ကောင်းမွန်သော ဆိုရှယ်မီဒီယာဝန်းကျင်တည်ဆောက်ရေးနောက် ဒုတိယ ခေါင်းစဉ်အနေနဲ့ အငံချဲစက်နဲ့ ကျင့်ဝတ်
အသံချဲ့စက်နဲ့ပတ်သတ်လို့ ကန့်ကွက်တာတွေ ဆန့်ကျင်တာတွေ ကြားကြားနေရတာ တဖြည်းဖြည့်းများပြီး ကျယ်လောင်လာပေမဲ့ ကိုင်တွယ်အသုံးပြုသူတွေ ငှားရမ်းရောင်းချသူအဖွဲ့အစည်းတွေအနေနဲ့ တုံ့ပြန်မှုတွေကိုတော့ ကြားရဖို့မျှော်လင့်နေမိတာကြာပါပြီ။ ဒီထက်ကန့်ကွက်သံတွေ ပိုမိုကျယ်လောင်လာရင် ဥပဒေတွေဘာတွေနဲ့ ဖြစ်လာရင် အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ပြီး ဘေးထွက်ဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်ပါတယ်။
တကယ်တော့ အသံချဲ့စက်တွေကို ဘာသာရေးပွဲလမ်းတွေအပြင် အလှူ၊၊ မင်္ဂလာဆောင် သာရေး၊ နာရေးတွေမှာပါ အသုံးပြုခဲ့တာကြာပါပြီ။ အသံချဲ့ဆက်တွေက ပွဲလမ်းသဘင်နဲ့ သာရေး၊ နာရေးကိစ္စတွေအတွက် မရှိမဖြစ် လိုကိုလိုအပ်ပါတယ်။ တစ်ခုပဲ အလွန်အကျွုံတလွဲမသုံးကြဖို့တိုက်တွန်းရင်း သုံးစွဲသူတွေကို စနစ်တကျ နည်းမှန်လမ်းမှန် လိုက်နာဆောင်ရွက်လာကြဖို့လိုပါတယ်။ ဥပဒေနဲ့အရေးယူတယ်ဆိုတာက မရတဲ့အဆုံး နောက်ဆုံး နောက်ဆုံးမှသာ ဆောင်ရွက်ရမဲ့ ကိစ္စလို့ ကျနော့်အနေနဲ့ မြင်မိပါတယ်။ ပတ်ဝန်းကျင်က ထိန်းသိမ်းပေးရင် တည့်မတ်ပေးရင် ကောင်းမွန်လာမယ်လို့ ယုံကြည်ပါတယ်။ ကောင်းမွန်တဲ့ အဖွဲ့အစည်းတွေမှာ ဒီလိုအကျင့်ကောင်း ဓလေ့ကောင်းတွေနဲ့ ထုံမွှန်းထားတက်ပါတယ်။ ဒါကြောင့် ကျနော်တို့လည်း ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ဝိုင်းဝန်းပူးပေါင်းကြိုးစားဖေါ်ထုတ်ကြရမှာ ဖြစ်ပါတယ်။
တရားတဘောင် ဥပဒေကို မဖြစ်နိုင်ဆုံး အတက်နိုင်ဆုံး မပါဝင်စေချင်ပါဘူး။ ဒါကြောင့် ပတ်ဝန်းကျင်က အချင်းချင်းဖေးမ ထိန်းသိမ်းသင့်ပါတယ်။ ဒီလို ထိန်းသိမ်းဖို့အတွက် သက်ဆိုင်သူတွေ အားလုံးပါဝင်ကူညီပြီး တဦးနဲ့တဦး နားလည်မှု့ရှိဖို့လိုပါတယ်။
ပထမဆုံးအနေနဲ့ ရောင်းချတဲ့သူတွေ၊ ငှားရမ်းပေးတဲ့သူတွေက လိုက်နာသင့်တဲ့ ကျင့်ဝတ်တွေကို ပြုစုပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ အကောင်းဆုံးနည်းလမ်းကို ရှာဖွေသင့်ပါတယ်။ ဒါမှ ရေရှည်တည်တံ့ပြီး လူတိုင်းအတွက် အစဉ်ပြေတဲ့ စီးပွားရေးအတွက် နတ်လူသာဓုခေါ်ကြမှာဖြစ်ပါတယ်။ ဒါတွေထဲမှာ
(က) အချိန်ကာလသတ်မှတ်ချက်တွေရှိသင့်ပါတယ်။ အကြောင်းအရာပေါ်လိုက်ပြီားစဉ်းစားလက်ခံပေးကြရမှာဖြစ်ပါတယ်။ ဥပမာ။ ။ အသံမစဲပဌာန်းနဲ့ ဘွန္တော။
(ခ) အသံအတိုးအကျယ်ဘယ်လောက်ဖွင့်သင့်တယ်ဆိုတဲ့ တိုက်တွန်းချက်တွေပါဝင်သင့်ပါတယ်။
(ဂ) ဘယ်လိုစာသားမျိုး၊ သီချင်းမျိုးဖွင့်သင့်ပါတယ်။ (အချင်းချင်း စိတ်ဝမ်းကွဲမဲ့စာသားတွေ၊ ပဠိပက္ခတွေရှောင်ရှားသင့်တဲ့ စာသားတွေ) စသည်ဖြင့် တိုက်တွန်းနိုးဆော်နိုင်ရင် အရမ်းသင့်တော်မယ်လို့ ယူဆပါတယ်။
ကျနော်တို့နေထိုင်တဲ့ ကျောက်မြောင်းမှာဆို ငယ်စဉ်ကတည်းက ဒီလော်ယဉ်ကျေးမှု့ထွန်းကားခဲ့တာကြာနေပြီမို့ ကျနော်တို့နဲ့ မစိမ်းခဲ့တဲ့အပြင် ကိုယ်တွေပါ တတက်တအားပါဝင်ဆင်နွဲခဲ့ဖူး မိုက်ခွက်လုခဲ့ဖူးပါတယ်။ မိုက်ခွက်ရခဲ့ရင်လည်း မလွတ်တမ်း မနားတမ်းပြောခဲ့တဲ့သူတွေကိုလည်း ကြုံတွေ့ခဲ့ရဖူးပါတယ်။ ကိုယ်အလှည့်ရောက်ရင်လည်း ကိုယ်စိတ်တိုင်းကျ သီချင်းကို အကျယ်ကြီးဖွင့်ခဲ့တယ်။ တပုဒ်တည်းကိုပဲ အဖန်တလဲလဲဖွင့်ခဲ့ဖူးပါတယ်။ လမ်းထဲက အသိတစ်ယောက် မရောက်သေးရင်လည်း ဒီလော်နဲ့ပဲ အေးအေးဆေးဆေးလှမ်းခေါ်၊ မိုက်လေးနဲ့ လှမ်းအော် လှမ်းပြောပြီး သဘောခွေ့တဲ့အထဲမှာ ကိုယ်တိုင်ပါဝင်ခဲ့ပြီး ဒီကိစ္စတွေကလည်း ထမင်းစားရေသောက် ကိစ္စတွေပဲဖြစ်ပါတယ်။ အထူးသဖြင့် သီတင်းကျွတ်၊ တန်ဆောင်တိုင်တွေမှာ စင်နဲ့ကနားနဲ့ထိုးပြီးချိန်တွေက အများဆုံးကြုံတွေ့ရတဲ့ ကာလပဲဖြစ်ပါတယ်။ ဒါကြောင့် ကျနော်ကတော့ လော်ယဉ်ကျေးမှု့ကို သဘောကျခဲ့ပါတယ်။ ပါဝင်ခဲ့ပါတယ်။ အခုတော့။
အခုတော့ အရင်လိုမဟုတ်တော့ပါဘူး။ နေထိုင်မှု့စနစ်တွေ၊ ဓလေ့၊ စရိုက်တွေပြောင်းလဲခဲ့ပါပြီ။ အရင်က တလမ်းလုံးမပြောနဲ့ ရပ်ကွက်ထဲကလူတွေကို မသိတောင် မျက်မှန်းတန်းမိခဲ့ပေမဲ့ အခုတော့ လူနေထူထပ်လာပြီး အနေစိပ်လာကြပါပြီ။ ဆယ်ဂဏန်းအိမ်တန်းကလေးကနေ တစ်တိုက်ထဲကို ဆယ်ခုထက်မကတဲ့ မိသားစုတွေ ရောက်ရှိနေထိုင်နေကြပါပြီ။ တလမ်းသားတည်းမပြောနဲ့ တတိုက်တည်းတောင် မျက်မှန်မတန်း မသိတော့တဲ့ အခြေအနေဖြစ်လာပြီး ခပ်တန်းတန်း ခပ်စိမ်းစိမ်းဖြစ်လာပါပြီ။ ဒီအခါမှာ အရင်က ဓလေစရိုက်တွေကို ခေတ်ကာလနဲ့ လိုက်လျောညီထွေဖြစ်အောင် ဖန်တီးပြောင်းလဲဖို့လိုကို လိုလာပါပြီ။ အခုမှရောက်လာသူတွေကလည်း လော်ယဉ်ကျေးမှု့ကို နားလည်မှု့ရှိရမှာဖြစ်သလို၊ ကိုင်တွယ်အသုံးပြုသူတွေအနေနဲ့လည်း စနစ်တကျ ကောင်းမွန်စွာ လိုက်လျောညီထွေရှိအောင် အသုံးချခြင်းဖြင့် ပြန်လည်ကူညီရင်းနဲ့ ရှဥ့်လည်း လျောက်သာ ပျားလဲစွဲသာ အနေအထားကို ဖန်တီးပေးဖို့လိုပါတယ်။ သဘောကွဲလွဲချက်တွေ ရှိကောင်းရှိမယ် အချိန်ကြာကောင်းကြာနိုင်မှာ ဖြစ်ပေ့မယ် တနေ့ရောက်ရှိသွားမယ်လို့ မျှော်လင့် ယုံကြည်ရင်း
ဥပဒေကြောင်းအရထက် ကောင်းမွန်သော ပတ်ဝန်းကျင်ဖန်တီးကြဖို့လိုပါတယ်။
လော်ယဉ်ကျေးမှု့ပတ်ဝန်းကျင်ကောင်းကို ရောင်းချသူ၊ ငှားရမ်းသူ၊ သုံးစွဲသူ၊ ရပ်ကွက်အတွင်းနေထိုင်သူအားလုံး ညှိနှိုင်းမှသာ ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခုမှသည်.....ကျင့်ဝတ်ညီ လူမျိုးမှသည် ကျင့်ဝတ်ညီတိုင်းပြည်

No comments:
Post a Comment