Friday, February 14, 2014

ရှင်စောပု

နေရာလုတာတွေ ရပ်တော့ဗျာ။ ကျနော် ထိုင်ခုံလည်း မမက်ဘူး ထိုင်ခုံလည်း မလုဘူး။ နေရာမရလို့လဲ ဝမ်းမနည်းတက်ဘူး။ မကျေနပ်ရင် တောတ်လည်း မခေါက်ဘူး။ ကိုယ့်ကိုယ်ကိုလည်း သတ်လည်းမသေဘူး။ မစားရတဲ့ အသားလည်း သဲနဲ့ ပက်မှာ မဟုတ်ဘူး။ မြို့ရွာကိုလည်း ဖျက်စီးဖို့ မကြံဘူး။ အောက်လမ်းအစီအရင်တွေလည်း စဉ်းကို မစဉ်းစားဘူး။ ယတြယာလည်း မခြေ ဓါတ်လည်းမရိုက်ဘူး နှစ်ခါလည်းသေစရာမရှိဘူး။ မနာလိုစရာလည်း မရှိဘူး သီချင်းလေးတွေတော့ ငြီးတက်တယ် တစ်ခုတော့ရှိတယ် သူ့ထက်ပိုကောင်းအောင် လုပ်ပြမယ် ကျနော်က အဓိပါယ် ဖွင့်ဆိုချက်ဆို တစ်ခုထက်မက တွေ့တွေ့နေရတာကို ပိုကြိုက်တယ် တစ်ခါက ဘုရင်မကြီးတစ်ပါးရှိတယ်။ ထီးမွေနန်းလျာဆက်ခံဖို့က အခက်တွေ့နေရတယ်။ အကြောင်းက သမီးတော်တစ်ပါးပဲ ထွန်းကားတယ်။ ဒါကြောင့် ဘုရင်မကြီးက သမီးတော်နဲ့ သင့်တော်မယ့် လက်ရုံးရည် နှလုံးရည်နဲ့ပြည့်ဝတဲ့ ယောက်ကျားသားကို ရှာဖွေတယ်။ ဖြစ်ချင်တော့ လူပညာရှိတွေ မှူးမတ်ဗိုလ်ပါတွေထဲက ရှာမရဘူး နောက်ဆုံးတော့ ကျေးဇူးရှိခဲ့ဖူးတဲ့ စာတက်ပေတက် ရသေ့ကိုယ်တော်နှစ်ပါးကို သွားတွေ့တယ်။ ဒါနဲ့ ရသေ့ကိုယ်တော်တွေကို နန်းတော်ဆွမ်းပင့်တယ် ကိုယ်တော်နှစ်ပါးလည်း ဆွမ်းပင့်ဖိတ်တာကို ဝမ်းမြောက်ဝမ်းသာနဲ့ လက်ခံတော်မူကြတယ် ကိုယ်တော်နှစ်ပါးအနက် တစ်ပါးက နန်းတော်ကို စောစောကြွလာတယ် ဘုရင်ကြီးက ဒီရုပ်အလောင်းကို အစီအရင်တွေ ပျက်ပြယ်အောင် အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်အောင် ပြုလုပ်ခိုင်းလို့ မင်းချင်းတွေက အမိန့်အတိုင်း ဆောင်ရွက်ကြတယ်။ ဖြစ်ပုံကို မေးမြန်းစုံစမ်းကြည့်လိုက်တော့ ဘုရင့်ပွဲတော်အုပ်နဲ့ ကျေနပ်လိုက်ရတဲ့ ကိုယ်တော်ဟာ အတော်ကို မကျေမနပ်ဖြစ်သွားတယ် အားလုံးဟာ မိမိကို မတော်လောဘကြီးတဲ့ကိုယ်တော် လောဘကြီးလို့ နန်းစည်းဇိမ်နဲ့ လွဲရတာ ကိုယ်က စောပြီး ဦးပြီး အရင် ရွေးချယ်ခွင့်ရခဲ့တာကို အခုတော့ အခုတော့ဆိုတဲ့ မျက်လုံးတွေ အကြည့်တွေ အပြောတွေ အတင်းတွေ အသံတွေ အဲဒီဒဏ်တွေကို မခံနိုင်တဲ့အဆုံး နောက်ဆုံးမိမိကိုယ်မိမိ စီရင်တယ် စီရင်ပုံက မိမိကိုယ်မိမိ သတ်သေတယ် ယတြယာ အစီအရင်နဲ့ မြှုပ်နှံတယ် အစီအမံက မြေချတဲ့နေ့ကနေ တစ်ပါတ်ကြာရင် ဘီလူးအဖြစ် ပုံစံပြောင်းပြီး အားလုံးကို လက်စားချေမယ် မကျေနပ်ချက်က များလွန်းတော့ တစ်ပတ်ပြည့်တော့မဲ့ဆဲဆဲ ဘီလူးအဖြစ်ပြောင်းလုဆဲဆဲ ဆောင့်ကြောင့်ထိုင် သံလျက်ကိုင်ထားတဲ့ အချိန်မှာ မကျေမနပ် တောက်ခေါက်ကြိမ်းဝါးသံ ထွက်ပေါ်လာတာပါ။ ဖြစ်ခငျတော့ ဒီတောက်ခေါက်သံကြီးက နန်းတော်အထိ ရောက်သွားပြီး ဘုရင့်နားပေါက်သွားတယ် ဘုရင်ဖြစ်သွားတဲ့ ကိုယ်တော်ရဲ့ဘုန်းနဲ့ တိုင်းသူပြည်သားတွေရဲ့ ကံကြောင့် စီမံထားသလို လက်စားချေရေး အစီအစဉ် ဖြစ်မြောက်အောင်မြင်ခါနီးမှ စာအတူတူ တက်လာခဲ့တဲ့ တချိန်က သီတင်းသုံးဖေါ် အခု ဘုရင်မင်းမြတ်က အချိန်မီတားဆီးလိုက်နိုင်တာပါ ကျနော် ထိုင်ခုံလည်း မမက်ဘူး ထိုင်ခုံလည်း မလုဘူး နေရာမရလို့လဲ ဝမ်းမနည်းတက်ဘူး မကျေနပ်ရင် တတ်လည်း မခေါက်ဘူး ကိုယ့်ကိုယ်ကို သတ်လည်းမသေဘူး မစားရတဲ့ အသားလည်း သဲနဲ့ ပက်မှာ မဟုတ်ဘူး မြို့ရွာကိုလည်း ဖျက်စီးဖို့ မကြံဘူး။ အောက်လမ်းအစီအရင်တွေလည်း စဉ်းကို မစဉ်းစားဘူး။ ယတြယာလည်း မခြေ ဓါတ်လည်းမရိုက်ဘူး နှစ်ခါပြန်လည်းသေစရာမရှိဘူး။ တစ်ခုတော့ရှိတယ်။ သူ့ထက်ပိုကောင်းအောင် လုပ်ပြမယ်။ ကျနော်တို့ စီမံခန့်ခွဲမှု့တို့ ဈေးကွက်ခက်ဆစ်အဖွင့်တွေလေ့လာရင် ဖွင့်ဆိုရှင်းပြတဲ့သူတွေများလှတယ်။ တစ်မျိုးတစ်ဘာသာ၊တစ်ရွာတစ်ပုဒ်ဆန်းနေတယ်။ အပြစ်တင်ဝေဖန်တာထက် နိုင်ရာ စွမ်းရာ တစ်ထောင့်တစ်နေရာက အားဖြည့်ပါဝင်ကြတယ်။ ရှေ့က လူမှားတယ်လို့ ဝေဖန်နေမယ့်အစား ငါ့စာလေး။ ငါ့ခက်ဆစ်လေးဖတ်ကြည့်ကွာ။ ဖတ်မှတ်လေ့လာသူတွေက ပိုပြည့်စုံတဲ့ အဓိပ္ဗါယ်ပြည့်စုံတဲ့ ခက်ဆစ်ကို လေ့လာသလို ရှေးအရင်က ခက်ဆစ်တွေကိုလည်း လေ့လာကြတယ်။ တိုးတက်တဲ့ အတွေးအခေါ်တွေကို သိမြင်ခံစားလာရတယ်။ ကျနော်က အဓိပ္ဗါယ် ဖွင့်ဆိုချက်ဆို တစ်ခုထက်မက တွေ့တွေ့နေရတာကို ပိုကြိုက်တယ် ဒါနဲ့ ကျနော်ကို တချိန်လုံး လောဘကြီးတဲ့ ရသေ့လို့ပဲမြင် မနေနဲ့ အုံးနော်။ တကယ်လို့ ကျနော်က သံလျက်ထည့်ထားတဲ့ သပိတ်ရလို့ ဘုရင်ဖြစ်သွားပြီး ခင်ဗျားက ဘုရင့်ပွဲတော်အုပ်ထည့်ထားတဲ့ သပိတ်ကို ရွေးမိပြီး လူတကာရဲ့ အခုတော့ အခုတော့ဆိုတဲ့ မျက်လုံးတွေ အကြည့်တွေ အပြောတွေ အတင်းတွေ အသံတွေ ပိုးဆိုးပက်ဆက်ရနေခဲ့ရင်ကော စိတ်ချပါ ကျနော် သံလျက် မမက်ပါဘူး။ ရာဇပလင်လည်းမမက်ပါဘူး။ သံလျက်လိုချင်ရင် ပေးပါ့မယ်။ ရာဇပလ္လင်လည်းပေးပါ့မယ်။ ခင်ဗျား ရာဇပလင်ပေါ်မှာ သံလျက်ကိုင်ပြီး အိပ်ငိုက်နေလို့ရပါတယ်။ ကျနော် နေနေတဲ့ တောရပ်က အိမ်ကလေးကနေ တခါတခါတော့ စိုင်းထီးဆိုင် သီချင်းလေးတော့ ညည်းကောင်းညည်းပြီး အဓိပါယ်ဖွင့်ဆိုချက် အသစ်လေးတစ်ခု စဉ်းစားနေမှာတော့ အမှန်ပါပဲ မနာလိုစရာ မရှိဘူးကွဲ့ ချစ်သူရာ သမာအာဇီဝနဲ့ အလုပ်အကိုင်မှန်သမျှ ဂုဏ်ယူစရာကြီးပဲပေါ့ချစ်သူရာ။ ပိ ကဓရ ဓမ္မဥာဏ

No comments:

Post a Comment