ဖေ့(စ)ဘုတ်သုံးတဲ့သူတွေ တဖြည်းဖြည်းများများလာတယ်။
တင်တဲ့ပုံတွေလည်း မနည်းမနော များများလာတယ်။
စတေးတပ်(စ)တွေ။ ကွန်မန့်တွေ။ လိုက်(ခ)တွေ၊ ရှယ်တွေကတော့
ပြောစရာမလိုတော့ဘူး။
မိတ်ဆွေတွေကလည်း တနေ့တခြား ဒီရေ အလားပဲ တိုးတိုးလာနေတယ်။
ကျနော့် ပေ့(ချ)လေးကို ပန်းခြံလေးတစ်ခုလို ဖြစ်ချင်တယ်။
အမှိုက်ပုံလေးတစ်ခုတော့ မဖြစ်စေချင်ဘူး။
ကျနော့်ရဲ့ မိတ်ဆွေတွေက ယင်ကောင်တွေလား။ ပျားတွေလားလို့ သိချင်တယ်။
တချို့တွေကျတော့ မကောင်းတာလေး (လေး) တစ်ခုကို ရှယ်လို့မဆုံးတော့ဘူး။
ဘယ်တုန်းကတည်းက မေတ္တာတွေရှိနေလည်းမသိဘူး။
သူများအမှားတစ်ခုကို ရှယ်လိုက်။
မန့်လိုက်နဲ့။ မပြီးတော့ဘူး။
မကောင်းတဲ့ ပေ့(ချ)တွေမှာဘဲ တ၀ဲဝဲလည်နေတယ်။
ဒါဆိုရင် ယင်ကောင်လေးတစ်ကောင်ပေါ့။
ကောင်းတဲ့ ပေ့(ချ)တွေ။
ကောင်းတဲ့ ကွန်မန့်တွေ။
ကောင်းတဲ့ စာသားလေးတွေ ရှယ်ကြတယ်။
အကျိုးပြုလေးတွေလည်း ထောက်ပြတယ်။ ဆိုရင်တော့။
ပျားလေးတွေပေါ့ဗျာ။
စိုးလွင်လွင် သီချင်းလေးတော့ အတော့်ကို သဘောကျတယ်။
ကိုယ်ကောင်းတာ ကိုယ်သိသလို
ကိုယ်မကောင်းတာ ကိုယ်အသိဆုံးမို့ သူများမကောင်းတာ ကိုယ်မေ့ထား။
ကိုယ်ကောင်းတာ ကိုယ်သိသလို
ကိုယ်မကောင်းတာ ကိုယ်အသိဆုံးမို့ သူများကာင်းတာ ကိုယ်လေ့လာ။
ယင်ကောင်တွေ ကျနော့ ပေ(ချ) ထဲမှာ များနေရင်တော့ အမှိုက်ပုံဖြစ်ပြီ။
ပျားတွေများရင်တော့ ပန်းခြံလေးပေါ့ဗျာ။
ဒါနဲ့ GIORDANO က မီနီပန်းခြံပြိုင်ပွဲလေးလဲ ကျင်းပနေတယ်လေ။
ကျနော်လည်း စက်ဘီးစီးတဲ့ အလေ့အကျင့်လေးတစ်ခု လုပ်ချင်ပါတယ်။
ဗိုက်ရှယ်ရာရင်းပါ။ စက်ဘီးတွေကို မည်သူမဆို စီးနိုင်တဲ့ အစီအစဉ်လေးပေါ့။
တက္ကသိုလ်ကျောင်းဝင်းတွေမှာ စရင် မဆိုးဘူးထင်ပါတယ်။
မေဂျာတွေရှေ့မှာ စက်ဘီးစတင်းလေးတွေရှိတယ်။
ကန်တီးမှာရှိမယ်။
ကျောင်းသားတွေ သွားတက်တဲ့နေရာတွေမှာ ထားပေးမယ်။
ကျောင်းသားတွေ စီးသွား ရောက်တဲ့ နေရာက စတင်းလေးမှာ ရပ်ထားခဲ့။
သော့ခတ်ထားစရာမလိုဘူး။
နောက်ကျောင်းသားတစ်ယောက်က သူသွားချင်တဲ့နေရာကို စီးသွား။
ပြီးတော့ အဖွဲ့ကပြုပြင်။ အခက်အခဲတွေ အများကြီးရှိမယ်ဆိုတာသိတယ်။
ဒါပေမဲ့ ကြိုးစားကြရင်ဖြစ်မယ်ထင်ပါတယ်။
No comments:
Post a Comment