်ကျင်ဖက်ယာဉ်ကျောကလူနဲ့ ယာဉ်။ မျက်လုံးက ငါးခု။ နောက်ကြဥ့်မှန်တချပ်။ ဝဲယာမှန်နှစ်ချပ်။ရှေ့မျက်စိနှစ်လုံး။ ပြီးတော့ ယာဉ်တစ်စီးလုံးရဲ့ အရှိန်ကို ခြေထောက်နှင့် ထိမ်ထားရသေးတယ်။ စတီယာတိုင် မနိုင်တာက တပြသနာ။ လီဘာမနိုင်တာက တပြသနာနဲ့ ။ လီဗာက ပြသနာပိုကြီးတယ်။ ဂီယာတွေက မန်နူရယ်ဂီယာ။ အော်တို ဂီယာ။ ဂီယာ အကြီးနှင့် တက်ပါ။ ပြိုင်ကားတွေလည်း ဂီယာ အော်တိုနဲ့ပါတဲ့။ အပေါ်မီး။ မီးကြီး။ အောက်မီး။ မီးသေး။ မီးသေးက အကုန်မမြင်ရ။ မြင်ကွင်းမကြယ်။ မရှင်း။ ဒါ့ကြောင့်မီးကြီးကဝေးဝေးမြင်နိုင်တယ်။ ရှင်းရှင်းလင်းလင်းမြင်ရတော့ အားရတယ်။ နစ်ဦးနစ်ဖက် ပြိုင်ထိုးရင် မျက်စိစူးပြီး ဘာမှမမြင်ရတော့ပါ။ လူတွေက လမ်းပေါ်တက်လျောက်တယ်။ မျက်နှာပြင်ညီတော့လျောက်ရတာကောင်းတယ်။ စက်ဘီးအများစုကရောင်ပြန်မပါ။ ဆိုင်ကယ်မီးပျက်လို့ လက်နှိုပ်ဓါတ်မီးနဲ့ထိုးမောင်းတယ်။ ဒါတွေကို စာနာရမယ်။ လမ်းက မော်တာကားမောင်းဖို့ကွချည်းမဖြစ်သင့်ဘူး။ စမောင်းတဲ့သူတွေ၊ ကိုယ်ပိုင်ကားမောင်းသူအများစု စာနာစိတ်မရှိဘူး။ တကိုယ်ကောင်းဆန်တယ်။ ကားကြီးမောင်းတဲ့သူတွေအများစုက စာနာတယ်။ ကိုယ်ချင်းးစာတယ်။ ကားက တသက်လုံးမောင်းလာခဲ့တာ။ ကားက ဘဝလေ။ နောင်လည်းကားက မောင်းရအုံးမှာ အပြန်အလှန်နားလည်တယ်။ စာနာတယ်။ မျက်စိစူးရင် ရှေမြင်ကွင်းကို ဘာမှ မမြင်ရတော့ဘူး။ အပြိုင်မီးထိုးတယ်။ မီးမချပေးဘူး။ ကားသေးတွေက မီးအရင်စတောက်ပေးတယ်။ မီးကြီးထိုးတယ်တချက်။ မီးတောက်တယ်။ မီးကြီး တချက်နဲ့ကြည့်တယ်။ရှေ့မြင်ကွင်းကို တချက်ကြည့်တယ်။ ရှင်း မရှင်း။ ရှင်းရင် မီးပြန်ချ။ ကိုယ့်ဖက်က ကြည့်သလို တဖက်ကလည်း မီးထိုးမီးချလုပ်သင့်တယ်။ ငါ့ကားက မီးကောင်တယ် ကားအသစ်ဆိုပြီး မီးမချပေးခြင်းက တဖက်သားကို စာနာစိတ်မရှိ တကိုယ်ျကာင်းဆန်တယ်လို့ထင်မှတ်ပြီး ခံပျင်းကျတယ်။ မီးအပြိုင်ထိုးတယ်။ ကပ်မှဖင်နဲ့ရိုက်။ အခုကားကြီးတွေက ခေါင်းချိုးလို့လွယ်တော့ ပိုသတိထားရတယ်။ ဒီလိုပါပဲရှေကားကိုကျော်ချင်ရင် ဟွန်းတီးပြီးကျော်တက်တာထက် မီးတောက်တက်တာပိုကောင်းတယ်။ သေချာတယ်။ ဟွန်းက ကြားချင်မှ ကြားမှာ။ တံခါးပိတ်မောင်းတဲ့အခါမျိုး။ မီးက နောက်ကြည့်မှန်က တဆင့် ကားမောင်းသူရဲ့ မျက်စိထဲတန်းဝင်လာတယ်။ ရှေ့ကားကို မီးနဲ့အချက်ပေးပါ။ ရှေ့ကားက မီးနဲ့ပြန်အချက်ပြပါမယ်။ ညာဖက်ကိုပြခြင်းကကျော်ပါ။ ရှင်းတယ်။ ဘယ်ဘက်က ကပ်နေပါ။ မရှင်းသေးပါ။ မီးအရည်အတွက်နဲ့ ရှေ့ကား ဘယ်နှစ်စီးရှိတယ်လို့ပြနိုင်ပါသေးတယ်။ အလေ့အထကောင်းလေးပါ။
ဆီးဂိမ်းမှာ ပုံစံခွက်ထဲ အတင်းထိုးမထည့်ပါနဲ့။ ဒါမြန်မာ့စိတ်ရင်းပါ။ သူ့အရပ်နဲ့သူ့ဇာတ်ပါ။ ခြောက်လမ်းသွားတွေပေါ်လာရင်။ လမ်းတွေကောင်းအောင်ပြင်လိုက်လို့ ဒီစနစ်လေးပျောက်သွားရင်တောင် ဒီဓလေ့ကောင်းကို အမှတ်ရနေအုံးမှာပါ။ စေတနာရယ် စာနာမှု့ရယ်မရှိလို့ စည်းကမ်းပေါ်လာတာလို့ထင်တယ်။ စေတနာမရှိရင် စည်းကမ်းတော့ရှိရမယ်။ စေတနာမဲ့ပြီး စည်းကမ်းမရှိတာကတော့ ပတ်ဝန်းကျင် ပျက်စီးစေတယ်။ စေတနာကို အလွဲသုံးတဲ့သူတွေရှိလာနိုင်တယ်။ စုပေါင်းအားနဲ့အနိုင်ယူပါ။ စေတနာကို စည်းကမ်းနဲ့ပေါင်းစပ်တော့ ပိုမိုခိုင်မာလာတယ်။ စည်းကမ်းကြောင့်စေတနာမပျက် မကွက်စေသင့်ပါ။ စေတနာ အဝေးပြေးလမ်းမ မန်းလေးလမ်း။ စည်းကမ်းကောင်းနိုင်ငံကြီးတွေမှာ။ စေတနာမရှိ စည်းကမ်းမကောင်းတာတွေက ရန်ကုန်မှာ။ ကားအဆမတန်များလာတယ်။ ယာဉ်မောင်းအသစ်တွေတိုးလာတယ်။ စည်းကမ်းထိန်းသိမ်းရေးအားနည်းတယ်။ သူ့အရပ်နဲ့သူဇာတ်။ ဒေသန်တရ ဗဟုသုတနည်းတယ်။ တကိုယ်ကောင်းဆန်တဲ့ခံယူချက်တွေလျော့ချရမယ်။ စေတနာ မရှိတဲ့သူတွေက စည်းကမ်းနဲ့တင်းကျပ်တယ်။ ပြီးမှစေတနာ ထပ်လောင်းတယ်။ စေတနာ စာနာမှု့ရှိတဲ့ ငါတို့တတွေကို စည်းကမ်းထဲ ထိုးထည့်တယ်။ ပြီးတော့ စည်းကမ်းအကြောင်းပြ လုပ်စားတယ်။ စည်းကမ်းဆိုတာ လိုက်နာရမယ်လို့ယူဆတယ်။ မလိုက်နာရင်လည်း ရတယ်။ လူစွမ်းကောင်းတွေပေါ်လာတယ်။ သူတော်ချင်းချင်း ပေါင်းဖက်မိတယ်။ ကြာလာတော့ ခံရပါများတော့ လေကီသားတွေလည်းမှားကြည့်ကြတော့တယ်။ တခါရတယ်။ တခါမိတယ်။ လွတ်ကောင်းလွတ်နိုင်တယ်။ လျင်သူစားစတမ်းဖြစ်လာတယ်။ စည်းကမ်းပျက် စေတနာမဲ့တွေ တကိုယ်ကောင်းဆန် လူတန်းစားတွေထွက်လာတယ်။ စည်းကမ်းချတာက လွယ်ပါတယ်။ လိုက်နာနိုင်အောင် လုပ်ဖို့ခက်ပါတယ် စေတနာရှိအောင်လုပ်ဖို့ပိုမိုခက်ခဲပါတယ်။ ယိုးဒယား ဟွန်းမတီးရအကြောင်းထည့်ပြောပါတယ်။ ဂီယာရယ်၊ မီးတောက်တာရယ်၊ ပတ်ဝန်းကျင်လှုပ်ရှားမှု့ရယ်၊ ကွမ်းဝါးတာရယ်၊ အဖေါ်။

Friday, December 6, 2013
Career Life
Why Buddhism (5)
Why Buddhism (3)
Why Buddhism (1)
1. When your God is everything, you are nothing.
2. When you are everything, Gods are nothing.
Buddha is some one and so is you are.
If you were a God, will you raise the value of Human or put down it value?
Only Buddha raises the value of Human.
It is first of it kinds in Human Capital Management.
Thursday, December 5, 2013
အလုပ်ဟူသမျှ
Wednesday, December 4, 2013
A dream
Subscribe to:
Posts (Atom)