Wednesday, June 22, 2016

ခံစားချက်

အမှန်၊ အမှားဆိုတာထက်
ခံစားချက်ပေါ်
ရပ်တည်တက်ကြတယ်။
တကယ်တော့
အမှန်၊ အမှားဆိုတာ
ပြောတဲ့သူမဟုတ်ဘူး။
ခံစားချက်မဟုတ်ဘူး။
ဖေ့စဘုတ်ကြီးမဟုတ်ဘူး။
ရှယ်များတိုင်း မဟုတ်ဘူး။
လိုက်(ခ)များတိုင်းမဟုတ်ဘူး။
ကွန်မန့်များတိုင်းမဟုတ်ဘူး။
ဆယ်လီဖြစ်တိုင်းမဟုတ်ဘူး။။
မီဒီယာ(အမည်ခံ)တွေပြောတိုင်းမဟုတ်နိုင်ဘူး။
အမှန်တရားဟာ
အမှတ်တရားဘဲ။
ပုဂ္ဂိုလ်ရေး
အရမ်းဆန်ရင်
မလိုလားတာတွေ
ဖြစ်တက်တယ်။
လိုရာဆွဲတာတွေနောက်လိုက်ရင်
ကိုယ်လိုရာမရောက်ဘဲဖြစ်မယ်။
လိုရာရောက်ဖို့
ပန်းတိုင်ရောက်ဖို့
လိုရာဆွဲမတွေးပါနဲ့။
ဝိဘဇ္ဇ ဝေဖန်ပိုင်းခြား စိစစ်တွေးတော ကြံဆပါ။

Monday, June 20, 2016

Ad Campagin

1. Matching people
2. Selling Process
3. Ambassador
4. Business Model
5. ASEAN Countries
6. Learning Strategy

Saturday, June 18, 2016

ဈေးရောင်းခြင်း

ဈေးရောင်း မကောင်းရင်
စေတနာ နည်းနည်းထည့်

Saturday, June 11, 2016

မေးခွန်း

စိစစ်ကြပ်မတ်ခြင်း
စာမေးပွဲဖြင့် သင်ခန်းစာသင်ယူခြင်းကို အဆုံးသတ်ကြပါတယ်။ စာမေးပွဲပုံစံများကို လေ့လာကြမှာဖြစ်ပြီး စာမေးပွဲနဲ့ပတ်သတ်တဲ့ ထင်မြင်ချက်အယူအဆအမှား အမှတ်မှားတာတွေကိုလဲ စစ်ဆေးကြမှာဖြစ်ပါတယ်။

ဦးစွာ မေးခွန်းလှည့်တယ်ဆိုတဲ့ စကားက အများသုံးနေကြတဲ့ စကားလုံးလေးပါ။ မေးခွန်းတွေ တစ်နှစ်ထက် တနှစ်မထပ်ဖို့ဆောင်ရွက်ဖို့လိုပါတယ်။ ဒါကြောင့် မေးခွန်းမလှည့်တာတွေ့ရင် ပြောပြပေးပါ။ မေးခွန်းမလှည့်ရင် မေးခွန်းတွေ ထပ်နေမှာပေါ့။ မေးခွန်းလှည့်ရာမှာ စာသားလဲခြင်း၊  ပုံစံနဲ့ အမှတ်ပမာဏလဲခြင်း၊ အကြောင်းအရာလဲခြင်း၊ လုပ်ငန်းပုံစံလဲခြင်းတွေမှာ စာသားလဲခြင်းက အလွယ်ဆုံးပဲဖြစ်ပါတယ်။ ဒါကြောင့်မေးခွန်းလှည့်ကို လှည့်ရပါမယ်။ ဘာကြောင့်မေးခွန်းလှည့်တာကို မဖြေနိုင်တာလဲဆိုတော့ ဒါကျက် ဒါမေး ဒါဖြေကြောင့်ပဲဖြစ်ပါတယ်။ စဉ်းစားတွေးခေါ်မှု့အားနည်းနေလို့ဖြစ်ရတာပါ။ သင်ကြားပို့ချသူ (သို့) ပို့ချသော စနစ်မှားယွင်းနေတာကြောင့်ဖြစ်ရတာပါ။ ကြပ်မတ်စိစစ်ခြင်းမှားယွင်းတာ မဟုတ်ဘဲ သင်ကြားပို့ချတဲ့ ဆောင်ရွက်တဲ့ပုံစံမှားယွင်းနေတာဖြစ်ပါတယ်။ 
အဲဒီမှာ ဖြစ်ပွားရခြင်းအကြောင်းအရင်းထဲမှာ ကြပ်မတ်စိစစ်ခြင်းကို မှန်မှန်ကန်ကန်အသုံးမပြုပဲ အသုံးချထားတာကြောင့်ဖြစ်နိုင်ပါတယ်။
မေးခွန်းလိုက်တယ်။ 
မေးခွန်းချသင်တယ်။ 
မေးခွန်းပေါက်တယ်။ သိက္ခာရှိတဲ့ ကိုယ်ကျင့်တရားကို မြတ်နိုးတန်ဖိုးထားသူတွေအတွက် ဒီလိုဖြစ်ပွားမှာကို အကြောက်ဆုံးဖြစ်ပေမဲ့ ရိက္ခာနဲ့လဲမဲ့သူတွေအတွက် ဂွင်တစ်ခုပါပဲ။ စားပေါက်တစ်ခုပါပဲ။ မူဝါဒကြောင့် အောင့်သီးအောင့်သက်နဲ့လုပ်ခဲ့ရလို့ အသားကျနေလို့ ဆိုတာတွေကိုတော့ ကျော်ဖြတ်ဖို့အားယူ အချိန်ယူကြရမယ်ထင်ပါတယ်။
စာမေးပွဲစိစစ်တဲ့အဖွဲ့တွေအနေနဲ့နှစ်မျိုး နှစ်စားရှိပါတယ်။ အကြမ်းအားဖြင့် အသိများတာကတော့  ၁။ ကျောင်းစစ် ၂။ အစိုးရစစ်တို့ပဲဖြစ်ပါတယ်။
ဒီစနစ်နှစ်ခုအနက် သင်ကြားသူကိုယ်တိုင်မေးခွန်းထုတ်ရတဲ့အခါ (သို့) သင်ကြားသူနဲ့မေးခွန်းထုတ်တဲ့သူတွေ အကြားနားလည်မှုရသွားတဲ့အခါ အရည်အသွေးထက် လူကိုဦးစားပေးတဲ့ အခြေအနေဖန်တီးပေးလိုက်ရတဲ့ အခြေအနေတွေက များလာတဲ့အခါ

ကျောင်းစစ်က လွယ်တယ်။ အစိုးရစစ်က ခက်တယ်။ အကြောင်းက ကိုယ့်ကျောင်းသားအတွက် ကိုယ်တိုင်မေးခွန်းထုတ်တာပါ။ လျော့လျော့ပေါ့ပေါ့နဲ့ မေးလို့ ရတယ်။ အစိုးရစစ်အနေနဲ့ တစ်ကျောင်း၊ တဂါထာအဖြစ်ဖို့ဆိုတာထက် တပြေးညီ မလျော့မပေါ့ တိတိကျကျမေးခွန်းထုတ်ရတာပါ။ ဒါကြောင့် အစိုးရစစ်က ကျောင်းစစ်ထက်ပိုမိုကောင်းမွန်ပြီး အာမခံချက်တွေပါ။
နောက်တစ်ခုက ဘီစီစစ်။ တကယ်တော့ ဘီစီစစ်တယ်ဆိုတာထက် ဘီစီက ခန်းမစောင့်တာပါ။
အခန်းစောင့်တယ်ဆိုလို့ ကိုယ်တိုင်စောင့်တာရယ် အပြင်က ခေါ်ပြီးစောင့်တာရယ်။ 
အကြောင်းကတော့ မေးခွန်းထုတ်တာ၊ အမှတ်ခြစ်တာ၊ အောင်စာရင်းအတွက် ပြုစုတာတွေကို တခြားအဖွဲ့အစည်းတွေ ဆောင်ရွက်တာပါ။ ဘီစီက အရည်အသွေးကို အာမခံတာမဟုတ်ပါဘူး။ စာမေးပွဲဖြေဆိုရာမှာ အစဉ်ပြေအောင် စီစဉ်ဆောင်ရွက်ပေးတာပါ။ 
တက္ကသိုလ်က စစ်ဆေးခြင်းနဲ့ ပညာရေးဆိုင်ရာ အဖွဲ့အစည်းတွေက မေးခွန်းတွေထုတ်တာဆိုပြီး နှစ်မျိုးထပ်ခွဲနိုင်ပါတယ်။ 
တက္ကသိုလ်ဘုတ်အဖွဲ့က 
ပညာရေးဆိုင်ရာအဖွဲ့အစည်းအတွက် ကြပ်မတ်တဲ့အဖွဲ့အစည်းတွေ သတ်မှတ်ချက်တွေကို လေးစားလိုက်နာရမှာဖြစ်ပါတယ်။ 

ကျောင်းတွင်း စိစစ်သူနဲ့ ကျောင်းက ခန့်တာမဟုတ်တဲ့ ပြင်ပက ရွေးချယ်ထားတဲ့ 
အကုန်မစိစစ်နိုင်တဲ့အတွက် ရွေးကောက်တဲ့အခါ ဘယ်လိုရွေးကြသလဲဆိုတာက 


စာမေးပွဲ နတ်ကြီးတယ်ဆိုတာက ကိုယ်စောင့်နတ်က ငယ်ပြီး အားမရှိလို့ဖြစ်ပါတယ်။ တကယ်လို့သာ ကိုယ်စောင့်နတ်တွေ အားကြီး သန်မာနေအောင် ဆောင်ရွက်နိုင်ရင် စာမေးပွဲစောင့်နတ်ကို နိုင်မှာသေချာပါတယ်။ နောက်ထပ်စာသားလေးက နတ်တင်မှ နင်တက်မယ်။ နတ်မတင်ရင် အစဉ်မပြေနိုင်ပါဘူး။ 

စာမေးပွဲလို့ဆိုရင် စာမေးပွဲစိစစ်တဲ့အဖွဲ့၊ စာမေးပွဲအမျိုးအစား၊ မေးခွန်းအမျိုးအစား၊ မေးခွန်းစာသားအမျိုးအစားများကို လေ့လာကြရအောင်ပါ။ ပထမဆုံးအနေနဲ့ 
မေးခွန်းကြိုပို့ပေးထားလို့ မေးခွန်းပေါက်တာ။

မေးခွန်းပုံစံ
မဖြေမနေရနဲ့ ရွေးချယ်လို့ရတဲ့ မေးခွန်းတွေ
တစ်မှတ်တန်မေးခွန်း
လေးမှတ်တန်မေးခွန်း
စသည်ဖြင့် အမှတ်တွေနဲ့ အကြမ်းအားဖြင့် ခွဲခြားတက်ကြပါတယ်။


မေးခွန်းအမျိုးအစား
Type of Tests
1) Objective test (True or False) ဓမ္မဒိဌာန်
2) Multiple choice test (Multiple-choice question) မှန်တာရွေးပါ။
3) Matching test တူရာရွေးေးပါ။
4) Fill in the blank ကွက်လပ်ဖြည့်ပါ။
5) Open book စာအုပ်ယူခွင့်ရတဲ့ မေးခွန်း
6) Essay test (Short-answer question) အက်ဆေးပုံစံမေးခွန်း
7) Assignment စာတမ်းပြုစုခြင်း
8) Dissertation or Project ပရောဂျက် သို့ စာတမ်းတို
9) Case Study
အသုံးများတဲ့ မေးခွန်းအမျိုးအစားများက 
ဓမ္မဒိဌာန်၊ အက်ဆေးပုံစံမေးခွန်းတွေမှာ ( မေးခွန်းတိုနဲ မေးခွန်းရှည်)၊ ကေ့(စ) နဲ့ စာအုပ်ယူလို့ရတဲ့ မေးခွန်းပုံစံတွေပဲဖြစ်ပါတယ်။ 
ဒီနေရာမှာ ဓမ္မဒိဌာန်ရဲ့ အဓိပ္ပါယ် Objective type ဟာ Subjective type သို့ ပုဂ္ဂလဒိဌာန်မဟုတ်ပါဘူး။ နံကြားထောက်ဖြေဆိုနေတာတွေ့နေရတော့ ရည်ရွယ်ချက်နဲ့ လက်တွေ့ ဆောင်ရွက်နေတာလွဲမှားနေပါတယ်။ 
စာတမ်းပြုစုခိုင်းတာကလည်း ကိုယ်တိုင်လုပ်ကိုင်ဆောင်ရွက်ပြီး  နားလည်သဘောပေါက်စေချင်တာပါ။ ကိုယ်တိုင်ပြုစုတာ မဟုတ်ဘဲ ကူးချခြင်း။ ရေးခိုင်းခြင်းကလည်း ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေကနေ သွေဖယ်သွားနေပါတယ်။
GMAT ကတော့ ဒီပလိုမာ၊ ဒီဂရီပေးဖို့မဟုတ်ပဲ ဆုံးဖြတ်ချက်မှန်၊ မမှန်နဲ့ တွေးခေါ်စဉ်းစားဥာဏ်ကိုသာ စိစစ်ခြင်းဖြစ်ပါတယ်။ နံကြားထောက်တဲ့သူတွေအတွက် အမှတ်ပေးစဉ်းမျဉ်းနဲ့ ထိန်းညှိထားပါတယ်။ မှန်ရင် တစ်မှတ်ပေးမယ်။ မှားရင်တစ်မှတ်လျော့မယ်။ ဥာဏ်ကြီးရှင်မဟုတ်ဘဲ ဥုံဖွတွေအတွက် အမှန်အကုန်ခြစ်၊ အမှားအကုန်ခြစ်၊ ကံကောင်းရင် လေးဆယ်တင်ရင်အောင်ပြီ။ ဒါကကြပ်မတ်တဲ့ ပုံစံမှားနေတာပါ။ GMAT အတိုင်းသာ အမှတ်ပေးရရင်… အကုန်… 
ဓမ္မဓိဌာန်နဲ့ မေးခွန်းတိုတွေက ကွာခြားပါတယ်။ မေးခွန်းတိုနဲ့ မေးခွန်းရှည်ကွာခြားပါတယ်။
မေးခွန်းရှည်နဲ့ စာအုပ်ယူဖြေလို့ရတာတွေက ရည်ရွယ်ချက်တွေ မတူပါဘူး။

မေးခွန်းစာသား။
မေးခွန်းဖြေဆိုရာမှာ ဖြေချင်တာဖြေရမှာထက် မေးတာသာဖြေရမှာ။ 
ဖြေဆိုနိုင်ဖို့ မေးခွန်းနားလည်မှ ဖြစ်ပါတယ်။

သဗ္ဗေသတ္တာ၊ ကံမ္မသကာ

ကုန်အမှတ်တံဆိပ်

The language of Branding is Promise and Positioning. 
Define Brand
Brand vs Product

Brand Strategies
Types of Brands

Brand Promise and Position
Challenges of Brand

Brand Valuation

Native Brand 
Global Brand

Brand erosion
Revitalize
Dinosaurs Brands
Zombie Brands
Batman Brands
စာမေးပွဲအဖျားဒီဂရီ
1. Sleeplessness 2. Lack of appetite/upset tummy 3. Fear of unknown
4. Worries about time keeping 5. Blind panic during an exam
6. Feeling tense 7. Running out of time 8. Needing a toilet break 9. Think positively
အအိပ်ပျက်၊ အစားပျက်၊ ဘာကိုကြောက်မှန်းမသိကြောက်၊ အချိန်ကုန်သွားမှာ စိုးရိမ်နေတယ်၊ စာမေးပွဲ အခန်းထဲ ကျက်ထားမှတ်ထားတာတွေ ဘာမှပေါ်မလာဘူး၊  စိတ်ထဲမှာ တင်းတင်းကျပ်ကျပ်ကြီးခံစားနေရတယ်၊ အချိန်မကျန်တော့ဘူး၊ အပေါ့အပါးသွားချင်တယ်။

စာမေးပွဲအတွင်း ဖြစ်ပေါ်လေ့ရှိတဲ့ လူတန်းစား 
1. The disorganized person
2. The nervous exam sitter
3. The get-me-out-here-student
4. The perfectionist
5. The mind blocked writer
6. The laid back dreamer

အမှတ်ကောင်းကောင်း မရရခြင်း အကြောင်းအရင်း
1. Not answering the exact question
2. Poor time management
3. Failing to weight part of the answer appropriately
4. Failing to provide evidence to support an answer
5. Failing to illustrate an answer appropriately
6. Incomplete or shallow answer
7. Providing irreverent evidence to support an answer
8. Illegible hand writing 
9. Poor English
10. Lack of logic or structure
11. Factual errors
12. Failing to correct obvious mistakes 

ကိုယ်ပိုင်ဖြစ်ပါစေ။
အလွတ်ကျက်မှတ်ဖြေဆိုခြင်းထက် 
ကိုယ်ပိုင် စကားလုံး စာသား ဝါကျများ 
လဲလှည် တည်ဆောက်ပါ။
ဒါမေး ဒါဖြေရှောင်ပါ။
ဖြေရုံ၊ ရေးရုံထက် 
ဥပမာ။ နမူနာများဖြင့် မိမိအဖြေကို 
အားကောင်းအောင် ထောက်ပံပေးပါ။

စာမေးပွဲ နတ်တကယ်ကြီးသလား။ ကိုယ်စောင့်နတ်တန်ခိုးကြီးရင် စာမေးပွဲနတ် မခံနိုင်ပါဘူး။
စာမေးပွဲနီးလာရင် စိုးရိမ်စိတ်တွေ ပူပန်တဲ့ စိတ်တွေ ဖြစ်တက်ကြပါတယ်။
အဆင့်ကောင်း အမှတ်ကောင်းတဲ့သူတွေလည်းဖြစ်ကြပါတယ်။ 
သူသူကိုယ်ကိုယ်ဖြစ်တက်ကြတာပါ။ 
ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။

အဓိက အကြောင်းအရင်းနှစ်ချက်က ကြိုတင်ပြင်ဆင်မှု့မရှိခြင်းနဲ့
အကောင်းဆုံး အပြည့်စုံဆုံးဖြစ်ခြင်တဲ့ ဆန္ဒတွေကြောင့်ဖြစ်မယ်ထင်ပါတယ်။

ဆန္ဒတွေလောနေရင် စိတ်ပူပန်နေရင် ရလဒ်ကောင်းတွေနဲ့ လွဲချော်ကောင်း လွဲချော်နိုင်ပါတယ်။ 
နောက်ပုံစံတစ်ခုက စိတ်ထဲကိုမရှိတာ။ ပူရမှန်းကို မသိတာ။
ဒါလည်း တွန်းအားမဟုတ်ပဲ ဖျက်အားတွေပါ။ 
ယုံကြည်မှုတည်ဆောက်ဖို့လိုပါတယ်။ 
အကောင်းဆုံးက ကျန်ရှိနေတဲ့ အချိန်ကို အကောင်းဆုံး အသုံးချဖို့နဲ့ စာမေးပွဲအတွက်ပြင်ဆင်တာ အကောင်းဆုံးဖြစ်ပါမယ်။ 
ကျန်ရှိတဲ့ အချိန်မှာ အချိန်ဇယားနဲ့ အတိအကျဆောင်ရွက်ပါ။
အချိန်ပိုပေးပါ။ အခြားအရာတွေကို လျော့ပါ။
မေးခွန်းဟောင်းတွေလုပ်ပါ။
အချင်းချင်းတိုင်ပင်ဆွေးနွေးပါ။
ပြန်လည်သင်ကြားခြင်းရှိရင် မပျက်မကွက်တက်ပါ။
အမှတ်ပြည့်ရဖို့ထက် အတက်နိုင်ဆုံးနိုင်သလောက် ကြိုးစားပါ။
မိမိရဲ့ လေ့လာသင်ယူတဲ့ပုံနဲ့ ကျက်မှတ်လေ့လာပါ။
စိတ်ပူပန်မှုကို စိတ်အေးအေး ခေါင်းအေးအေးထားပြီး ပြင်ဆင်လေ့ကျင့်ပြီး အနိုင်ယူပါ။

မှတ်စုထုတ်ပါ။ 

Exam tips
A. Lack of study of syllabus and learning outcome (Questions can be any parts of the syllabus, revise all)
B. Excessive theory dumping
C. Only understanding a glimpse of theory
D. Problems with English not understand with phrases, key terms, command words in questions
E. Not being able to focus on what the question asks for
F. Making just statement, not giving examples or supportive arguments
G. Just gist no sentence, not explaining
H. Prepare answer or parrot answer
I. If a question has more than one part, make sure to answer all.
J. Look every sheet, answer all required no question
K. There is no identical question, the format or the context must be changed
L. If there is a choice of questions, select the one you know better
M. Tendency to write all they know about....rather than matching answer with the question
N. Do not waste time, rewriting the questions
O. Should try and set mock examination and work through the past questions
P. Academic referencing is much appreciated
Q. Write legibly, smartly 
R. Focus quality not quantity, but answer all necessary questions are answered
S. Sitting No and Question No
T. Don't list or gist, unless specifically asked for
U. Do not use Red ink or Tippex 
V. Just cross one line for wrong answer or don't fold page
U. Go early to the exam room and read the question well
V. Time management, mark management should be match
X. Spend all exam hour in the exam room, answering the question
Y. Spare time or check and review the answer
Z. After sitting the exam, focus on another 

Friday, June 10, 2016

Exam techniques and exams

စာမေးပွဲအဖျားဒီဂရီ
1. Sleeplessness 2. Lack of appetite/upset tummy 3. Fear of unknown
4. Worries about time keeping 5. Blind panic during an exam
6. Feeling tense 7. Running out of time 8. Needing a toilet break 9. Think positively
အအိပ်ပျက်၊ အစားပျက်၊ ဘာကိုကြောက်မှန်းမသိကြောက်၊ အချိန်ကုန်သွားမှာ စိုးရိမ်နေတယ်၊ စာမေးပွဲ အခန်းထဲ ကျက်ထားမှတ်ထားတာတွေ ဘာမှပေါ်မလာဘူး၊  စိတ်ထဲမှာ တင်းတင်းကျပ်ကျပ်ကြီးခံစားနေရတယ်၊ အချိန်မကျန်တော့ဘူး၊ အပေါ့အပါးသွားချင်တယ်။

စာမေးပွဲအတွင်း ဖြစ်ပေါ်လေ့ရှိတဲ့ လူတန်းစား 
1. The disorganized person
2. The nervous exam sitter
3. The get-me-out-here-student
4. The perfectionist
5. The mind blocked writer
6. The laid back dreamer

အမှတ်ကောင်းကောင်း မရရခြင်း အကြောင်းအရင်း
1. Not answering the exact question
2. Poor time management
3. Failing to weight part of the answer appropriately
4. Failing to provide evidence to support an answer
5. Failing to illustrate an answer appropriately
6. Incomplete or shallow answer
7. Providing irreverent evidence to support an answer
8. Illegible hand writing 
9. Poor English
10. Lack of logic or structure
11. Factual errors
12. Failing to correct obvious mistakes 

ကိုယ်ပိုင်ဖြစ်ပါစေ။
အလွတ်ကျက်မှတ်ဖြေဆိုခြင်းထက် 
ကိုယ်ပိုင် စကားလုံး စာသား ဝါကျများ 
လဲလှည် တည်ဆောက်ပါ။
ဒါမေး ဒါဖြေရှောင်ပါ။
ဖြေရုံ၊ ရေးရုံထက် 
ဥပမာ။ နမူနာများဖြင့် မိမိအဖြေကို 
အားကောင်းအောင် ထောက်ပံပေးပါ။

စာမေးပွဲ နတ်တကယ်ကြီးသလား။ ကိုယ်စောင့်နတ်တန်ခိုးကြီးရင် စာမေးပွဲနတ် မခံနိုင်ပါဘူး။
စာမေးပွဲနီးလာရင် စိုးရိမ်စိတ်တွေ ပူပန်တဲ့ စိတ်တွေ ဖြစ်တက်ကြပါတယ်။
အဆင့်ကောင်း အမှတ်ကောင်းတဲ့သူတွေလည်းဖြစ်ကြပါတယ်။ 
သူသူကိုယ်ကိုယ်ဖြစ်တက်ကြတာပါ။ 
ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။

အဓိက အကြောင်းအရင်းနှစ်ချက်က ကြိုတင်ပြင်ဆင်မှု့မရှိခြင်းနဲ့
အကောင်းဆုံး အပြည့်စုံဆုံးဖြစ်ခြင်တဲ့ ဆန္ဒတွေကြောင့်ဖြစ်မယ်ထင်ပါတယ်။

ဆန္ဒတွေလောနေရင် စိတ်ပူပန်နေရင် ရလဒ်ကောင်းတွေနဲ့ လွဲချော်ကောင်း လွဲချော်နိုင်ပါတယ်။ 
နောက်ပုံစံတစ်ခုက စိတ်ထဲကိုမရှိတာ။ ပူရမှန်းကို မသိတာ။
ဒါလည်း တွန်းအားမဟုတ်ပဲ ဖျက်အားတွေပါ။ 
ယုံကြည်မှုတည်ဆောက်ဖို့လိုပါတယ်။ 
အကောင်းဆုံးက ကျန်ရှိနေတဲ့ အချိန်ကို အကောင်းဆုံး အသုံးချဖို့နဲ့ စာမေးပွဲအတွက်ပြင်ဆင်တာ အကောင်းဆုံးဖြစ်ပါမယ်။ 
ကျန်ရှိတဲ့ အချိန်မှာ အချိန်ဇယားနဲ့ အတိအကျဆောင်ရွက်ပါ။
အချိန်ပိုပေးပါ။ အခြားအရာတွေကို လျော့ပါ။
မေးခွန်းဟောင်းတွေလုပ်ပါ။
အချင်းချင်းတိုင်ပင်ဆွေးနွေးပါ။
ပြန်လည်သင်ကြားခြင်းရှိရင် မပျက်မကွက်တက်ပါ။
အမှတ်ပြည့်ရဖို့ထက် အတက်နိုင်ဆုံးနိုင်သလောက် ကြိုးစားပါ။
မိမိရဲ့ လေ့လာသင်ယူတဲ့ပုံနဲ့ ကျက်မှတ်လေ့လာပါ။
စိတ်ပူပန်မှုကို စိတ်အေးအေး ခေါင်းအေးအေးထားပြီး ပြင်ဆင်လေ့ကျင့်ပြီး အနိုင်ယူပါ။

မှတ်စုထုတ်ပါ။ 

Exam tips
A. Lack of study of syllabus and learning outcome (Questions can be any parts of the syllabus, revise all)
B. Excessive theory dumping
C. Only understanding a glimpse of theory
D. Problems with English not understand with phrases, key terms, command words in questions
E. Not being able to focus on what the question asks for
F. Making just statement, not giving examples or supportive arguments
G. Just gist no sentence, not explaining
H. Prepare answer or parrot answer
I. If a question has more than one part, make sure to answer all.
J. Look every sheet, answer all required no question
K. There is no identical question, the format or the context must be changed
L. If there is a choice of questions, select the one you know better
M. Tendency to write all they know about....rather than matching answer with the question
N. Do not waste time, rewriting the questions
O. Should try and set mock examination and work through the past questions
P. Academic referencing is much appreciated
Q. Write legibly, smartly 
R. Focus quality not quantity, but answer all necessary questions are answered
S. Sitting No and Question No
T. Don't list or gist, unless specifically asked for
U. Do not use Red ink or Tippex 
V. Just cross one line for wrong answer or don't fold page
U. Go early to the exam room and read the question well
V. Time management, mark management should be match
X. Spend all exam hour in the exam room, answering the question
Y. Spare time or check and review the answer
Z. After sitting the exam, focus on another 

Learning strategy

အခု သင်တန်းတစ်ခုတက်ချင်ပါတယ်
သင်တန်းဘယ်လိုရွေးချယ်ရမလဲ
ဖြေဆိုအောင်မြင်အောင် ဘယ်လို လုပ်ရမလဲ

မှန်တာ မှန်အောင် လုပ်

ရွေးချယ်ပါ စိတ်ပါပါစေ သူများတက်တိုင်း သူများ ဆွယ်တိုင်းမတက်ပါနဲ့
တစ်ခုပြီး တစ်ခု မတက်ပါနဲ့ စုံနေအောင် မတက်ပါနဲ့ မတက်ဖူးသေးလို့ မတက်ပါနဲ့
A little knowledge is dangerous thing
Jack of all trade and master of none.

အလုပ်ဟူသမျှ ဂုဏ်ရှိစွ မဟုတ်ပါဘူး
သမ္မာ အာဇီဝကျမှ ဏ်ရှိမှာပါ

တစ်ခုတည်းသာ ဇောက်ချလေ့လာပါ 
ပိုးသာကုန် မောင်ပုံ ဆောင်းမတက်
be Professional 

သင်တန်းတက်ရင် 
၁- အင်္ဂလိပ်စာ လေ့လာပါ (ဖတ်စာအုပ်ရော မေးခွန်းရော အဖြေရော)
Terminology - Jargon 

၂- လုပ်ငန်းတစ်ခုနဲ့ ယှဉ်တွဲလေ့လာပါ
Nation
Industry or Sector 
Local example is acceptable 
Service and Work experience
Industry knowledge and trend 

၃- သီအိုရီများ ပိုင်ပိုင်နိုင်နိုင် လေ့လာပါ
Definition and development 
Model

ကျောင်းမှာ အောင်မြင်ဖို့
၁- ကျောင်းမှန်မှန်တက် စာမခက် 
Absent Management 

၂- ပြင်ဆင်လေ့လာပြီးမှ အတန်းတက်ပါ
Empty hand and empty head 

၃- စာသင်ခန်းအတွင်း တက်ကြွစွာပါဝင် ဆွေးနွေးပါ
Spoon feeding and Parrot learning - 
Taking service from Hair cut and in the class room -
Co-worker Co-facilitator 

မေးခွန်းမေးပါ မရှက်ပါနဲ့
make as much as possible in the class room in the simple way
You can make mistakes in the class room not outside
When you ask a question, you will be fool for five minutes, if you do not, you will be for life long

အိမသမိန်စပဏ ဝေယျာကရဏသမိန်        ဓမတ်စကြာ
ရူပံ နိစ်စံ ဝါ အနိစ်စံဝါတိ 
အနိစ်စ ဘန်တေ     အနတိတလက်ခဏသုတ် 

၎- စာဖတ်ပြီး မှတ်စုထုတ်ပါ
Manual ဖတ်စာအုပ်
Reference ရည်ညွှန်းကိုးကား
Current cases လက်ရှိဖြစ်ပျက်နေတာတွေကို လေ့လာနေပါ မျက်ခြေအပျက်မခံပါနဲ့
Go Library - အိမ်ဦးနဲ့ ကြမ်းပြင်
How to read efficiently 
How to take notes 

၅- စာလုပ်သော အဖွဲ့နှင့် ပေါင်းပါ ဘီဝမ်း
Culture    စာဖတ်ပါ
လက်ဖက်စားကောင်းတယ် နောက်နေ့ စာလာဖတ်အုံးမယ်

၆- စာစစ်သူများရဲ့လိုအပ်ချက် မျှော်မှန်းချက်များကို သိပါ
Past paper မေးခွန်းဟောင်းလေ့လာပါ
Learning Outcome များကို လေ့လာပါ

၇- မေးခွန်းပုံစံကို နားလည်ပါ
Compulsory မဖြေမနေရ
မေးခွန်းအပိုင်းတွေကို သိရမယ် အပိုင်း က အပိုင်း ခ

တစ်ပုဒ်ကျန်ခဲ့တာ 
မေ့သွားတာ (အမြင်မကောင်းဘူး) အထင်သေးနိုင်တယ်
သျှမ်းတယ်ပေါ့
ဘာပဲပြောပြော ရလဒ်က မကောင်းဘူး

မေးတာပဲ ဖြေပါ မေးခွန်းပြန်ရေး လေးဆယ်ပေး

အချိန်ကို အချိုးချဖြေရမယ်
ဖြေဆိုချိန် ဘယ်လောက်ရလဲ
ဖြေဆိုရမဲ့ မေးခွန်း ဘယ်နှစ်ခု ရှိလဲ
တစ်ပုဒ် ဘယ်နှစ်မှတ် ပေးလဲ

ဓမ်မဒိဌာန်မွေးခွန်း Subjective and Objective type question

Negative Marking - Negative points for incorrect answers
နံကြားထောက်ဖြေ 
အကုန်အမှန် အကုန်အမှား
ပန်းထိမ်မတက်ခင် ရွှေခိုးသင်နေသလိုပါပဲ

မေးခွန်းလှည့်တယ်
ပြင်ပြင်ဆင်ဆင်
မေးခွန်းကို နားလည်မှဖြေပါ
မေးခွန်းကို သေသေချာချာဖတ်ပါ
ဘာကို မေးတာလဲ
ဘယ်လိုမေးတာလဲ (Key Words)
ဘယ်လိုနေရာမျိုးလဲ 
မေးခွန်းတစ်ခုမှာ မေးခွန်းဘယ်နှစ်ရှိလဲ
ဘယ်နှစ်မှတ်ပေးတာလဲ

၈-  စာဖတ်ရန်နေရာ ပြင်ဆင်ပါ
Learning Style မိမိရဲ့ စာလေ့လာတဲ့ပုံစံကို သိပါ
အချိန်ကိုသိပါ
စင်္ကာပူ

မြင် Visual 
ကြား Auditory 
လုပ်တွေ့လုပ်ဆောင်တယ် Kinesthetic style 

ကွန်ဖြူးရှပ်(စ)

ဥာဏ်ကောင်းတယ် 
သားကြီးက စာအော်ကျက်နေတယ်
သားငယ်က အိပ်နေတာ 
အိပ်တဲ့ အကောင်က စာရပြီး ကျက်တဲ့သူက စာမရဘူးလေ

ထမင်းစားရင် ဆာမှ စားတာ ကောင်းတယ်
စာလဲ ဒီလိုပါပဲ စာ လာတဲ့ အချိန်မှ ကျက်ပါ
ကျနော်ဆိုရင် မနက်ခင်း စောစော ထ စာ ကျက်လေ့ရှိတယ်
အရင်ကတော့ ကျောက်မြောင်းထဲမှာ စာကျက်သံတွေ အပြိုင်ပဲ
နေ့စဉ်ကျက်ပါ

တချို့ဆို စာကို သီချင်းလုပ်သင်တယ်
အတိုကောက်တွေ မှတ်တယ်

မြင်မှဆိုရင် ချရေး ချရေး
Mind-Mapping - ဟန်ဝေဆက် -

Vocational အသက်မွေးဝမ်းကြောင်း ပညာတွေကတော့ လက်တွေ့ Practical လုပ်ကြရပါတယ်
Study Tour - Site Visit - Exchange Program 

၉- အကူအညီစောစော တောင်းပါ

၁၀- စာသင်ခန်း အတွင်းသာမက ဖတ်စာအုပ်သာမက စာသင်ခန်းပြင်ပ ပတ်ဝန်းကျင်မှပါ လေ့လာပါ

မေးခွန်းသေချာဖတ်ပါ
Explanation - Examples - Examine - Enterprise 
ရှင်းပြပါ ဥပမာပေးပါ သုံးသပ်ပါ 

ဆရာတွေပြင်ဆင်ဖို့
၁- သူတို့ အကောင်းဆုံးလေ့လာ ကျက်မှတ်သည့် နည်းလမ်းများကို လေ့လာပါ
၂- ရနိုင်သမျှ အရင်းအမြစ်များကို အစွမ်းကုန် အသုံးချကာ အခွင့်အလမ်းများ ရယူနိုင်ရန်
၃- သင်ကြားလေ့လာမှုနှင့် လုပ်ငန်းခွင် အောင်မြင်နိုင်မှုများကို ဆက်စပ်ပြပါ
၎- အတော်ဆုံးကျောင်းသားတစ်ဦးအဖြစ်သာမက အကောင်းဆုံး လူဘောင်ကို အကျိုးပြုနိုင်သူ တစ်ဦးဖြစ်အောင် မွေးမြူပြုစုပျိုးထောင်ရန်
၅- စာချည်းသက်သက်သာမက လက်တွေ့ကျသော သင်ကြားနည်းစနစ်များဖြင့် ပေါင်းစပ် သင်ကြားရန်

Stimulation us

ကျောင်းဆိုတာ ဆီဆိုင်လား အလှပြင်ဆိုင်လား ကိုယ်ကာယလေ့ကျင့်ရေးခန်းမလား တရားစခန်းလား

လူတွေက ကျောင်းတွေကို ဓါတ်ဆီဖြည့်တဲ့ စတေးရှင် ဆီဆိုင်တွေလို သဘောထားတယ်
လိုရာခရီးကို သွားနိုင်ဖို့ ဆီလာလာဖြည့်ကြတယ်
ဆီလိုရင် ဆီနည်းနေရင် လာဖြည့်တယ် ပြီးရင် လိုရာခရီးကို ဆက်သွားတယ်
ငွေကလွဲရင် ဘာမှစိုက်မထုတ်ချင်ဘူး အပင်ပန်းမခံချင်ဘူး
အချိန်လည်းအကုန်မခံချင်ဘူး 
မြန်လေကောင်းလေပဲ
ဆီကောင်းကောင်းဝယ် ဈေးကောင်းကောင်းနဲ့ ရောင်းနေကြတယ်
ဆီဖြည့်တဲ့သူတွေနဲ့ ကားပိုင်ရှင်တွေနဲ့ အရောင်းအဝယ်ဖြစ်နေတယ် ဟုတ်နေကြတယ်

တချို့လူတွေက ကျောင်းတွေကို အလှပြင်ဆိုင်တွေလို ထင်ထင်နေကြတယ်
ထင်ထားတဲ့အတိုင်းလည်း နေထိုင်နေတက်ကြတယ်
ဆိုင်ထဲကို ဝင်လာတယ် 
ပြီးတော့ အခန့်သား အလှပြင်ခံတယ်
မဂဇင်းလေးဖတ်ပြီး အလှပြင်ခံတယ်
ပြီးရင် ကျော့ကျော့လေး ပြန်ထွက်သွားတက်ကြတယ်
အဲဒီလို ကျောင်းတွေကို တစ်ပွဲတိုး တစ်ခါစားနဲ့ စဉ်းစားတက်ကြတယ်

ပွဲလမ်းတက်ဖို့ ပွဲတိုးဖို့ အလှပြင်ဆိုင်ကို လာလာ အလှပြင်ခံတက်ကြတယ်
ဒီအလှက တာရှည်မခံဖူးဆိုတာ လူတိုင်းသိတယ်
ဆိုင်မှာ အချိန်နဲ့ ငွေပဲပေးတယ် တခြားဘာမှများများစားစားစိုက်မထုတ်ဘူး
အလှဖန်တီးရှင်က ပြောတဲ့အတိုင်း စိတ်ကြိုက်လက်စွမ်းပြဖန်တီးပေးလိုက်တယ်
ရုပ်ပဲပြင်လိုက်တယ် စိတ်မပါဘူး
အလှဖန်တီးရှင်တွေနဲ့ အလှပြင်ချင်တဲ့သူတွေနဲ့ ဟုတ်နေကြတယ်
အလှဖန်တီးရှင်တွေကလည်း သူတို့ကို သူတို့ ခေတ်အလိုက် ပြင်ဆင်ထားတက်ကြတယ်
မဂွမ်းအောင် လန်းနေအောင် နေထိုင်ဝတ်စားကြတယ်

တချို့လူတွေက ကျောင်းတွေကို ကိုယ်ကာယ လေ့ကျင့်ရေးခန်းမလို သဘောထားတက်ကြတယ်
ဂျင်ကိုလာတယ် ကစားတယ် နည်းခံယူတယ်
ဂျင်ကိုလာတဲ့သူကလည်း ဆီဆိုင်လို ငွေပေးပြီး ဖြည့်လို့မရသလို 
အလှပြင်ဆိုင်တွေလိုလည်း ကျော့ကျော့လေး အလှပြင်ပြီးပြီးမသွားဘူး
ငွေကြေးအသင့်အတင့်စိုက်ထုတ်ရသလို အချိန်တွေလည်းတော်တော်ပေးရတယ်
ကိုယ်ကိုတိုင်လည်း အင်တိုက်အားတိုက် ကစားပေးရတယ်
အချိန်နဲ့အမျှ ပိုမိုခက်ခဲလာတယ်
လေ့ကျင့်ရေးခန်းမထဲမှာ ဘယ်လောက်ပဲလုပ်ခဲ့ကစားခဲ့ အပြင်ဖက်မှာလည်း နေချင်သလိုနေ စားချင်သလိုစားနေလို့မရဘူး
လိုက်လျောညီထွေရှိအောင်နေထိုင်ပြုမူရတယ်
အလေ့အကျင့်ပျက်သွားလို့မရဘူး
ဆရာကိုယ်တိုင် ကစားထားမှ ဘော်ဒီလှနေမှ အဆင်ပြေတယ်
ဆရာကိုယ်တိုင်လည်း ဝင်ဝင်ကစားပေးနေရတယ်

ကျောင်းဆိုတာ စာတစ်ခုတည်း သင်ပေးတဲ့နေရာလည်းမဟုတ်ဘူး
လူမှုပေါင်းသင်းဆက်ဆံရေးတွေ ခေါင်းဆောင်တက်တဲ့ အရည်အချင်းတွေ 
အကျင့်စရိုက်တွေကို သင်ပေးပြင်ပေးတဲ့နေရာတွေပါ
လာတဲ့သူတွေ ပိုတော်ပိုတက်အောင် ပြုလုပ်ပေးရတဲ့နေရာဖြစ်တယ်
ဒီတော်တဲ့လူတွေ ဆိုးရင် အခြားလူတွေထက် ပိုဆိုးလို့ ဒီလူတွေကို စိတ်ထားကိုပါ ပြုပြင်တည့်မတ်ပေးဖို့လိုမှာဖြစ်ပါတယ်
ဆရာတော်အရှင် မဟာ ဇနက ဘိဝံသ မိန့်သလို တော်တက်တဲ့လူတွေဟာ စိတ်ရင်းစေတနာကောင်းဖို့လိုတာကိုလည်း တိုက်တွန်းရပါမယ်
စိတ်ကောင်းရှိဖို့က ပထမနဲ့ အဓိကပါ

စည်းကမ်းသေဝပ် လိုက်နာအောင်လည်းသင်ပေးလိုက်ရမဲ့နေရာပါ



Student is customer or student

ဆရာတွေအတွက် ကျောင်းသားတွေဟာ စားသုံးသူလား တပည့်လား
စားသုံးသူ အမြဲတမ်းမှန်
တပည့်ဆိုရင် နောင်မမှားအောင် ရိုက်နှက်ဆုံးမ
အလယ်အလတ်လမ်း
စားသုံးသူဆိုတာ မှန်သလို တပည့်ဆိုတာလည်းမမှားပါဘူး
တဖက်စွန်းရောက်ရင် ပြသနာတက်နိုင်ပါတယ် 
အသားနာမှ မှတ်မှာမဟုတ်ပါဘူး
တခြားနည်းလမ်းတွေ စဉ်းစား ဒဏ်ခတ်ရပါ့မယ်
စားသုံးသူအမြဲမှန်သမို့ ကျောင်းသားအမြဲမှန်တယ်လို့ တထစ်ချယူဆထားရင်လည်း မှားပါလိမ့်မယ်
ငွေလည်းရှာရမယ်
စေတနာလည်းထားရမယ်
ဆရာတွေ ငွေမရှာနိုင်ရင် ပရုပ်လုံးဖြစ်သွားမယ်
မီးဇာကုန် ရေခမ်းသွားမယ်

မိရိုးဖလာထဲက ကောင်းမွန်တဲ့ ဓလေ့တွေကို လက်ဆင့်ကမ်းသွားကြရမယ်

စာသင်ကြားခြင်းဟာ ဝန်ဆောင်မှုတစ်ခုဖြစ်လို့ ဝန်ဆောင်စရိုက်တွေကို နားလည်လက်ခံရပါမယ်
ကျောင်းသားရဲ့ ပါဝင်ဆွေးနွေးမှု အဆင်သင့်ဖြစ်နေမှုတွေဟာ အရေးကြီးတဲ့ နေရာကနေပါဝင်လာပါပြီ
ကျောင်းသားဗဟိုပြုစနစ်ဆိုတာတွေ ထွက်ပေါ်လာပါပြီ
ဆရာစိတ်ကြိုက်မဟုတ်ဘဲ ကျောင်းသားစိတ်ကြိုက်ဖြစ်လာပါပြီ

အဆင်သင့်ဖြစ်နေတဲ့ ကျောင်းသားရှိသလို အဆင်သင့်မဖြစ်သေးတဲ့သူတွေလည်းရှိနိုင်ပါတယ်
ဒီလိုပါပဲ စာသင်ကြားနေတဲ့ဆရာတွေမှာလည်း တလမ်းသွားစနစ်တွေနဲ့ အသားကျနေတဲ့ဆရာတွေလည်းရှိနေနိုင်ပါတယ်
ဆရာ အဆင်သင့်  မသင့်
ကျောင်းသား အဆင်သင့် မသင့်

ယူအာရယ်ဒီ
ပီတိ

Thursday, June 9, 2016

Management

Ministry of Trade Porter Diamond and Porter five forces
Ministry of Industry Portfolio Management 

Wednesday, June 8, 2016

အဖွဲ့အစည်း

အဖွဲ့အစည်းရဲ့ ဓလေ့ကို ပုံဖေါ်နိုင်တဲ့ အချက်တွေကို ဆက်လက်ဆွေးနွေးချင်ပါတယ်။
နံပါတ် ၁ ကတော့ အဖွဲ့အစည်းရဲ့ ရပ်တည်ချက်၊ ဦးတည်ချက်လမ်းစဉ်ပါ။ ဒါက အဖွဲ့ဝင်တွေရဲ့ ဆောင်ရွက်ပုံတွေကို ပြုမူပုံတွေကို လွှမ်းမိုးနိုင်ပါတယ်။ ဒါကြောင့် အဖွဲ့အစည်းမှာ ရပ်တည်ချက်ဆောင်ပုဒ်တွေကို လူတိုင်းသိရှိ နားလည် လိုက်နာနိုင်အောင် ဆောင်ရွက်သင့်ပါတယ်။
နောက်တချက်က အဖွဲ့အစည်းအတွင်းမှာရှိတဲ့ လူတွေရဲ့ စွဲမြဲနေတဲ့ အကျင့်စရိုက်အပြုအမူလေးပါ။ ရပ်တည်ချက်တွေ ဘယ်လိုပဲရေးထားရေးထား။ မလိုက်နာဘဲ ဟန်ပြသက်သက်ဖြစ်နေတဲ့အဖွဲ့အစည်းတွေမှာ အကျင့်ဆိုးတွေ ကူးဆက်နိုင်ပါတယ်။
နောက်တစ်ခုက အဖွဲ့အစည်းရဲ့ ဖွဲ့စည်းထားပုံနဲ့ ခေါင်းဆောင်ရဲ့ အုပ်ချုပ်တဲ့ပုံစံတို့ပဲဖြစ်ပါတယ်။

ဒီအချက်တွေပေါ်အခြေခံပြီး အဖွဲ့အစည်းကို (၁) အမေ့ခံ၊ (၂) နောက်ကျန် (၃) လက်တွေ့ဆန်နဲ့ (၄) လက်ဦးနေတဲ့အဖွဲ့အစည်းဆိုပြီး နာမည်ပေးချင်ပါတယ်။

အမေ့ခံအဖွဲ့အစည်းများ။
အဖွဲ့အစည်းတွေအနေနဲ့လည်း ပတ်ဝန်းကျင်နဲ့ စားသုံးသူတွေကို တောင်းဆိုချက်တွေကို လစ်လှူရှုပြီး ငါတကောကောနေတဲ့အဖွဲ့အစည်းတွေရှိနေနိုင်ပါတယ်။ အဲဒီအဖွဲ့အစည်းတွေကို Passive လို့အမည်ပေးနိုင်ပါတယ်။ လစ်လျူရှုနေတဲ့လုပ်ငန်းတွေမဖြစ်ဖို့အရေးကြီးပါတယ်။
နောက်ကျန်အဖွဲ့အစည်းများ။
နောက်တစ်ခုကတော့ ပြောင်းလဲနေတဲ့ပတ်ဝန်းကျင်နဲ့ စားသုံးသူတွေရဲ့ လိုလားချက်၊ တောင်းဆိုချက်တွေကို အချိန်ကြာမှ ဖြည့်စည်းပေးတဲ့ အဖွဲ့အစည်းတွေကို Reactive လို့ အမည်ပေး ကင်ပွန်းတက်ချင်ပါတယ်။ ဘာလုပ်လုပ် နောက်ကပဲ၊ နောက်ကျမြဲပါ။ ဒီအဖွဲ့အစည်းတွေလဲ သင်္ချိုင်းခြေတစ်လှမ်းနင်းနေတဲ့လို့ တင်စားရင် လွန်မယ်မထင်ပါဘူး။
လက်တွေ့ဆန်အဖွဲ့အစည်းများ။
နောက်တစ်ခုကတော့ အချိန်နဲ့တပြေးညီ တုံ့ပြန်နေတဲ့အဖွဲ့အစည်းတွေပါ။ ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်ကို မျက်ခြေအပြတ်မခံဘူး။ စားသုံးသူတွေရဲ့ လိုအပ်ချက်ကို နေ့မဆိုင်း ညမဆိုင်းဖြည့်စည်းပေးနေတယ်။ ပြိုင်ဖက်တွေရဲ့ ထိုးနှက်ချက်တွေကို အချိန်ပြည့် မျက်စေ့ဒေါက်ထောက်ကြည့်နေတယ်။ လက်တွေ့ဆန်တယ်။ လက်တွေ့ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေလို့ဆိုချင်ပါတယ်။ Experiential အဖွဲ့အစည်းတွေပါ။
လက်ဦးနေတဲ့အဖွဲ့အစည်းများ
နောက်ဆုံးတစ်ခုကတော့ တင်ကြိုနေတဲ့အဖွဲ့အစည်းတွေပါပဲ။ အမြဲရှေ့ကနေတယ်။ စားသုံးသူရဲ့ လိုအပ်ချက်တွေကို လေ့လာစူးစမ်းဖေါ်ထုတ်ဖို့ ကြိုးစားရင်း ပြောင်းလဲမှုကို ဦးဆောင်နေတယ်။

အပြောင်းအလဲလူနဲ့ အဖွဲ့အစည်း

ဖွဲ့စည်းပုံတွေ၊ မဟာဗျူတွေလည်းပြောင်းရမယ်။ အရေးကြီးတာတချက်က ဓလေ့တွေ၊ အကျင့်တွေ၊ အပြောင်း အလဲလို့ပြောတိုင်း မဟာဗျူဟာတွေ၊ လုပ်ငန်းဖွဲ့စည်းပုံတွေကို ပြေးပြေးမြင်တက်ကြတယ်။ ပြီးတော့ မဟာဗျူဟာကို အရင်ကိုင်တွယ်ရမယ်။ ဖွဲ့စည်းပုံကို အရင်ဦးစားပေးရမယ်ဆိုပြီး ငြင်းတက်ခုန်တက် စောဒကတက်ကြသေးတယ်။ First comes first. အရေးကြီးတာ အရင်ကိုင်တွယ်ရပါမယ်။ ဒါဖြင့် ဘယ်အရာက အရေးပိုကြီးပြီး အရင်ဆောင်ရွက်သင့်ပါသလဲ။ မဟာဗျူဟာက အရင်မဟုတ်သလို ဖွဲ့စည်းပုံကလည်း ပထမဦးစားပေး မဟုတ်ပါဘူး။ ဓလေ့စရိုက်တွေကို ဦးစွာ ပထမပြင်ကြရမှာဖြစ်ပါတယ်။ ဗိုလ်ချုပ်ရဲ့ စကားလုံးယူသုံးချင်ပါတယ်။ေ စာက်ကျင့်တွေပြင်ကြရမယ်။ ဟုတ်ပါတယ်။ ကျနော်တို့ရဲ့ အကျင့်ဆိုးတွေ ခေါက်ရိုးကျိုးနေတာတွေ ပြင်ကြ ပြောင်းကြရပါမယ်။ ကျနော်တို့လိုအပ်တာ လူတစ်ဦး တစ်ယောက်မဟုတ်ပါဘူး။ စနစ်ကောင်းတစ်ခုပါ။ တစ်ခုတော့ရှိတယ်။ လူကောင်းတစ်ယောက် ဦးဆောင်ပြီး စနစ်ကောင်းတစ်ခုကို ဖန်တီးနိုင်ရင် ကျနော်တို့ နိုင်ငံဟာ ပတိရူပဒေသ ဝါသောစဖြစ်ပြီပဲ။ ဘာကြောင့် ဓလေ့စရိုက်တွေ အရေးကြီးလဲလို့မေးရင် ဓလေ့စရိုက်ဆိုတာ စွဲမြဲစွာခံယူစုပ်ကိုင်ထားကြတဲ့အရာ အောင်မြင်ခြင်း၊ ကျရှူံးခြင်းရဲ့ အခြေခံ အကျဆုံးအချက်ဖြစ်နေလို့ပါပဲ။
ဒါဆိုလက်ရှိဓလေ့စရိုက်တွေကို ဆန်းစစ်အကဲဖြတ်ဖို့ လိုပါပြီ။ Culture Audit လုပ်ကြမယ်။ မေးခွန်းလေးတွေမေးမယ်။ စာရွက်လေးတွေနဲ့ဖြည့်ခိုင်းမယ်။ ဥပမာအနေနဲ့ (၁) ဝယ်ယူသူကို ဘယ်လိုမြင်ပါသလဲ။ (၂)  ပြိုင်ဖက်တွေကို ဘယ်လို မြင်ပါသလဲ။ (၃) ပြောင်းလဲတာကို ဘယ်လောက်အတိုင်းအတာ အထိလက်ခံပါသလဲ။ (၄) လုပ်ငန်းစွမ်းဆောင်ရည်တွေက ဘယ်လိုလဲ။ (၅) ဘယ်လို အုပ်ချုပ်တဲ့ပုံကို ကြိုက်လဲ။ စသည်ဖြင့် မေးခွန်းလေးတွေကို မေးကြည့်ပါ။ အများစုရဲ့ အဖြေဟာ ကိုယ်အဖွဲ့အစည်းရဲ့ စရိုက်ပဲ။ ဓလေ့ပါပဲ။ ဒါကိုကြည့်ရင် ဘာလုပ်သင့်လဲ အဖြေထွက်ပါပြီ။ အဖြေကို မှန်မှန်ကန်ဖြေဖို့တော့လိုပါမယ်။ ရလာတဲ့အဖြေကို မှန်မှန်ကန်ကန် အဓိပ္ဗယ်ဖေါ် ဘာသာပြန်ဖို့လည်းလိုပါမယ်။ စာမေးပွဲမှာ ဘဲဥမကွဲရင်တော့ အဖွဲ့အစည်း အိုးစားကွဲဖို့ကိန်း နီးနေပါပြီ။ ကျန်ာကတော့ အဖွဲ့လေးဖွဲ့ရတယ်။ နာမယ်လေးတွေပေးထားတယ်။ စီလေးလုံးပါ။ Clumsy, Compliance, Commitment နဲ့ Competitive Culture လို့ပေးထားပါတယ်။
ပထမအဖွဲ့ကို Clumsy Culture လို့ အမည်တပ်ပါမယ်။ အဆိုးဆုံး လက်မခံနိုင်တဲ့ စာမေးပွဲကျပါတယ်။ အဖွဲ့ဝင်တွေမှာ လုံလောက်တဲ့စွမ်းရည်မရှိကျဘူး။ မလုပ်တက် မကိုင်တက်တွေနဲ့ ပြည့်နေတဲ့ ဓလေ့လေးပါ။ အိုးနင်းခွက်နင်းနဲ့ ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတစ်ခုမှာ တွေ့ရတဲ့ ဓလေ့ဆိုးတွေပါ။
ဒုတိယအဖွဲ့ရဲ့ ရလဒ်ကလည်း ဆိုးရွားတယ်။ ဒါပေမဲ့ အောင်တော့အောင်တယ်။ အောင်မှတ်ရရုံ ရတဲ့ ဓလေ့လေးပါ။ Compliance Culture အဖြစ်သမားတွေ။ ဖြစ်တယ်ဆိုရုံ လုပ်တယ်ဆိုရုံ မလုပ် မရှုတ်မပြုတ်သမားတွေ။ မလုပ်ဘူးလားဆိုတော့လည်းမဟုတ်ဘူး။ ဟုတ်လားဆိုတော့လည်းမဟုတ်ဘူး။ ဘောင်ဝင်ရုံလေး။ စည်းနဲ့ကိုက်တယ်ဆိုရုံလေး။ ဒီလိုအဖြစ်သမားတွေများနေရင် အဖွဲ့အစည်းက တလိမ့်ခြင်းစီ တဘီးချင်းဆီ လိမ့်ပြီး တလှမ်းခြင်းဆီ လှမ်းနေပါမယ်။ လွတ်လပ်ရေးမရခင်ကတည်းက ဗိုလ်ချုပ်က လေး၊ ငါးဆယ်လှမ်း လှမ်းနိုင်မှ တော်ကာကျမယ်ဆိုတော့ကာ။ ဒီလိုလူတွေကိုလည်းပြင်ရမယ်။ ကလမ်စီလောက်တော့မဟုတ်ဘူး။ သူက ဘောင်ထဲကနေတယ်။ ကိုးနာရီဆို ကိုးနာရီရောက်တယ်။ ဒါပီးရမယ်ဆို ပီးတယ်။ ဘယ်လိုပီးလဲဆိုတော့ ပီးတယ်ဆိုရုံ ဖြစ်တယ်ဆိုရုံ။ ဒီလိုဓလေ့မျိုးနဲ့သွားရင် ရေရှည်မစဉ်မပြေနိုင်ဘူး။
တတိယအဖွဲ့အစည်းမှာ ရှိတဲ့ လူတွေရဲ့ ဓလေ့စရိုက်ကတော့ စိတ်ပါလက်ပါနဲ့လုပ်တယ်။ Commitment Culture ပါ။ သူတို့တတွေက အင်တိုက်အားတိုက်လုပ်တယ်။ စိတ်ပါလက်ပါနဲ့ မငြီးမငြူနဲ့ အလုပ်ကို လုပ်ဆောင်တယ်။ တာဝန်သိတက်တယ်။ ဖင်ပေါ့တယ်။ ကြိုးစားတယ်။ တက်ကြွတယ်။ ယုံကြည်ကိုးစားရတယ်။ြေ ပာလို့ဆိုလို့ ခိုင်းလို့ရတယ်။ တက်နေတဲ့ ပြသနာက စွမ်းရည်မပြည့်တဲ့အတွက် အရည်အသွေးက ရာနှူန်းပြည့်အားမရဘူး။ အခြားလုပ်ငန်းတွေနဲ့ နင်လား၊ ငါလား မယှဉ်ပြိုင်နိုင်ဘူး။ လုပ်ငန်းမကျွမ်းကျင်တော့ ခရီးမတွင်ဘူး။ လမ်းမဖြောင့်ဘူး။ ရှေ့မရောက်ဘူး။
နောက်တစ်ခုကတော့ Competitive Culture ပါ။ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့လုပ်ငန်းတစ်ခုရဲ့ ဓလေ့လေးတစ်ခုပါ။ ကိုယ့်လူတွေက အင်တိုက်အားတိုက်ဆောင်ရွက်နိုင်တယ်။ ကြိုးစားကြတယ်။ ပြိုင်ဖက်ကို ယှဉ်ပြိုင်အနိုင်ရနိုင်တဲ့ ဓလေးတစ်ခုဖြစ်တည်နေတဲ့ အဖွဲ့အစည်းလေးပါ။
ကျနော်တို့ အဖွဲ့အစည်းထဲက လူတွေနဲ့ သူတို့ရဲ့ ဓလေ့စရိုက်ကိုပဲ ဆွေးနွေးနေမိတယ်။ အဲဒီဓလေ့စရိုက်တွေကို ဘယ်အရာတွေက လွှမ်းမိုးသလဲဆိုတာ ဆွေးနွေးဖို့ လိုပါအုံးမယ်။
အဖွဲ့အစည်းရဲ့ ဓလေ့ကို ပုံဖေါ်နိုင်တဲ့ အချက်တွေကို ဆက်လက်ဆွေးနွေးချင်ပါတယ်။
နံပါတ် ၁ ကတော့ အဖွဲ့အစည်းရဲ့ ရပ်တည်ချက်၊ ဦးတည်ချက်လမ်းစဉ်ပါ။ ဒါက အဖွဲ့ဝင်တွေရဲ့ ဆောင်ရွက်ပုံတွေကို ပြုမူပုံတွေကို လွှမ်းမိုးနိုင်ပါတယ်။ ဒါကြောင့် အဖွဲ့အစည်းမှာ ရပ်တည်ချက်ဆောင်ပုဒ်တွေကို လူတိုင်းသိရှိ နားလည် လိုက်နာနိုင်အောင် ဆောင်ရွက်သင့်ပါတယ်။
နောက်တစ်ချက်က အဖွဲ့အစည်းအတွင်းမှာရှိတဲ့ လူတွေရဲ့ စွဲမြဲနေတဲ့ အကျင့်စရိုက်အပြုအမူလေးပါ။ ရပ်တည်ချက်တွေ ဘယ်လိုပဲရေးထားရေးထား။ မလိုက်နာဘဲ ဟန်ပြသက်သက်ဖြစ်နေတဲ့ အဖွဲ့အစည်းတွေမှာ အကျင့်ဆိုးတွေ ကူးဆက်နိုင်ပါတယ်။ ဆောင်ပုဒ်က ဟန်ပြသက်သက်ပဲ။
နောက်တစ်ခုက အဖွဲ့အစည်းရဲ့ ဖွဲ့စည်းထားပုံနဲ့ ခေါင်းဆောင်ရဲ့ အုပ်ချုပ်တဲ့ပုံစံတို့ပဲဖြစ်ပါတယ်။ ဒီအချက်တွေပေါ်အခြေခံပြီး အဖွဲ့အစည်းကို (၁) အမေ့ခံ၊ (၂) နောက်ကျန် (၃) လက်တွေ့ဆန်နဲ့ (၄) လက်ဦးနေတဲ့အဖွဲ့အစည်းဆိုပြီး နာမည်ပေးချင်ပါတယ်။
အမေ့ခံအဖွဲ့အစည်းများ။
အဖွဲ့အစည်းတွေအနေနဲ့လည်း ပတ်ဝန်းကျင်နဲ့ စားသုံးသူတွေကို တောင်းဆိုချက်တွေကို လစ်လှူရှုပြီး ငါတကောကောနေတဲ့အဖွဲ့အစည်းတွေရှိနေနိုင်ပါတယ်။ အဲဒီအဖွဲ့အစည်းတွေကို Passive လို့အမည်ပေးနိုင်ပါတယ်။ လစ်လျူရှုနေတဲ့လုပ်ငန်းတွေမဖြစ်ဖို့အရေးကြီးပါတယ်။
နောက်ကျန်အဖွဲ့အစည်းများ။
နောက်တစ်ခုကတော့ ပြောင်းလဲနေတဲ့ပတ်ဝန်းကျင်နဲ့ စားသုံးသူတွေရဲ့ လိုလားချက်၊ တောင်းဆိုချက်တွေကို အချိန်ကြာမှ ဖြည့်စည်းပေးတဲ့ အဖွဲ့အစည်းတွေကို Reactive လို့ အမည်ပေး ကင်ပွန်းတက်ချင်ပါတယ်။ ဘာလုပ်လုပ် နောက်ကပဲ၊ နောက်ကျမြဲပါ။ ဒီအဖွဲ့အစည်းတွေလဲ သင်္ချိုင်းခြေတစ်လှမ်းနင်းနေတဲ့လို့ တင်စားရင် လွန်မယ်မထင်ပါဘူး။
လက်တွေ့ဆန်အဖွဲ့အစည်းများ။
နောက်တစ်ခုကတော့ အချိန်နဲ့တပြေးညီ တုံ့ပြန်နေတဲ့အဖွဲ့အစည်းတွေပါ။ ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်ကို မျက်ခြေအပြတ်မခံဘူး။ စားသုံးသူတွေရဲ့ လိုအပ်ချက်ကို နေ့မဆိုင်း ညမဆိုင်းဖြည့်စည်းပေးနေတယ်။ ပြိုင်ဖက်တွေရဲ့ ထိုးနှက်ချက်တွေကို အချိန်ပြည့် မျက်စေ့ဒေါက်ထောက်ကြည့်နေတယ်။ လက်တွေ့ဆန်တယ်။ လက်တွေ့ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေလို့ဆိုချင်ပါတယ်။ Experiential အဖွဲ့အစည်းတွေပါ။
လက်ဦးနေတဲ့အဖွဲ့အစည်းများ
နောက်ဆုံးတစ်ခုကတော့ တင်ကြိုနေတဲ့အဖွဲ့အစည်းတွေပါပဲ။ အမြဲရှေ့ကနေတယ်။ စားသုံးသူရဲ့ လိုအပ်ချက်တွေကို လေ့လာစူးစမ်းဖေါ်ထုတ်ဖို့ ကြိုးစားရင်း ပြောင်းလဲမှုကို ဦးဆောင်နေတယ်။
သင်ဘယ်ရောက်နေလဲ။ သင့်အဖွဲ့အစည်းဘယ်ရောက်နေလဲ။ ဒါတွေကို ဆန်းစစ်နိုင်မှ ပြင်ဆင် ပြောင်းလဲ ကျိုးစားနိုင်မှ ကမ္ဘာ့အဆင့်မီတက်လှမ်းနိုင်မှာဖြစ်ပါတယ်။



Tuesday, June 7, 2016

Trade and Marketing

မေး။ အစိုးရသစ်လက်ထက်မှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့မျှော်မှန်းချက်အနေဖြင့်”ကုန်သွယ်မှုလုပ်ငန်းများဖြင့် အမျိုးသားစီးပွားရေးဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ရန်”လို့ချမှတ်ထားပါတယ်။ ပြီးတော့လက်ရှိအစိုးရသက်တမ်း ငါးနှစ်တာကာလအတွင်းမှာ ပို့ကုန်သုံးဆမြှင်တင်က်ဖို့တိုက်တွန်းထားပါတယ်။. ပို့ကုန်သုံးဆမြှင့်နိုင်ဖို့အဓိက လုပ်ဆောင်ရမယ့်အချက်တွေထဲက တစ်ချက်နှစ်ချက်လောက်ပြောပြပါလားဆရာ။

တချက်၊ နှစ်ချက်ဆိုလို့ သုံးချက်ပြောကြည့်ပါ့မယ်။ဈေးကွက်ကို ကာကွယ်ပေးရမယ်။ ဈေးကွက် ရှာဖွေပေးရမယ်။ ထုတ်ကုန်၊ ပို့ကုန်အမယ် စနစ်တကျ ရွေးချယ် သတ်မှတ်ပေးရမယ်။ ပို့ကုန် တန်ဖိုးမြှင့်ပေးရမယ်။ တကယ်လုပ်တဲ့သူတွေ အကျိုးအမြတ်ခံစားစေရမယ်။ ဒီနေရာမှာ တနေရာတည်း တထိုင်တည်း တရက်တည်း တနိုင်ငံလုံးစာ အဖြေထွက်လာတော့ အံအားတော့ သင့်မိတယ်။ အချိန်ယူဆွေးနွေးငြင်းခုန်ရင်း ရလာတဲ့ အားလုံးလက်ခံမဲ့ ယုတ္တိရှိတဲ့ အဖြေမျိုးကို ပိုမျှော်လင့်တယ်။ တခုတော့ရှိတယ် အချိန်သာ ကုန်ပြီး မူလနေရာပြန်ပြန်ရောက်သွားတဲ့ အစည်းအဝေးတွေထက်စာရင်တော့ အခုဟာက တော်သေးတယ် ပြောရမယ်။

အမေး မြန်မာနိုင်ငံရဲ့စီးပွားရေးနိမ့်ကျနေရတဲ့အကြောင်းအရင်းတွေထဲကအဓိကကျတဲ့တစ်ချက်၊နှစ်ချက် လောက်ကိုပြောပြပေးပါ။
အချိတ်အဆက်မမိ၊ လက်တွေ့မဆန်တာပါ။ ထုတ်ကုန်တိုးလာပြီး ဈေးကွက်မရှိရင် မဖြစ်နိုင်ပါဘူး။ ဈေးကွက်ရှိရင် အကျိုးအမြတ်ရရင် လုပ်ငန်းတွေအလိုလို ရောက်လာပါမယ်။ Supply & Marketing ချိတ်ပေးရမယ်။ ပြီးရင် ထုတ်လုပ်ရေး ပံ့ပိုးရေးအပိုင်းအနေနဲ့ ထုတ်ကုန်အမယ်ရွေးချယ် ထိုးဖေါက်ရမယ်။ ပြီးရင် တဆင့်တက် တန်ဖိုးမြှင့်နိုင်အောင် ကျိုးစားရမယ်။ပြည်တွင်းဖြစ် အမှတ်တံဆိပ် Native Brand တွေ မွေးထုတ်ပေးရပါမယ်။ အမှတ်တံဆိပ်မရှိပဲ ထိုးဖေါက်နေတာဟာ သဲထဲရေသွန်နေတာပါ။
ဈေးကွက်ဖေါ်ဖို့ ဖေါက်ဖို့ တိုင်းပြည်ရဲ့ပုံရိပ်ကို အရင်မြှင့်တင်ဖို့ကြိုးစားသင့်ပါတယ်။ National Marketing လုပ်ဖို့လိုပါတယ်။ အခု အချိန်ကောင်းပါ။ အရင်အစိုးရ ငှားရမ်းထားတဲ့ ပီအာအကြောင်း စိတ်ဝင်စားပါတယ်။ ဆက်လုပ်ရပါမယ်။ မြန်မာနိုင်ငံကို အမှန်တကယ် ကိုယ်စားပြုပေးမဲ့ Brand Ambassador တွေများ ဘယ်သူတွေ ဖြစ်လာနိုင်မလဲ စဉ်းစားနေမိတယ်။ ကိုယ်စားပြုဖို့ ပြည်တွင်းထက် ပြည်ပက ဂုဏ်သရေရှိသူတွေကို ရွေးချယ်စိစစ် ခန့်အပ်သင့်ပါတယ်။ လုပ်ငန်းတွေ လိုအပ်တဲ့ ပြည်ပဈေးကွက် သတင်းအချက်အလက်နဲ့ ကုန်စည်ပြပွဲတွေ လိုအပ်ချက်တွေ ကူညီပေးနိုင်ရမယ်။ ပြည်တွင်းအမှတ်တံဆိပ်တွေထိုးဖေါက်နိုင်ဖို့ ဈေးကွက်သင်တန်းကျောင်းတွေ များများ ပ်ါထွက်လာဖို့ လိုအပ်ပါတယ်။ Supply & Market အချိတ်အဆက်မိဖို့ ကုန်သွယ်ရေး ဝန်ကြီးဋ္ဌာနနဲ့ အငယ်စား၊ အသေးစား၊ အလတ်စား လုပ်ငန်းနဲ့ပူးပေါင်းသင့်တယ်။ အခုကက စက်မှုဝန်ကြီးဋ္ဌာနအောက်ရောက်နေတယ်။

အမေး။ အစိုးရသစ်လက်ထက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဘယ်လိုကဏ္ဍတွေကို အဓိကအားပေးအားမြှောက် လုပ်ပေးဖို့လိုအပ်မလည်း။
ကျနော်တို့နိုင်ငံအနေနဲ့ ပို့ကုန်မြှင့်တင်တဲ့အခါမှာ သုံးဆ၊ သုံးဆလို့ အော်နေမဲ့အစား ရေလုပ်ငန်းကို ဘယ်နှစ်ဆ၊ စိုက်ပျိုးရေးကို ဘယ်နှစ်ဆ အစရှိသည်ဖြင့် ခွဲခြားသတ်မှတ်စေချင်ပါတယ်။ 
အားလုံးသုံးဆ ဆိုတာ ယုတ္တိမရှိပါဘူး။ ရွေးရပါမယ်။ ပို့ကုန်လို့ဆိုတဲ့အတွက် ပြိုင်ဆိုင်မှုပြင်းထန်ပါတယ်။ ကိုယ့်ထက်အတွေ့အကြုံ အချိတ်အဆက် စနစ်ကျတဲ့ ပံ့ပိုးကူညီမှုတွေရတဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ပြိုင်ဖို့ အီကိုစစ်စတမ်ကောင်းဖို့ ရေခံမြေခံကောင်းဖို့ စမ်းသပ်ခံနိုင်ဖို့လိုပါတယ်။ ဒါကြောင့် ကဏ္ဏရွေးပါ။ ဥပမာ။ ယိုးဒယားဆိုရင် ခရီးသွားလာရေး။ စလုံးက ပညာရေးနဲ့ ဝန်ဆောင်မှု။ အိန္ဒိယက ဆေးနဲ့ ဆေးဝါးကုသရေး။ ကမ္ဘာ့ဈေးကွက်မှာ ရေရှည်ယှဉ်ပြိုင် နေရာယူနိုင်မဲ့ ကဏ္ဏကို အချက်အလက်တွေပေါ် အခြေခံပြီး အချိန်ယူပြီး သေသေချာချာရွေးပါ။ 
ပေါ်တာရဲ့ စိန်ပုံစံမဟာဗျူဟာကို လေ့လာရပါမယ်။ ကျင့်သုံးရပါမယ်။ အချက်ငါးချက်ရှိပါတယ်။ 
၁။ သွင်းအားစုတွေကို အရေးကြီးတယ်။ အရင်းအမြစ်ပေါပေါများများရှိနိုင်ရနိုင်တာ ဖြစ်ရမယ်။
၂။ ပြည်တွင်းဝယ်လိုအားလည်း ရှိရမယ်။ ပြည်ပက အကြောင်းကြောင်းကြောင့် အဝယ်ရပ်ရင် ဟန်မပျက် နေနိုင်မယ်။
၃။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လုပ်ငန်းတွေဖြစ်ရမယ်။ ပြည်ပထွက်ပြိုင်မဲ့ အမှတ်တံဆိပ်တွေဟာ ပြည်တွင်းမှာ ဒေါင်ဒေါင်မြည်ပြိုင်ဆိုင်နိုင်စွမ်းရှိရမယ်။ 
၎။ ပံ့ပိုးကူညီပေးတဲ့အခြားစီးပွားရေးတွေ လုပ်ငန်းတွေ ဖွံဖြိုးရမယ်။ ဆန်လို့ပြောပြီး မျိုးကောင်းမျိုးစေ့မရှိ၊ မြေသြဇာမရှိ၊ ထွန်ယက်စိုက်ပျိုးတဲ့ စက်တွေကောင်းကောင်းမပံ့ပိုးနိုင်ရင် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
၅။ အထက်ပါ အချက်လေးချက်က အပြန်အလှန်ချိတ်ဆက်နေရုံနဲ့မရဘူး။ အစိုးရရဲ့ နောက်ကွယ်ကနေ ပံပိုးကူညီမှုတွေ လိုပါတယ်။ 
တဆက်စပ်တည်း အသေးစားနဲ့ အငယ်စားလုပ်ငန်းတွေကို Small နဲ့ Micro တွေအတွက် မှန်ကန်တဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်နဲ့ လက်ထဲရောက်အောင် အကူအညီပေးရပါ့မယ်။ 
အရင်အစိုးရက ထောက်ထားစရာ စဉ်းစားစရာတွေနဲ့မို့ ပြီးတော့ မျက်နှာနာနေတယ်ထင်ပါတယ်။ 
ဒါကြောင့် အငယ်စားနဲ့ အသေးစားလုပ်ငန်းတွေ အကျိုးအမြတ် ထူးထူးခြားခြားမခံစားရပါဘူး။
Supply Chain နဲ့ ချိတ်ဆက်မိအောင် ကြိုးစားပေးဖို့လိုပါမယ်။ 
ဥပမာ။ ယိုးဒယားထုတ်ကုန်သီးသန့်ရောင်းချတာမျိုး။ ဒုဝန်ကြီးဆိုရင်ကိုယ်တိုင် ဂမုန်းပွင့်၊ စီးတီးမတ်တို့နဲ့လာတွေ့တယ်။ ကုန်စည်ပြပွဲတွေတိုင်း ပုသိမ်ထီးရယ်၊ ကျောက်စိမ်းရယ် ကျေက်စိမ်းရယ် ပုသိမ်ထီးရယ် အဖြစ်တွေ မဖန်တရာတေနေတာတွေ လက်နှီးစုတ်ပြခန်းတွေနေရာမှာ ရည်ရွယ်ချက်ရှိရှိဝင်ရောက်နေရာယူဖို့ အရေးကြီးပါတယ်။

၎။ပို့ကုန်တိုးတက်ဖို့အတွက် ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုအစိုးရသစ်က ဘာတွေပံ့ပိုးပေးဖို့လိုမလည်းလို့သုံးသပ်ပေးပါဆရာ
အထက်ကပြောခဲ့တဲ့အတိုင်းပါပဲ။ အစိုးရအနေနဲ့ လူထုတင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရအနေနဲ့ ပိတ်ဆို့မူရုပ်သိမ်းအောင် ဆောင်ရွက်စေချင်တယ်။ အကုန်မဟုတ်ရင်နောင် ရေရှည်အကျိုးရှိနိုင်မဲ့၊ လတ်တလော ဖြစ်နိုင်ချေရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်းများစေတဲ့ ရေလုပ်ငန်းလိုမျိုး၊ အထည်ချုပ်လုပ်ငန်းလိုမျိုးကို ကွက်ဖွင့်ပေးဖို့ တိုက်တိုက်တွန်းတွန်း ဖြစ်မြောက်အောင် ဆောင်ရွက်စေချင်တယ်။ 
ကျနော်ဝါရှင်တန်ဒီစီကို ၂၀၁၃က ရောက်ခဲ့ဖူးပါတယ်။ နိုင်င်ငံခြားရုံးက Burma Desk နဲ့တွေ့နော့ အချက်သုံးချက်ပြောဆိုခဲ့ဖူးပါတယ်။ 
၁။ အမေရိကန်ဈေးကွက်ကိုဖွင့်ပေးဖို့။ 
၂။ ဘဏ်လုပ်ငန်းတွေကို အကူအညီပေးဖို့နဲ့ 
၃။ ကျနော်တို့ဆီက စီးပွားရေးလုပ်ငန်းရှင်တွေကို ကျနော်တို့လို အမေရိကန်မှာ များများသွားရောက်လေ့လာခွင့်ရရေးတို့ပါ။ ကျနော်တို့ အမေရိကားကို ရှာဖွေမတွေ့ရှိသေးပါဘူး။ 
မြန်မာကိုလံဘတ်စတွေ များများထွက်ပေါ်လာစေချင်ပါတယ်။ 
နောက်တစ်ချက်က အာစီယံစီးပွားရေးအသိုက်အဝိုင်းနဲ့ စီးပွားရေးပိတ်ဆို့မူ့တွေကြောင့် ပြည်ပက လုပ်ငန်းတွေ အမှတ်တံဆိပ်တွေဈေးကွက်ထဲ ဝင်ရောက်နေရာယူလာတဲ့အတွက် နေရာမပျောက်ဖို့ ပြင်ဆင်ကြိုးစားဖို့လိုပါတယ်။

PS Business School အနေနဲ့ Myanmar Business Plan Competition, Myanmar Social Enterprise Challenge, Myanmar Idea Challenge, Myanmar Social Idea Challenge တွေကို ၂၀၁၀ ခုနှစ်ကတည်းက တခုပြီး တစ်ခု အခက်အခဲများစွာကြားက နှစ်စဉ် အောင်မြင်စွာ မိတ်ဆက် အကောင်အထည်ဖေါ် စီစဉ်ကျင်းပနိုင်ခဲ့ပါတယ်။ 
စင်္ကာပူမှာ NUS  National University Singapore ကို အစိုးရက အထောက်အပံ့ပေးသလို စီးပွားရေးလုပ်ငန်းငယ်များ ပြုစုပျိုးထောင်ပေးတဲ့ Incubation Centre လိုမျိုး ဆောင်ရွက်ချင်ပါတယ်။
ဈေးကွက်ဖေါ်ဆောင်ရေးသင်တန်းတွေ ပူးပေါင်းဖွင့်လှစ်ချင်ပါတယ်။