ဘုရားဖူးကြမယ်။
အသိမိတ်ဆွေ နိုင်ငံခြားသားကို ဘုရားပေါ်လိုက်ပို့ပေးဖူးလား။
ဘာတွေ အမေးခံရလဲ။
ဘယ်လိုပြန်ဖြေဖူးကြလဲ။
ကျနော်လဲ အမေးခံရဖူးတယ်။
ကြိုးစားဖြေကြည့်ခဲ့ဖူးတယ်။
(၁) ဘုရားကို ဘယ်သူတွေ ဖုးကြပါသလဲ။ (ဘုရားကို ဘယ်သူတွေလာပါသလဲ)
(၂) ဘုရားရင်ပြင်ပေါ်တွင် ဘာတွေဖူးမျှော်ရပါသလဲ။
(၃) ဘယ်လိုစိတ်နဲ့ ဘုရားဖူးကြပါသလဲ။
ဘုရားပေါ်မရောက်ခင်နင့် ရင်ပြင်ပေါ်တွင် ဘယ်လို စိတ်ထားမျိုး ဖြစ်ပေါ်လေ့ရှိပါသလဲ။
(၄) ဘုရားဖူးတိုင်း ဘုရားကို မြင်နိုင်ပါသလား။
ကုသိုလ်ရနိုင်ပါသလား။ အပြစ်ကင်းလွတ်နိုင်ပါသလား။
(၅) ဘုရားမွေးရပ်မြေကို မသွားကြဘူးလားတဲ့။
(၆) ဘုရားဖူးတိုင်း ကုသိုလ်ရနိုင်ပါသလား။
(၁)
(၁-က) ဗုဒ္ဓဘာသာဝင်များ လာရောက်ဖူးမျှော်ကြည်ငြိုဖူးမျှော်ကြပြီး။
(၁-ခ) ဘာသာဝင်မဟုတ်သူများ လာရောက်လေ့လာကြပါတယ်။
(၂)
(က) ရုပ်ဝတ္ထုများကို မြင်ပါတယ်။
(ခ) ရုပ်ဝတ္ထုများ၏ အနက်ဓိပ္ဗါယ်ကိုမြင်ပါတယ်။
(ဂ) သဒ္ဓါတရားတွေ တဖွားဖွားဖြစ်ပေါ်လာပါတယ်။
(ယ) အမှန်တရားကို မြင်ကြပါတယ်။ ဖြစ်ပျက် တရားသဘောကို မြင်ပါတယ်။
(၂-က) ရုပ်ဝတ္ထုများကို မြင်ပါတယ်။
ဘုရားပေါ်တွင် ဆင်းတုတော်များ၊ စေတီတော်၊ ဗောဓိပင်၊ သမာဒေ၀နတ်ကောင်း၊ နတ်မြတ်များ၊ အခြံအရံ အစောင့်အရှောက်များ (ခြင်္သေ့၊ နဂါး၊ ဆင်၊ မနုသီဟ)။ ၊ တံခွန်တိုင်၊ ခေါင်းလောင်းများ၊ ရွှေသင်္ကန်းများ။ မွေးနေ့ရက်မြတ်ပူဇော်ရာ ဂြိုလ်တိုင်၊ ရုပ်ပွားတော်များကို တွေ့မြင်ဖူးမျှော်နိုင်ပါတယ်။
(၂-ခ) ရုပ်ဝတ္ထုများ၏ အနက်ဓိပ္ဗါယ်ကိုမြင်ပါတယ်။
တံခွန်တိုင်ဆိုတာ။ လျင်မြန်ခြင်း၊ ပျက်စီးခြင်း။
စေတီလက္ခဏာများ။ စိန်ဖူးတော်၊ ငှက်မြတ်နား၊ ထီးတော်၊
ခေါင်းလောင်းဆိုတာ။
ခြသေ့င်္ဆိုတာ။
ရေသပ္ဗါယ်တယ်ဆိုတာ။
(၂-ဂ) အမှန်တရားကို မြင်ကြပါတယ်။ ဖြစ်ပျက် တရားသဘောကို မြင်ပါတယ်။
ဖြစ်၊ ပျက် (အနိစ္စ၊ ဒုက္ခ၊ အနတ္တ) သဘောတွေကို မြင်ပါတယ်။
သစ္စာလေးပါး (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ၊ နိပြောဓသစ္စာ)
တရား ကိုမြင်ပါတယ်။
(၃)
ဘုရားသို့ လာရောက်ဖူးမျှော်ရာတွင် ဘုရားဖူးသူများ၏ စိတ်သဏန်တွင်
(၃-က) လေ့လာလိုစိတ်နဲ့လာပါတယ်။
(၃-ခ) လောဘစိတ်နဲ့လာပါသည်။
(၃-ဂ) သဒ္ဓါတရားနဲ့ဖူးမျှော်ကြည်ငြိုကြတယ်။
(၃-ဃ) ဥာဏ်နဲ့ဖူးမျှော်ကြည်ငြိုရန်လာပါတယ်။
(၃-က-၁)
စိတ်ထားအမျိုးမျိုးဖြစ်ပေါ်နိုင်ပါသည်။
- မောဟစိတ်ဖြစ်ပေါ်နိုင်ပါသည်။
အုတ်ပုံကြီးကို လူတွေ ထိုင် ထိုင်ရှစ်ခိုးနေကြတာ အကျိုး မရှိနိုင်ဘူး။
- လောဘစိတ် ဖြစ်ပေါ်နိုင်ပါသည်။
ဘုရားပေါ်က ရွှေတွေ၊ ကျောက်မြတ်တွေ ဘယ်လောက် တောင်တန်လဲ။
ရွှေတုံးများ၊ ဌာပနာများကို လောဘစိတ်တက်နိုင်ပါသည်။
အရည်ကြိုပြီး ပြန်သုံးလိုက်လို့ကတော့။
ဒီနေရာက ရှိနေတာ နှမြောစရာ ကောင်းလိုက်တာ။
ဒီမှာပုံထားမဲ့အစား အခြားတနေရာရာမှာသာ ပြန်သုံးလိုက်လို့ကတော့။
- သဒ္ဓါတရားဖြစ်ပေါ်နိုင်ပါသည်။
ဘုရားကြီးက ကြည်ညိုဖွယ်ကောင်းလိုက်တာ။ ဘုရားဖူးတွေအများကြီးပဲ။ လှူတန်းထားတာတွေ အပေါ်ပီတိဖြစ်နိုင်ပါတယ်။
မိမိကိုယ်တိုင်လည်း ပါဝင် လှူဒါန်းချင်စိတ်များဖြစ်ပေါ်နိုင်ပါတယ်။
- ဥာဏ်စဉ်တွေဖြစ်နိုင်ပါတယ်။
သစ္စာလေးပါးတရားနှင့် ဖြစ်ပျက်ကို ဥာဏ်ပညာဖြင့် ဖူးမြှော်ပါသည်။
(၄)
ဘုရားဖူးတိုင်း ဘုရားကိုမမြင်နိုင်ပါ။ မဖူးနိုင်ပါ။
ဝဂ္ဂလိကိုယ်တော်ကို ဘုရားရှင်က တရားမြွတ်ကြားဖူးပါသည်။
ဘုရားကိုမြင်တိုင်း ဘုရားကို မမြင်နိုင်ပါ။
တရားဓမ္မကို မြင်မှ ဘုရားမြင်ပါမည်။
ယော သေဓမံ္မ ပ္ဗသတ္တိ
နပသတ္တိ
ဘုရားကို အစဉ်အမြဲဖူးမျှော်နေသူကို ဘုရားက ငမိုက်သား ၀ဂ္ဂလိလို့ အမည်တပ်ပြီး မိမိဘုရားသခင်ဧ။် ခန္ဓာကိုယ် အပုပ်ကောင်ကို ထိုင်ဖူးမျှော်နေခြင်းသည် အကျိုးမရှိကြောင်းဟောပါတယ်။
တရက်၊ တမနက်ပဲနေနေ ဖြစ်၊ ပျက်သဘောတရားကိုမြင်လျှင် လူ့ဘ၀နေရကျိုးနပ်ပါမည်။
အသက်မည်မျှ ရှည်ရှည် ဖြစ်၊ ပျက်သဘောတရားကို မမြင်လျှင် လု့ဖြစ်ရကျိုးမနပ်ပါ။
ယောင်းမလို မနေနဲ့၊ ထမင်းအိုး၊ ဟင်းအိုးကို ဘယ်လောက်မွှေမွှေ ဟင်းအရသာမရှိ။
လျှာက ဟင်း၊ ထမင်းအရသာကိုသိတယ်။
(၅) ဘုရားမွေးရပ်မြေ (သို့) နေရာတနေကို မသွားမနေရအနေဖြင့်
မြတ်စွာဘုရားက မတားလည်း မတားမြစ်။
အာဏာစက်နဲ့ မလုပ်မနေရလည်း မမိန့်ကြားခဲ့ပါ။
ထေရ၀ါဒသည် ဝေဖန် စဉ်းစားချင့်ချိန်ရန်
မိမိကိုယ်သာ အားကိုးအားထားရန်
တရားတော်များကိုသာ အားထားရန်
တိုက်တွန်းတော်မူခဲ့ပါသည်။
(၆) ကုသိုလ်မရနိုင်ပါ။
ဘုရားဖူးတိုင်း ကုသိုလ်ရချင်း၊ မရချင်းသည်
ဖူးမျှော်မီနှင့် ဖူးမျှော်နေစဉ်နှင့် ဖူးမျှော်ပြီအချိန်ပေါ်တွင် ဖြစ်ပေါ်သော စိတ်ခံစားချက်များ ပေါ်မူတည်ပါသည်။
ဘုရားဖူးတိုင်း ကုသိုလ်ရနိုင်သည်ဟု တထစ်ချ မပြောနိုင်ပါ။
ကုသိုလ်စိတ်များဖြစ်ပေါ်နိုင်ဖို့ အခွင့်အလမ်းအရမ်းများပါသည်။
သင်မည်သည့် စိတ်နဲ့ ဖူးဖို့သွားခဲ့ပါသလဲလို့ မေးပါရစေ။
လေ့လာလိုစိတ်နဲ့ပဲ ဖူးခဲ့ပါသလား။
လောဘစိတ်တွေနဲ့ပဲ ဖူးခဲ့ပါသလား
သဒ္ဓါတရားတွေ ဖြစ်ပေါ်လာခဲ့ပါသလား။
ဥာဏ်နဲ့ဖူးမျှော်ခဲ့ပါသလားလို့မေးပါရစေ။
ကိုးကား။ သဒ္ဓါထူးဖြင့် ဥာဏ်ဦးဖြင့် ဖူးစေချင်။
အရှင်ကောသလ္လ (ဓမ္မစေတီဆရာတော်)
သဒ္ဓါထူးဖြင့် ဥာဏ်ဦးစီးကာ ဖူးမျှော်စေချင်။
(၁) ခန္ဓာကိုယ်ကြီးဟာ အဆိပ်ပင်ကြီးပါ။
(၂) ခန္ဓာကိုယ်ကြီးဟာ အပြစ်တွေ။
(၃) ခန္ဓာကိုယ်ကြီးဟာ ရွံစရာကြီးပါ။
(၄)
No comments:
Post a Comment