Wednesday, June 22, 2016

ခံစားချက်

အမှန်၊ အမှားဆိုတာထက်
ခံစားချက်ပေါ်
ရပ်တည်တက်ကြတယ်။
တကယ်တော့
အမှန်၊ အမှားဆိုတာ
ပြောတဲ့သူမဟုတ်ဘူး။
ခံစားချက်မဟုတ်ဘူး။
ဖေ့စဘုတ်ကြီးမဟုတ်ဘူး။
ရှယ်များတိုင်း မဟုတ်ဘူး။
လိုက်(ခ)များတိုင်းမဟုတ်ဘူး။
ကွန်မန့်များတိုင်းမဟုတ်ဘူး။
ဆယ်လီဖြစ်တိုင်းမဟုတ်ဘူး။။
မီဒီယာ(အမည်ခံ)တွေပြောတိုင်းမဟုတ်နိုင်ဘူး။
အမှန်တရားဟာ
အမှတ်တရားဘဲ။
ပုဂ္ဂိုလ်ရေး
အရမ်းဆန်ရင်
မလိုလားတာတွေ
ဖြစ်တက်တယ်။
လိုရာဆွဲတာတွေနောက်လိုက်ရင်
ကိုယ်လိုရာမရောက်ဘဲဖြစ်မယ်။
လိုရာရောက်ဖို့
ပန်းတိုင်ရောက်ဖို့
လိုရာဆွဲမတွေးပါနဲ့။
ဝိဘဇ္ဇ ဝေဖန်ပိုင်းခြား စိစစ်တွေးတော ကြံဆပါ။

No comments:

Post a Comment