Friday, February 14, 2014

ကျောင်းဆိုတာ ဆီဆိုင်လား အလှပြင်ဆိုင်လား ကိုယ်ကာယလေ့ကျင့်ရေးခန်းမလား တရားစခန်းလား


ကျောင်းဆိုတာ ဆီဆိုင်လား အလှပြင်ဆိုင်လား ကိုယ်ကာယလေ့ကျင့်ရေးခန်းမလား တရားစခန်းလား။ လူတွေက ကျောင်းတွေကို ဓါတ်ဆီဖြည့်တဲ့ စတေးရှင် ဆီဆိုင်တွေလို သဘောထားတယ်။ လိုရာခရီးကို သွားနိုင်ဖို့ ဆီလာလာဖြည့်ကြတယ်။ ဆီလိုရင် ဆီနည်းနေရင် လာဖြည့်တယ် ပြီးရင် လိုရာခရီးကို ဆက်သွားတယ်။ ငွေကလွဲရင် ဘာမှစိုက်မထုတ်ချင်ဘူး အပင်ပန်းမခံချင်ဘူး။ အချိန်လည်းအကုန်မခံချင်ဘူး။ မြန်လေကောင်းလေပဲ။ ဆီကောင်းကောင်းဝယ် ဈေးကောင်းကောင်းနဲ့ ရောင်းနေကြတယ်။ ဆီဖြည့်တဲ့သူတွေနဲ့ ကားပိုင်ရှင်တွေနဲ့ အရေင်းအဝယ်ဖြစ်နေတြယ် ဟုတ်နေကြတယ်။ တချို့လူတွေက ကျောင်းတွေကို အလှပြင်ဆိုင်တွေလို ထင်ထင်နေကြတယ်။ ထင်ထားတဲ့အတိုင်းလည်း နေထိုင်နေတက်ကြတယ်။ ဆိုင်ထဲကို ဝင်လာတယ်။ ပြီးတော့ အခန့်သား အလှပြင်ခံတယ်။ မဂဇင်းလေးဖတ်ပြီး အလှပြင်ခံတယ်။ ပြီးရင် ကျော့ကျော့လေး ပြန်ထွက်သွားတက်ကြတယ်။ အဲဒီလို ကျောင်းတွေကို တစ်ပွဲတိုး တစ်ခါစားနဲ့ စဉ်းစားတက်ကြတယ်။ ပွဲလမ်းတက်ဖို့ ပွဲတိုးဖို့ အလှပြင်ဆိုင်ကို လာလာ အလှပြင်ခံတက်ကြတယ်။ ဒီအလှက တာရှည်မခံဖူးဆိုတာ လူတိုင်းသိတယ်။ ဆိုင်မှာ အချိန်နဲ့ ငွေပဲပေးတယ် တခြားဘာမှများများစားစားစိုက်မထုတ်ဘူး။ အလှဖန်တီးရှင်က ပြောတဲ့အတိုင်း စိတ်ကြိုက်လက်စွမ်းပြဖန်တီးပေးလိုက်တယ်။ ရုပ်ပဲပြင်လိုက်တယ် စိတ်မပါဘူး။ အလှဖန်တီးရှင်တွေနဲ့ အလှပြင်ချင်တဲ့သူတွေနဲ့ ဟုတ်နေကြတယ်။ အလှဖန်တီးရှင်တွေကလည်း သူတို့ကို သူတို့ ခေတ်အလိုက် ပြင်ဆင်ထားတက်ကြတယ်။ မဂွမ်းအောင် လန်းနေအောင် နေထိုင်ဝတ်စားကြတယ်။ တချို့လူတွေက ကျောင်းတွေကို ကိုယ်ကာယ လေ့ကျင့်ရေးခန်းမလို သဘောထားတက်ကြတယ်။ ဂျင်ကိုလာတယ် ကစားတယ် နည်းခံယူတယ်။ ဂျင်ကိုလာတဲ့သူကလည်း ဆီဆိုင်လို ငွေပေးပြီး ဖြည့်လို့မရသလို။ အလှပြင်ဆိုင်တွေလိုလည်း ကျော့ကျော့လေး အလှပြင်ပြီးပြီးမသွားဘူး။ ငွေကြေးအသင့်အတင့်စိုက်ထုတ်ရသလို အချိန်တွေလည်းတော်တော်ပေးရတယ်။ ကိုယ်ကိုတိုင်လည်း အင်တိုက်အားတိုက် ကစားပေးရတယ်။ အချိန်နဲ့အမျှ ပိုမိုခက်ခဲလာတယ်။ လေ့ကျင့်ရေးခန်းမထဲမှာ ဘယ်လောက်ပဲလုပ်ခဲ့ကစားခဲ့ အပြင်ဖက်မှာလည်း နေချင်သလိုနေ စားချင်သလိုစားနေလို့မရဘူး။ လိုက်လျောညီထွေရှိအောင်နေထိုင်ပြုမူရတယ်။ အလေ့အကျင့်ပျက်သွားလို့မရဘူး။ ဆရာကိုယ်တိုင် ကစားထားမှ ဘော်ဒီလှနေမှ အဆင်ပြေတယ်။ ဆရာကိုယ်တိုင်လည်း ဝင်ဝင်ကစားပေးနေရတယ်။ ကျောင်းဆိုတာ စာတစ်ခုတည်း သင်ပေးတဲ့နေရာလည်းမဟုတ်ဘူး။ လူမှုပေါင်းသင်းဆက်ဆံရေးတွေ ခေါင်းဆောင်တက်တဲ့ အရည်အချင်းတွေ။ အကျင့်စရိုက်တွေကို သင်ပေးပြင်ပေးတဲ့နေရာတွေပါ။ လာတဲ့သူတွေ ပိုတော်ပိုတက်အောင် ပြုလုပ်ပေးရတဲ့နေရာဖြစ်တယ်။ ဒီတော်တဲ့လူတွေ ဆိုးရင် အခြားလူတွေထက် ပိုဆိုးလို့ ဒီလူတွေကို စိတ်ထားကိုပါ ပြုပြင်တည့်မတ်ပေးဖို့လိုမှာဖြစ်ပါတယ်။ ဆရာတော်အရှင် မဟာ ဇနက ဘိဝံသ မိန့်သလို တော်တက်တဲ့လူတွေဟာ စိတ်ရင်းစေတနာကောင်းဖို့လိုတာကိုလည်း တိုက်တွန်းရပါမယ်။ စိတ်ကောင်းရှိဖို့က ပထမနဲ့ အဓိကပါ။ စည်းကမ်းသေဝပ် လိုက်နာအောင်လည်းသင်ပေးလိုက်ရမဲ့နေရာပါ။

No comments:

Post a Comment