မြန်မာကျပ်ငွေတည်ငြိမ်ဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။ အထူးသဖြင့် မူဝါဒ ချမှတ်သူများမှာ တာဝန် အရှိဆုံးဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ မေးမဲ့ မေးခွန်းက သင် ငွေရှာသူလား။ ဒေါ်လာဖြုန်းသူလား။
ငွေရှာသူတွေများလာရင် ဒေါ်လာဈေးကျမယ်။
ငွေဖြုန်းတဲ့သူတွေက ကျပ်ငွေကိုင်ပြီး ဒေါ်လာဖြုန်းနေကြတာပါ။ ဒီလူတွေများနေရင် ဒေါ်လာဈေးတက်နေပါလိမ့်မယ်။ ဒါကြောင့် ငွေရှာနိုင်တဲ့သူတွေ များအောင် အစိုးရက မူဝါဒချမှတ် လမ်းညွှန်ကြီးကြပ်ရမယ်။ စနစ်တကျမလေလွင့်အောင် တိုက်တွန်းစေ့ဆော်ရမယ်။ လူတိုင်းမှန်မှန်ကန်ကန် ငွေရှာဖို့ရယ် ဒေါ်လာမဖြုန်းဖို့ရယ် ကြိုးစားရမယ်။ အဓိကအကြောင်းအရင်းက ဒေါ်လာရှာနိုင်နူန်းနဲ့ သုံးလိုအားမမျှလို့ဖြစ်ရတာပါ။ ဝင်ငွေ၊ ထွက်ငွေမမျှလို့ပါ။ ရှာတာနည်းပြီး သုံးတာဖြုန်းတာများနေခြင်းက မူလအရင်းအမြစ်ပါ။ အဓိက တရားခံပါ။ တရားခံ လေးဦးရှိပါတယ်။
၁။ နိုင်ငံတော်အဆင့်
၂။ လုပ်ငန်းရှင်များအဆင့်
၃။ ပြည်သူများအဆင့်တို့ပဲဖြစ်ပါတယ်။
၎။ ပြည်ပလုပ်ငန်းများပဲဖြစ်ပါတယ်။
ဖြေရှင်းရင်တော့ နံပါတ်စဉ်တစ်နဲ့သုံးအထိပဲ အဓိကဖြေရှင်းပေးကျရမှာပါ။ ပြိုင်ဆိုင်မှုများတဲ့ ခေတ်မှာ အ သူ ခံရမှာပါ။ သိလျင်ဖေါ်စား။ မသိသူခံသွားရမှာပါ။
၁။နိုင်ငံတော်အဆင့်
ပြည်သူတွေက ဒေါ်လာဈေးတက်လို့ ဈေးနှူန်းတက်ကောက်ခံလာတဲ့အခါတိုင်း စားရိတ်စကထောင်းပြီး ဈေးဆွဲတင်လို့ ငွေဖေါင်းပွရတဲ့အတွက် အခြေခံစားကုန်တွေတက်တက်လာတိုင်း ဗဟိုဘဏ်ကို အားကိုးအားထားပြီး ငွေကြေးဈေးကွက်ကို ဝင်ရောက်ထိန်းချုပ်စေကာ ငွေကြေးပြန်ကျစေချင်တဲ့အခိုက်အတန့် ပြည်ပငွေရေးကြေးရေးအဖွဲ့အစည်းတွေကလည်း ဈေးကွက်ဝယ်လိုအားအတိုင်းရှိစေချင်ပြီး ဝင်ရောက်စွတ်ဖက်တာကို မနှစ်မြို့လို့ ဗဟိုဘဏ်မှာလည်း ငွေဈေးကျတိုင်း အကျပ်အတည်းနဲ့တွေ့နေရပါတယ်။ ပြည်သူတွေ စိတ်တိုင်းကျ ဈေးကွက်ထဲဝင်ပြီးဝင်ရောက်စွက်ဖက်ခဲ့ရင် ပြည်ပက ဖိအားကိုခံရမှာဖြစ်ပြီး မဆောင်ရွက်ခဲ့ပြန်ရင်လည်း လူထုယုံကြည်မှုကျဆင်းလာမှာဖြစ်ပါတယ်။ အမှန်တကယ်တော့ ဈေးကွက်ကိုပိုင်ပိုင်နိုင်နိုင်ဝင်ရောက်စွက်ဖက်ဖို့ အင်နဲ့အားနဲ့ဆောင်ရွက်ဖို့ဆိုတာလည်း မလွယ်လှတဲ့အခြေအနေဖြစ်ပါတယ်။ ဒီအချိန်မှာ မြွေပူရာကင်းမှောင့်ဆိုသလို ကျပ်ငွေကို ဒေါ်လာအဖြစ်ပြောင်းလည်း သိမ်းစည်းထားတဲ့ဓလေ့တရပ်ပေါ်ပေါက်လာတဲ့အတွက် ငွေဈေးလိုအပ်ချက် တနေ့တခြားများပြားလာပြီး ဈေးကလည်းတနေ့တခြား ကျဆင်းလာတာကိုတွေ့ရပါတယ်။
မြန်မာငွေကြေးကျဆင်းခြင်းဟာ စနစ်တကျ အစီအစဉ်ကျကျဆောင်ရွက်ထားခြင်းမရှိတဲ့အတွက် အကျိုးကျေးဇူးထက် မကောင်းကျိုးတွေကိုသာ လူထုအနေနဲ့ ခါးစည်းခံနေကြရပါတယ်။ တရုတ် ငွေဈေးကျတဲ့အတွက် တရုတ်ဖြစ်ပစ္စည်းများ ပြည်ပနိုင်ငံများမှာ ဈေးပေါပေါနဲ့ ဝင်ရောက်နေရာယူပါတယ်။ ဒါတရုတ်ပြည်ဖြစ်ပါတယ်။ ငွေဈေးကျရင် မြန်မာငွေဈေးချိုရင် မြန်မာပြည်ဖြစ် ပစ္စည်းတွေ ပြည်ပဈေးကွက်ထဲ သက်သက်သာသာနဲ့ ဝင်ရောက်နိုင်တယ်လို့ သီအိုရီအရဆိုပေမဲ့ လက်တွေ့မှာ ပြည်တွင်းဖြစ် မယ်မယ်ရရမထွက်ရှိတဲ့အတွက် မစံစားရဘဲ ခံစားနေရပါတယ်။ ငွေဈေးကျဆင်းမှုက နိုင်ငံတော်တင်ရှိတဲ့ ချေးငွေတွေရဲ့ဝန်ထုတ်ဝန်ပိုးတွေကို ပိုမိုလေးလံစေပြီး နိုင်ငံသားများရဲ့ ပိုင်ဆိုင်မှု့ကို ယုတ်လျော့စေပါတယ်။ တာဝန်ရှိတဲ့သူတွေ အနေနဲ့
(၁-က) ခိုင်မာတဲ့ ငွေကြေးမူဝါဒတွေနဲ့အတူ (၁-ခ) အသုံးစားရိတ်မူဝါဒကို မှန်ကန်စွာ ချမှတ်ကျင့်သုံး အကောင်အထည်ဖေါ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ပြောင်းလဲမှုကို ရဲရဲရင့်ရင့် စနစ်တကျအကွက်ချဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကောင်းမယ်ထင်ရင် ပြည်ပက ဖိအားတွေကိုလည်းကြောက်စရာမလိုဘူး။ ရင်ဆိုင်ရဲရမှာဖြစ်ပါတယ်။
(က) အခွန်တွေကောက်ရပါမယ်။ တခုက ကျနော်တို့နဲ့ အခွန်က သိပ်ပြီး အသားမကျပါဘူး။ အခွန်နဲ့ဝေးပါတယ်။ (ခ) အတိုးနှူန်း (ဂ) ပြည်သူတွေမသုံးနိုင်ရင် အစိုးရသုံးရမယ်။ သုံးချင်လာအောင် နှိုဆွရမယ်။
(ဃ) ငွေကြေးပမာဏအတိုင်းအတာတစ်ခုအထိရိုက်ထုတ်ရမယ်။ ကျနော်တို့ ဆေးခါးသောက်ရမယ်။ ပြုပြင်ပြောင်းလဲရေးကို အများအကျိုးအတွက် ရဲရဲဝံ့ဝံ့လုပ်ကြရမယ်။ ဦးနေဝင်းလို လက်ရှိ မိုဒီလည်းလုပ်နေတယ်။ သူလည်းဆေးခါ:ကြီးတိုက်လိုက်တယ်။ အကျိုးဆက်ကိုတော့ဆက်လက်စောင်ကကြည့်ရမယ်။
၂။ နိုင်ငံတော်အနေနဲ့ ပြည်ပပို့ဖို့ ကုန်ထုတ်လုပ်မှု တိုးတက်ဖို့လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ကုန်ထုတ်လုပ်မှုသို့ ဝန်ဆောင်မှုလုပ်ငန်းများဟာ ပြည်ပနိုင်ငံများနဲ့ရင်ဆိုင်ရမှာမို့ လုပ်ငန်းများကို စနစ်တကျရွေးချယ်ပြီး မြေတောင်မြောက်ပေးကြရမှာဖြစ်ပါတယ်။ အခြေခံအဆောက်အဦးများကို အထူးသဖြင့် စွမ်းအင်နှင့် လမ်းပန်းဆက်သွယ်ရေး ဂဏ္ဏများကိုအရေးပေး ရင်းနှီးမြပ်နှံပေးဖို့လိုပါတယ်။ Marketing the Nation နဲ့ Porter Diamond Model ကိုလေ့လာကြရမှာဖြစ်ပါတယ်။ လိုအပ်ရင် နူကလီးယားဓါတ်ပေါင်းဖိုများပါ ဆောက်လုပ်စေချင်ပါတယ်။
၃။ ဇိမ်ခံပစ္စည်းတွေ ဈေးတက်တာ ပြသနာမရှိပေမဲ့ အခြေခံစားကုန်တွေကတော့ ရင်ဗလောင်ဆူစေတာ အမှန်ပါပဲ။ ပြည်တွင်းစားသုံးမှု့ဖူလုံအောင် ပြည်တွင်း အာဟာရပြည့်ပြည့်ဝဝ စားသုံးနိုင်အောင် မူဝါဒချမှတ် ကျင့်သုံးဖို့ လိုအပ်ပါတယ်။ အခု ရှိတဲ့ ရတဲ့ပိုက်ဆံနဲ့ ဗိုက်ပြည့်အောင် စားသောက်နေကြရပါတယ်။ အာဟာရပြည့်ဝအောင် စားသောက်နိုင်မှသာ ကိုယ်ခန္တာ သန်စွမ်းပြီး ဥာဏ်ရည်ဖွံဖြိုး လာမှာဖြစ်ပါတယ်။ ကျနော်တို့ အသားမစားနိုင်တော့ပါဘူး။ အရပ်ပုပြီး ညှပ်လာကြပါပြီ။ ဘင်္ဂလားဒေ့ရှ်က ယူနွတ်ကို ကျနော်တို့ အတုယူသင့် ဆောက်ရွက်သင့်ပါတယ်။
လုပ်ငန်းများအနေနဲ့ စားသုံးသူများ စိတ်ချယုံကြည်ပြီး စားသုံးသူအလေးထားသော ကျင့်ဝတ်ညီလုပ်ငန်းများဖြစ်ပေါ်လာရေးနဲ့ ပြည်ပဈေးကွက်အထိရောက်ရှိအောင် ထိုးဖေါက်နိုင်ဖို့ ကြိုးစားအားထုတ်ရမှာဖြစ်ပါတယ်။ ပြည်ပမှနည်းပညာများကို ရယူဖို့ကြိုးစားရမှာဖြစ်ပါတယ်။ ပြည်ပကုမ္ပဏီများနဲ့ ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
ပြည်သူတစ်ဦးချင်းအနေနဲ့
(၃-က) မြန်မာငွေကိုင်ပြီး ဒေါ်လာဖြုန်းနေတာတွေလျော့အောင် ပညာပေးရမယ်။ (၃-ခ) ဒေါ်လာရအောင် မှန်မှန်ကန်ကန် ကြိုးပမ်းကြရမယ်။ တစ်ဦးချင်း တစ်ယောက်ချင်းအနေနဲ့ (၃-ဂ) ပြည်တွင်းဖြစ်တွေကို ဦးစားပေး ရွေးချယ်ဝယ်ယူဖို့တိုက်တွန်းချင်ပါတယ်။ ပြည်တွင်းဖြစ်ဝယ်ရင် ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းများဖြစ်ပေါ်လာမှာဖြစ်ပြီး တဦးချင်းဝင်ငွေတိုးလာမှာဖြစ်ပါတယ်။ ပြည်တွင်းဖြစ်များဝယ်ယူခြင်းအားဖြင့် ပြည်တွင်းလုပ်ငန်းများဖွံဖြိုးတိုးတက်လာပြီး ပြည်တွင်းထုတ်လုပ်မှုပမာဏမြင့်မားလာမှာဖြစ်ပါတယ်။ ပြည်တွင်းဖြစ်မရှိပါက နိုင်ငံခြားဖြစ် ပစ္စည်းတွေ (အရေးမကြီးတဲ့ ကုန်စည် သို့ ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှု့တွေကို တိုက်ရိုက်အကျိုးမဖြစ်ထွန်းစေတဲ့ အရာတွေကို) လျော့သုံးရမယ်။ ဥပမာ။။ ဇိမ်ခံကားနဲ့ လုပ်ငန်းသုံးကားဝယ်ယူရာကို လေ့လာရင် ဇိမ်ခံကားအနေနဲ့ ကုန်ထုတ်လုပ်မှု့အတွက် တိုက်ရိုက်အထောက်အကူမပြုနိုင်ပါဘူး။ (အကယ်၍ ဟိုတယ်အတွက် ဧည့်သည်တွေအတွက်ဆိုရင်တမျိုး) ကျနော်တို့ နေစဉ်အသုံးပြုနေသော ပစ္စည်းအများစုဟာ ပြည်တွင်းဖြစ် မဟုတ်ကြပါဘူး။ ဒါကြောင့် ကျနော်တို့တတွေဟာ မြန်မာကျပ်ငွေကိုင်ပြီး ဒေါ်လာဖြုန်းနေသူများသာဖြစ်ပါတယ်။ ဒေါ်လာရှာနိုင်သူများပြီး ဒေါ်လာဖြုန်းသူနည်းလာလေလေ ငွေဈေးကျဆင်းလေလေဖြစ်မှာပါ။
ဒီလိုဟန်ချက်ညီညီဆောင်ရွက်မှသာ

No comments:
Post a Comment