အဖွဲ့အစည်းရဲ့ ဓလေ့ကို ပုံဖေါ်နိုင်တဲ့ အချက်တွေကို ဆက်လက်ဆွေးနွေးချင်ပါတယ်။
နံပါတ် ၁ ကတော့ အဖွဲ့အစည်းရဲ့ ရပ်တည်ချက်၊ ဦးတည်ချက်လမ်းစဉ်ပါ။ ဒါက အဖွဲ့ဝင်တွေရဲ့ ဆောင်ရွက်ပုံတွေကို ပြုမူပုံတွေကို လွှမ်းမိုးနိုင်ပါတယ်။ ဒါကြောင့် အဖွဲ့အစည်းမှာ ရပ်တည်ချက်ဆောင်ပုဒ်တွေကို လူတိုင်းသိရှိ နားလည် လိုက်နာနိုင်အောင် ဆောင်ရွက်သင့်ပါတယ်။
နောက်တချက်က အဖွဲ့အစည်းအတွင်းမှာရှိတဲ့ လူတွေရဲ့ စွဲမြဲနေတဲ့ အကျင့်စရိုက်အပြုအမူလေးပါ။ ရပ်တည်ချက်တွေ ဘယ်လိုပဲရေးထားရေးထား။ မလိုက်နာဘဲ ဟန်ပြသက်သက်ဖြစ်နေတဲ့အဖွဲ့အစည်းတွေမှာ အကျင့်ဆိုးတွေ ကူးဆက်နိုင်ပါတယ်။
နောက်တစ်ခုက အဖွဲ့အစည်းရဲ့ ဖွဲ့စည်းထားပုံနဲ့ ခေါင်းဆောင်ရဲ့ အုပ်ချုပ်တဲ့ပုံစံတို့ပဲဖြစ်ပါတယ်။
ဒီအချက်တွေပေါ်အခြေခံပြီး အဖွဲ့အစည်းကို (၁) အမေ့ခံ၊ (၂) နောက်ကျန် (၃) လက်တွေ့ဆန်နဲ့ (၄) လက်ဦးနေတဲ့အဖွဲ့အစည်းဆိုပြီး နာမည်ပေးချင်ပါတယ်။
အမေ့ခံအဖွဲ့အစည်းများ။
အဖွဲ့အစည်းတွေအနေနဲ့လည်း ပတ်ဝန်းကျင်နဲ့ စားသုံးသူတွေကို တောင်းဆိုချက်တွေကို လစ်လှူရှုပြီး ငါတကောကောနေတဲ့အဖွဲ့အစည်းတွေရှိနေနိုင်ပါတယ်။ အဲဒီအဖွဲ့အစည်းတွေကို Passive လို့အမည်ပေးနိုင်ပါတယ်။ လစ်လျူရှုနေတဲ့လုပ်ငန်းတွေမဖြစ်ဖို့အရေးကြီးပါတယ်။
နောက်ကျန်အဖွဲ့အစည်းများ။
နောက်တစ်ခုကတော့ ပြောင်းလဲနေတဲ့ပတ်ဝန်းကျင်နဲ့ စားသုံးသူတွေရဲ့ လိုလားချက်၊ တောင်းဆိုချက်တွေကို အချိန်ကြာမှ ဖြည့်စည်းပေးတဲ့ အဖွဲ့အစည်းတွေကို Reactive လို့ အမည်ပေး ကင်ပွန်းတက်ချင်ပါတယ်။ ဘာလုပ်လုပ် နောက်ကပဲ၊ နောက်ကျမြဲပါ။ ဒီအဖွဲ့အစည်းတွေလဲ သင်္ချိုင်းခြေတစ်လှမ်းနင်းနေတဲ့လို့ တင်စားရင် လွန်မယ်မထင်ပါဘူး။
လက်တွေ့ဆန်အဖွဲ့အစည်းများ။
နောက်တစ်ခုကတော့ အချိန်နဲ့တပြေးညီ တုံ့ပြန်နေတဲ့အဖွဲ့အစည်းတွေပါ။ ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်ကို မျက်ခြေအပြတ်မခံဘူး။ စားသုံးသူတွေရဲ့ လိုအပ်ချက်ကို နေ့မဆိုင်း ညမဆိုင်းဖြည့်စည်းပေးနေတယ်။ ပြိုင်ဖက်တွေရဲ့ ထိုးနှက်ချက်တွေကို အချိန်ပြည့် မျက်စေ့ဒေါက်ထောက်ကြည့်နေတယ်။ လက်တွေ့ဆန်တယ်။ လက်တွေ့ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေလို့ဆိုချင်ပါတယ်။ Experiential အဖွဲ့အစည်းတွေပါ။
လက်ဦးနေတဲ့အဖွဲ့အစည်းများ
နောက်ဆုံးတစ်ခုကတော့ တင်ကြိုနေတဲ့အဖွဲ့အစည်းတွေပါပဲ။ အမြဲရှေ့ကနေတယ်။ စားသုံးသူရဲ့ လိုအပ်ချက်တွေကို လေ့လာစူးစမ်းဖေါ်ထုတ်ဖို့ ကြိုးစားရင်း ပြောင်းလဲမှုကို ဦးဆောင်နေတယ်။

No comments:
Post a Comment