သူ့အရပ် သူ့ဇာတ်
ရောမရောက်ရင် ရောမလို ကျင့်ရမယ်။
အဝေးပြေးလမ်းမပေါ်ရောက်ရင်
အဝေးပြေးလမ်းမက ဓလေ့တွေ သိရှိ လိုက်နာ ကျင့်သုံးရမယ်။
အဝေးပြေးကားလမ်းက ဓလေ့
လမ်းက နှစ်စီးစာသာရှိလို့ ကျဉ်းတယ်။
လမ်းမီးက ပုံမှန် မရှိ။
ဒါအချိန်မှာ ပုံမှန်အတိုင်းသာမောင်းနေရင်၊
ရှေ့မှာ ကားကြီးတွေဆက်တိုက်ပိတ်မောင်းနေလို့
ကျော်မတက်နိုင်ခဲ့ရင် မိုးချုပ်သွားမယ်။
မင်းအရင်သွားပါ။ ကျော်မောင်းသွားပါဆိုတဲ့
ဓလေ့ကောင်းလေးတွေကို ပိုင်ဆိုင်ထားကြတာ ဂုဏ်ယူမိပါတယ်။
After you
အဝေးပြေးကမ်းလမ်းက ဓလေ့ကောင်းများကို ဆွေးနွေးချင်ပါတယ်။
ဒီဓလေ့ကောင်းလေးတွေက လိုအပ်ရင် လက်ဆင့်ကမ်းကြရမှာပါ။
ကျော်တက်ချင်ရင်
(၁) မီးတောက်ပြီး လမ်းတောင်းတယ်။
(၂) ဟွန်းတီးင်္ပြးလည်း လမ်းတောင်းတက်တယ်။
ဟွန်းမှာ တစ်ခုရှိတာက သိပ်မသေချာဘူး။
အကြောင်းက ရှေ့ကားက ကားတံခါးပိတ်ထားရင် ကြားချင်မှကြားမိမယ်။
နောက်က မီးပြ မီးတောက်ရင် ရှေ့ကားက
(၃) ညာဖက်မီးပြရင် လမ်းမရှင်းဘူး။
ရှေ့မှာ ကားလာနေတယ်။
ကျော်မတက်နဲ့။
ဘေးကပ်မောင်း။
(၄) ဘယ်ဘက်အချက်ပြမီးကို ပြရင် လမ်းရှင်းတယ်။
ရှေ့ကားမရှိဘူး။
ကျော်တက်လိုရ့တယ်။
(၅) ကားကျော်တက်နေရင်း ကျော်သွားတဲ့ကားက ဟွန်းတီးပြီး ကျေးဇူးတင်ကြောင်းပြောတယ်။
တခါတရံ တဖက်ကားက ပြန်ဟွန်းတီးတယ်။
အေးပါကွာ။ ရပါတယ်။
(၆) ကျော်တက်ရင်းနဲ့ တချို့က လက်ပြပြီး အရေအတွက်ပြောသွားတက်သေးတယ်။
နောက်နှစ်ဆင်းကျန်တယ်။ သုံးဆင်းကျန်သေးတယ်ပေါ့။
(၇) လမ်းမီးမရှိတော့ ကားတွေကမီးကြီးထိုးပြီးမောင်းတယ်။
ရှေ့ကကားတွေ့ရင် မီးတောက်ပြီး အချက်ပေးတယ်။
မီးချပေးဖို့ပါ။
မီးပြိုင်ထွန်းရင် မျက်စိစူးတယ်။
ကားသေးရင် ပိုအစဉ်မပြေဘူး။
အဝေးပြေးကားတွေမှာ မီးတွေဟာ အလှထက်အန္တရာယ်ကင်းရှင်းရေးဦးစားပေးရမယ်။
ရှေ့ကားနဲ့ မိမိကား အန္တရာယ် ကင်းရှင်းရေး ဦးစားပေးက အဓိကကျပါတယ်။
(၈) မီးသေးထိုးပြီးမောင်း သို့ မီးချမောင်းပေးခြင်းဖြင့်တစ်ဖက်နဲ့တဖက် ကူညီရာရောက်ပါတယ်။
အဲဒီမှာ ပြသနာက အချက်ပြတာတွေမှားနေတယ်လို့ ပြောပြီး ဒီဓလေ့ကောင်းကို ဖျက်စီးတဲ့သူတွေဟာ လက်တွေ့နဲ့ကင်းကွာသူ ဂဂျောင်တွေပဲဖြစ်ပါတယ်။
သူ့အရပ် သူ့ဇာတ်ပါ။
ဒါအဝေးပြေးကားလမ်းက အမူအကျင့်ကောင်းတွေပါ။ မြို့တွင်းမောင်းရာမှာ သုံးရမဲ့ လက္ခဏာတွေ မဟုတ်ပါဘူး။ ခြောက်လမ်းသွားတွေမှာ သုံးရမှာ မဟုတ်ပါဘူး။ ရောမရောက်ရင် ရောမလို ကျင့်ပါ။ အဝေးပြေးလမ်းမရောက်ရင် အဝေးပြေးလမ်းမက စရိုက်တွေနားလည်လက်ခံကျင့်သုံးပါ။

No comments:
Post a Comment