Sunday, December 8, 2013

အဝေးပြေးလမ်းမထက်က ဓလေ့ကောင်း

အဝေးပြေးလမ်းမပေါ်က ဓလေ့ တလောက နယ်ကိုသွားပါတယ်။ ညဘက်ထွက်တာပါ။ နည်းနည်းကြာလာတော့ ကားပေါ်မှာ အိပ်ပျော်သွားတယ်။ ကားတစ်ခုခုဖြစ်သွားသလို ခံစားလိုက်ရပြီး လန့်နိုးသွားတယ်။ ကားမောင်းသမားလေးက ကားပေါ်ကဆင်းသွားတယ်။ ရှေ့ကစီးလာတဲ့သူလည်း လိုက်ဆင်းသွားတယ်။ သူများတွေ ဆင်းနေတော့ ကိုယ်လည်းလိုက်ဆင်းလိုက်တယ်။ မျက်ကန်မှန်ချွတ်ထားတော့ ဘာမှမမြင်ရဘူး။ ဘယ်နားရောက်နေမှန်းတောင်မသိဘူး။ သူတို့ကပြောတယ်။ မီးခွက်ထိသွားတယ်။ ပါးခြမ်းထိသွားတယ်။ ပြီးတော့ ကားမောင်းသမားလေးကိုမေးတော့ ဘယ်ကားတိုက်သွားမှန်းတောင် မသိဘူးလို့ပြောတယ်။  အဝေးပြေးလမ်းမမှာ ကားမောင်းတာဟာ မြို့တွင်းကားမောင်းတဲ့ပုံစံနဲ့မတူဘူး။ သူ့အရပ် သူ့ဇာတ်။
လမ်းကကျဉ်း လမ်းကမကောင်း လမ်းကလဲဆိုးဆိုး တခါတရံ လမ်းမီးကမရှိ ဒီလိုအခြေအနေမှာ ညာမောင်းနှစ်လမ်းသွားဆိုပေမဲ့ လမ်းကတခါတရံတစ်စီးသာ ကောင်းကောင်းမောင်းလို့ရတယ်။ တချို့လမ်းတွေဆို တစ်စီးပြီးမှတစ်စီးမောင်းလို့ရလို့ တစ်ရက်ကို အဆင်း၊ တစ်ရက်ကို အတက် သီးသန့်တောင် သတ်မှတ်ထားပေးရတယ်။ ညကမှောင်မှောင်အချိန်မှာ ကားမောင်းသူတစ်ဦးအနေနဲ့  လှုပ်ရှားမှု သုံးခုကို တပြိုင်နက်စူးစိုက်အာရုံပြုနေရတယ်။ နောက်ကကျော်တက်ချင်ချင် တက်လိမ့်တယ်။ ကိုယ့်ကား ရှေ့ကမောင်းနေတဲ့သူနဲ့ကား၊ ဆန့်ကျင်ဖက်ယာဉ်ကျောကလူနဲ့ ယာဉ်။ မျက်လုံးက ငါးခု။ နောက်ကြဥ့်မှန်တချပ်။ ဝဲယာမှန်နှစ်ချပ်။ရှေ့မျက်စိနှစ်လုံး။ ပြီးတော့ ယာဉ်တစ်စီးလုံးရဲ့ အရှိန်ကို ခြေထောက်နှင့် ထိမ်ထားရသေးတယ်။ စတီယာတိုင် မနိုင်တာက တပြသနာ။ လီဘာမနိုင်တာက တပြသနာနဲ့ ။ လီဗာက ပြသနာပိုကြီးတယ်။ ဂီယာတွေက မန်နူရယ်ဂီယာ။ အော်တို ဂီယာ။ ဂီယာ အကြီးနှင့် တက်ပါ။ ပြိုင်ကားတွေလည်း ဂီယာ အော်တိုနဲ့ပါတဲ့။ အပေါ်မီး။ မီးကြီး။ အောက်မီး။ မီးသေး။ မီးသေးက အကုန်မမြင်ရ။ မြင်ကွင်းမကြယ်။ မရှင်း။ ဒါ့ကြောင့်မီးကြီးကဝေးဝေးမြင်နိုင်တယ်။ ရှင်းရှင်းလင်းလင်းမြင်ရတော့ အားရတယ်။ နစ်ဦးနစ်ဖက် ပြိုင်ထိုးရင် မျက်စိစူးပြီး ဘာမှမမြင်ရတော့ပါ။ လူတွေက လမ်းပေါ်တက်လျောက်တယ်။ မျက်နှာပြင်ညီတော့လျောက်ရတာကောင်းတယ်။ စက်ဘီးအများစုကရောင်ပြန်မပါ။ ဆိုင်ကယ်မီးပျက်လို့ လက်နှိုပ်ဓါတ်မီးနဲ့ထိုးမောင်းတယ်။ ဒါတွေကို စာနာရမယ်။ လမ်းက မော်တာကားမောင်းဖို့ကွချည်းမဖြစ်သင့်ဘူး။ စမောင်းတဲ့သူတွေ၊ ကိုယ်ပိုင်ကားမောင်းသူအများစု စာနာစိတ်မရှိဘူး။ တကိုယ်ကောင်းဆန်တယ်။ ကားကြီးမောင်းတဲ့သူတွေအများစုက စာနာတယ်။ ကိုယ်ချင်းးစာတယ်။ ကားက တသက်လုံးမောင်းလာခဲ့တာ။ ကားက ဘဝလေ။ နောင်လည်းကားက မောင်းရအုံးမှာ အပြန်အလှန်နားလည်တယ်။ စာနာတယ်။ မျက်စိစူးရင် ရှေမြင်ကွင်းကို ဘာမှ မမြင်ရတော့ဘူး။ အပြိုင်မီးထိုးတယ်။ မီးမချပေးဘူး။ ကားသေးတွေက မီးအရင်စတောက်ပေးတယ်။ မီးကြီးထိုးတယ်တချက်။ မီးတောက်တယ်။ မီးကြီး တချက်နဲ့ကြည့်တယ်။ရှေ့မြင်ကွင်းကို တချက်ကြည့်တယ်။ ရှင်း မရှင်း။ ရှင်းရင် မီးပြန်ချ။ ကိုယ့်ဖက်က ကြည့်သလို တဖက်ကလည်း မီးထိုးမီးချလုပ်သင့်တယ်။ ငါ့ကားက မီးကောင်တယ် ကားအသစ်ဆိုပြီး မီးမချပေးခြင်းက တဖက်သားကို စာနာစိတ်မရှိ တကိုယ်ျကာင်းဆန်တယ်လို့ထင်မှတ်ပြီး ခံပျင်းကျတယ်။ မီးအပြိုင်ထိုးတယ်။ ကပ်မှဖင်နဲ့ရိုက်။ အခုကားကြီးတွေက ခေါင်းချိုးလို့လွယ်တော့ ပိုသတိထားရတယ်။ ဒီလိုပါပဲရှေကားကိုကျော်ချင်ရင် ဟွန်းတီးပြီးကျော်တက်တာထက် မီးတောက်တက်တာပိုကောင်းတယ်။ သေချာတယ်။ ဟွန်းက ကြားချင်မှ ကြားမှာ။ တံခါးပိတ်မောင်းတဲ့အခါမျိုး။ မီးက နောက်ကြည့်မှန်က တဆင့် ကားမောင်းသူရဲ့ မျက်စိထဲတန်းဝင်လာတယ်။ ရှေ့ကားကို မီးနဲ့အချက်ပေးပါ။ ရှေ့ကားက မီးနဲ့ပြန်အချက်ပြပါမယ်။ ညာဖက်ကိုပြခြင်းကကျော်ပါ။ ရှင်းတယ်။ ဘယ်ဘက်က ကပ်နေပါ။ မရှင်းသေးပါ။ မီးအရည်အတွက်နဲ့ ရှေ့ကား ဘယ်နှစ်စီးရှိတယ်လို့ပြနိုင်ပါသေးတယ်။ အလေ့အထကောင်းလေးပါ။
ဆီးဂိမ်းမှာ ပုံစံခွက်ထဲ အတင်းထိုးမထည့်ပါနဲ့။ ဒါမြန်မာ့စိတ်ရင်းပါ။ သူ့အရပ်နဲ့သူ့ဇာတ်ပါ။ ခြောက်လမ်းသွားတွေပေါ်လာရင်။ လမ်းတွေကောင်းအောင်ပြင်လိုက်လို့ ဒီစနစ်လေးပျောက်သွားရင်တောင် ဒီဓလေ့ကောင်းကို အမှတ်ရနေအုံးမှာပါ။ စေတနာရယ် စာနာမှု့ရယ်မရှိလို့ စည်းကမ်းပေါ်လာတာလို့ထင်တယ်။ စေတနာမရှိရင် စည်းကမ်းတော့ရှိရမယ်။ စေတနာမဲ့ပြီး စည်းကမ်းမရှိတာကတော့ ပတ်ဝန်းကျင် ပျက်စီးစေတယ်။ စေတနာကို အလွဲသုံးတဲ့သူတွေရှိလာနိုင်တယ်။ စုပေါင်းအားနဲ့အနိုင်ယူပါ။ စေတနာကို စည်းကမ်းနဲ့ပေါင်းစပ်တော့ ပိုမိုခိုင်မာလာတယ်။ စည်းကမ်းကြောင့်စေတနာမပျက် မကွက်စေသင့်ပါ။ စေတနာ အဝေးပြေးလမ်းမ မန်းလေးလမ်း။ စည်းကမ်းကောင်းနိုင်ငံကြီးတွေမှာ။ စေတနာမရှိ စည်းကမ်းမကောင်းတာတွေက ရန်ကုန်မှာ။ ကားအဆမတန်များလာတယ်။ ယာဉ်မောင်းအသစ်တွေတိုးလာတယ်။ စည်းကမ်းထိန်းသိမ်းရေးအားနည်းတယ်။ သူ့အရပ်နဲ့သူဇာတ်။ ဒေသန်တရ ဗဟုသုတနည်းတယ်။ တကိုယ်ကောင်းဆန်တဲ့ခံယူချက်တွေလျော့ချရမယ်။ စေတနာ မရှိတဲ့သူတွေက စည်းကမ်းနဲ့တင်းကျပ်တယ်။ ပြီးမှစေတနာ ထပ်လောင်းတယ်။ စေတနာ စာနာမှု့ရှိတဲ့ ငါတို့တတွေကို စည်းကမ်းထဲ ထိုးထည့်တယ်။ ပြီးတော့ စည်းကမ်းအကြောင်းပြ လုပ်စားတယ်။ စည်းကမ်းဆိုတာ လိုက်နာရမယ်လို့ယူဆတယ်။ မလိုက်နာရင်လည်း ရတယ်။ လူစွမ်းကောင်းတွေပေါ်လာတယ်။ သူတော်ချင်းချင်း ပေါင်းဖက်မိတယ်။ ကြာလာတော့ ခံရပါများတော့ လေကီသားတွေလည်းမှားကြည့်ကြတော့တယ်။ တခါရတယ်။ တခါမိတယ်။ လွတ်ကောင်းလွတ်နိုင်တယ်။ လျင်သူစားစတမ်းဖြစ်လာတယ်။ စည်းကမ်းပျက် စေတနာမဲ့တွေ တကိုယ်ကောင်းဆန် လူတန်းစားတွေထွက်လာတယ်။ စည်းကမ်းချတာက လွယ်ပါတယ်။ လိုက်နာနိုင်အောင် လုပ်ဖို့ခက်ပါတယ် စေတနာရှိအောင်လုပ်ဖို့ပိုမိုခက်ခဲပါတယ်။ ယိုးဒယား ဟွန်းမတီးရအကြောင်းထည့်ပြောပါတယ်။ ဂီယာရယ်၊ မီးတောက်တာရယ်၊ ပတ်ဝန်းကျင်လှုပ်ရှားမှု့ရယ်၊ ကွမ်းဝါးတာရယ်၊ အဖေါ်။

No comments:

Post a Comment