Tuesday, November 22, 2016

ပညာရေး

ပညာရေးဟာ စီးပွားရေးဖြစ်လာတဲ့အခါ ကျင့်ဝတ်နဲ့ညီဖို့ အထူးလိုအပ်လာတယ်။

ဒီပလိုမာလို့ဆိုတိုင်း အများထင်တဲ့ ဒီပလိုမာတွေမဟုတ်ကြတဲ့ နာမည်ခံ၊ အရည်အသွေးမမှီ စာရွက်တွေဖြစ်လာတက်ကြတယ်။ ပညာရေးကို စီးပွားဖြစ်ဆောင်ရွက်လာကြတဲ့အခါမှာ ဆရာတွေရဲ့ ၀ါသနာ၊ စေတနာ၊ အနစ်နာတွေက ကျောင်းသားတွေနဲ့ မိဘတွေရဲ့နစ်နာစရာတွေဖြစ်လာကြရတယ်။ တချိန်က ပညာရေးဟာ စီးပွားရေးမဟုတ်ခဲ့ဘူး။ နာသုံးနာနဲ့ ပြည့်ဝနေတဲ့ဆရာတွေက ကျောင်းသားတွေကို ပုခုံးနဲ့ထမ်းခေါ်ခဲ့ကြတယ်။ ခေတ်ပြောင်းလာတဲ့အချိန်မှာ ပညာရေးဟာ စီးပွားရေးသမားတွေ အကြိုက်လုပ်ကွက်တွေဖေါ်လာကြတယ်။ ငွေနဲ့ခုတာတောင် အရည်အသွေးကောင်းကောင်းမရနိုင်တဲ့ အခြေအနေတွေဖြစ်လာခဲ့ရတယ်။ အရည်အသွေးစိစစ်နိုင်မှ အရည်အသွေးစိတ်ချရမဲ့အချိန်တွေဖြစ်လာတယ်။ ဥပဒေနဲ့ မထိန်းချုပ်နိုင်၊ ပညာရှင်တွေနဲ့ ပညာရေးလောကကသူတွေ ရှေ့တန်းမရောက်တဲ့အချိန်ကို အခွင့်ကောင်းယူပြီး ခြေလှမ်းကျဲကျဲနဲ့ ဈေးကွက်ထဲရဲရဲ ထိုးဖေါက်ဝင်ရောက်လာခဲ့တာကတော့ ပညာရေးအမည်ခံ စီးပွားရေးသမားတွေပဲဖြစ်ပါတယ်။

အောင်လက်မှတ်တွေကို နာမည်အမျိုးမျိုးတပ်ပေးလိုက်တယ်။ ကျောင်းသားများအနှစ်သက်ဆုံး ဈေးကွက်တွင် ဆွဲဆောင်မှု့ အရှိဆုံး စကားလုံးကို စီးပွားရေးလုပ်စားသူများနှင့် ကျင့်ဝတ်မညီသော ဈေးကွက်ဖေါ်ဆောင်ရေးသမားများက ရွေးချယ်အသုံးပြုကြတယ်။ ဒါကြောင့် အရည်အသွေး စဉ်းစားရာတွင်အမည်ထက် အသိအမှတ်ပြု အဖွဲ့အစည်း၏ ထောက်ခံချက်က အရေးကြီးလာသလို ဆက်လက်သင်ယူနိုင်ဖို့ အထောက်အကူဖြစ်နိုင်တဲ့ ကင်းလွတ်ခွင့်တွေကိုလည်း ထည့်သွင်းစဉ်းစားမေးမြန်းသင့်ပါတယ်။

ပညာရေဗန်းပြ စီပွားရေးလုပ်စားသူများ အလွဲမသုံးနိုင်စေရန် အခေါ်အဝေါ်များနောက်တွင် အင်္ဂလန်နိုင်ငံတွင် Ofqual နှင့် SQA အဖွဲ့များက အဆင့်များဖြင့် သတ်မှတ်ပေးခြင်းဖြင့် ညှိနှိုင်းထားပါသည်။ အခေါ်အဝေါ်ထက် အသိအမှတ်ပြုအဖွဲ့အစည်းများ၏ အဆင့်များကို လေ့လာနိုင်ရန် ပူးတွဲတင်လိုက်ပါသည်။ ဥပမာ၊ A Diploma (Level 3) and B Diploma (Level 4) and C Diploma (Level 2) တို့တွင် ဒီပလိုမာ B သည် အမြင့်ဆုံးဖြစ်ပါသည်။ တဖန် Ofqual နှင့် SQA နှစ်ခု၏ ခြားနားချက်များကိုလည်း လေ့လာနိုင်ပါသည်။

အေဘီအီးသည်ပင်လျင် Higher Diploma, Advanced Diploma and Graduate Diploma များအဖြစ် ပြောင်းလဲခဲ့ သုံးစွဲခဲ့သေးသည်။ တခါက Advanced Diploma သည် ယခု Graduate Diploma ဖြစ်နေပါသည်။ ယခုအခါတွင် Graduate Diploma (OfQual Level 6) Higher Diploma (OfQual Level 5) ဟု သုံးနှူန်းခြင်းဖြင့် ဝိရောဓိမဖြစ်နိုင်တော့ပါ။ LCCI ကတော့ အစကတည်းက LCCI (Level 1), LCCI (Level 2 & 3) ဖြစ်တဲ့အတွက် ရှင်းလင်းလွယ်ကူခဲ့ပါတယ်။

ကြေငြာတွေကိုလည်း စိစစ်ခြင်းအလျဉ်းမရှိခဲ့လို့ ပေါက်အောင်၊ ရောက်အောင် ပြူးးပြဲပြီး စာလုံးကြီးတွေနဲ့ ဆွဲဆောင်ခဲ့ကြတယ်။ လျော့ဈေးနဲ့ ပညာသင်ဆုတွေကိုလည်း ရောကြိတ်ကြသေးတယ်။
ပညာရေးဟာ ကျင့်ဝတ်ညီလုပ်ငန်းများဖြစ်ဖို့လိုပါတယ်။

No comments:

Post a Comment