မေး။ အစိုးရသစ်လက်ထက်မှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့မျှော်မှန်းချက်အနေဖြင့်”ကုန်သွယ်မှုလုပ်ငန်းများဖြင့် အမျိုးသားစီးပွားရေးဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ရန်”လို့ချမှတ်ထားပါတယ်။ ပြီးတော့လက်ရှိအစိုးရသက်တမ်း ငါးနှစ်တာကာလအတွင်းမှာ ပို့ကုန်သုံးဆမြှင်တင်က်ဖို့တိုက်တွန်းထားပါတယ်။. ပို့ကုန်သုံးဆမြှင့်နိုင်ဖို့အဓိက လုပ်ဆောင်ရမယ့်အချက်တွေထဲက တစ်ချက်နှစ်ချက်လောက်ပြောပြပါလားဆရာ။
တချက်၊ နှစ်ချက်ဆိုလို့ သုံးချက်ပြောကြည့်ပါ့မယ်။ဈေးကွက်ကို ကာကွယ်ပေးရမယ်။ ဈေးကွက် ရှာဖွေပေးရမယ်။ ထုတ်ကုန်၊ ပို့ကုန်အမယ် စနစ်တကျ ရွေးချယ် သတ်မှတ်ပေးရမယ်။ ပို့ကုန် တန်ဖိုးမြှင့်ပေးရမယ်။ တကယ်လုပ်တဲ့သူတွေ အကျိုးအမြတ်ခံစားစေရမယ်။ ဒီနေရာမှာ တနေရာတည်း တထိုင်တည်း တရက်တည်း တနိုင်ငံလုံးစာ အဖြေထွက်လာတော့ အံအားတော့ သင့်မိတယ်။ အချိန်ယူဆွေးနွေးငြင်းခုန်ရင်း ရလာတဲ့ အားလုံးလက်ခံမဲ့ ယုတ္တိရှိတဲ့ အဖြေမျိုးကို ပိုမျှော်လင့်တယ်။ တခုတော့ရှိတယ် အချိန်သာ ကုန်ပြီး မူလနေရာပြန်ပြန်ရောက်သွားတဲ့ အစည်းအဝေးတွေထက်စာရင်တော့ အခုဟာက တော်သေးတယ် ပြောရမယ်။
အမေး မြန်မာနိုင်ငံရဲ့စီးပွားရေးနိမ့်ကျနေရတဲ့အကြောင်းအရင်းတွေထဲကအဓိကကျတဲ့တစ်ချက်၊နှစ်ချက် လောက်ကိုပြောပြပေးပါ။
အချိတ်အဆက်မမိ၊ လက်တွေ့မဆန်တာပါ။ ထုတ်ကုန်တိုးလာပြီး ဈေးကွက်မရှိရင် မဖြစ်နိုင်ပါဘူး။ ဈေးကွက်ရှိရင် အကျိုးအမြတ်ရရင် လုပ်ငန်းတွေအလိုလို ရောက်လာပါမယ်။ Supply & Marketing ချိတ်ပေးရမယ်။ ပြီးရင် ထုတ်လုပ်ရေး ပံ့ပိုးရေးအပိုင်းအနေနဲ့ ထုတ်ကုန်အမယ်ရွေးချယ် ထိုးဖေါက်ရမယ်။ ပြီးရင် တဆင့်တက် တန်ဖိုးမြှင့်နိုင်အောင် ကျိုးစားရမယ်။ပြည်တွင်းဖြစ် အမှတ်တံဆိပ် Native Brand တွေ မွေးထုတ်ပေးရပါမယ်။ အမှတ်တံဆိပ်မရှိပဲ ထိုးဖေါက်နေတာဟာ သဲထဲရေသွန်နေတာပါ။
ဈေးကွက်ဖေါ်ဖို့ ဖေါက်ဖို့ တိုင်းပြည်ရဲ့ပုံရိပ်ကို အရင်မြှင့်တင်ဖို့ကြိုးစားသင့်ပါတယ်။ National Marketing လုပ်ဖို့လိုပါတယ်။ အခု အချိန်ကောင်းပါ။ အရင်အစိုးရ ငှားရမ်းထားတဲ့ ပီအာအကြောင်း စိတ်ဝင်စားပါတယ်။ ဆက်လုပ်ရပါမယ်။ မြန်မာနိုင်ငံကို အမှန်တကယ် ကိုယ်စားပြုပေးမဲ့ Brand Ambassador တွေများ ဘယ်သူတွေ ဖြစ်လာနိုင်မလဲ စဉ်းစားနေမိတယ်။ ကိုယ်စားပြုဖို့ ပြည်တွင်းထက် ပြည်ပက ဂုဏ်သရေရှိသူတွေကို ရွေးချယ်စိစစ် ခန့်အပ်သင့်ပါတယ်။ လုပ်ငန်းတွေ လိုအပ်တဲ့ ပြည်ပဈေးကွက် သတင်းအချက်အလက်နဲ့ ကုန်စည်ပြပွဲတွေ လိုအပ်ချက်တွေ ကူညီပေးနိုင်ရမယ်။ ပြည်တွင်းအမှတ်တံဆိပ်တွေထိုးဖေါက်နိုင်ဖို့ ဈေးကွက်သင်တန်းကျောင်းတွေ များများ ပ်ါထွက်လာဖို့ လိုအပ်ပါတယ်။ Supply & Market အချိတ်အဆက်မိဖို့ ကုန်သွယ်ရေး ဝန်ကြီးဋ္ဌာနနဲ့ အငယ်စား၊ အသေးစား၊ အလတ်စား လုပ်ငန်းနဲ့ပူးပေါင်းသင့်တယ်။ အခုကက စက်မှုဝန်ကြီးဋ္ဌာနအောက်ရောက်နေတယ်။
အမေး။ အစိုးရသစ်လက်ထက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဘယ်လိုကဏ္ဍတွေကို အဓိကအားပေးအားမြှောက် လုပ်ပေးဖို့လိုအပ်မလည်း။
ကျနော်တို့နိုင်ငံအနေနဲ့ ပို့ကုန်မြှင့်တင်တဲ့အခါမှာ သုံးဆ၊ သုံးဆလို့ အော်နေမဲ့အစား ရေလုပ်ငန်းကို ဘယ်နှစ်ဆ၊ စိုက်ပျိုးရေးကို ဘယ်နှစ်ဆ အစရှိသည်ဖြင့် ခွဲခြားသတ်မှတ်စေချင်ပါတယ်။
အားလုံးသုံးဆ ဆိုတာ ယုတ္တိမရှိပါဘူး။ ရွေးရပါမယ်။ ပို့ကုန်လို့ဆိုတဲ့အတွက် ပြိုင်ဆိုင်မှုပြင်းထန်ပါတယ်။ ကိုယ့်ထက်အတွေ့အကြုံ အချိတ်အဆက် စနစ်ကျတဲ့ ပံ့ပိုးကူညီမှုတွေရတဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ပြိုင်ဖို့ အီကိုစစ်စတမ်ကောင်းဖို့ ရေခံမြေခံကောင်းဖို့ စမ်းသပ်ခံနိုင်ဖို့လိုပါတယ်။ ဒါကြောင့် ကဏ္ဏရွေးပါ။ ဥပမာ။ ယိုးဒယားဆိုရင် ခရီးသွားလာရေး။ စလုံးက ပညာရေးနဲ့ ဝန်ဆောင်မှု။ အိန္ဒိယက ဆေးနဲ့ ဆေးဝါးကုသရေး။ ကမ္ဘာ့ဈေးကွက်မှာ ရေရှည်ယှဉ်ပြိုင် နေရာယူနိုင်မဲ့ ကဏ္ဏကို အချက်အလက်တွေပေါ် အခြေခံပြီး အချိန်ယူပြီး သေသေချာချာရွေးပါ။
ပေါ်တာရဲ့ စိန်ပုံစံမဟာဗျူဟာကို လေ့လာရပါမယ်။ ကျင့်သုံးရပါမယ်။ အချက်ငါးချက်ရှိပါတယ်။
၁။ သွင်းအားစုတွေကို အရေးကြီးတယ်။ အရင်းအမြစ်ပေါပေါများများရှိနိုင်ရနိုင်တာ ဖြစ်ရမယ်။
၂။ ပြည်တွင်းဝယ်လိုအားလည်း ရှိရမယ်။ ပြည်ပက အကြောင်းကြောင်းကြောင့် အဝယ်ရပ်ရင် ဟန်မပျက် နေနိုင်မယ်။
၃။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လုပ်ငန်းတွေဖြစ်ရမယ်။ ပြည်ပထွက်ပြိုင်မဲ့ အမှတ်တံဆိပ်တွေဟာ ပြည်တွင်းမှာ ဒေါင်ဒေါင်မြည်ပြိုင်ဆိုင်နိုင်စွမ်းရှိရမယ်။
၎။ ပံ့ပိုးကူညီပေးတဲ့အခြားစီးပွားရေးတွေ လုပ်ငန်းတွေ ဖွံဖြိုးရမယ်။ ဆန်လို့ပြောပြီး မျိုးကောင်းမျိုးစေ့မရှိ၊ မြေသြဇာမရှိ၊ ထွန်ယက်စိုက်ပျိုးတဲ့ စက်တွေကောင်းကောင်းမပံ့ပိုးနိုင်ရင် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
၅။ အထက်ပါ အချက်လေးချက်က အပြန်အလှန်ချိတ်ဆက်နေရုံနဲ့မရဘူး။ အစိုးရရဲ့ နောက်ကွယ်ကနေ ပံပိုးကူညီမှုတွေ လိုပါတယ်။
တဆက်စပ်တည်း အသေးစားနဲ့ အငယ်စားလုပ်ငန်းတွေကို Small နဲ့ Micro တွေအတွက် မှန်ကန်တဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်နဲ့ လက်ထဲရောက်အောင် အကူအညီပေးရပါ့မယ်။
အရင်အစိုးရက ထောက်ထားစရာ စဉ်းစားစရာတွေနဲ့မို့ ပြီးတော့ မျက်နှာနာနေတယ်ထင်ပါတယ်။
ဒါကြောင့် အငယ်စားနဲ့ အသေးစားလုပ်ငန်းတွေ အကျိုးအမြတ် ထူးထူးခြားခြားမခံစားရပါဘူး။
Supply Chain နဲ့ ချိတ်ဆက်မိအောင် ကြိုးစားပေးဖို့လိုပါမယ်။
ဥပမာ။ ယိုးဒယားထုတ်ကုန်သီးသန့်ရောင်းချတာမျိုး။ ဒုဝန်ကြီးဆိုရင်ကိုယ်တိုင် ဂမုန်းပွင့်၊ စီးတီးမတ်တို့နဲ့လာတွေ့တယ်။ ကုန်စည်ပြပွဲတွေတိုင်း ပုသိမ်ထီးရယ်၊ ကျောက်စိမ်းရယ် ကျေက်စိမ်းရယ် ပုသိမ်ထီးရယ် အဖြစ်တွေ မဖန်တရာတေနေတာတွေ လက်နှီးစုတ်ပြခန်းတွေနေရာမှာ ရည်ရွယ်ချက်ရှိရှိဝင်ရောက်နေရာယူဖို့ အရေးကြီးပါတယ်။
၎။ပို့ကုန်တိုးတက်ဖို့အတွက် ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုအစိုးရသစ်က ဘာတွေပံ့ပိုးပေးဖို့လိုမလည်းလို့သုံးသပ်ပေးပါဆရာ။
အထက်ကပြောခဲ့တဲ့အတိုင်းပါပဲ။ အစိုးရအနေနဲ့ လူထုတင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရအနေနဲ့ ပိတ်ဆို့မူရုပ်သိမ်းအောင် ဆောင်ရွက်စေချင်တယ်။ အကုန်မဟုတ်ရင်နောင် ရေရှည်အကျိုးရှိနိုင်မဲ့၊ လတ်တလော ဖြစ်နိုင်ချေရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်းများစေတဲ့ ရေလုပ်ငန်းလိုမျိုး၊ အထည်ချုပ်လုပ်ငန်းလိုမျိုးကို ကွက်ဖွင့်ပေးဖို့ တိုက်တိုက်တွန်းတွန်း ဖြစ်မြောက်အောင် ဆောင်ရွက်စေချင်တယ်။
ကျနော်ဝါရှင်တန်ဒီစီကို ၂၀၁၃က ရောက်ခဲ့ဖူးပါတယ်။ နိုင်င်ငံခြားရုံးက Burma Desk နဲ့တွေ့နော့ အချက်သုံးချက်ပြောဆိုခဲ့ဖူးပါတယ်။
၁။ အမေရိကန်ဈေးကွက်ကိုဖွင့်ပေးဖို့။
၂။ ဘဏ်လုပ်ငန်းတွေကို အကူအညီပေးဖို့နဲ့
၃။ ကျနော်တို့ဆီက စီးပွားရေးလုပ်ငန်းရှင်တွေကို ကျနော်တို့လို အမေရိကန်မှာ များများသွားရောက်လေ့လာခွင့်ရရေးတို့ပါ။ ကျနော်တို့ အမေရိကားကို ရှာဖွေမတွေ့ရှိသေးပါဘူး။
မြန်မာကိုလံဘတ်စတွေ များများထွက်ပေါ်လာစေချင်ပါတယ်။
နောက်တစ်ချက်က အာစီယံစီးပွားရေးအသိုက်အဝိုင်းနဲ့ စီးပွားရေးပိတ်ဆို့မူ့တွေကြောင့် ပြည်ပက လုပ်ငန်းတွေ အမှတ်တံဆိပ်တွေဈေးကွက်ထဲ ဝင်ရောက်နေရာယူလာတဲ့အတွက် နေရာမပျောက်ဖို့ ပြင်ဆင်ကြိုးစားဖို့လိုပါတယ်။
PS Business School အနေနဲ့ Myanmar Business Plan Competition, Myanmar Social Enterprise Challenge, Myanmar Idea Challenge, Myanmar Social Idea Challenge တွေကို ၂၀၁၀ ခုနှစ်ကတည်းက တခုပြီး တစ်ခု အခက်အခဲများစွာကြားက နှစ်စဉ် အောင်မြင်စွာ မိတ်ဆက် အကောင်အထည်ဖေါ် စီစဉ်ကျင်းပနိုင်ခဲ့ပါတယ်။
စင်္ကာပူမှာ NUS National University Singapore ကို အစိုးရက အထောက်အပံ့ပေးသလို စီးပွားရေးလုပ်ငန်းငယ်များ ပြုစုပျိုးထောင်ပေးတဲ့ Incubation Centre လိုမျိုး ဆောင်ရွက်ချင်ပါတယ်။
ဈေးကွက်ဖေါ်ဆောင်ရေးသင်တန်းတွေ ပူးပေါင်းဖွင့်လှစ်ချင်ပါတယ်။
No comments:
Post a Comment