သမ္မာအာဇီဝကျသော အလုပ်ဟူသမျှ ဂုဏ်ရှိစွ။
အလုပ်ကို အလုပ်လို လုပ်။
အလုပ်ဆိုတာ ဘ၀။
အလုပ်ရှိမှ ဘ၀ဆိုတာ အဓိပ္ဗါယ်ရှိမယ်။
သမာအာဇီဝ အလုပ်ဟူသမျှ ဂုဏ်ရှိစွ။
ဘွဲ့ရယုံ ကျောင်းမတက်ပါနှင့်။
ဘဝအတွက် ကျောင်းတက်ပါ။
အလုပ်ကို ကျောင်းတက်ရင်းရှာပါ။ လေ့လာပါ ပြင်ဆင်ပါ။
ကျောင်းပြီးမှ အလုပ် မရှာပါနှင့်။
သူများရွေးပေးတာ မယူနဲ့ ကိုယ့်စိတ်ကြိုက် ကိုယ့်ကြမာ ကိုယ်ဖန်တီးပါ။ ဆုံးဖြတ်ပါ။
ကျောင်းမှ အလုပ်မရှာပေးပါ။ အလုပ်အကိုင် အခွင့်အလမ်းတွေဖန်တီးပေးသောနေရာပါ။
အလုပ်ရှာပေးသော ကျောင်းတွင်မတက်ပါနှင့်။
အလုပ်ကောင်းကောင်းလုပ်နိုင်အောင် သင်ပေးသော ကျောင်းတွင်တက်ပါ။
အလုပ်ကို ရွေးချယ် လုပ်ကိုင်ပါ။
တွေ့ရာရရာ မလုပ်ပါနဲ့။ အလုပ်ရပြီးရော မလုပ်ပါနှင့်။
တစ်ပွဲတိုး၊ တစ်နပ်စားမလုပ်ပါနဲ့။
အလုပ်နှင့် အသက်မွေးကျောင်းပညာမတူပါ။
လုပ်ငန်းကို ရွေးပါ။
မိမိနှစ်သက်ရာ၊ ဝါသနာပါရာရွေးချယ်ပါ။
အလုပ်ကို ရွေးချယ်သလို အလုပ်ရှင် ကုမဏီကိုလည်း ရွေးချယ်ပါ။
တချိန်မှာ အလုပ်က ကိုယ့်နောက်လိုက်မလာပေမဲ့ အလုပ်ရှင်တွေ ကိုယ့်နောက် လိုက်လာပါလိမ့်မယ်။
အလုပ်လိုချင်လျှင် အိမ်မှာ ထိုင်ပြီးမရှာပါနဲ့။ ပါးစပ်နှင့်အလုပ်မရှာပါနှင့်။
အလုပ်ရှိနိုင်မည့် နေရာများတွင်ရှာပါ။လုံ့လစိုက်ပါ။
အလုပ်လျှောက်လွှာကို မိတူဆိုင်မှ မရှာပါနှင့်။
အပေါ်စာနှင့် ကိုယ်ရေးရာဇဝင်ကို အလုပ်လိုအပ်ချက်နှင့် ကိုက်ညီအောင် ကိုယ်တိုင်ရေးပါ။
ဓါတ်ပုံကို ကောင်းမွန်စွာ ရိုက်ပါ။ မော်ဒန်လျှောက်ရန်မဟုတ်ပါ။
လက်ရေးလက်သား (သို့) စာလုံးဖေါင့် ဂရုပြုအလေးထားပါ။
လူတွေ့မမေးခင် မေးမြန်းသူဖက်မှစဉ်းစားကြည့် မေးခွန်းထုတ်ကြည့်ပါ။
လူတွေ့အချိန်မှန်သွားပါ။
သပ်ရပ်စွာ ဝတ်စားဆင်ရင်ပါ။
မေးခွန်းမေးပါ။
ရိုးရိုးသားသားဖြေဆိုပါ။
အလုပ်ရှင် အလုပ်သမားသဘောတူစာချုပ်ကို နားလည်အောင်ဖတ်ပြီးမှ လက်မှတ်ထိုးပါ။
အလုပ်ထွက်မည့်စိတ်ကူးပေါ်လျှင် ..........
မိမိ အလုပ်ထံမှ ဘာလိုချင်သလဲဆိုတာလဲ သိပါ။ အလုပ်ရှင်နှင့် မိမိအလုပ်ဧ။် တောင်းဆိုချက်များကိုလည်း ဖြည့်စည်းပါ။
ရာထူးတက်ရေး၊ လစာတိုးရေးအတွက်မရှေးရူ့ပါနှင့်။
လုပ်သက်သည် ရာထူးတိုးစေနိုင်မည့်အရာတွင် အဆုံးအဖြတ်မဟုတ်ပါ။
လူ့အရင်းအမြစ်မန်နေဂျာနှင့် သူဌေးတို့သည် မိမိ ရာထူးတိုးစေ၊ တက်စေမဟုတ်ပါ။
အလုပ်လုပ်ရသော အလုပ်တွင်လုပ်ပါ။
အေးဆေးလွန်းသော ချောင်ခိုနိုင်သော နေရာတွင်မလုပ်ပါနှင့်။
လစာတစ်ခုတည်းအတွက် မလုပ်ပါနှင့်။
အလုပ်ကို ကိုယ့်တစ်ယောက်အတွက်၊ ကိုယ့်မိသားစု တစ်စုအတွက်မလုပ်ပါနဲ့ ကုမဏီအတွက်၊ မိမိရပ်ရွာအတွက် သဘာဝပတ်ဝန်ကျင်အတွက် ထည့်သွင်းစဉ်းစား အလုပ်လုပ်ပါ။
အလုပ်နှင့် မိမိမိသားစုဘဝမျှတစွာလုပ်ကိုင်ပါ။
အလုပ်မူးသမားကြီးများ မဖြစ်ပါစေနှင့်။
သရဲလာမခြောက်ပါနှင့်။
အလုပ်တွင် အလုပ်အကြောင်းသာ ဆွေးနွေးပါ။ ဝေဖန်ပါ။ အကြံပြုပါ။
လူအကြောင်း အလှအပအကြောင်း မဆွေးနွေးပါနှင့်။ ရုပ်ရှင်ရိုက်ကူးရေးမဟုတ်ပါ။
အစီအစဉ်ရေးဆွဲ လုပ်ကိုင်ပါ။
အကောင်းဆုံး အစီအစဉ်ရေးဆွဲပြီး အညံ့ဆုံး၊ အဆိုးဆုံးလုပ်ဆောင်ခြင်းသည်
အညံ့ဆုံး အစီအစဉ်ရေးဆွဲပြီး သို့ အစီအစဉ်မရှိ စိတ်ကူးပေါ်ရာကို အကောင်းဆုံး လုပ်ဆောင်ခြင်းထက်သာလွန်ကောင်းမွန်သည်။
တွေးတောရုံသက်သက်သည် အချိန်ကုန်သည်။ အချီးနှီး။
အလုပ်သက်သက်သည် အရာမထင်။
ပန်းတိုင်နှင့် လက်တွေ့ကျကျ ဆောင်ရွက်ရမည်။
တကိုယ်ကောင်းမဆန်ပါနှင့်။
တစ်ယောက်တည်း စဉ်းစားနေခြင်းသည် အိမ်မက်ဖြစ်သည်။
စုပေါင်းအိမ်မက်သည် အမှန်တကယ် အျကာင်အထည်ဖေါ်နိုင်မည်ဖြစ်သည်။
ဒုတိယအရွယ်အလုပ်အကိုင်အတွက်ပြင်ဆင်ပါ။
ကိုယ်ပိုင်အလုပ်လုပ်နိုင်အောင်ကြိုးစားပါ။
သာရေးယာရေး၊ ရပ်ရေးရွာရေးလုပ်ကိုင်ပါ။
No comments:
Post a Comment