စားသုံးသူက ကျေးဇူးရှင်ဆို
ပြိုင်ဖက်ကောင်းက ငါ့ဆရာပဲ။
သူငယ်ချင်း တစ်ယောက်ရဲ့ ဟန်ဆောင်အပြုံးတုနဲ့ အပေါ်ယံစကားတွေထက် ပြိုင်ဖက်ရဲ့ စိန်ခေါ်သံတွေကို ကျယ်ကျယ်လောင်လောင်ကြားချင်တယ်။
ပြိုင်ဖက်ကောင်းသလောက် ကျနော်တို့ ကောင်းကြတယ်။
ပြိုင်ဖက်ကောင်းရင် လက်ရည်တက်တယ်။
ပြိုင်ဖက်ညံ့ရင် လက်ရည်ကျတယ်။
ပြိုင်ဖက်က မပျင်းရအောင် သင်ပေးတယ်။
မမေ့ရအောင် သတိပေးနေတယ်။
ပြိုင်ဖက်ပဲ လိုချင်တယ်။
ရန်ဖက်တွေ မလိုချင်ဘူး။
အောက်လမ်းနည်းလမ်းတွေလည်းမသုံးချင်ဘူး။
ကိုယ့်ကိုကိုယ် ကျေနပ်ခြင်းဟာ တိုးတက်ဖို့အတွက် အကြီးမားဆုံးရန်သူပါပဲ။
ဒီရန်သူနဲ့ တိုက်ပွဲကျအောင် ပျင်းလာအောင် လုပ်ပေးနေတဲ့သူဟာ အပေါ်ယံဟန်ဆောင်ကောင်းပြနေတဲ့ မိတ်ဆွေတုတွေပါပဲ။
စားသုံးသူကောင်းသလောက် ကျနော်တို့ ပေးဆပ်ကြရတယ်။
No comments:
Post a Comment