၁။ ငွေဈေးတည်ငြိမ်ဖို့ အားလုံးမှာ တာဝန်ရှိတယ်။
ပြည်သူတွေက ဒေါ်လာဈေးတက်လို့ ငွေကြေးပြောင်းကောက်ခံလာတဲ့အတွက် ဈေးနူန်းဆွဲတင်လို့ ငွေဖေါင်းပွရတဲ့အတွက် အခြေခံစားကုန်တွေတက်တက်လာတိုင်း ဗဟိုဘဏ်ကို အားကိုးအားထီာပြီး ငွေ ကြေးဈေးကွက်ကို ဝင်ရောက်ထိန်းချုပ်စေကာ ငွေကကြးပြန်ကျစေခြင်ချင်တဲ့အခိုက်အတန့် ပြည်ပငွေရေးကြေးရေးအဖွဲ့အစည်းတွေကလည်း ဈေးကွက်ဝယ်လိုအားအတိုင်းရှိစေချင်ပြီး ဝင်ရောက်စွတ်ဖက်တာကို မနှစိမြို့လို့ ဗဟိုဘဏ်မှာလည်း ငွေဈေးကျတိုင်း အကျပ်အတည်းနဲ့တွေ့နေရပါတယ်။ ပြည်သူတွေ စိတ်တိုင်းကျ ဝင်ရောက်စွက်ဖက်ခဲ့ရင် ပြည်ပက ဖိအားကိုခံရမှာဖြစ်ီပြီး မဆောင် ရွက်ခဲ့ပြန်ရင်လည်း လူထုယုံ. ကြည်မှုကျဆင်းလာမှာဖြစ်ပါတယ်။ အမှန်တကယ်တော့ ပိုင်ပိုင်နိုင်နိုင်ဝင်ရောက်စွက်ဖက်ဖို့ အင်နဲ့အားနဲ့ဆောင် ရွက်ဖို့လည်း မစွမ်းသာတဲ့အခြေအနေ ဆိုက်ရောက်နေပါတယ်။ ဒီအချိန်မှာ မြွေပူရာကင်းမှောင့်ဆိုသလို ကျပ်ငွေကို ဒေါ်လာအဖြစ်ပြောင်းလည်း သိမ်းစည်းထားတဲ့ဓလေ့တရပ်ပေါ်ပေါက်လာတဲ့အတွက် ငွေဈေးလိုအပ်ချက်တနေ့တခြားများပြားလာ. ပြီး ဈေးကလည်းတနေ့တခြား ကျဆင်းလာတာကိုတွေ့ရပါတယ်။
မြန်မာငွေကကြးကျဆင်းခြင်းဟာ စနစ်တကျ အစီအစဉ်ကျကျဆောငွရွက်ထားခြင်းမရှိတဲ့အတွက် အကျိုးကျေးဇူးထက် မကောင်းကျိုးတွေကိုသာ လူထုအနေနဲ့ ခါးစည်းခံ ကြရမှာဖြစ်ပါတယ်။ တရုတ် ငွေဈေးကျတဲ့အတွက် တရုတ်ဖြစ်ပစ္စည်းများ ပြာ်ပနိုင်ငံများမှာ ဈေးပေါပေါနဲ့ ဝင်ရောက် နေရာယကကြပါတယ်။ ဒါတရုတ်ပြည်ဖြစ်ပါတယ်။ ငွေဈေးကျရင် မြန်မာငွေဈေးချိုရင် မြန်မာပြည်ဖြစ် ပစ္စည်းတွေ ပြည်ပ ဈေးကွက်ထဲ သက်သက်သာသာနဲ့ ဝင်ရောက်နိုင်တယ်လို့ သီအိုရီအရဆိုပေမဲ့ လက်တွေ့မှာ ပြည်တွင်းဖြစ် မယ်မယ်ရရမထွက်ရှိတဲ့အတွက် မစံစားရဘဲ ခံစားနေရပါတယ်။ ငွေဈေးကျဆင်းမှုက နိုင်ငံတော်တင်ရှိတဲ့ ချေးငွေတွေရဲ့ဝန်ထုတ်ဝန်ပိုးတွေကို ပိုမိုလေးလံစေီပြီး နိုင်ငံသားများရဲ့ ပိုင်ဆိုင်မှု့ကို ယုတ်လျော့စေပါတယ်။
ဒါကြောင့် ဒီအရေးဟာ အားလုံးနဲ့ဆိုငီပြီး လူတိုင်းတာဝန်ရှိပါတယ်။ အထူးသဖြင့် တာဝန်ရှိတဲ့သူတွေမှာ တာဝန်ရှိတယ်။
၂။ တာဝန်ရှိတဲ့သူတွေ အနေနဲ့ ခိုင်မာတဲ့ ငွေကြေးမူဝါဒတွေနဲ့အတူ အသုံးစားရိတ်မူဝါဒကို မှန်ကန်စွာ ကျင့်သုံးရမှာဖြစ်ပါတယ်။
(က) အခွန်တွေကောက်ရပါမယ်။ တခုက ကျနော်တို့နဲ့ အခွန်က သိပ်ပြီး အသားမကျပါဘူး။ အခွန်နဲ့ဝေးပါတယ်။ (ခ) အတိုးနှူန်း (ဂ) ပြည်သူတွေမသုံးနိုင်ရင် အစိုးရသုံးရမယ်။ သုံးချင်လာအောင် နှိုဆွရမယ်။
(ဃ) ငွေကြေးပမာဏအတိုင်းအတာတစ်ခုအထိရိုက်ထုတ်ရမယ်။ ကျနော်တို့ ဆေးခါးသောက်ရမယ်။ ပြုပြင်ပြောင်းလဲရေးကို အများအကျိုးအတွက် ရဲရဲဝံ့ဝံ့လုပ်ကြရမယ်။
၃။ ပြီးတော့ မြန်မာငွေကိုင်ပြီး ဒေါ်လာဖြုန်းနေတာတွေလျော့အောင် ပညာပေးရမယ်။ ဒေါ်လာရအောင် မှန်မှန်ကန်ကနိကြိုးပန်း ကြရမယ်။ ကုန်ထုတ်လုပ်မှုတိုးတက်ဖို့လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ကုန်ထုတ်လုပ်မှု့အတွက် ပြည်ပနိုင်ငံများနဲ့ရင်ဆိုင်ရမှာမို့ လုပ်ငန်းများကို စနစ်တကျရွေးချယ်ပြီး မြေတောင်မြောက်ပေးကြရမှာဖြစ်ပါတယ်။ အခြေခံအဆောက်အဦးများကို အထူးသဖြင့် စွမ်းအင်နှင့် လမ်းပန်းဆက်သွယ်ရေး ဂဏ္ဏများကိုအရေးပေး ရင်းနှီးမြပ်နှံပေးဖို့လိုပါတယ်။ Marketing the Nation နဲ့ Porter Diamond Model ကိုလေ့လာကြရမှာဖြစ်ပါတယ်။
၎။ဇိမ်ခံပစ္စည်းတွေ ဈေးတက်တာ ပြသနာမရှိပေမဲ့ အခြေခံစားကုန်တွေကတော့ ရင်ဗလောင်ဆူစေတာ အမှန်ပါပဲ။ ပြည်တွင်းစားသုံးမှု့ဖူလုံအောင် ပြည်တွင်း အာဟာရပြည့်ပြည့်ဝဝ စားသုံးနိုင်အောင် မူဝါဒချမှတ် ကျင့်သုံးဖို့ လိုအပ်ပါတယ်။ အခု ရှိတဲ့ပိုက်ဆံနဲ့ ဗိုက်ပြည့်အောင် စားသောက်နေကြရပါတယ်။ အာဟာရပြည့်ဝအောင် စားသောက်နိုင်မှသာ ကိုယ်ခန္တာ သန်စွမ်းပြီး ဥာဏ်ရည်ဖွံဖြိုး လာမှာဖြစ်ပါတယ်။
၅။ တစ်ဦးချင်း တစ်ယောက်ချင်းအနေနဲ့ ပြည်တွင်းဖြစ်တွေကို ဦးစားပေး ရွေးချယ်ဝယ်ယူဖို့တိုက်တွန်းချင်ပါတယ်။ ပြည်တွင်းဖြစ်ဝယ်ရင် ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းများမှာဖြစ်ပါတယ်။ ပြည်တွင်းဖြစ်များဝယ်ယူခြင်းအားဖြင့် ပြည်တွင်းလုပ်ငန်းများဖွိဖြိုးတိုးတက်လီပြီး ပြည်တွင်းထုတ်လုပ်မှုပမာဏမြင့်မားလာမှာဖြစ်ပါတယ်။ ပြည်တွင်းဖြစ်မရှိပါက နိုင်ငံခြားဖြစ် ပစ္စည်းတွေ (အရေးမကြီးတဲ့ ကုန်စည် သို့ ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှု့တွေကို တိုက်ရိုက်အကျိုးမဖြစ်ထွန်းစေတဲ့ အရာတွေကို) လျော့သုံးရမယ်။ ဥပမာ။။ ဇိမ်ခံကားနဲ့ လုပ်ငန်းသုံးကားဝယ်ယူရာကို လေ့လာရင် ဇိမ်ခံကားအနေနဲ့ ကုန်ထုတ်လုပ်မှု့အတွက် တိုက်ရိုက်အထောက်အကူမပြုနိုင်ပါဘူး။ (အကယ်၍ ဟိုတယ်အတွက် ဧည့်သည်တွေအတွက်ဆိုရင်တမျိုး)
ကျနော်တို့ နေစဉ်အသုံးပြုနေသော ပစ္စည်းအများစုဟာ ပြည်တွင်းဖြစ် မဟုတ်ကြပါဘူး။ ဒါကြောင့် ကျနော်တို့တတွေဟာ မြန်မာကျပ်ငွေကိုင်ပြီး ဒေါ်လာဖြုန်းနေသူများသာဖြစ်ပါတယ်။ ဒေါ်လာရှာနိုင်သူနည်းပြီး ဒေါ်လာဖြုန်းသူနည်းလာလေလေ ငွေဈေးကျဆင်းလေလေဖြစ်မှာပါ။

No comments:
Post a Comment