အမြင်
ကျနော်တို့တတွေက
(၁)အကောင်းမြင်တွေလား။
(၂)အဆိုးမြင်တွေလား။
လက်ရှိ ဖြစ်ပျက်နေတာတွေနဲ့
ပတ်သတ်ပြီး
မေးလာတဲ့အခါတိုင်း။
ကျနော်ပြန်ဖြေလေ့ရှိတာက...
(၁)လဲ မဟုတ် (၂)လဲ မဟုတ်။
မြတ်ဗုဒ္ဓဟောကြားထားသလိုပါပဲလို့
ဖြေလေ့ရှိတယ်။
ကြည့်တိုင်း မမြင်ဘူး။
ပညာရှိများ
တွေးကြည့်တာက
ပြေးကြည့်တာထက်မှန်တယ်ဆိုတဲ့
စကားပုံလေးရှိတယ်။
ပြီးတော့ ဓမ္မစင်္ကြာမဟောခင်
အ၀ိဇ္ဖာတွေ ဖုံလွှမ်းနေတဲ့လူတွေကို
လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ကျင့်ခဲ့ဘူးတဲ့
ဘုရားသော်မှ စိတ်ပျက်ခဲ့ဘူးတယ်။
ကျနော်တို့တတွေလည်း
ကြည့်တိုင်းမမြင်ကြဘူး။
မြင်တဲ့ အမြင်တွေလည်း
မတူကြဘူး။
မတူတဲ့အပေါ်
အရင်က
အရမ်းခံစားရတယ်။
တနေ့ သဘောပေါက်လာမှာပေါ့။
စိတ်ရှည်တယ်။
တခါတလေလည်း
စိတ်မရှည်ဘူး။
အကြည့်ခံရတဲ့အရာတွေက
(ရုပ်ဝတ္ထုတွေက မပြောင်းပေမဲ့)
ကြည့်တဲ့သူတွေရဲ့ စိတ်တွေကြောင့်
ပြောင်းသွားကြတယ်။
သူ့ဖက်က ကြည့်တော့ လက်ဖမိုး၊
ငါ့ဖက်က ကြည့်တော့ လက်ဖ၀ါး။
ဘီအီးဒီအောင်သိုက်လို
က ယ E 3 ဖြစ်နေတက်တယ်။
ဘယ်သူက မှားပြီး မှန်တယ်ဆိုတာ
အတော်ပြောဖို့ ခက်ခက်လာတယ်။
အချိန်က အဆုံးအဖြတ်ပေးတာမှန်ပေမဲ့
အချိန်မနှောင်းဖို့
အရေးကြီးတယ်။
အခုချိန် ပြောင်းမှ နောင်ကောင်းမယ်။
အခုချိန် မပြောင်းနိုင်ရင် နောင် ကောင်းစရာမမြင်ဘူး။
လို့ ကျနော် တဖွဖွ ရေရွတ်ဖူးတယ်။
စိတ်ပူဖူးတယ်။
စိတ်ရှည်ဖူးတယ်။
စိတ်တိုဖူးတယ်။
စိတ်ပျက်ဖူးတယ်။
နောင်တဆိုတာ
နောင်မှ ရတယ်။
တည်ဆောက်ရတာ
ခက်ခဲပေမဲ့
ဖြိုဖျက်ရတာ
အရမ်းလွယ်တယ်။
ဒါကြောင့် ကျနော်တို့
အမြင်တွေက
မကောင်းတာကြီးကို
ဇွတ်မျက်စိမှိတ်
အကောင်းမြင်ကြရမှာ မဟုတ်သလို
ကောင်းမှန်းသိပေမဲ့
ငါနဲ့မတူ
ငါ့ရန်သူဆိုပြီး
မကောင်းဘူးဆိုပြီး။
မျက်စိစုံမှိတ်
ရေရွတ်ကြရမဲ့
အချိန်လည်း
မဟုတ်ဘူး။
ဒါနဲ့
ကျနော်တို့တတွေက
(၁)အကောင်းမြင်တွေလား။
(၂)အဆိုးမြင်တွေလား။
ဗုဒ္ဓဘာသာကို အခြားဘာသာဝင်တွေက
အဆိုးမြင်လို့ ပြောတယ်။
မြဲတယ်ဆိုတာ မရှိဘူး။
ချစ်သား အာနဒ္ဒာ။
ငါပြောပေါင်းများလှပြီဆိုပြီး
ဘုရားရှင်က ခန္ဓာဝန်ချ ပရိနိဗ္ဗာန်ပြုတော်မူတယ်။
...
...
..
...ဒါနဲ့
ဗုဒ္ဓဘာသာက
အကောင်းမြင် မဟုတ်သလို
အဆိုးမြင်လဲ မဟုတ်ပါဘူး။
အရှိကို အရှိအတိုင်းမြင်ပါတဲ့။
No comments:
Post a Comment